13th MAR 2024 - Evening Daily News by Radio NUG

 

၂၀၂၄ မတ်လ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေး တိုက်ပွဲ ကို နိုင်ငံတဝန်းတွင် အရှိန်အဟုန်ဖြင့် ဆင်နွှဲနေကြပြီဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင်နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း  အသက်စွန့်ပါဝင် ဆောင်ရွက် ခဲ့ကြသည့်  အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများကို အစဉ်အမြဲ လေးစားဂုဏ်ယူတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း (၃၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်

📌 ၄။ ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေး လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး တက်ရောက်

📌 ၅။ နွေဦးတော်လှန်ရေးက အောင်မြင်လှပတဲ့ ပန်းချီကားတချပ် ပြီးပြည့်စုံဖို့ သိပ်မလိုတော့ဘူးလို့ဆို

📌 ၆။ ပါမောက္ခဒေါ်မီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲကို ပြင်သစ်နိုင်ငံ၊ပါရီမြို့တွင်ကျင်းပမည်


၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောမြို့နယ် အောင်သပြေနယ်ခြားစောင့် တပ်စခန်းကို AA သိမ်းပိုက်၊ စခန်းတွင်ကျန်ခဲ့သော ရိက္ခာများကို အဆိပ်ခပ်ထားကြောင်း စစ်ဆေးတွေ့ရှိ  

🚩 ၂။ ဗန်းမော်မြို့နယ်တွင် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ကလေး ဦးအပါအဝင် အရပ်သား ဦး သေဆုံး

🚩 ၃။ ဆီဆိုင်မြို့မစျေးနှင့် နေအိမ်များကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီး

🚩 ၄။ ခလယ်လွီထူခရိုင်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် နေအိမ်နှင့်အခြားနေရာများထိခိုက်ပျက်စီး

🚩 ၅။ သပိတ်ကျင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီထံမှ သေနတ် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ  

🚩 ၆။ အင်းစိန် လေတပ်အရာရှိအိမ်ရာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်  

🚩 ၇။ မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံး နှင့် မြောက်ဘက်စစ်ဆေးရေးဂိတ်တို့အပါအဝင် ပခုက္ကူရှိစကစနေရာတို့ကို ဝေဟင်ကတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ နွေဦးတော်လှန်ရေး တိုက်ပွဲ ကို နိုင်ငံတဝန်းတွင် အရှိန်အဟုန်ဖြင့် ဆင်နွှဲနေကြပြီဖြစ်တယ်လို့ ယာယီသမ္မတပြောကြား


မတ်လ၁၃ရက်


ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၆) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် သဝဏ်လွှာမှာ ယာယီသမ္မတက အခုလိုပြောကြားထားပါတယ်။


 () လေးလုံး အရေးတော်ပုံသည် (၂၆) နှစ်ကြာ တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ဖျက်ခဲ့ သည်သာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ ပြန်လည်ထွန်းကားရေးအတွက် မှတ်ကျောက်တင် နိုင်ခဲ့သည့် အထင်ကရ သမိုင်းမှတ်တိုင်ကြီးတခုဖြစ်ပါတယ်။ ယနေ့သည် ထိုသမိုင်းမှတ်တိုင်ကို စိုက်ထူ ရာတွင် ဦးဆောင် ပါဝင်ခဲ့ကြသူများထဲမှ ပထမဆုံး အသက်ပေးစွန့်ခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ခြင်း (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်လို့ ယာယီသမ္မတကပြောပါတယ်။


ယနေ့အချိန်တွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သက်ရှိထင်ရှား မရှိတော့သော်လည်း သူတို့နှစ်ဦး အပါအဝင် စွန့်လွှတ်ပေးဆပ်ခဲ့ကြသူ အာဇာနည်များ ထွန်းညှိခဲ့ကြသည့် ဒီမိုကရေစီ တော်လှန်ရေး မီးရှူးတိုင်ကို Generation-Z များက လက်ဆက်ကမ်း သယ်ဆောင်ကာ နွေဦးတော်လှန်ရေး တိုက်ပွဲ ကို နိုင်ငံတဝန်းတွင် အရှိန်အဟုန်ဖြင့် ဆင်နွှဲနေကြပြီဖြစ်ပါတယ်။ ဤတော်လှန်ရေးကြောင့်ပင် စစ်အာဏာရှင်များအနေဖြင့် စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး စစ်မျက်နှာအသီးသီးတွင် ရှုံးနိမ့်နေ ပြီကို ပြည်သူလူထု မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်တယ်လို့ ယာယီသမ္မတကပြောပါတယ်။ 


ထို့ကြောင့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြု ပွဲတွင် ပါဝင်ကြသော နိုင်ငံခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များအနေဖြင့် ကျဆုံးသွား သည့် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ စိတ်ဝိညာဥ် အေးချမ်းစွာ အနားယူ နိုင်ရန်နှင့် ၎င်းတို့ကိုယ်တိုင် အသက်စွန့်သည်အထိ လိုချင်တောင့်တခဲ့ကြသော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် နွေဦးတော်လှန်ရေး အနိုင်ရသည်အထိ ဆက်လက် တိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါတယ်လို့ ယာယီသမ္မတကဆိုထားပါတယ်။


========================


📌📌 ၂။ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင်နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း  အသက်စွန့်ပါဝင် ဆောင်ရွက် ခဲ့ကြသည့်  အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများကို အစဉ်အမြဲ လေးစားဂုဏ်ယူတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မတ်လ၁၃ရက်


ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပေးပို့သည့်သဝဏ်လွှာမှာ ဝန်ကြီးချုပ်က အခုလိုဆိုပါတယ်။


 ယနေ့သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုတွင် ပါဝင်လှုပ်ရှားရင်း အကြမ်းဖက် စစ်ရာဇဝတ်ကောင်များ၏ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသည့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်ကြသော ကိုဖုန်း မော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆) နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါတယ်။

 တိုင်းပြည်၏ အချုပ်အခြာအာဏာကို လက်နက်မိုး၍ အနိုင်ကျင့်ဗိုလ်ကျ လုယူတတ်သည့် အကြမ်းဖက်စစ်အာဏာရှင်တို့သည် လွန်ခဲ့သော ၃၆ နှစ်တာ ကာလမှစ၍ ယနေ့အချိန်ထိ တိုင်းရင်းသားလူမျိုးအားလုံးနှင့်တကွ ရဟန်းရှင်လူ ကျောင်းသားပြည်သူပေါင်း များစွာကို ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်း သတ်ဖြတ်ပြီး တိုင်းပြည်ကို ဒုက္ခနွံထဲ ဆွဲသွင်းနေဆဲဖြစ်သည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း ယင်းအခြေအနေ ဆိုးများမှ အမြန်ဆုံး လွတ်မြောက်ရန်အတွက် ခေတ်အဆက်ဆက် အားမလျှော့စတမ်း ကြိုးပမ်းခဲ့ ကြပါတယ်လို့ဆိုပါတယ်။ 


 ယခု ပြည်သူ့နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် အပြီးတိုင် ကျဆုံးစေရေး၊ မြန်မာ နိုင်ငံတွင် မည်သည့် အာဏာရှင်မျိုးမှ ပြန်လည်ခေါင်းမထောင်နိုင်စေရေး၊ တိုင်းရင်းသားပြည်သူ တရပ်လုံး လိုလားတောင့်တလျက် ရှိကြသည့် တန်းတူညီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒကို ရှေးရှုပြီး တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအင်အားစု များနှင့် ယုံကြည်မှု တည်ဆောက်ကာ လက်တွဲညီညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို အခိုင်အမာ ကတိပြုအပ်ပါတယ်လို့ ဝန်ကြီးချုပ်ကသဝဏ်လွှာတွင်ဆိုထားပါတတယ်။


 ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးတို့အတွက် အသက်သွေးချွေးများ စတေးပေးဆပ်သွားခဲ့ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင် ဒီမိုကရေစီသူရဲကောင်းအပေါင်းနှင့် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း စစ် အာဏာရှင်စနစ်လက်အောက်က အမြန်ဆုံး လွတ်မြောက်စေရေး အသက်စွန့်ပါဝင် ဆောင်ရွက် ခဲ့ကြသည့်  အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဂုဏ်ယူလျက် ရှိပါကြောင်းနှင့် ဘုံရည်မှန်းချက်ပန်းတိုင်သို့ အလျင်အမြန် ရောက်ရှိစေ ရေးအတွက်လည်း ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက်ဖော်ပြရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၃။ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း (၃၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်


 မတ်လ ၁၃ ရက်


မတ်လ၁၃ရက်မှာကျရောက်တဲ့ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း (၃၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ သဝဏ်လွှာမှာ  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အခုလိုဖော်ပြထားပါတယ်။


ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်တော်လှန်ရင်း အသက်ပေး စတေးခဲ့ကြသည့် သူရဲကောင်းများအနက် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင်ဖြစ်ကာ ၎င်းတို့အား ၁၉၈၈ ခုနှစ်၊ မတ်လ(၁၃) ရက်နေ့တွင် စစ်အာဏာရှင်နေဝင်း၏ အကြမ်းဖက်စစ်တပ်က တက္ကသိုလ်ပရဝုဏ်အတွင်း၌ပင် ရက်စက်စွာ ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


 ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး စတင်ပေါ်ပေါက်စေခဲ့သော စက်မှု တက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်နှင့် ကိုစိုးနိုင်တို့သည် မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် ကြိုးပမ်းခဲ့သည့် ခရီးလမ်းတွင် မေ့ပျောက်၍မရသော ကျောင်းသားအာဇာနည်များ ဖြစ်ကြကာ ယနေ့တွင် ၎င်းတို့၏ကျဆုံးခြင်းသည် (၃၆) နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်၏အာဏာကို အတင်းအဓမ္မ သိမ်းယူမှုအား ကျောင်းသားလူငယ်များက ဆန္ဒပြကန့်ကွက်ခြင်းအပေါ် လက်နက်ဖြင့် တုန့်ပြန် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် တိုင်းပြည်အနာဂတ် မျိုးဆက်သစ်လူငယ်များစွာတို့သည် သွေး မြေကျကာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။မတရားမှုကို ခေါင်းငုံ့မခံသည့် ကျောင်းသားစိတ်ဓာတ် ဖြင့် ယနေ့ နွေဦးတော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍများမှ ကြိုးပမ်းဆောင်ရွက်နေကြသော ကျောင်းသားလူငယ်များ၏ ပြတ်သားသောစိတ်ဓာတ်၊ ခံယူချက်နှင့် ပေးဆပ်မှုများအား အထူးပင် လေးစား ဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါတယ်လို့ဆိုပါတယ်။


အချုပ်အားဖြင့်‌ဖေါ်ပြရလျှင် ကိုဖုန်းမော် ကိုစိုးနိုင်တို့အပါအဝင် ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့ကြသော ကျောင်သားလူငယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား အစဥ်အမြဲ အောက်မေ့လေးစားလျက် ဤသဝဏ်လွှာမှ တစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၄။ ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေး လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး တက်ရောက်


မတ်လ၁၃ရက်


ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေး လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ခဲ့တယ်လို့မတ်လ၁၂ရက်မှာ ဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဆိုပါတယ်။


"စလိုဗက်ကီးယားနိုင်ငံ (Slovakia)  Bratislava မြို့မှာ CEEasia က ကျင်းပနေတဲ့ ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေးမှာ တက်ရောက်ပြီး မြန်မာအရေးနဲ့ ဥရောပသမဂ္ဂမူဝါဒအကြောင်း တင်ပြဖြစ်ပါတယ်"လို့ဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ စာချုပ် (International Covenant of Civil and Political Rights) ဆိုင်ရာလူ့အခွင့်အရေးကော်မတီ Human Rights Committee) ကော်မတီဝင်များနှင့် ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးရှိ(Palais Wilson) တွင်   တွေ့ဆုံခဲ့ပါသေးတယ်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေးက အောင်မြင်လှပတဲ့ ပန်းချီကားတချပ် ပြီးပြည့်စုံဖို့ သိပ်မလိုတော့ဘူးလို့ဆို


မတ်လ၁၃ရက်


မတ်လအတွင်း သြစတြေးလျNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုဆိုလိုက်ပါတယ်။


"နွေဦးတော်လှန်ရေးက jigsaw puzzle နဲ့ တူတယ်။ကြိုးစားပြီး ပုံဖော်နေသူတွေ၊ ကိုယ်တိုင် ၀င်ဆက်ပေးတဲ့သူလည်း ရှိသလို၊ အနေသာကြီးပါ၊ အရှုပ်ထုတ်ကြီးပါဆိုပြီး လှည့်မကြည့်သူတွေလည်း ရှိတယ်။ပေါ်လာတဲ့ ပုံတပိုင်းတစကို motivation ယူ အားပိုထည့်နေသူတွေလည်း ရှိသလို၊ မဆက်နိုင်သေးတဲ့ အပိုင်းကိုပဲကြည့်ပြီး အားမရသူတွေလည်း ရှိတယ်။ နှစ်တာ အကြာမှာ မြင်လာရတဲ့ အနေအထားအရ အားလုံးဆက်ပြီးသွားရင် ၀ယ်ပြီး ဧည့်ခန်းမှာချိတ် ဂုဏ်ဆာချင်သူလည်း ရှိသလို နောက်ဆုံး piece ကိုမှ ၀င်ကိုင်လိုက်ပြီး I did it လုပ်ချင်သူလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပုံကို ပြီးအောင် ဆက်မယ်ဆိုတဲ့ လူတွေကြောင့် လှပတဲ့ ပန်းချီကားတချပ် ပြီးပြည့်စုံဖို့ သိပ်မလိုတော့ပါဘူး"လို့ဆိုပါတယ်။


လက်ရှိမှာစကစဟာ အရေးပါတဲ့ ရှေ့တန်းတပ်စခန်းများကို စွန့်လွှတ်နေရပါတယ်။


========================


📌📌 ၆။ ပါမောက္ခဒေါ်မီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲကို ပြင်သစ်နိုင်ငံ၊ပါရီမြို့တွင်ကျင်းပမည်


မတ်လ၁၃ရက်


၂၀၂၄ ခု မတ်လ ၃၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံရောက်မြန်မာများအသင်း(La Communaut Birmane de France) နှင့် NUG France တို့မှစီစဉ်ကျင်းပသော အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာနအကြီးအကဲ/မြန်မာပြည်ဆိုင်ရာစစ်ရေးကျွမ်းကျင်သူ/အမေရိကန်စစ်မှူ့ထမ်းဟောင်း ဒေါ်မီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲကို ပြင်သစ်နိုင်ငံ၊ပါရီမြို့တွင်ကျင်းပမယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံပွဲနှင့်အတူ မြန်မာပြည်အတွက်လိုအပ်နေသောရန်ပုံငွေများကို တပိုင်တနိုင်ထောက်ပံ့ပေးနိုင်ရန်အတွက်မြန်မာအစားအသောက်များကိုလည်းရောင်းချသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


သို့ပါ၍  မြန်မာပြည်တွင်းစစ်ရေး၊နိုင်ငံရေးတိုးတက်မှူ့များကို ဒေါ်မီမီဝင်းဘတ် နှင့်အတူရင်းနှီးစွာတွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် မြန်မာပြည်သူများအားထောက်ပံ့ကူညီနိုင်ရန်အတွက် ပြင်သစ်နိုင်ငံတွင်ရောက်ရှိနေသောမြန်မာမိသားစုများအားဖိတ်ကြားထားတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မောင်တောမြို့နယ် အောင်သပြေနယ်ခြားစောင့် တပ်စခန်းကို AA သိမ်းပိုက်၊ စခန်းတွင်ကျန်ခဲ့သော ရိက္ခာများကို အဆိပ်ခပ်ထားကြောင်း စစ်ဆေးတွေ့ရှိ  


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ စခန်းမှာကျန်ခဲ့တဲ့ စားနပ်ရိက္ခာတွေမှာ အဆိပ်ခပ်ထားကို စစ်ဆေးတွေ့ရှိရတယ်လို့ ရခိုင့်တပ်တော် - AA က အသိပေးထုတ်ပြန်ပါတယ်။ 

ရခိုင်ပြည် တိုက်ပွဲသတင်းတွေကို မတ်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက ထုတ်ပြန်ရာမှာ အခုလို အသိပေး လိုက်တာ ဖြစ်ပါတယ်။ 

မောင်တောမြို့မြောက်ပိုင်းက လက်နက်ချအညံ့မခံသေးတဲ့ လက်ကျန် နယ်ခြားစောင့်တပ်စခန်းအချို့ကို ရခိုင့် တပ်တော်က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို မတ်လ ၁၁ ရက် မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲပြီးချိန် နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရန်သူ့အလောင်းအချို့နဲ့ လက်နက်ခဲယမ်းအချို့ ကို သိမ်းဆည်းရမိခဲ့တဲ့အကြောင်းကိုလည်း ဓာတ်ပုံမှတ်တမ်းနဲ့ဖော်ပြထားပါတယ်။  

အဆိုပါ နယ်ခြားစောင့်စခန်းက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေး သွားခဲ့တာကြောင့် လက်ရှိမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၉ ဦးအထိ ရှိလာပြီလို့လည်း အသိပေးထားပါတယ်။

အောင်သပြေစခန်းအတွင်းမှာကျန်ခဲ့တဲ့ စားနပ်ရိက္ခာတွေမှာ သေစေတတ်သော အဆိပ်တွေ သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားတာကို တွေ့ရှိ တာကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့ စားနပ်ရိက္ခာတွေကို သတိထားကြဖို့ ရခိုင့်တပ်တော် AAက သတိပေးထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ်ထဲက ပလက်၀၊ ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ စတဲ့မြို့တွေကို သိမ်းပိုက်ထားပြီး မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်လျက်ရှိပါတယ်။

ရသေ့တောင်မြို့မှာဆိုရင် ယခင်ရက်များအတိုင်း ထိုးစစ်အရှိန်မြှင့်တင်ထားတာကြောင့် စစ်ကောင်စီဘက်က လည်း ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန်ခုခံကာကွယ်နေတယ်လို့ AA က ဆိုပါတယ်။

မင်းပြားမြို့မှာတော့ တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီဘက်က မင်းပြားမြို့တွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့ အသိပေးပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ အမ်းမြို့နယ်ထဲက ရူးတိုက်နယ် ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ်တစီးပေါ်ကနေ စက်သေနတ်နဲ့ လှည့်ပတ်ပစ်ခတ်ခဲ့တယ်လို့ ရခိုင့်တပ်တော် သတင်းနဲ့ ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၂။ ဗန်းမော်မြို့နယ်တွင် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ကလေး ဦးအပါအဝင် အရပ်သား ဦး သေဆုံး


ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ကောင့်စင့်ကျေးရွာနဲ့ ကမ်းနီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် အသက် ၁ဝ နှစ်အောက် ကလေး ဦးအပါအဝင် အရပ်သား ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗန်းမော်မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်က မတ်လ ၁၁ ရက်နေ့ည နာရီခန့်အချိန်က ဗန်းမော်မြို့ တဘက်ကမ်းမှာရှိတဲ့ ကောင့်စင့်ကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ဦးဌေးဆောင်ရဲ့နေအိမ်ရှေ့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးဌေးဆောင်သေဆုံးခဲ့ရပြီး ၎င်းရဲ့သမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။  

ထို့အတူ ကမ်းနီးကျေးရွာဘက်ကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၁ဝ နှစ် အောက် ကလေးငယ်၃ ဦးနဲ့ အမျိုးသမီး ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကို ဗန်းမော်မြို့မှာရှိတဲ့ ခလရ ၂၃၆ တပ်ရင်းနဲ့ စကခ ၂၁ တပ်တို့က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။  


========================


🚩🚩 ၃။ ဆီဆိုင်မြို့မစျေးနှင့် နေအိမ်များကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီး


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်တပ် က လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီး ပစ်ခတ်ဖျက်ဆီးမငတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုနေထိုင် ရာ အိမ်တွေပျက်စီးခဲ့ပြီး အများပြည်သူဆိုင်ရာ စျေးနဲ့ ဘာသာရေးအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီသည် မတ်လ ၁၁ ရက်နေ့က ဆီဆိုင်မြို့ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာမှာ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ ခန့် ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

မွန်းလွဲပိုင်း နာရီကျော်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိခဲ့ပြီး မွန်းလွဲ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က နေ့စဉ် ဆီဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် မိဘပြည်သူတွေရဲ့ နေအိမ်များ ပျက်စီးနေရပြီး ဆီဆိုင်မြို့မဈေးလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။


ထို့အပြင် စစ်ကောင်စီဟာ ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးတွေနဲ့ ၂၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။


========================


🚩🚩 ၄။ ခလယ်လွီထူခရိုင်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် နေအိမ်နှင့်အခြားနေရာများထိခိုက်ပျက်စီး


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ် နှင့် ဆောထိမြို့နယ် အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများ နေထိုင် ရာကျေးရွာများအတွင်းသို့ ပစ်မှတ်ထားပြီး လက်နက်ကြီးများဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ကြောင့် နေအိမ် () လုံး၊ စပါးကျီ () လုံး နွားတင်းကုတ် () လုံး၊ ထင်းစင် () စင်၊ ကောက်ရိုးတဲ () လုံး မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ်အများအပြားလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ KNUဗဟိုကအတည်ပြုပါတယ်။


ကေအဲန်ယူဆောထိမြို့နယ်၌ ၂၀၂၄ ခုနှစ် မတ် () ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်၏ ညောင်လေးပင်အခြေစိုက် ခလရ၂၀ တပ်များမှ နေ့လည် (၁၁) နာရီအချိန်တွင် နေအိမ် (၁၀၀၀) ကျော်ရှိသည့် ပုဇွန်မြောင်း ကျေးရွာအတွင်းသို့ဝင်ရောက်ပြီး နေအိမ်များရှိပစ္စည်းများကို ယူဆောင်ကာ ထိုနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ကေအဲန်ယူမူးမြို့နယ်၌ ၂၀၂၄ ခုနှစ် မတ်လ (၁၁) ရက် မနက် (၈း၀၆) မိနစ်အချိန်ခန့်တွင် အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များမှ ရင်းတိုက်ကုန်းကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် () ကြိမ်ခန့် မီးလောင်ဗုံးများ လာရောက် ကျဲချခဲ့သောကြောင့် () ညားမခင်ကြည်၏ အိမ်နှင့် စပါးကျီ () ညားမိဆော့ စပါးကျီ တို့ မီးလောင် ပျက်စီးခဲ့ရပြီး မနက် (၈း၃၅) မိနစ်တွင် ဒရုန်းဖြင့် နောက်တစ်ကြိမ် ကျဲချခဲ့သောကြာင့် တီးရင်းမင်းပိုင်၏ နေအိမ် မီးလောင်ပျက်စီးခဲ့ရပါတယ်။


========================


🚩🚩 ၅။ သပိတ်ကျင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီထံမှ သေနတ် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ  


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီအလောင်း ၁၄ လောင်းတွေ့ရှိခဲ့ပြီး လက်နက်ငယ် ၁၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ်- စစ်ဒေသက ထုတ်ပြန်ပါတယ်။ 


သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ မတောင်ရွာ၊ မန်ကျည်းကုန်းရွာနဲ့ ဆင်ညှပ်ကုန်းရွာတွေဘက် ထိုးစစ်ဆင်လာတဲ့ ရန်သူ စစ်ကောင်စီစစ်ကြောင်း ကြောင်းကို အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ အမှတ် (၅၁၂) တပ်ရင်း၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က မတ်လ ရက်‌နေ့ကနေ ရက်‌နေ့အထိ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး ရဲခေါင်ဦးစီးတဲ့ တတက-၁၃ က အင်အား ၉၅ ဦးပါစစ်ကြောင်း ဟာ တကောင်း မြို့ဘက်ကနေ ချီတက်လာပြီး ဗိုလ်ကြီး ထိန်လင်း ဦးစီးတဲ့ တတက-၁၃ က အင်အား ၇၀ ပါ စစ်ကြောင်း-၂ဟာ လက်ပံကုန်းရွာကနေ ချီတက်လာခဲ့တယ်လို့ အသိပေးထားပါတယ်။


မတ်လ ရက်နေ့မှာ ရန်သူ စစ်ကောင်စီဘက်က လေကြောင်းကနေ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်နဲ့ ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၄၂၀၀ ကျော် ဗုံးသီးမျိုးစုံ ၃၀ ကျော်၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သလို ပြည်သူ့ကာကွယ် ရေးအဖွဲ့ဘက်က ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ အမှတ် စစ်ဒေသက ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၆။ အင်းစိန် လေတပ်အရာရှိအိမ်ရာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်  


ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလေတပ်အရာရှိအိမ်ရာဂိတ်နဲ့ ဆယ်မိုင်ကုန်း အုပ်ချုပ်ရေးမှူး ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ထံကနေ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ နာရီ ၄၀ မိနစ်ခန့်အချိန်က အင်းစိန်မြို့နယ်မှာရှိတဲ့ လေတပ်အရာရှိ အိမ်ရာဂိတ်နဲ့ ဆယ်မိုင်ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိသေးပါဘူး။  

"အင်းစိန် ဆယ်မိုင်ကုန်းကနေ ဗုံးပေါက်ကွဲသံ ချက်ကြားလိုက်တယ်။ ဗုံးပေါက်ပြီး မကြာပါဘူး စစ်ကားတွေ ရောက်လာပြီး ပြည်လမ်းတလျောက် စစ်နေတာပဲ" လို့ အင်းစိန်ဒေသခံတဦးက ပြောပါတယ်။ 

အလားတူ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊သင်္ဃန်းကျွန်းနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာလည်း မတ်လ ၁၂ ရက်နေ့ နာရီခွဲဝန်ကျင်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ရက်ကလည်း အင်းစိန်မြိုနယ်မှာရှိတဲ့ လေတပ်ဝန်ထမ်းအိမ်ရာဝင်းကို Urban Special Force -U.S.Fအဖွဲက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 


========================


🚩🚩 ၇။ မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံး နှင့် မြောက်ဘက်စစ်ဆေးရေးဂိတ်တို့အပါအဝင် ပခုက္ကူရှိစကစနေရာတို့ကို ဝေဟင်ကတိုက်ခိုက်


မတ်လ၁၃ရက်


 မတ်လ ၁၂ ရက်နေ့၊ နံနက် () နာရီ (၁၅) မိနစ်အချိန်တွင်  Jammer စက် အပင်ပေါ်တင်ထားသော မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံး နှင့် မြိုင်မြို့၏ မြောက်ဘက်စစ်ဆေးရေးဂိတ်တို့အား (Rc plane)များဖြင့် ဗုံး သီး (၁၀) လုံးချကာ ဝေဟင် တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖကအတည်ပြုဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း 2 မြိုင် မြို့နယ် မြောက်ပိုင်းဇုံတိုက်နယ် 4 MPL အဖွဲ့၊ နဂါးနီတပ်ခွဲ 2 နှင့် Earthquake Defence Forces တို့ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။


အလားတူ မတ်လ ၁၂ ရက်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အတွင်းရှိ ညောင်ဂျစ်ပင်ပျူရွာနှင့် ညောင်ပင်လှ လမ်းခွဲရှိ စခပခ စစ်ဆေးရေးဂိတ်အား မနက် (၁၀) နာရီမှ ညနေ ( )နာရီအထိ အီနာဂါဗုံးသီး (၁၁)လုံးချဝေဟင် တိုက်ခိုက်ခဲ့ပါတယ်။


တိုက်ခိုက်မှုကို  Black Cobra/ DMG (ဓားမင်းကြီးတပ်ဖွဲ့)/Pku Thurian/N.Yso/ပခုက္ကူခရိုင်တပ်ရင်း (၁၀)နှင့်တပ်ရင်း() တို့ဖြင့် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment