13th MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံး၀မရဘဲ စစ်ရေးရလဒ် ထွက်အောင်လုပ်ရန် NUG ယာယီသမ္မတ သတိပေး 

📌 ၂။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်း မြို့နယ် .. အဖွဲ့များ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကား တက်ရောက် ပြောကြား 


၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လိုင်ဇာအနီး စခန်းသိမ်းတိုက်ပွဲများမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားများ ဘွမ်ရယ်ဘွမ်တောင် စခန်းတွင် ပိတ်မိနေ

🚩 ၂။ မြင်းခြံတွင် ဗိုလ်တစ်ဦး အပါအဝင် စစ်သား ဦးလိုက်ပါလာတဲ့ အိမ်စီးကား တိုက်ခိုက်ခံရပြီး အားလုံး သေဆုံး

🚩 ၃။ ဘောလခဲနှင့် ဖားဆောင်း ရဲစခန်းတို့မှ ရဲ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံး၀မရဘဲ စစ်ရေးရလဒ် ထွက်အောင်လုပ်ရန် NUG ယာယီသမ္မတ သတိပေး 


မတ်လ ၁၂ရက်။

အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံး၀ မရဘဲ စစ်ရေးကို စစ်ရေးလိုသဘောထားပြီး ရလဒ်ထွက်အောင် လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောကြားလိုက်ပါတယ်။  

မတ်လ ၁၂ ရက်နေမှာကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ၁၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောဆိုလိုက်တာပါ။ 

"ကျွန်တော်တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနားတောင်းဖို့၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ဟာ သံပူတုန်း နာနာနှက်ရမယ်လို့ ပြောချင်ပါတယ်" လို့ ယာယီသမ္မတက ထပ်မံသတိပေးထားပါတယ်။  

ရှမ်းမြောက်ဒေသအချို့ကို လက်လွှတ်ထားရပြီး ရခိုင်ဒေသမှာ စစ်တပ်ဘက်က စစ်ရေးအရအထိနာနေချိန်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ၊ ကရင်အမျိုးသားအစည်းအရုံး -KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ၎င်းတို့ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ယာယီသမ္မတက အခုလိုပြောလိုက်တာလည်းဖြစ်ပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကိုပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ လက်နက်အားနဲ့ ခုခံတော်လှန်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့မရပါဘူး။ စစ်ရေး ရလဒ်ထွက်အောင် လုပ်ဆောင်ဖို့အထူးလိုအပ်ပါတယ်" လို့လည်း ယာယီသမ္မတက ပြောထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက ထုတ်သုံးတဲ့ နိုင်ငံရေးဝှက်ဖဲတွေနောက်မှာ မျောမသွားဘဲ ကောက်ပင်ရိတ်လှီးသလို တိခနဲ ဖြတ်ချရမယ့် တန်ပြန်မှုတွေကိုလည်း အမြော်အမြင်ရှိရှိ၊ ပြတ်ပြတ်သားသားလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ်ရေးကိစ္စတဝက်၊ နိုင်ငံရေးကိစ္စတဝက်ရောပြီး ခြေလှမ်းစနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို တန်ပြန်တော်လှန်တဲ့အခါမှာ နိုင်ငံရေးအရလုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်းရှိနိုင်ပါတယ်လို့လည်း သမ္မတက ဆက်လက်ပြောဆိုထားပါတယ်။  

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ရေးကို စစ်ရေးကဲ့သို့ ပီပီပြင်ပြင်စဉ်းစားလုပ်ဆောင်ရမည်ဖြစ်သလို မဟာဗျူဟာစီမံချက်များ ချမှတ်လုပ်ဆောင်ရာမှာလည်း ပြည်သူလူထုထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက်လည်း ကြိုတင်တွက်ဆထားဖို့ အသိပေးထားပါတယ်။ 

"မဟာဗျူဟာစီမံချက်‌တွေဟာ ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ကြိုတင်တွက်ဆထားဖို့ လိုပါတယ်။ အာနိသင်ရှိတဲ့ ဆေးနည်းက အင်မတန်ခါးလွန်းတာတွေလည်း ဖြစ်တတ်သလို ဆေးမြီးတိုတွေက ဘေးထွက် ဆိုးကျိုးများတာလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာနည်းနာကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်ဖို့လိုတယ်လို့ ပြောချင်ပါတယ်" လို့ ယာယီသမ္မတကပြောပါတယ်။ 

နွေဦးတော်လှန်ရေးဟာ တိုင်းရင်းသားများ လွတ်မြောက်ရေးနဲ့ထပ်တူကျတာကြောင့် စစ်ရေးရလဒ်နဲ့ တော်လှန်ရေး ရလဒ်ကောင်းမွန်စေရေး ကြိုးစားရမယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားထားပါတယ်။   

နွေဦးတော်လှန်ရေးကာလအတွင်းမှာတွေ့ရတဲ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေကို ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင်၊ စစ်ရေးရလဒ်နဲ့ တော်လှန်ရေးရလဒ်တွေမှာ ထပ်တူကျတဲ့ တိုက်ပွဲတွေ ရှိတာတွေ့ရပါတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးလှိုင်းတွေနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးလှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကိုရောက်နေပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတွေဟာ တသားတည်းဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ နိုင်ငံရေးသတိလက်လွတ် ပြောဆို လုပ်ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို့လိုပါတယ်" လို့လည်း ယာယီသမ္မတက ဆက်လက်ပြောဆိုခဲ့ပါတယ်။  

ဒါအပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့နဲ့ တော်လှန်ရေးအလွန်ကာလရောက်မှ တည်ဆောက်ရေးအတွက် ဆိုင်းပြင်းတာမျိုး မဖြစ်စေဘဲ ကြိုတင်တည်ဆောက် ဖြည့်တင်းထားဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အလေးအနက်ထား တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်း မြို့နယ် .. အဖွဲ့များ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကား တက်ရောက် ပြောကြား 


မတ်လ ၁၂ရက်။

ကြားကာလ‌ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တွေ့ဆုံပွဲအစည်းအဝေး (/၂၀၂၄) ကို မတ်လ ၁၂ ရက်နေ့ နေ့လည် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဆက်လက်ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သက်ပြီး သိရှိလိုတာများကို မေးမြန်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနများမှ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


၎င်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ နေ့လည် နာရီ အချိန်မှာ အစည်းအဝေးကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လိုင်ဇာအနီး စခန်းသိမ်းတိုက်ပွဲများမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားများ ဘွမ်ရယ်ဘွမ်တောင် စခန်းတွင် ပိတ်မိနေ


မတ်လ ၁၂ရက်။ 

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း ခု သာသိမ်းပိုက်ရန် ကျန်ရှိနေတော့ပြီး KIA ကသိမ်းပိုက်ခဲ့တဲ့ တပ်စခန်းများမှ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီ တပ်သားများ ဘွမ်ရယ်ဘွမ် စခန်းမှာ ပိတ်မိနေတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရပါတယ်။


မတ်လ ရက်နေ့မှ စတင်ကာ လိုင်ဇာအနီးက စစ်ကောင်စီ တပ်စခန်းများကို KIA နဲ့ ပူးပေါင်း အဖွဲ့များက စတင် ထိုးစစ်ဆင်ခဲ့ရာ ရက်အနည်းငယ်အတွင်း တပ်စခန်း ၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ထိုဒေသက အမြင့်ဆုံးတောင်ဖြစ်တဲ့ ခရာတောင် စစ်ကောင်စီ တပ်စခန်းကိုပါ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။


အဲ့ဒီ စခန်းသိမ်း တိုက်ပွဲများမှ ထွက်ပြေးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်သား တစ်ထောင် နီးပါး ဟာ လိုင်ဇာအနီးဝန်းကျင်မှာ နောက်ဆုံးကျန်တဲ့ စခန်း အနည်းငယ်ထဲက တစ်ခုဖြစ်တဲ့ ဘွယ်ရယ်ဘွမ်တောင် စခန်းမှာ စုပြုံပြီး သွားရောက်ပိတ်မိနေတယ်လို့ သိရပါတယ်။


ရက်နေ့ တိုက်ပွဲ စတင်ကတည်းက သိမ်းခံရတဲ့ စခန်းတွေက စစ်ကြောင်းတွေအကုန် သွားစုနေတာ ဖြစ်ပြီး ခရာတောင်ကနေ ထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါ စစ်ကြောင်းတွေလည်း အဲ့ဒီ ဘွယ်ရယ်ဘွမ် တောင် စခန်းမှာ သွားစုနေကြကာ ရာဂဏန်း အကြီးပိုင်းကနေ ထောင်ဂဏန်းထိ ရှိနိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။


ဘွယ်ရယ်ဘွမ်တောင်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် ၎င်းစစ်ကောင်စီ တပ်သားများဟာ ထွက်ပေါက် မရှိတော့ဘဲ တစ်နေရာထဲမှာ အင်အား အများအပြား စုစည်းနေရတာကြောင့် ရိက္ခာ အခက်အခဲ ကြုံလာနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


ဘွယ်ရယ်ဘွမ်တောင်ဟာ လိုင်ဇာဝန်းကျင်က စခန်းတွေထဲမှာ တော်တော်လေး ဗျူဟာကျတဲ့ စခန်းကြီး တစ်ခုဖြစ်ပြီး ဘွယ်ရယ်ဘွမ်တောင် အနီးဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ စခန်းငယ် နှစ်ခု ကျန်သေးတယ်လို့ သိရပါတယ်။


 KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လိုင်ဇာဒေသအနီး စစ်ကောင်စီရဲ့ တပ်စခန်းများ အားလုံးကင်းစင်သွားခြင်း မရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသေးတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မီဒီယာတွေမှာ ဖြေဆိုထားခဲ့ပါတယ်။


========================


🚩🚩 ၂။ မြင်းခြံတွင် ဗိုလ်တစ်ဦး အပါအဝင် စစ်သား ဦးလိုက်ပါလာတဲ့ အိမ်စီးကား တိုက်ခိုက်ခံရပြီး အားလုံး သေဆုံး


မတ်လ ၁၂ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြို့အထွက် တနေရာတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ စစ်သား ဦးလုံး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရပါတယ်။


မတ်လ ၁၁ ရက်နေ့ မနက် ၁၁ နာရီခန့်က မြင်းခြံမြို့မှ စစ်ကောင်စီတပ်သားများ လိုက်ပါလာတဲ့ Toyota Kluger အမျိုးအစား ကားတစ်စီးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်ပေါ်မှာပါလာတဲ့ ဗိုလ်အဆင့်ရှိသူ ဦး အပါအဝင် စစ်သား ဦးလုံးသေဆုံးခဲ့ပြီး သေနတ် လက်၊ ခဲယမ်းများနဲ့ အခြား အသုံးအဆောင် ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပါတယ်။


အဆိုပါ တိုက်ခိုက်မှုမှာ MA1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ G3 တစ်လက်၊ Type 81 တစ်လက် MA5 တစ်လက်၊ ကျည်နှင့် ကျည်ဘောက်များ၊ ဖုန်း လေးလုံး၊ စကားပြောစက် တစ်လုံးနဲ့ ငွေကျပ် ထောင်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ ၎င်းပစ်ခတ်မှု ဖြစ်ပွားရာ နေရာအနီးတဝိုက်ကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံများက ပြောပြပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် (၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (အနောက်မြောက် စစ်ဒေသ) ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ (PLA) နှင့် မြင်းခြံ 35 တပ်ဖွဲ့၊ BGF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ဘောလခဲနှင့် ဖားဆောင်း ရဲစခန်းတို့မှ ရဲ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် 


မတ်လ ၁၂ရက်။

ကရင်နီပြည်ထဲမှာရှိတဲ့ ဘောလခဲမြို့မရဲစခန်းနဲ့ ဖားဆောင်းမြို့မရဲစခန်းတို့က စစ်ကောင်စီ လက်အောက်ခံ ရဲ ဦး လက်နက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -BPDF က မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘောလခဲမြို့မရဲစခန်းက ရဲတပ်သားတဦးဟာ G-3 တလက်၊ ကျည်ဘောက် ခု G-3 ကျည် ၃၃၀ တောင့်နဲ့အတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အလင်းဝင်ခဲ့တာလို့ဆိုပါတယ်။

ဖားဆောင်းမြို့မ ရဲစခန်းက ရဲတပ်ကြပ်တဦးနဲ့ ရဲတပ်သား ဦးတို့က Ak -M22 လက်၊ G-3 တလက် Ak-M22 ကျည်ဘောက် ၁၀ ခု၊ Ak ကျည် ၅၅၀ ခန့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ G3 ကျည်ဘောက် ခု၊ G3 ကျည် ၁၀၀ ခန့်နဲ့အတူ မတ်လ ရက်နေ့မှာ ထပ်မံ အလင်းဝင်ခဲ့တာ်လို့ အသိပေးထားပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦးဟာ လက်ရှိမှာ လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ BPDF က ပြောပါတယ်။

အလင်းဝင်လိုတဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -BPDF တပ်ဖွဲ့ထံ ဆက်သွယ် စုံစမ်းနိုင်ပြီး ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ကြိုဆိုလက်ခံသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment