16th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အုပ်စုဟာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားတယ်လို့ ဝန်ကြီး ဒေါက်တာဆာဆာကပြောကြား

📌 ၂။ စကစတပ်များ ပြည်သူထံ အလင်းဝင်ဖို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၃။ CDMဝန်ထမ်းများနှင့်နမ္မတူ ပြည်သူ့ဆေးရုံ လည်ပတ်နေပြီဖြစ်တယ်လို့ TNLAအသိပေး

📌 ၄။ USA ပွဲဦးထွက်ပွဲအဖြစ် မြန်မာပြည်မှလာသူအများဆုံးရှိရာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ Broken Dreams ကျိုးပဲ့အိပ်မက်များ ရုပ်ရှင် ကိုပြသမည်


၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စကစဘက်ကဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့တဲ့ကနီမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄၇) ဦး သေဆုံးခဲ့

🚩 ၂။ ကောလင်းမြို့ ဆည်တိုရွာနှင့် မြေနီရွာအားစကစတပ်များမီးရှို့ဖျက်ဆီး

🚩 ၃။ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့်ခမရ (၅၃၆) (၅၃၇) နှင့် (၅၃၈)” တို့ကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်

🚩 ၄။ ကလေးမြို့မှာ တိုက်ပွဲများဆက်လက်ပြင်းထန်

🚩 ၅။ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ကမာဝက်နယ်မြေရဲစခန်းမှူး စီးနင်းလာသည့် မော်တော်ကားအားမွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်

🚩 ၆။ ကွတ်ခိုင်တွင် စကစထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို အရပ်သားတစ်ဦးနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ စစ်အုပ်စုဟာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားတယ်လို့ ဝန်ကြီး ဒေါက်တာဆာဆာကပြောကြား


မတ်လ၁၆ရက်


စစ်အုပ်စုဟာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အယ်ဂျားဇီးယားသတင်းဌာနနှင့်မေးမြန်းရာမှာ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


အကြမ်းဖက်မှုအဆုံးသတ်ရန် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အာဆီယံ၏ ဘုံသဘောတူညီမှုကိုစကစဟာ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားတယ်လို့ဝန်ကြီးကပြောကြားခဲ့ပါတယ်။


ဒါ့အပြင် စစ်အုပ်စုဟာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချိုးဖောက်ခဲ့ကြောင်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


လက်ရှိမှာ စကစဟာ သံတမာန်ရေးရာအသိုင်းအဝိုင်းကို ပြန်လည်ဝင်ဆံ့ရန် လုပ်ဆောင်နေလျက်ရှိပါတယ်။


========================


📌📌 ၂။ စကစတပ်များ ပြည်သူထံ အလင်းဝင်ဖို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်တိုက်တွန်း


မတ်လ၁၆ရက်


စကစတပ်များပြည်သူထံ အလင်းဝင်ဖို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်တိုက်တွန်းက မတ်လ၁၆ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်မှ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေသောတပ်များအနေနဲ့ "ပြည်သူ ထံ အလင်းဝင်ပါ"လို့ ဒုဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


မတ်လအတွင်းကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ကျိုက်ဒုံမြို့တိုက်ပွဲအတွင်း စကစဘက်ကအရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦး လက်နက်ချအညံ့ခံခဲ့ပါတယ်။


========================


📌📌 ၃။ CDMဝန်ထမ်းများနှင့်နမ္မတူ ပြည်သူ့ဆေးရုံ လည်ပတ်နေပြီဖြစ်တယ်လို့ TNLAအသိပေး


မတ်လ ၁၆ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ နမ္မတူမြို့၊ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်တယ်လို့ မတ်လ၁၆ရက်မှာ TNLAကတရားဝင်အသိပေးဖော်ပြပါတယ်။


"နမ္မတူပြည်သူ့ဆေးရုံအား ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီးအောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ ပါဝင်တယ်"လို့ဖော်ပြပါတယ်။ 


PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ 


လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချို့နှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို (၂၄)နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက််လျက်ရှိပါတယ်။


ထို့ကြောင့် နမ္မတူမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့အတွက် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်မှ CDMပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမယ်လို့ဆိုထားပါတယ်။ 


========================


📌📌 ၄။ USA ပွဲဦးထွက်ပွဲအဖြစ် မြန်မာပြည်မှလာသူအများဆုံးရှိရာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ Broken Dreams ကျိုးပဲ့အိပ်မက်များ ရုပ်ရှင် ကိုပြသမည်


မတ်လ၁၆ရက်


USA ပွဲဦးထွက်ပွဲအဖြစ် မြန်မာပြည်မှလာသူအများဆုံးရှိရာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ Broken Dreams ကျိုးပဲ့အိပ်မက်များ ရုပ်ရှင် ကိုပြသမယ်လို့သိရပါတယ်။


USA ပွဲဦးထွက်ပွဲအဖြစ် မြန်မာပြည်မှလာသူအများဆုံးရှိရာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ Broken Dreams ကျိုးပဲ့အိပ်မက်များ ရုပ်ရှင် ကိုပြသတော့မယ်လို့သတင်းရရှိပါတယ်။


-March ၃၀ရက်နေ့ ဖို့ဝိန်းမြို့ရဲ့ မြို့လည် စာကြည့်တိုက်မှာ ပွဲချိန် ၂ချိန်ပြသသွားမှာဖြစ်ပါတယ်။


ရံပုံငွေကံစမ်းမဲအစီအစဉ်တွေ စျေးရောင်းပွဲတွေကိုပါ အတူတကွ ပြုလုပ်ကြမှာဖြစ်လို့ လာရောက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စကစဘက်ကဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့တဲ့ကနီမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄၇) ဦး သေဆုံးခဲ့


မတ်လ (၁၆) ရက်


စကစဘက်ကဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့တဲ့ကနီမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄၇) ဦး သေဆုံးခဲ့တယ်လို့

မတ်လ၁၆ရက်မှာ အမှတ်၁စစ်ဒေသက တရားဝင်သတင်းထုတ်ပြန်ပါတယ်။


" စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့အား ယင်းမာပင်ခရိုင် တပ်ပေါင်းစုမှ မတ်လ () ရက်မှ မတ်လ (၁၂) ရက်ထိ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီဝင် (၄၇) ဦး သေဆုံးခဲ့ပြီး အလောင်း (၁၁) လောင်း ရရှိခဲ့တယ်"လို့ဖော်ပြပါတယ်။


ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့တွင် အခြေချနေသော ခလရ (၈၇၊ ၈၉၊ ၂၂၂) ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ အင်မထီးရွာမှ လေကြောင်းဖြင့် အင်အားပို့ချလာသော ထပ်တိုးအင်အား (၁၂၀) ခန့်နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်တို့အား ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂) LPDF ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ကနီမြို့နယ် ပအဖ၊ ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။


၎င်းတိုက်ပွဲသို့ လေကြောင်းမှ Mi-35 နှင့် Jet Fighter တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၄) ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


ရန်သူ့ထံမှ လက်နက်မျိုးစုံ (၁၁) လက်၊ ဗုံးသီးမျိုးစုံ (၅၀) ကျော်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ မီးကျည် (၂၀) ခန့်၊ ရှေ့ထွက်မိုင်း () ခု၊ ကျည်အိမ် (၂၀) ကျော်နှင့် Jammer ()  ခု သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။


ကနီမြို့သိမ်းတိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် (၁၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကနီမြို့အား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း ရန်သူ့ဘက်မှ စစ်ကူအင်အား အများအပြားပို့ချခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ (၁၂) ရက်တွင် ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။


========================


🚩🚩 ၂။ ကောလင်းမြို့ ဆည်တိုရွာနှင့် မြေနီရွာအားစကစတပ်များမီးရှို့ဖျက်ဆီး


မတ်လ၁၆ရက်


ကောလင်းမြို့ ဆည်တိုရွာနှင့် မြေနီရွာအားစကစတပ်များမီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတ်လ၁၆ရက်မှာ စကစတပ်များကျူးလွန်မှုကို ကောလင်းKR Teamကအတည်ပြုပါတယ်။


မတ်လ၁၅ရက်နေ့ ကောလင်းမြို့ ဆည်တိုရွာနှင့် မြေနီရွာအားမီးရှို့သော စကစတပ်များမှာ ယနေ့ နံနက် တွင် မြေနီရွာရှေ့ညောင်ကိုင်းရွာ အနီးရှိတောအုပ်နားသို့ရောက်ရှိနေကြောင်းသတင်းရရှိပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစတပ်များဟာ ကောလင်းမြို့ပေါ်၈ရပ်ကွပ်နှင့်အနီးနားရှိကျေးရွာများကို နေ့စဥ်မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။


========================


🚩🚩 ၃။ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့်ခမရ (၅၃၆) (၅၃၇) နှင့် (၅၃၈)” တို့ကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်


မတ်လ (၁၅) ရက်


ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့်ခမရ (၅၃၆) (၅၃၇) နှင့် (၅၃၈)” တို့ကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။


မတ်လ၁၅ရက်ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲဖြစ်တယ်လို့အတည်ပြုပါတယ်။


ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့်ခမရ (၅၃၆) (၅၃၇) နှင့် (၅၃၈)” တို့ကို ရန်သူ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်၊ နေ့တွင်လည်း အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင့်တပ်တော်မှအတည်ပြုပါတယ်။


ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးမောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် ရန်သူ့တပ်ဖွဲ့အချို့ အား လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၄။ ကလေးမြို့မှာ တိုက်ပွဲများဆက်လက်ပြင်းထန်


မတ်လ၁၆ရက်


စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့ မတ်လ၁၆ရက်မှာ Kalay region support center ကအသိပေးဖော်ပြပါတယ်။


"ဒီနေ့လည်း ကလေးမြို့ရဲ့ စစ်ရေးအခြေနေကို အားလုံးကြားကြမယ်ထင်ပါတယ် ဝေဟင်ကနေပါ MI 35 နဲ့ ပစ်နေပါတယ် အင်တာနက်လိုင်းတွေမက ဖုန်းလိုင်းတွေပါဖြတ်ထားပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်အရေးပေါ်ကျည်ကာဦးထုပ် အလုံး ၁၀၀ လိုအပ်နေပြီးထိခိုက်မှုနည်းနည်းနဲ့ အောင်ပွဲတွေမြင်လိုပါက ပြည်သူတွေဘက်ကကူညီပံပိုးပေးဖို့လည်းအသိပေးဆိုထားပါတယ်။


========================


🚩🚩 ၅။ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ကမာဝက်နယ်မြေရဲစခန်းမှူး စီးနင်းလာသည့် မော်တော်ကားအားမွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်


မတ်လ၁၆ရက်


မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ကမာဝက်နယ်မြေရဲစခန်းမှူး စီးနင်းလာသည့် မော်တော်ကားအားမွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။


မတ်လ (၁၄) ရက် () နာရီ (၄၅) မိနစ်အချိန်ခန့်က မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ကမာဝက်နယ်မြေရဲစခန်းမှူး စီးနင်းလာသည့် မော်တော်ကား မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


စကစဘက်မှသေနတ်တစ်လက်နှင့် ကားနှစ်စီးပါ ဆုံးရှုံးသွားကြောင်း သတင်းရရှိပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စခန်းမှူးကားမှ သေနတ်တစ်လက်သိမ်းဆည်းရမိကာ ရဲကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


🚩🚩 ၆။ ကွတ်ခိုင်တွင် စကစထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို အရပ်သားတစ်ဦးနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့


 မတ်လ ၁၆ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ () စစ်ဒေသ ကွတ်ခိုင်မြို့နယ်တွင် စကစထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို မတ်လ ၁၂ ရက်နေ့တွင် အရပ်သား အမျိုးသားတစ်ဦး နင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့တယ်လို့TNLAကအတည်ပြုပါတယ်။


ဖြစ်စဥ်တွင် မတ်လ ၁၂ ရက်နေ့ ညနေပိုင်း နာရီအချိန်တွင် ရပ်ကွက် () ရှိ တောင်ပေါ်ကျောင်းဘုရားနားတွင် ထင်သွားခွေရာမှ မိုင်းနင်းမိခဲ့တယ်လို့ဖော်ပြပါတယ်။


မိုင်းနင်းမိသူမှာ ဦးအိုက်ညို့ (အသက် ၄၂) နှစ် ဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာတွင် နေထိုင်ကာ မိုင်းကြောင့် ၎င်း၏ ညာဘက်ခြေထောက် ပြတ်ပြီး ဘယ်ဘက်ခြေထောက်လည်း ဒဏ်ရာရခဲ့ပါတယ်။


၎င်းအမျိုးသားအား တအာင်းတပ်မတော် ရဲဘော်များမှ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။


ထိုနေ့တွင်ပင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းစေတီပေါ်တွင် စကစထောင်ထားခဲ့သည့် မိုင်းတစ်လုံးကို အမျိုးသားတစ်ဦး နင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။


ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြေမြှုပ်မိုင်းကြောင့် သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များမှာ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး () ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး () ဦး သေဆုံးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment