16th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကမြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

📌 ၂။ နိုင်ငံကို တကယ်ချစ်တဲ့ တပ်မတော်သားများ အနေနဲ့  တော်လှန်ရေးဘက်တော်သားများနဲ့ အမြန်ဆုံး ပူးပေါင်းကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း

📌 ၃။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား အဖြစ် ပါဝင်ကူညီဖို့ ဒုဝန်ကြီးအိသဥ္ဇာမောင်နှိုးဆော်

📌 ၄။ မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးရေး လူထုသပိတ်လောင်းလုံးမြို့နယ်ထဲလှုပ်ရှား


၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပတ္တမြားနားကပ်နဲ့ ပတ္တမြားဆွဲသီးကို ရေးဘီလူးအဖွဲ့သို့ စေတနာရှင်တဦးမှ ထောက်ပို့လှူဒါန်း

🚩 ၂။ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ()လုံး ကြဲချတိုက်ခိုက်

🚩 ၃။ ရေဦးမြို့ အထွေအထွေအုပ်ချုပ်ရေးမှူးရုံး ရွှေနဒီဦးခန်းမတွင် စစ်ကောင်စီတပ်အစည်းအဝေးကျင်းပသည်ကို သတင်းရရှိ၍ ရေဦး PDF မှ Fixed Wings Drone () စင်းဖြင့် ဗုံးသီး ()လုံးချတိုက်ခိုက်

🚩 ၄။ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်၍ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ဆောင် ထိခိုက် ပျက်စီးသွား

🚩 ၅။ မင်းတပ် တိုက်နယ် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သားနှစ်ဦးသေဆုံး

🚩 ၆။ မြင်းခြံမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးတဲ့စကစ စစ်ကြောင်း ၄ရက်အတွင်း ရွာ၆ရွာမှာ ဝင်ရောက်မီးရှို့ခဲ့ပြီး ရွာသား()ဦးကို သတ်ဖြတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကမြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော


မတ်လ ၁၅ရက်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့က မြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေတယ်လို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောတယ်။


မတ်လ၁၃ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌  Promoting Conflict Prevention - Empowering All Actors Including Women and Youth ခေါင်းစဉ်ဖြင့်  ကျင်းပသည့် တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။


"လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့စစ်သားစုဆောင်းရေးကြောင့် မြန်မာ လူငယ်များအနေဖြင့် အလွန်ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံအား မည်သည့် ပြည်ပတိုင်းပြည်ကမျှ ကျူးကျော်နေခြင်း မရှိပါကြောင်း၊ မည်သည့် ပြည်ပအန္တာရာယ် တစ်ခုခုကမျှ မြန်မာပြည်သူလူထု၏ အသက်အန္တာရာယ်ကို ခြိမ်းခြောက်နေခြင်း မရှိပါကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကသာ မြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


စစ်အာဏာရှင်များနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများသည် နိုင်ငံ၏ စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အကြီးမားဆုံးသော အနှောက်အယှက်၊ အဟန့်အတား ဖြစ်သည်သာမက မြန်မာပြည်သူ၊ ပြည်သားများနှင့် ၎င်းတို့၏ အနာဂတ်အတွက် အဓိက ခြိမ်းခြောက်မှုဖြစ်သည်ကို အကြိမ်ကြိမ်သက်သေပြခဲ့ကြောင်း၊ ရက်စက်၍ ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်ကို အနိုင်ယူကျော်လွှားရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ နိုင်ငံကို တကယ်ချစ်တဲ့ တပ်မတော်သားများ အနေနဲ့  တော်လှန်ရေးဘက်တော်သားများနဲ့ အမြန်ဆုံး ပူးပေါင်းကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း


မတ်လ၁၅ရက်။

နိုင်ငံကို တကယ်ချစ်တဲ့ တပ်မတော်သားများအနေနဲ့ တော်လှန်ရေးဘက်တော်သားများနဲ့ အမြန်ဆုံး ပူးပေါင်းကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်းပြောကြားလိုက်ပါတယ်။


"နိုင်ငံနဲ့ နိုင်ငံသားများရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလ၊ အတိုဆုံးနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ဒီနိုင်ငံကို တကယ်ချစ်တဲ့ တပ်မတော်သားများ အနေနဲ့ ပြည်သူတွေလိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးလမ်းစဉ် တော်လှန်ရေးဘက်တော်သားများနဲ့ အမြန်ဆုံး ပူးပေါင်းကြပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါများဟာ ရှိသမျှ နိုင်ငံ့ဘဏ္ဍာများကို ခိုးထုတ်ပြီး နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချဖို့ အားလုံးပြင်ဆင်ထားပြီးဖြစ်သလို ရှေ့တန်းမှာ တိုက်နေတဲ့ ဘယ် တိုက်ပွဲကိုမှ စိတ်မဝင်စားတော့ပါဘူး။ သူတို့လုပ်နိုင်တာ လေယာဉ်နဲ့ လူနေအဆောက်အအုံများပေါ် ရမ်းသမ်းဗုံးကြဲ ဖျက်စီးတဲ့အလုပ်ပဲ လုပ်ပြနေတာပါ။ ဒီလိုတွေလုပ်လေ ပြည်သူတွေရဲ့ အမုန်းတရားနက်ရှိုင်းလေ ဖြစ်နေတာမို့ မအလ အဖွဲ့နဲ့ အမြန်ခွဲခွာကြပါ"လို့ဝန်ကြီးကဆိုပါတယ်။


စကစတပ်ဖွဲ့ဝင်များအနေနဲ့ အသိတရားအမြန်ရှိကြဖို့ကိုလည်း ဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၃။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား အဖြစ် ပါဝင်ကူညီဖို့ ဒုဝန်ကြီးအိသဥ္ဇာမောင်နှိုးဆော်


မတ်လ ၁၅ရက်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား အဖြစ် ပါဝင်ကူညီဖို့ ဒုဝန်ကြီး အိသဥ္ဇာမောင်နှိုးဆော်လိုက်ပါတယ်။


"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား အဖြစ် ပါဝင်ကူညီလို့ရပါတယ်။ လာပါငါတို့ အတူတူရုန်းမယ်"လို့ဆိုထားပါတယ်။


ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ ဖေဖော်ဝါရီလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေ ၁၄၁၀၆ဦး တနိုင်ငံလုံးအတိုင်းတာရှိခဲ့ပြီး ထောက်ပို့ငွေပမာဏ ခန့်မှန်းအမေရိကန်ဒေါ်လာ ၄၆၇၇၅၂.၅၂ခန့်ရရှိခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးရေး လူထုသပိတ်လောင်းလုံးမြို့နယ်ထဲလှုပ်ရှား


မတ်လ ၁၅ ရက်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့ရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကို ပိတ်ပင်တားဆီးပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ' USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar' ဆိုတဲ့ ခေါင်းစဥ်နဲ့  လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ 


အဲဒီလှုပ်ရှားမှုကို မတ်လ ၁၅ ရက်နေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

လှုပ်ရှားမှုတွင် ဒေသခံအမျိုးသမီး၊ လူငယ်တွေပူးပေါင်းပါဝင်နဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ ပတ္တမြားနားကပ်နဲ့ ပတ္တမြားဆွဲသီးကို ရေးဘီလူးအဖွဲ့သို့ စေတနာရှင်တဦးမှ ထောက်ပို့လှူဒါန်း


မတ်လ ၁၅ရက်။

ပတ္တမြား နားကပ်နဲ့ပတ္တမြားဆွဲသီးကိုရေးဘီလူးအဖွဲ့သို့ စေတနာရှင်တဦးမှထောက်ပို့လှူဒါန်းခဲ့တယ်လို့ မတ်လ ၁၅ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အသိပေးဆိုထားပါတယ်။


"ပတ္တမြား နားကပ်နဲ့ ပတ္တမြားဆွဲသီးလေးကို ကျွန်တော်တို့ ရေးဘီလူးတပ်ဖွဲ့တွက် အလှူပြုပေးသော အမည်မဖော်လိုသူ စေတနာရှင်အလှူတဦးအား အထူးကျေးဇူးတင်ပါတယ်"လို့ဖော်ပြပါတယ်။


ရေးဘီလူးအဖွဲ့ဟာ မွန်ပြည်နယ်အတွင်း ဘီလူးနင်းမဲ့လမ်းစစ်ဆင်ရေးကို စတင်အကောင်အထည်ဖော်ဆောင်နေပြီး မတ်လ၁၄ရက်နေ့က  ရေးမြို့ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၂။ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ()လုံး ကြဲချတိုက်ခိုက်


မတ်လ၊ ၁၅ရက်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ()လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


မတ်လ၁၄ရက်နေ့ မနက်ခင်း ၉နာရီ၃၀မိနစ်ခန့်မှ နေ့ခင်း ၁၀နာရီ၃၀မိနစ်အချိန်ခန့်ထိ စစ်ကောင်စီတပ်သားများ အခြေနေထိုင်လျက်ရှိသော မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား  စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF/MSDFနှင့်အတူ ညီနောင်မဟာမိတ်တပ်များမှ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ()လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


တိုက်ခိုက်မှုတွင် AIR BOMBများ စခန်းအတွင်းသို့ ကျသောကြောင့် စစ်ကောင်စီဘက်မှ အထိခိုက်များ ရှိနိုင်တယ်လို့သိရပါတယ်။


 DRONE MISSIONတွင် စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်()တပ်ရင်း-NRDF မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ() မိတ္ထီလာခရိုင်အမှတ်()တပ်ရင်း၊ CHAUK PDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။


========================


🚩🚩 ၃။ ရေဦးမြို့ အထွေအထွေအုပ်ချုပ်ရေးမှူးရုံး ရွှေနဒီဦးခန်းမတွင် စစ်ကောင်စီတပ်အစည်းအဝေးကျင်းပသည်ကို သတင်းရရှိ၍ ရေဦး PDF မှ Fixed Wings Drone () စင်းဖြင့် ဗုံးသီး ()လုံးချတိုက်ခိုက်


မတ်လ ၁၅ရက်။

ရေဦးမြို့ အထွေအထွေအုပ်ချုပ်ရေးမှူးရုံး ရွှေနဒီဦးခန်းမတွင် စစ်ကောင်စီတပ် အစည်းအဝေး ကျင်းပသည်ကိုသတင်းရရှိ၍ ရေဦး PDF မှ Fixed Wings Drone () စင်းဖြင့် ဗုံးသီး ()လုံးချတိုက်ခိုက်ခဲ့ပါတယ်။


မတ်လ ၁၅ ရက် မနက် :၃၅ အချိန် ရေဦးမြို့ အထွေအထွေအုပ်ချုပ်ရေးမှူးရုံး ရွှေနဒီဦးခန်းမတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်ပါးစေများ အစည်းအဝေးပြုလုပ်သည်ကို သတင်းရရှိ၍  ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF မှ Fixed Wings Drone () စင်းဖြင့် ဗုံးသီး ()လုံးချ၍ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။


ရန်သူစစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သတင်းရရှိပါတယ်။


ရေဦး ထွေအုပ်ရုံးသို့ တိုက်ခိုက်မှုတွင် စကစများနှင့် Non-CDM ဝန်ထမ်းများ အထိအခိုက်များပြီး ရေဦးမြို့ ဆေးရုံကြီးတွင် ဆေးကုနေကြကြောင်း ထပ်မံသိရှိရပါတယ်။


========================


🚩🚩 ၄။ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်၍ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ဆောင် ထိခိုက် ပျက်စီးသွား


မတ်လ ၁၅ ရက်။

မတ်လ၁၅ရက် မွန်းလွဲ ၁း၃၀ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းကို အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံး လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့တယ်လို့ PNLAကအတည်ပြုပါတယ်။


ယင်းသို့ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ဆောင် ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။


စစ်ကောင်စီက အကြောင်းမဲ့ ဘုန်းတော်ကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းတွင်းရှိ သာမဏေကိုရင် ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


မတ်လ၁၄ရက်နေ့ကလည်း ဘုရားပင့်ဆောင်သည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားပင့်ဆောင်သည့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ မင်းတပ် တိုက်နယ် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သားနှစ်ဦးသေဆုံး


မတ်လ၁၅ရက်

ချင်းပြည်နယ်၊ မင်းတပ် တိုက်နယ် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။


မတ်လ ၁၅ရက် မွန်းလွဲပိုင်း၁၂:၃၀ ဝန်းကျင် မင်းတပ်၊  တိုက်နယ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့မင်းတပ်ပအဖကအတည်ပြုပါတယ်။

စကစတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ( ဦး)ရှိခဲ့ပြီး CDM ကျောင်းဆရာ ၂၈ နှစ်၊ ဒဏ်ရာကြီးမား၊ ကလေး ကျား () ဦး ( နှစ်၊ ၁၀ နှစ်) မျက်နှာ၊ လက် ဒဏ်ရာရခဲ့ကာ - လူကြီး ကျား ၁ဦး (၇၀ နှစ်) ညာရင်ဘတ်ထိခိုက်ခဲ့ပါတယ်။


သေဆုံး( ဦး)မှာ (သားအမိ)ဖြစ်၍ နှစ် မိန်းကလေးတစ်ဦး၊ ၄၀ ကျော် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။


ဗုံးထိမှန်၍ အိမ် ၁လုံး၊ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် အခြားအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။


========================


🚩🚩 ၆။ မြင်းခြံမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးတဲ့စကစ စစ်ကြောင်း ၄ရက်အတွင်း ရွာ၆ရွာမှာ ဝင်ရောက်မီးရှို့ခဲ့ပြီး ရွာသား()ဦးကို သတ်ဖြတ်


မတ်လ ၁၅ရက်။

မြင်းခြံမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးတဲ့စကစ စစ်ကြောင်း ၄ရက်အတွင်း ရွာ ၆ရွာမှာ ဝင်ရောက်မီးရှို့ခဲ့ပြီး ရွာသား()ဦးကို သတ်ဖြတ်ခဲ့ပါတယ်။


မတ်လ၁၅ရက်မှာ စကစတပ်ကျူးလွန်မှုများကို မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကအတည်ပြုပါတယ်။


"မြင်းခြံမြို့နယ်အတွင်း ၁၁ရက်နေ့ညက စပြီး မီးရှို့သတ်ဖြတ်လုပ်ခဲ့တဲ့ စစ်ကြောင်းဟာ ၄ရက်အတွင်း ရွာ၆ရွာမှာ ဝင်ရောက်မီးရှို့ခဲ့ပြီး ရွာသား()ဦးကို သတ်ဖြတ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ထိုသို့သတ်ဖြတ်ခံရသည့်အရပ်သားများထဲတွင် အသက်၇၀ ကျော်အရွယ် အဘိုး၊ အဘွားများလည်းပါဝင်တယ်လို့သိရပါတယ်။


စစ်ကြောင်းဝင်လာစဥ်ထွက်ပြေးတဲ့ အသက်၂၀အရွယ်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့ကာလမ်းပြအဖြစ် ဖမ်းခေါ်လာသည့် အမျိုးသားသုံးဦးကို လမ်းခုလတ်မှာ သတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment