18th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မင်းအောင်လှိုင်နှင့် အပေါင်းအပါများဟာ  နိုင်ငံ့ဘဏ္ဌာ ခိုးထုတ်ပြီး နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချဖို့ အားလုံးပြင်ဆင်ထားတဲ့အခြေအနေဆိုက်နေပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်ပြော

📌 ၂။ ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စကစတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ပျက်ပြားနေပြီး မူးယစ်ဆေးကျွေးကာစစ်တိုက်ခိုင်းရတဲ့အနေအထားရောက်နေပြီ

📌 ၃။ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီတရပ် ဖွဲ့စည်းရေးအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက် ရရှိခဲ့

📌 ၄။ မြင်းခြံမြို့ပေါ်မှာ ပထမအသုတ် စစ်မှုထမ်းစာရင်းအတွက် မဲနှိုက်တာနဲ့လူရှာတာတွေ လုပ်ဆောင်

📌 ၅။ ယောဒေသ၊ ဂန့်ဂေါခရိုင်ရဲ့  ကျပ်သိန်းငါးထောင်သွေးကြွေး ကမ်ပိန်း မည်သူမဆိုအားဖြည့်ပါဝင်နိူင်


၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရသေ့တောင်မြို့ကို AA သိမ်းပိုက်၊ 

🚩 ၂။ လေးလုံး စစ်ဆင်ရေးဆက်စပ် တိုက်ပွဲများ နောင်ဝိုး၊ ဗန်းမောက်နှင့် နမ်းဖောမူတို့မှာ တောက်လျှောက် အပြင်းအထန် ဖြစ်ပွားနေ

🚩 ၃။ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသူများကို ထိရောက်စွာအရေးယူမည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု ထုတ်ပြန် 

🚩 ၄။ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်သူများကို ထိထိရောက်ရောက် အရေးယူမည်ဟု KRF ထုတ်ပြန် 

🚩 ၅။ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)မှ PDF ပူတာအိုထံ သို့ လက်နက်နှင့်တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်နှင့် အပေါင်းအပါများဟာ  နိုင်ငံ့ဘဏ္ဌာ ခိုးထုတ်ပြီး နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချဖို့ အားလုံးပြင်ဆင်ထားတဲ့အခြေအနေဆိုက်နေပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်ပြော


မတ်လ၁၈ရက်


မင်းအောင်လှိုင်နှင့် အပေါင်းအပါများဟာ  နိုင်ငံ့ဘဏ္ဌာ ခိုးထုတ်ပြီး နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချဖို့ အားလုံးပြင်ဆင်ထားတဲ့အခြေအနေဆိုက်နေပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်ကမတ်လအတွင်းဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"မင်းအောင်လှိုင်နဲ့အပေါင်းအပါများဟာ ရှိသမျှ နိုင်ငံ့ဘဏ္ဌာ ခိုးထုတ်ပြီး နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချဖို့ အားလုံးပြင်ဆင်ထားပြီးဖြစ်သလို ရှေ့တန်းမှာ တိုက်နေတဲ့ ဘယ် တိုက်ပွဲကိုမှ စိတ်မဝင်စားတော့ပါဘူး။ သူတို့လုပ်နိုင်တာ လေယာဉ်နဲ့ လူနအဆောက်အအုံများပေါ် ရမ်းသမ်းဗုံးကြဲ ဖျက်စီးတဲ့အလုပ်ပဲ လုပ်ပြနေတာပါ။ ဒီလိုတွေလုပ်လေ ပြည်သူတွေရဲ့ အမုန်းတရားနက်ရှိုင်းလေ ဖြစ်နေတာမို့ မင်းအောင်လှိုင် အဖွဲ့နဲ့ အမြန်ခွဲခွါကြပါ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ ဘဏ္ဍာရေးအကြပ်အတည်းသာမက သံတမာန်အသိုင်းအဝိုင်းမှာလည်း လူတောမတိုးဘဲ ဖြစ်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စကစတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ပျက်ပြားနေပြီး မူးယစ်ဆေးကျွေးကာစစ်တိုက်ခိုင်းရတဲ့အနေအထားရောက်နေပြီ


မတ်လ၁၈ရက်


ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စကစတပ်ဖွဲ့ဝင်များစိတ်ဓာတ်ပျက်ပြားနေပြီး မူးယစ်ဆေးကျွေးကာစစ်တိုက်ခိုင်းရတဲ့အနေအထားရောက်နေပြီလို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။


မတ်လအတွင်း တွေ့ဆုံမေးမြန်းတဲ့ နွေဦးမှန်ကူကွက်များ - EPISODE 16 - မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားပါတယ်။


"သေနတ်တစ်ချက်နှစ်ချက်သာ သူတို့ဘက်လာဖောက်၊လက်နက်ကြီးအလုံးတစ်လုံးသာဝန်းထဲပစ်ထည့်လိုက်ရင်သူတို့ဘက်ကပြေးပြီပဲ။ဘာလို့လဲဆိုတော့ သူတို့ဘက်ကစိတ်ဓာတ်ပျက်ပြားနေပြီ။ကျနော်တို့ဘက်ကတော်လှန်ရေးသမားတွေကစိတ်ဓာတ်ပြင်းထန်သလောက်၊အကြမ်းဖက်စစ်အုပ်စုဘက်မှာရှိနေတဲ့တပ်ကလူတွေစိတ်ဓာတ်ကလုံးဝကိုဂျုံးဂျုံးကျဖြစ်နေတဲ့အနေအထားမျိုးပေါ့။အဲဒီစိတ်ဓာတ်ကိုမြှင့်တင်ဖို့ကဆေးကျွေးဖို့ပဲ။အရင်တုန်းကလည်းကြားဖူးပါတယ်။တိုက်ပွဲတွေရှိရင်အရက်တွေစွတ်တိုက်တာမျိုးပေါ့"လို့ဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စကစတပ်များဟာ တပ်ရင်းတခုလုံးလက်နက်ချအညံ့ခံခြင်း၊အိမ်နီးချင်းနိူင်ငံများသို့ နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီတရပ် ဖွဲ့စည်းရေးအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက် ရရှိခဲ့


မတ်လ၁၈ရက်


ကြားကာလဖက်ဒရယ်ပညာရေးကောင်စီတရပ် ဖွဲ့စည်းရေးအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက် ရရှိခဲ့တယ်လို့ မတ်လ၁၈ရက်မှာ ပညာရေးမူဝါဒအကြံပေးပညာရှင် ဒေါက်တာသိန်းလွင်ကအသိပေးဆိုထားပါတယ်။


"ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပညာရေးလုပ်ဖေါ်ကိုင်ဖက်များခင်ဗျား။ကျနော်တို့ လိုလားတောင်းဆိုခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖေါ်ရန် (ကြားကာလ) ဖက်ဒရယ်ပညာရေးကောင်စီတရပ် ဖွဲ့စည်းရေးအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက် ရရှိခဲ့ပါပြီ။ ပညာရေးနှင့်သက်ဆိုင်သူများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆွေးနွေးပြီး အကြံဉာဏ်များရယူရန်လိုအပ်သည့်အတွက် အချိန်ယူဆောင်ရွက်ရပါတယ်"လို့ဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက် သောကြာနေ့တွင် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဖွဲ့စည်းထားသော ဖက်ဒရယ်ပညာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး၍ ဆက်လက် အကောင်အထည်ဖော်လုပ်ဆိုင်နိုင်ရေး လုပ်ငန်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သည့် အစုအဖွဲ့များဆက်လက် ပါဝင်လာနိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များ ရယူခဲ့ပါတယ်။


========================


📌📌 ၄။ မြင်းခြံမြို့ပေါ်မှာ ပထမအသုတ် စစ်မှုထမ်းစာရင်းအတွက် မဲနှိုက်တာနဲ့လူရှာတာတွေ လုပ်ဆောင်


မတ်လ၁၈ရက်


မတ်လ၁၈ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အခုလိုအသိပေးဆိုထားပါတယ်။


"မြင်းခြံမြို့ပေါ်မှာ ပထမအသုတ် စစ်မှုထမ်းစာရင်းအတွက် မဲနှိုက်တာ၊လူရှာတာ လုပ်နေပါတယ်။ဧပြီ၂၅ရက်နေ့ သင်တန်းစတက်ရမယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမှတ်၁၇မှ ၂ဦး၊အမှတ်၁၀မှ ၂ဦး၊အမှတ်()ဒိုဘီကုန်းမှ ၂ဦး(မဲနှိုက်)၊အမှတ်၁၂မှ ဦးရေမသိရသေး၊စာရင်းအတည်ပြုပြီးပြီလို့ သိရပါတယ်။


အမှတ်()က လိုက်မဲ့သူမရှိမဲနှိုက်မယ်လို့သိရပြီးအမှတ်()က တစ်နယ်မြေ()ဦး ကောက်ထားပြီး ကောက်ထားတဲ့စာရင်းထဲက ရွေးလွှတ်မယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ယောဒေသ၊ ဂန့်ဂေါခရိုင်ရဲ့  ကျပ်သိန်းငါးထောင်သွေးကြွေး ကမ်ပိန်း မည်သူမဆိုအားဖြည့်ပါဝင်နိူင်


မတ်လ၁၈ရက်


ယောဒေသ၊ ဂန့်ဂေါခရိုင်ရဲ့  ကျပ်သိန်းငါးထောင်သွေးကြွေးကမ်ပိန်းကို မတ်လ၁၅ရက်နေ့မှဧပြီ၃၀ရက်နေ့အထိသက်မှတ်ထားပြီး ဆန္ဒရှိသလောက်ပါဝင်ထောက်ပို့နိူင်တယ်လို့သိရပါတယ်။


"NUG   MOD ရဲ့ ခရိုင်တပ်ရင်းတွေအတွက် အလေးပေးဝိုင်းရံပေးဖို့ လိုတယ်။

EAOs တွေ စစ်ရေးတာဆူချိန် အငိုက်ယူဖို့လိုတယ်။ဂန့်ဂေါခရိုင်ကို အဓိက အပြောင်းလဲဖြစ်စေသူဟာ ခရိုင်တပ်ရင်းတွေပါပဲ။ခရိုင်တပ်ရင်းတွေ မြေပြင်မှာ နေ့ညမပြတ် တာဝန်ထမ်းနေတယ်။ သေချာတာတော့ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က PDF တွေ အသက်ရင်းပြီး လက်ရှိ ရှေ့တန်းမှာ တိုက်ပွဲဝင်နေပါတယ်"လို့ သွေးကြွေးကမ်ပိန်းကဖော်ပြပါတယ်။


ကမ်ပိန်းမှရရှိငွေကိုလက်နက်ခဲယမ်းမီးကျောက်အတွက်အဓိကအသုံးပြုမှာဖြစ်ပြီးတော့ ခရိုင်တပ်ရင်း၁၉ရင်းနှင့် ခရိုင်ဒရုန်းတပ်ဖွဲ့သို့ထောက်ပို့သွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရသေ့တောင်မြို့ကို AA သိမ်းပိုက်၊ 


ရခိုင်ပြည် ရသေ့တောင်မြို့မှာအခြေစိုက်တဲ့ တပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ရသေ့တောင်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။ 

ရသေ့တောင်မြို့ ကိုရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပတ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပစ်ကူ အမြောက်အမြားနဲ့ အပြင်းအထန်ခုခံခဲ့ပေမယ့် မတ်လ ၁၇ ရက် ညနေ နာရီမှာ ရသေ့တောင်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ဟာ စစ်သင်္ဘောတွေနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေး လွတ်မြောက်သွားပေမယ့် စစ်မှုထမ်းဥပဒေကိုခုတုံးလုပ်ပြီး လတ်တလောမှ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာအချို့ ရဲ့ အလောင်းများ၊ ရန်သူစစ်ကောင်စီအလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်း ရရှိခဲ့တယ် လို့ AA က ထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ ဘူးသီးတောင်နဲ့မောင်တောမြို့တွေကို ထပ်မံသိမ်းပိုက်ရရှိနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဘူးသီးတောင်မြို့တွင်းရှိ စကခ -၁၅ လက်အောက်ခံ ခမရ -၅၅၂ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရခိုင်ဒေသမှာ စစ်ရှုံးပြီး တမြို့ပြီးတမြို့ လက်လွှတ်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စတဲ့ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုမိုလုပ်ဆောင်လာပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှကျူးလွန်နေတယ်လို့ AA က ဆိုပါတယ်။  

စစ်ကောင်စီက ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ ဒဏ်ရာရ သေဆုံးမှုတွေဟာလည်း တရက်ထက်တရက် ပိုမိုမြင့်တက်လာတယ်လို့ ရခိုင့်တပ်တော် AA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၂။ လေးလုံး စစ်ဆင်ရေးဆက်စပ် တိုက်ပွဲများ နောင်ဝိုး၊ ဗန်းမောက်နှင့် နမ်းဖောမူတို့မှာ တောက်လျှောက် အပြင်းအထန် ဖြစ်ပွားနေ


မတ်လ၁၈ရက်


မတ်လအတွင်း မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုများက အခုလိုအသိပေးဖော်ပြပါတယ်။


ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ထိုးစစ်ဆင်မှုများကို ခုခံနေရသည့် လေးလုံး စစ်ဆင်ရေးဆက်စပ် တိုက်ပွဲများသည် နောင်ဝိုး၊ ဗန်းမောက်နှင့် နမ်းဖောမူတို့တွင်အပြင်းအထန် ဖြစ်ပွားနေတယ်လို့အသိပေးဖော်ပြပါတယ်။


ထိုသို့တိုက်ပွဲပြင်းထန်နေသည့် အခြေအနေများကြောင့် လူထုများအနေနှင့် ကုန်းလမ်းသာမက ရေလမ်းများအသုံးပြု၍ လမ်းခရီးသွားလာခြင်းမပြုလုပ်ပါရန်နှင့် ဘေးလွတ်ရာသို့ အမြန်ဆုံး တိမ်းရှောင်ပေးကြရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။


========================


🚩🚩 ၃။ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသူများကို ထိရောက်စွာအရေးယူမည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု ထုတ်ပြန် 


ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေသူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု -SSRY က ယနေ့ မတ်လ ၁၈ မှာထုတ်ပြန်ပါတယ်။

လူငယ်တွေစစ်မှုထမ်းဖို အကြမ်းဖက်စစ်ကောင်စေရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးတဲ့နောက် ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မြို့နယ်တွေက လဝက၊ ထွေအုပ်၊ ရပ်ကျေး ရာအိမ်မှူး၊ဆယ်အိမ်မှူးများနဲ့ နောက်လိုက်တွေ ဟာ နိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီး ပြည်သူလူထုကိုမတရားခြိမ်းခြောက်ကာ အကျိုးစီးပွားရှာနေ ကြတယ်လို့ အသိပေးပါတယ်။

အဲဒီလို ကိုယ်ကျိုးစီးပွားရှာနေကြသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေရရှိထားပြီးဖြစ်တာကြောင့် စစ်ကောင်စီ ရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ထိထိရောက် ရောက် အရေးယူသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းတော်လှန်ရေးလူငယ်အင်အားစု -SSRY အမှတ် ၁၀၀၈ တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။

တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်သွားကြတဲ့ ရဲဘော်တွေနဲ့ ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခရောက်နေရ တဲ့သူတွေကို လျစ်လျူရှုပြီး ကိုယ်ကျိုးစီးပွားအတွက် ရှေ့တန်းတင်နေသူတွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို   SSRY အမှတ် ၁၀၀၈ တပ်ရင်းအနေနဲ့ အမြစ်ဖြတ်ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်သူများကို ထိထိရောက်ရောက် အရေးယူမည်ဟု KRF ထုတ်ပြန် 


အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်နေသူတွေကို ထိထိရောက် ရောက် အရေးယူသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ယနေ့ မတ်လ ၁၈ မှာ ထုတ်ပြန်ကြေညာလိုက် ပါတယ်။ 

 

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကျိုက်ထိုမြို့က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကို အစည်းအဝေးခေါ်ယူပြီး တရွာ ၁၀ ယောက် စုပေးရမမယ်လို့ ညွှန်ကြားလာတာနဲ့ပတ်သက်လို့ KRF က သတိပေး ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။


ဒါကြောင့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရာမှာ စစ်တပ်ဘက်ကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် သူ၊ အားပေးကူညီသူ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၊ စစ်တပ် ဒေါက်တိုင်များ စတဲ့ အဖွဲ့အတွေနဲ့ တယောက်ချင်းစီတိုင်းကို စစ်ရေးပစ်မှတ်အဖြစ်သက်မှတ်ပြီး ထိထိရောက်ရောက် အပြစ်ပေးအရေးယူသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြည်သူလူထုကို အသိပေးထုတ်ပြန်ထားဖြစ်ပါတယ်။


========================


🚩🚩 ၅။ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)မှ PDF ပူတာအိုထံ သို့ လက်နက်နှင့်တကွ အလင်းဝင်


မတ်လ၁၈ရက်


ကချင်ပြည်နယ် ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)မှ PDF ပူတာအိုထံ သို့ လက်နက်နှင့်တကွ အလင်းဝင်ခဲ့ပါတယ်။


မတ်လ၁၈ရက်နံနက်တွင် စကစလက်အောက်ခံ ပြည်သူ့စစ်(ခေါင်လန်ဖူး)အဖွဲ့မှ တပ်သား အောက်ရှန်ဂေါင်ရွာမှအသက်(၅၀)နှစ်သည် ပြည်သူနှင့်တစ်သားတည်းရပ်တည်လိုသဖြင့် လက်နက်နှင့်တကွက အလင်းဝင်လာတယ်လို့ PDFပူတာအိုကဖော်ပြပါတယ်။


၄င်းဟာ ဆွမ်ဘရာဘွမ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီး ''အခုလည်း၂၀ လောက်ကျန်သေးတယ်  ဒါပေမယ့် တိုက်ပွဲ ပြင်းထန်နေတော့ ထွက်လာလို့မရဘူး။စကစ အင်အား ၃၀ လောက်ကျန်သေးတယ်လို့ဆိုပါတယ်။


ထို့ကြောင့် ပြည်သူနှင့်အတူရပ်တည်ဖို့ ရဲရဲဝံ့ဝံ့ စွန့်စားလာသော ရဲဘော်အားကြိုဆိုကြောင်းနှင့် ကျန်ရှိသည့် ရဲဘော် မည်သူမဆို အချိန်မီ လာရောက်ပူးပေါင်းမှုကိုကြိုဆိုကြောင်းအသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment