19th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကချင် ဓမ္မဆရာ  နမ်မဲ ခွန်ဂျော်လီကို သေနတ်နဲ့ ပစ်ခတ်ခံရမှုဟာ တိုက်ဆိုင်မှု မဟုတ်ဘူး စနစ်တကျစီစဉ်မှု ဖြစ်တယ်လို့ဝန်ကြီးဒေါက်တာတူးခေါင် သုံးသပ်

📌 ၂။ ကုလအတွင်းရေးမှူးချုပ်က မြန်မာစစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုများကို စိုးရိမ်ပူပန်

📌 ၃။ ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNFပြောကြား

📌 ၄။ ထိုင်းတွင် တရားမ၀င်ရောက်သည့် မြန်မာအလုပ်သမားများ နေ့စဉ် ဖမ်းဆီးခံနေရတယ်လို့ Myanmar Labour Newsမှာဖေါ်ပြ


၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို လေလံတင်ရန် အဓိကလုပ်ဆောင်နေသည့် ဗဟန်းစည်ပင်ရုံးနှင့် ထွေအုပ်ရုံး ကို မိုင်းခွဲတိုက်ခိုက် ရဲ ဦးသေဆုံး

🚩 ၂။ အရာတော်မြို့ရှိ အမှတ် ၅၀၀၄ အမြောက်တပ်ကို လက်နက်ကြီးဖြင့်တိုက်ခိုက်မှု စစ်သားတစ်ဦးသေဆုံး  

🚩 ၃။ တနိုင်းရှိ ခလရ ၂၉၇ တပ်ရင်း၏ နမ်ကောန်ရွှေမှော်စခန်းကို KIA ကသိမ်းပိုက်

🚩 ၄။ မင်းလှတွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် ၁၀၀ကျော် မီးလောင်ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကချင် ဓမ္မဆရာ  နမ်မဲ ခွန်ဂျော်လီကို သေနတ်နဲ့ ပစ်ခတ်ခံရမှုဟာ တိုက်ဆိုင်မှု မဟုတ်ဘူး စနစ်တကျစီစဉ်မှု ဖြစ်တယ်လို့ဝန်ကြီးဒေါက်တာတူးခေါင် သုံးသပ်


ကချင် ဓမ္မဆရာ  နမ်မဲ ခွန်ဂျော်လီ သေနတ်နဲ့ ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီးမတ်လ၁၉ရက်တွင် ဝန်ကြီးဒေါက်တာတူးခေါင်မှ ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုသုံးသပ်ရေးသားထားပါတယ်။


ကချင်ပြည်နယ်၊ မိုကောင်းမြို့နယ်၊ နမ်တီး လမ်းခွရပ်ကွက်က ကချင် ဓမ္မဆရာ တစ်ပါးလဲ ဖြစ်၊ လူထုကြား၊ လူငယ်ကြား Social Influencer တယောက်လဲ ဖြစ်သူ ဆရာ နမ်မဲ ခွန်ဂျော်လီ (Nammye Hkun Jaw Li)ကို မနေ့က သူ့ အိမ်ဆိုင်မှာ နာမည်မသိ လူတစု သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသွားပါတယ်။ 


၂၀၂၂ စက်တင်ဘာလတွင်း ကချင်-စစ်ကိုင်းစပ်မှာ KIA+pdf နဲ့ SNA+စကစ တိုက်ပွဲ ပြင်းထန်နေချိန် People Media က ကျော်စိုးဦး လော်ခဲ့တာရှိတယ်၊ ကချင်လူထုကြား နာမည်ကျော်တဲ့ ဓမ္မဆရာတွေကို ဖမ်း၁၁တ်ပြသင့်တယ် ဆိုပြီး လော်ခဲ့တာပါ။


"ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘူး။ စနစ်တကျစီစဉ်မှု ဖြစ်တယ်"


ခွန်ဂျော်လီဟာ သူ့ရဲ့ Facebook အကောင့်ကနေ ပြည်သူ့လွတ်မြောက်ရေး လမ်းစဉ် ကို အစဉ်တစိုက် နိုးဆော်ပေးနေသူဖြစ်တယ်။ လိုင်ဇာ အနီး တဝိုက် တဖြုတ်ဖြုတ်ကျဆုံးနေတဲ့ မအလ တပ်တွေရဲ့ သတင်းနဲ့အတူ ကချင်လူထု အပါအဝင် မြန်မာပြည်သူတွေရဲ့မျော်လင့်ချက် ရောင်ချည်တမ်းနေရချိန်၊ ခုလို ယုတ်ညံ့တဲ့ လုပ်ရပ်မျိုးလုပ်တာဟာ နာမည်မသိ သော်လဲ ဘယ်သူ့လက်ချက်ဆိုတာ လူထုက သိပြီးဖြစ်တယ်။ 


ကချင်လူထုအတွက် ပိုပြီးတွန်းအားဖြစ်စေမှာ အမှန်ဖြစ်တယ်လို့ ရေးသားထားပါတယ်။


========================


📌📌 ၂။ ကုလအတွင်းရေးမှူးချုပ်က မြန်မာစစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုများကို စိုးရိမ်ပူပန်


ကုလအတွင်းရေးမှူးချုပ်က မြန်မာစစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုများကို စိုးရိမ်ပူပန်ကြောင်း  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


မင်းပြားမြို့နယ်မှာ တနင်္လာနေ့ အပါအဝင် မြန်မာနိုင်ငံမှာ စစ်တပ်က ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား အများအပြား သေဆုံး ဒါမှမဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက ပြောပါတယ်။ ဒါဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အတွက် စိုးရိမ်ပူပန်မှုတွေ တိုးလာစေတယ်လို့ ဆိုပါတယ်။


ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ချဲ့ထွင်လာတာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ နဂိုရှိပြီးသား အားနည်းချက်တွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ပိုမိုဆိုးရွားစေပါတယ်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။လူမျိုးရေး တင်းမာမှုတွေ ထပ်ပြီး လှုံ့ဆော်မှုတွေ မဖြစ်အောင် သက်ဆိုင်သူအင်အားစုတွေအားလုံးကို အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။


မွတ်ဆလင်ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များလက်အောက်တွင် ဆယ်စုနှစ်များစွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး၊ ယနေ့တွင် ၎င်းတို့ထဲမှ တစ်သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနယ်စပ်ရှိ ကြပ်တည်းသောစခန်းများတွင် နေထိုင်လျက်ရှိသည်။ အများစုသည် ၂၀၁၇ ခုနှစ် စစ်တပ်၏ ဖြိုခွင်းမှုမှ ထွက်ပြေးခဲ့ကြသည်။ ရိုဟင်ဂျာများကို ပြည်ပက လာရောက်နေထိုင်သူများအဖြစ် မြန်မာစစ်တပ်က ရှုမြင်ခြင်းကြောင့် မြန်မာစစ်အစိုးရ၏ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသည်။


မင်းပြားမြို့မြောက်ဘက် မိုင် ( ကီလိုမီတာ) မှာရှိတဲ့ ရိုဟင်ဂျာအများစုနေထိုင်တဲ့ သာဒါအမည်ရှိ ရွာကို တိုက်လေယာဉ်တစ်စင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၂၃ ဦး သေဆုံးပြီး ၃ဝ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားဖော်ပြတဲ့ Radio Free Asia က ဖော်ပြပါတယ်။


========================


📌📌 ၃။ ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNFပြောကြား


ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ဆိုကြောင်း BNI News မှာ ဖော်ပြထားပါတယ်။

 

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားနှင့် ချင်းလဲန်းကိုတည်ဆောက်နေသည့်အချိန်တွင် ဟန့်တားနှောင့်ယှက်သည့် လုပ်ရပ်မှန်သမျှ ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။


လာမည့် မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ကြိုတင်ထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ရာမှာ ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။


သို့သော် နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း CNF က ဆိုသည်။


နွေဦးတော်လှန်ရေးတွင် စစ်ရေး နှင့် နိုင်ငံရေးအကြပ်အတည်းများရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်မှုမထမ်းမနေရဥပဒေ ကို အသက်ပြန်သွင်းပြီး စတင်အကောင်အထည်ဖော်ဆောင်လာပြီဖြစ်သောကြောင့် ယင်းဥပဒေနှင့်အကျုံး၀င်သူများအနေဖြင့် ၎င်းတို့ထံအချိန်မှီ ပူးပေါင်းပါ၀◌င်လာကြရန်လည်း CNF တိုက်တွန်းတောင်းဆိုထားသည်။


ထို့အပြင် ချင်းလဲန်းနှင့် တဖက်မီဇိုရမ်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်ဖောက်ကား မှုများကို အဖွဲ့ အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ထိရောက်စွာ အရေးယူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း CNF က ထုတ်ပြန်သည်။


မတ်လ ၂၀ ရက်သည် ချင်းအမျိုးသားတပ်ဦး CNF/CNA ကိုစတင်ဖွဲ့စည်းခဲ့သောနေ့ဖြစ်သည်။


ချင်းအမျိုးသားတပ်ဦး CNF/CNA စတင်ဖွဲ့စည်းသော မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး  ယခုနှစ်တွင် ၃၆ နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်သည်။


တော်လှန်ရေးကာလတွင် အသက်ပေးလှူသွားကြသည့် အာဇာနည်းများ၊ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားကြသည့် သူရဲ ကောင်းများကို ဦးညွတ်ဂါဝရပြုပါကြောင်း၊  အလားတူ ချင်းပြည်သူများ၏ စွန့်လွှတ် အနစ်နာခံမှု ပေးဆပ်မှုများအပေါ်  ဂုဏ်ယူလေးစားကြောင်း CNF က ထုတ်ပြန်သည်။


========================


📌📌 ၄။ ထိုင်းတွင် တရားမ၀င်ရောက်သည့် မြန်မာအလုပ်သမားများ နေ့စဉ် ဖမ်းဆီးခံနေရတယ်လို့ Myanmar Labour Newsမှာဖေါ်ပြ


မတ်လ ၁၉၊ ၂၀၂၄


ထိုင်းနိုင်ငံအတွင်း တရားမ၀င်၀င်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှု နေ့စဉ်ရှိနေပြီး မဲဆောက် အပါအ၀င် နယ်စပ်ခရိုင်တွေကို ထိုင်း စစ်ဘက် အထူးတပ်ဖွဲ့တွေက စောင့်ကြည့်မှုတွေ ပြုလုပ် နေတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေကပြောကြားခဲ့တယ်လို့ Myanmar Labour Newsမှာဖေါ်ပြထားပါတယ်။


ထိုင်းစစ်တပ်က အထူးတပ်ဖွဲ့တွေက အရာရှိတွေကိုယ်တိုင် ကင်းလှည့်တာတွေ မြန်မာဘက်ခြမ်းအထိ စောင့်ကြည့်နေတာတွေ လုပ်နေတယ်။ မြန်မာနိုင်ငံရဲ့ စစ်မူထမ်းဥပဒေကြောင့် စစ်မူမထမ်းလိုတဲ့ မြန်မာ နိုင်ငံသားတွေ နည်းမျိုးစုံနဲ့၀င်ရောက်လာနိုင်တယ်ဆို ပြီးကြိုတင်စီစဉ်မှုတွေ လုပ်ကြတာ။ အသေးစိတ်သာ ပြောရရင် မြန်မာတွေ ထိုင်းဘက်ကိုလာဖို့ဖြစ်မှာ မဟုတ်ဘူး။ ကံတရားပေါ့လို့ ထိုင်းရောက် မြန်မာအလုပ်သမား တဦးက ပြောပါတယ်။


ထိုင်းနိုင်ငံစစ်ဘက် အထူးတပ်ဖွဲ့တွေဟာ မဲဆောက်အပါအ၀င် နယ်စပ်ခရိုင်တွေအလိုက် စစ်သုံးကင်းလှည့် ယာဉ်တွေနဲ့ နယ်စပ်တလျှောက် ကင်းလှည့် စောင့်ကြည့်မှုတွေကို မတ်လ ၁၅ရက် ကတည်းက စတင် လုပ်ဆောင်နေတာလို့ သိရပါတယ်။ မြဝတီနဲ့ သင်္ဃန်းညီနောင်ဘက်မှာ စစ်ရေးတင်းမာမှု ပြန်လည်ပြင်းထန်လာတာကြောင့် ထိုင်းနိုင်ငံ နယ်စပ် ခရိုင်အထိ နယ်ခြားလုံခြုံရေး ကင်းလှည့်စောင့်ကြပ်မှုတွေကို အထူးလုပ်ဆောင်နေတာလို့လည်း ထိုင်းမီဒီယာတွေ မှာ ဖော်ပြပါတယ်။


ဒါ့အပြင် ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်က ဟိုတယ်တွေ၊ အလုပ်ရှင်တွေနဲ့ နေအိမ်ပိုင်ရှင်တွေကို အထောက်အထား အစုံအလင်ဖြင့် ဧည့်စာရင်းတိုင်ကြားဖို့၊ နယ်စပ်မှာ အလည်ပတ်နဲ့၀င်ရောက်မဲ့သူတွေကိုလည်း သက်ဆိုင်ရာ ထောက်ခံချက်တွေနဲ့ တရား၀င်နေထိုင်နေသူနှစ်ဦးရဲ့ အာမခံချက်တွေရယူဖို့ စတဲ့ စည်ကမ်းချက်တွေနဲ့ တင်းကျပ်ထား ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်း‌နွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို လေလံတင်ရန် အဓိကလုပ်ဆောင်နေသည့် ဗဟန်းစည်ပင်ရုံးနှင့် ထွေအုပ်ရုံး ကို မိုင်းခွဲတိုက်ခိုက် ရဲ ဦးသေဆုံး


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို လေလံတင်ဖို့ အဓိကပါဝင်လုပ်ကိုင်ပေးနေတဲ့ ဗဟန်းမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဟောင်းကို မိုင်းခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ဦးသေဆုံးသွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဗဟန်းမြို့နယ်စည်ပင်ရုံးနဲ့ ဗဟန်းမြို့နယ်ထွေအုပ်ရုံးဟောင်းကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ယနေ့ မတ်လ ၁၉ ရက် မနက် နာရီဝန်းကျင်အချိန်မှာ အဝေးထိန်းမိုင်းနဲ့ တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနဲ့ကုက္ကိုင်းရိပ်သာလမ်းထောင့်မှာရှိတဲ့ ဗဟန်းထွေအုပ်ရုံးဟောင်းမှာ တပ်စွဲထား တဲ့ စစ်တပ်နဲ့ ဗဟန်းစည်ပင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ ဘန်ကာအတွင်းကင်းစောင့်နေတဲ့ ရဲ ဦးပွဲချင်းပြီး သေဆုံးကာ စစ်သားတွေနဲ့ရဲ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ဆိုပါတယ်။ 

မိုင်းပေါက်ကွဲချိန်ဟာ စစ်တပ်နဲ့ရဲတွေ လုံခြုံရေးလှည့်ပြီး ပြန်ဝင်လာတဲ့အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတာကြောင့် စစ်တပ်ဘက်က အထိနာခဲ့ပြီး နံနက် နာရီခွဲခန့်အချိန်မှာ စစ်ကားတွေနဲ့ လူနာတင်ကားတွေရောက်ရှိလာတယ်လို့ သိရပါတယ်။ 

ယခုမိုင်းဆွဲတိုက်ခိုက်မှုဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံအမှတ် ၅၄ ခြံလေလံကိစ္စ မြေပုံ၊ မြေရာဇဝင်များထုတ်ယူပေးရာမှာ  အဓိကဇာတ်ကောင်အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ ဗဟန်းမြို့ နယ်စည်ပင်ကို ပြင်းထန်တဲ့အရေးယူမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်ပကဖ က ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုကိုဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်နေသူ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ရန်ကုန်ပကဖ အနေနဲ့ လက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ ယခုထက် ပိုမိုပြင်းထန်တဲ့ အရေးယူတိုက်ခိုက်မှုတွေကို စနစ်တကျ ပြုလုပ်သွားမယ်လို့လည်း အသိပေးထားပါတယ်။

လက်ရှိမှာလည်း လူထုအတွက်သောကများစေတဲ့ စစ်မှုထမ်းကိစ္စကို အထူးအလေးပေးပြုလုပ်နေကြတဲ့ စစ်ကောင်စီဒေါက်တိုင် ဝန်ထမ်းများ၊ ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးတွေနဲ့လက်ဝေခံ ဒေါက်တိုင်တွေကိုလည်း ဆက်လက်အရေးယူသွားမယ်လို့ ရန်ကုန် ပကဖက သတိပေးထားပါတယ်။ 


========================


🚩🚩 ၂။ အရာတော်မြို့ရှိ အမှတ် ၅၀၀၄ အမြောက်တပ်ကို လက်နက်ကြီးဖြင့်တိုက်ခိုက်မှု စစ်သားတစ်ဦးသေဆုံး  


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာရှိတဲ့ အမှတ် ၅၀၀၄ အမြောက်တပ်ကို လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကတဦးသေဆုံးသွားတယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးလိုက်ပါတယ်။

အရာတော်မြို့နယ်မှာရှိတဲ့ အမှတ် ၅၀၀၄ မြောက်တပ်ထဲကို မတ်လ ၁၇ ရက်နေ့က Rocket နဲ့ ၁၅ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်း ၁၃ လုံးကျရောက်ပေါက်ကွဲတာကြောင့် စစ်သားတဦးသေဆုံးပြီး ဦးဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ အရာတော်မြို့နယ် .က. နှင့် အရာတော်မြို့နယ် .က. ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

သပြေညိုပြောက်ကျားတပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် မပြုတ်မချင်း ကြိုးစားတိုက်ခိုက်နေမှာဖြစ်တာကြောင့် Rocket လက်နက်ကြီးတွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့ မိဘပြည်သူတွေအနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ 


========================


🚩🚩 ၃။ တနိုင်းရှိ ခလရ ၂၉၇ တပ်ရင်း၏ နမ်ကောန်ရွှေမှော်စခန်းကို KIA ကသိမ်းပိုက်


ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာရှိတဲ့ ခလရ ၂၉၇ တပ်ရင်း၏ နမ့်ဂွန်တပ်ခွဲစခန်းကို KIA က တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ခလရ ၂၉၇ ရဲ့ နမ့်ဂွန် တပ်ခွဲစခန်းကို မတ်လ ၁၈ ရက်နေ့ ညနေ နာရီမှာ သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။ 

လတ်တလောမှာ စခန်းကိုသိမ်းပိုက်ရရှိခဲ့ပေမယ့် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမှု အခြေအနေကို မသိရသေးဘူးလို့လည်း သိရပါတယ်။

ယခုသိမ်းဆည်းရရှိမှုဟာ တနိုင်းမြို့နယ်အတွင်း ပထမဆုံးသိမ်းနိုင်တဲ့ စခန်းဖြစ်တယ်လို့ KIA သတင်းရင်းမြစ် တွေက ပြောပါတယ်။

KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ မတ်လ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကိုလည်း အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၄။ မင်းလှတွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် ၁၀၀ကျော် မီးလောင်ပျက်စီး


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်ထဲက မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက ဟိုင်းယုကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်အလုံး ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဟိုင်းယုကျေးရွာအနီး ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား မတ်လ ရက်ကစပြီး ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၈၃ ဦး သေဆုံးခဲ့တာကြောင့် အထိနာသွားတဲ့ စစ်တပ်ဟာ မတ်လ ၁၂ ရက်နေ့မှာ နေပြည်တော် စကခရုံးက အထူးကွန်မန်ဒိုတွေကိုဦးဆောင်စေပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဟိုင်းယုကျေးရွာကို ပစ်မှတ်ထား ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ က ပြောပါတယ်။

ဟိုင်းယုကျေးရွာကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ နာရီခန့်ကစပြီး မတ်လ ၁၆ ရက်အထိ ဒရုန်းနဲ့ဗုံးကြဲခြင်း၊ လက်နက်ကြီး တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ကြောင့် အခြေခံပညာမူလတန်းလွန်ကျောင်းပျက်စီးခဲ့သလို ကျေးလက်ဆေးပေးခန်း တခု၊ ခရစ်ယာန်ဘုရားကျောင်း၂ကျောင်း၊ ဘုန်းကြီးကျောင်းတကျောင်းနဲ့ အရပ်သား ပြည်သူပိုင်နေအိမ် ၁၁၀ လုံး မီးလောင် ပျက်ဆီးခဲ့တယ်လိုလည်း သိရပါတယ်။

ထို့အပြင် စစ်ကောင်စီဟာ မတ်လ ၁၇ ရက်နေ့မှာလည်း ဟိုင်းယုရွာအနီးက သစ်တောတွေကို ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်မှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။ 

မတ်လ ၁၅ ရက်နေ့ကလည်း ဟိုင်းယုကျေးရွာအနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ က ရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်အင်အားမမျှတဲ့အတွက် PDF ရဲဘော်တွေ နောက်ဆုတ်ပေးခဲ့ ရတဲ့အတွက် ၄၀ မမ လက်၊ ၄၀ မမ သေနတ်ပြောင်း ၄ခု၊ လက်လုပ်သေနတ် ၂၃ လက်၊ စကားပြောစက်တလုံး၊ ဆိုင်ကယ် ၂စီး ဆုံးရှုံးခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ က ထုတ်ပြန်ထားပါတယ်။

ဟိုင်းယုကျေးရွာဟာ အရပ်သားပြည်သူလူထုနေထိုင်ခြင်းမရှိဘဲ စစ်ရှောင်နေကြရတဲ့ ကျေးရွာတခုဖြစ်ကာ တော်လှန်ရေး အဖွဲ့တွေ စိုးမိုး‌ထားတဲ့နယ်မြေထဲက တောင်ပေါ်ကျေးရွာတခုဖြစ်တယ်လို့ သိရပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment