22nd MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်၏မြန်မာနိုင်ငံရဲ့အခြေအနေကို  နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့  စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုမှု NUG ကြိုဆို

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံ

📌 ၃။ ရိုဟင်ဂျာအသိုက်အဝန်းကို ဖိအားပေးဖို့ မောင်တောက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့နဲ့ ဘာသာရေးခေါင်းဆောင်တချို့ကို  အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထား

📌 ၄။ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင်ကျင်းပ

📌 ၅။ ထိုင်းနိုင်ငံအတွင်းထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မြန်မာနိုင်ငံဘက်ပြန်ပို့ 

📌 ၆။ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening အစီစဥ်ရဲ့ ရုပ်ရှင်ကားတွေကို သြစတြေးလျ၊အမေရိကန်နှင့်ကနေဒါတို့မှာပြသမည်


၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ အမြောက်တပ်အပါအဝင် တပ်ရင်း ရင်းကို KIA ထပ်မံသိမ်းပိုက်

🚩 ၂။ မြန်မာနိုင်ငံအနှံ့ စစ်စခန်းများကို သိမ်းပိုက်နေသောကြောင့် မကြာမီအချိန်အတွင်း တော်လှန်ရေးပြီးဆုံးတော့မည်ဟု CDF-ZOTUNG မှ ဒုသင်တန်းမှူးဆလိုင်းနိုင်လေးပြောကြား

🚩 ၃။ ဖယ်ခုံမြို့နယ် လအိဆေးရုံကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်

🚩 ၄။ ဖာပွန်ခရိုင်ရှိ အမှတ် ၁၉ စစ်ကောင်စီတပ်ကို ဒရုံးဖြင့်ဗုံးကြဲတိုက်ခိုက်မှုနှင့်စနိုက်ဘာဖြင့်ပစ်ခတ်မှု စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ  

🚩 ၅။ ပခုက္ကူ-မင်းတပ်လမ်း အတွင်းရှိ ကမ္မ -ရေပြာလမ်းပိုင်းအားမည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုပဲယာယီပိတ်သိမ်းထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်၏မြန်မာနိုင်ငံရဲ့အခြေအနေကို  နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့  စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုမှု NUG ကြိုဆို


မတ်လ၂၂ရက်


မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်၏မြန်မာနိုင်ငံရဲ့အခြေအနေကို  နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့  စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုမှု NUG အစိုးရကကြိုဆိုလိုက်ပါတယ်။


မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်နှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုအပြင် လူ့အခွင့်အရေးကောင်စီသို့ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာကို ကြိုဆိုကြောင်း မတ်လ၂၀ရက် ရက်စွဲနဲ့လူ့အခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အထူးကိုယ်စားလှယ်ကို ကျေးဇူးအထူးတင်ရှိလျက် ၎င်း၏ခန့်အပ် တာဝန်ပေးမှုအား ဆက်လက်တိုးချဲ့ရန် အပြည့်အဝထောက်ခံအပ်တယ်လို့ဖော်ပြပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတကာအသိုက်အဝန်း၏ အသစ်ပြန်လည် ပြင်ဆင်ထားသော၊ ခိုင်မာပြတ်သားမှုရှိသော ချဉ်းကပ်မှုတစ်ခုဖော်ထုတ်ရန် အထူးကိုယ်စားလှယ်၏ တွန်းအားပေး တောင်းဆိုမှုကို အပြည့်အဝ ထောက်ခံတယ်လို့ဆိုထားပါတယ်။


ဒါ့အပြင်ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်နှင့် တာဝန်ခံမှု ရှိစေရန်အတွက် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရဲ့အခြေအနေကို ရောမသဘောတူစာချုပ်၊ ပုဒ်မ (၁၄) အရ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တရားရုံး၏ တရားစွဲအရာရှိမှတဆင့် ပေးပို့ပြီး ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အထူးကိုယ်စားလှယ်၏ တောင်းဆိုမှု များကိုလည်း ထောက်ခံအပ်တယ်လို့အသိပေးဆိုထားပါတယ်။


အထူးကိုယ်စားလှယ်က ၎င်း၏ တာဝန်အပေါ်တွင်လည်းကောင်း၊ မြန်မာပြည်သူလူထု အပေါ်တွင်လည်းကောင်း မရပ်မနား အားထုတ်ကြိုးပမ်းလျက်ရှိသည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းမှတ်တမ်းတင်အပ်တယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံ


မတ်လ၂၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးနှင့် ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့ တက်ရောက်ခဲ့ပါတယ်။


ထိုတွေ့ဆုံဆွေးနွေးပွဲကို မတ်လ၂၁ရက်မှာ Zoom Meetingဖြင့် ကျင်းပခဲ့ပါတယ်။


 တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)မှ ဥက္ကဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။


 တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကားနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာနအနေဖြင့် CDM နိုင်ငံ့ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကောင်စီ၏ အထွေထွေအတွင်းရေးမှူးက မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအနက် ပထမဦးဆုံး ပေါ်ပေါက်လာသည့် CDM ကောင်စီတစ်ခုဖြစ်သည်ဟု သိရှိရပါကြောင်း၊ ရှင်းလင်းတင်ပြမှုအပိုင်းတွင်လည်း မိမိတို့အနေဖြင့် များစွာ ကျေနပ်အားရမိပါကြောင်း၊ CDM နိုင်ငံ့ဝန်ထမ်းများ၏ ပြောင်းလဲလာသော IQ နှင့် EQ များကို မျက်ဝါးထင်ထင် တွေ့မြင်ရသည့်အတွက် မိမိအနေဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးတွင် များစွာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် ကောင်စီ၏ ကြုံတွေ့နေရသော အခက်အခဲနှင့် လိုအပ်ချက်များကိုလည်း ဝိုင်းဝန်းအဖြေရှာ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၃။ ရိုဟင်ဂျာအသိုက်အဝန်းကို ဖိအားပေးဖို့ မောင်တောက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့နဲ့ ဘာသာရေးခေါင်းဆောင်တချို့ကို  အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထား


မတ်လ၂၂


ရိုဟင်ဂျာအသိုက်အဝန်းကို ဖိအားပေးဖို့ မောင်တောက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့နဲ့ ဘာသာရေးခေါင်းဆောင်တချို့ကို  အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကပြောပါတယ်။


မတ်လ၂၁ရက်မှာ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုပါတယ်။


"ပြီးခဲ့ရက်တွေတုန်း ဘူးသီးတောင်မှာအတင်းအကျပ် ခြိမ်းခြောက်ပြီး ကန့်ကွက်ဆန္ဒပြခိုင်းသလို ရခိုင့်တပ်တော် (AA) နဲ့ ရခိုင်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ကန့်ကွက်ဆန္ဒပြဖို့ ရိုဟင်ဂျာအသိုက်အဝန်းကို ဖိအားပေးဖို့ မောင်တောက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့နဲ့ ဘာသာရေးခေါင်းဆောင်တချို့ကို မနေ့ညက အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ ရပ်မိရပ်ဖနှင့် ဘာသာရေးခေါင်းဆောင်တွေကို မြို့သူကြီးနယ်ခြားစောင့်တပ်ရင်းမှာ ထိန်းသိမ်းထားဆဲဖြစ်တယ်"လို့ဆိုပါတယ်။


လတ်တလောမှာဖမ်းဆီးထားတဲ့ အရေအတွက်ကိုတော့ အတိအကျမသိရသေးဘဲမြေပြင်အခြေအနေကို အချိန်နှင့်တပြေးညီစောင့်ကြည့်နေတယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင်ကျင်းပ


မတ်လ၂၂ရက်


ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနားကို မတ်လ၂၂ရက် မနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းမှာ ကျင်းပရာ ဆရာဝန်များ၊ ဧည့်ပရိသတ်များတက်ရောက်ခဲ့ကြပါတယ်။


"တီဘီရောဂါကြောင့် ကမ္ဘာမှာတစ်ရက်ကို လူလေးထောင်ခန့်သေဆုံးနေပါတယ်။ဒါကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တီဘီရောဂါတိုက်ဖျက်ပြီးတီဘီရောဂါလူနာသစ်၈၀ ရာခိုင်နှုန်းလျော့ကျဖို့၂၀၃၀ ကိုသတ်မှတ်ထားပါတယ်။ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀၊၂၀၂၁၊၂၀၂၂ သုံးနှစ်တိတိ စီမံချက်တွေ လျော့သွားခဲ့ရပါတယ်။သို့သော်၂၀၃၀မှာ တီဘီရောဂါအဆုံးသတ်ပါ့မလားဆိုရင် အားလုံးပါဝင်တိုက်ဖျက်ရင် အဆုံးသတ်နိူင်ပါတယ်"လို့ ဒေါက်တာနှင်းအေးခိုင်ကဆိုပါတယ်။


ထို့အပြင် မြန်မာနိူင်ငံမှတိမ်းရှောင်လာသော လူများအနေနဲ့လည်း တီဘီဆေးဆက်သောက်ရန်လိုအပ်ပါက မယ်တော်ဆေးခန်းနှင့် မယ်ရမတ်တီဘီဆေးခန်းတို့တွင် ဆက်လက်ကုသနိူင်တယ်လို့သိရပါတယ်။


တီဘီရောဂါလက္ခဏာများအနေဖြင့် နှစ်ပတ်အထက် ချောင်းခြောက်ဆိုးခြင်း၊ချောင်းဆိုးသွေးပါခြင်း၊ကိုယ်အလေးချိန်ကျဆင်းခြင်း၊အစားအသောက်ပျက်ကာ ရင်ဘတ်အောင့်မောပန်းနွမ်းနယ်ခြင်း၊ညအချိန်တငွေ့ငွေ့ဖျားနာခြင်းတို့ဖြစ်ပါတယ်။


========================


📌📌 ၅။ ထိုင်းနိုင်ငံအတွင်းထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မြန်မာနိုင်ငံဘက်ပြန်ပို့ 


ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို ထိုင်းအာဏာပိုင်တွေက မတ်လ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံ ဘက် ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ထိုင်းဘက်ကလာတဲ့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ 


အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်အစပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်သားတွေလို့ သိရပါတယ်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနဲ့ ကာကင်းစခန်းတွေက စစ်သား ၄၈ ဦးဟာ တိုက်ပွဲဖြစ်ပြီးနောက် ထိုင်းနိုင်ငံ အုန်းဖန်မြို့ ပိုင်ခလန်ကျေးရွာထဲ ထွက်ပြေးသွားခဲ့ဖြစ်ပါတယ်။

မြန်မာစစ်သားတွေ ရောက်နေတယ်လို့ကျေးရွာဒေသခံတွေက ထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့ထံ တိုင်ကြားလာတဲ့အတွက် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်နှင့်ရဲတွေက လာရောက်ဖမ်းဆီးကာ လက်နတ်တွေကိုတော့ ထိုင်းစစ်တပ်က သိမ်းဆည်းသွားခဲ့ပါတယ်။

မတ်လ ၂၁ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျှောက်စခန်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးသွားခဲ့ရာ ထိုစစ်သားတွေအခြေအနေကိုတော့ ထိုင်းစစ်ဘက်က ထုတ်ပြန်လာတာ မရှိသေးပါဘူး။


========================


📌📌 ၆။ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening အစီစဥ်ရဲ့ ရုပ်ရှင်ကားတွေကို သြစတြေးလျ၊အမေရိကန်နှင့်ကနေဒါတို့မှာပြသမည်


မတ်လ၂၂


"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening အစီစဥ်ရဲ့ ရုပ်ရှင်ကားတွေကို သြစတြေးလျ၊အမေရိကန်နှင့်ကနေဒါတို့မှာပြသမည်လို့ မတ်လအတွင်း"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening ရဲ့ပြသဖို့ စီစဥ်ထားတဲ့ နိုင်ငံနဲ့ မြို့တွေကိုဖော်ပြရာမှာ သိရပါတယ်။


မတ်လ၂၃ရက် သြစတြေးလျနိူင်ငံ ဆစ်ဒနီ၊ မတ်လ၂၄ရက် လော့အိန်ဂျလိစ် အမေရိကန်တို့မှာပြသမှာဖြစ်ပါတယ်။


"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening အစီစဥ်ရဲ့ ရုပ်ရှင်ကားတွေကို ခု လာမယ့် မတ်လ ၃၀ ရက် (စနေနေ့) မှာ ကနေဒါနိုင်ငံ၊ Vancouver မြို့မှာ ပြသသွားမှာဖြစ်တဲ့အကြောင်း ကြိုတင်သတင်းစကားပါး ကြေငြာလိုက်တယ်လို့လည်းဖော်ပြထားပါတယ်။


ရုပ်ရှင်ပြပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအတွက်Daring Flowers in Vancouver Page မှာ စုံစမ်းမေးမြန်းနိုင်သလို၊ ရုပ်ရှင်လက်မှတ်တွေကို Vancouver ပွဲရဲ့ အရောင်းကိုယ်စားလှယ်တွေထံမှာ ဝယ်ယူနိူင်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နှင့်မင်း‌နွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ အမြောက်တပ်အပါအဝင် တပ်ရင်း ရင်းကို KIA ထပ်မံသိမ်းပိုက်


ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်အပါအဝင် တပ်ရင်း ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က မတ်လ ၂၁ရက်က ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 


မိုးမောက်မြို့နယ် နောင်ကွန်ရွာမှာအခြေစိုက်တဲ့ အမှတ် ၃၇ဝ အမြောက်တပ်၊ နွမ်လန်းရွာမှာအခြေစိုက်တဲ့ ခမရ ၄၃၈ တပ်ရင်းနဲ့ ဒုံးတပ်ရင်း -၆၁၆ တို့ကို KIA က ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ တပ်ရင်း ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။  

မတ်လ ၂၁ ရက်နေ့ မနက်အစောပိုင်းကစတင်ပြီး မိုးမောက်မြိုနယ် နွမ်လန်းကျေးရွာအနီးမှာရှိတဲ့ ခမရ ၄၃၈ တပ်ရင်း၊ အမှတ် ၆၁၆ ဒုံးတပ်ရင်း၊ နောင်ကွန်အမြှောက်တပ်တို့ကို KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ ညနေ နာရီခွဲအချိန်မှာ ခမရ ၄၃၈ တပ်စခန်း နာရီခန့်အချိန်မှာ အမှတ် ၆၁၆ ဒုံးတပ်ရင်းကို သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။ 

ထို့အတူ နောင်ကွန်ရွာမှာ အခြေစိုက်တဲ့ အမှတ် ၃၇ဝ အမြောက်တပ်ကိုလည်း မနေ့ည နာရီဝန်းကျင်မှာပဲ သိမ်းယူနိုင်ခဲ့ တာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ 


ဒါကြောင့် KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မတ်လ ၂၁ ရက်နေ့ တနေ့တည်းမှာပဲ စစ်ကောင်စီတပ် ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်စခန်းတွေဟာ မဟာဗျူဟာအရ အရေးပါပြီး နယ်မြေစိုးမိုးရေးနဲ့စစ်ရေးအတွက် အချက်အချာကျတဲ့နေရာတွေက စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ 

KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မတ်လ ရက်ကစပြီး ထိုးစစ်အရှိန်မြှင့်ကာ စစ်ကောင်စီတပ်စခန်းတွေ ကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ ၁၅ ရက်တာကာလအတွင်း စစ်ရေးဗျူဟာအရ အရေးပါတဲ့ တပ်စခန်း ၁၀ ခုကျော်အပါ အဝင် တပ်စခန်းပေါင်း ၅၀ နီးပါးကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ မြန်မာနိုင်ငံအနှံ့ စစ်စခန်းများကို သိမ်းပိုက်နေသောကြောင့် မကြာမီအချိန်အတွင်း တော်လှန်ရေးပြီးဆုံးတော့မည်ဟု CDF-ZOTUNG မှ ဒုသင်တန်းမှူးဆလိုင်းနိုင်လေးပြောကြား


မြန်မာနိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်နေတာကြောင့် မကြာမီ အချိန်မှာ တော်လှန်ရေးပြီးတော့မလို့ CDF-ZOTUNG က ဒုသင်တန်းမှူး ဆလိုင်းနိုင်လေး ပြောကြားလိုက်ပါတယ်။ 


CDF-ZOTUNG က ကျင်းပတဲ့ တတိယအကြိမ်မြောက် Special Force Training နဲ့ ပတ်သက်တဲ့ တွေ့ဆုံမေးမြန်းမှုတခုမှာ ဒုသင်တန်းမှူးဆလိုင်းနိုင်လေးက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 


မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့‌ နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ အဲဒီနေရာမှာ ကျနော်တို့ဘက်ကလည်း အနိုင်ရတယ်၊ စခန်းသိမ်းတာတွေ‌ တောက်လျှောက်မြင်နေရတယ်၊ ကျနော်အမြင်နဲ့ပြောရမယ်ဆိုရင် ၆၀ ရာခိုင်နှုန်းလောက် ကို အောင်မြင်နေပြီ။ အဲဒါကြောင့် တော်လှန်ရေးပြီးဆုံးဖို့က သိပ်မကြာတော့ပါဘူး၊ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့လည်း ဆက်လက်ပံ့ပိုးကြပါ၊ စိတ်ရှည်ရှည်နဲ့ သီးခံပြီးစောင့်ဆိုင်းပေးကြပါလို့ အမှာစကားပါးချင်ပါတယ်လို့ CDF-ZOTUNG က ဒုသင်တန်းမှူး ဆလိုင်းနိုင်လေးက ပြောပါတယ်။ 


သင်တန်းကိုရောက်လာတဲ့ သင်တန်းသားတွေဟာ မိဘဖြစ်သူတွေကို အတိုက်အခံလုပ်ပြီး လာရောက်ခဲ့ကြတာဖြစ်တဲ့ အတွက် သင်တန်းပြီးဆုံးချိန်မှာ လက်နက်အပြည့်အစုံ၊ ယူနီဖောင်းအပြည့်အစုံတပ်ဆင်ပေးနိုင်မယ်ဆိုရင် တခါတည်း ရှေ့တန်းထွက်ပြီး တိုက်ခိုက်လိုတဲ့စိတ်ဓာတ် အပြည့်အဝရှိနေတယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားထားပါတယ်။


သင်တန်းသားအများစုမှာ ကျောင်းသားတွေဖြစ်ပြီး အခုလို နိုင်ငံရေးအခြေအနေမကောင်းတဲ့အချိန်မှာ ကျောင်းပညာကို သင်ကြားလိုစိတ်မရှိတဲ့အတွက် တော်လှန်ရေးညီအစ်ကိုမောင်နှမတွေနဲ့အတူ လက်တွဲတိုက်ခိုက်လိုတာကြောင့် ရောက်ရှိလာသူတွေဖြစ်တယ်လို့ သိရပါတယ်။  


ဒါ့ကြောင့် သင်တန်းသူသင်တန်းသားတွေကို လက်နက်အပြည့်အစုံ၊ ယူနီဖောင်းအပြည့်အစုံတပ်ဆင်ပေးနိုင်ရေးအတွက် မိဘပြည်သူတွေဘက်က တက်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ပေးကြဖို့ CDF-ZOTUNG က ဒုသင်တန်းမှူး ဆလိုင်းနိုင်လေးက မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၃။ ဖယ်ခုံမြို့နယ် လအိဆေးရုံကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်


မတ်လ၂၂


ဖယ်ခုံမြို့နယ် လအိဆေးရုံကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


မတ်လ၂၂ရက်မနက်ပိုင်းမှာ စကစလေတပ်ကတိုက်ခိုက်ခဲ့တာလို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ကအတည်ပြုထားပါတယ်။


Myanmar Nowသတင်းမီဒီယာရဲ့ ဖေါ်ပြချက်အရ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အနည်းဆုံး လူ ၂ဦး သေဆုံးကြောင်း ကနဦး သိရှိရသည်။


"ဖယ်ခုံမြို့နယ် လအိဆေးရုံခြေနေပါ။စစ်ရှောင်တွေဘယ်နေရာမှာမှလုံခြုံတယ်ဆိုတာမရှိတော့ပါဘူး။စကစ လေယာဉ်ဖြင့်ယနေ့မနက်ဆယ်နာရီ ဗုံးကျဲချခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


လတ်တလောမှာ ထိခိုက်ဆုံးရှုံးမှုကိုအတိအကျမသိရသေးသော်လည်း ဆေးရုံအဆောက်အဦတခုလုံးပျက်စီးခဲ့ကြောင်း မှတ်တမ်းများအရသိရပါတယ်။


========================


🚩🚩 ၄။ ဖာပွန်ခရိုင်ရှိ အမှတ် ၁၉ စစ်ကောင်စီတပ်ကို ဒရုံးဖြင့်ဗုံးကြဲတိုက်ခိုက်မှုနှင့်စနိုက်ဘာဖြင့်ပစ်ခတ်မှု စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ  


ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ နယ်မြေထဲမှာရှိတဲ့ ဖာပွန်ခရိုင်ထဲက အမှတ် ၁၉ စစ်ကောင်စီတပ်ကို တပ်မဟာ ဒရုန်းတပ်ဖွဲ့က ဒရုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်ဖြောင့်တပ်သားတွေရဲ့ စနိုက်ဘာနဲ့ပစ်ခတ်မှုကြောင့် စစ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

မူတြော်ခရိုင်လို့ခေါ်တဲ့ ဖာပွန်ခရိုင် လူသောမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီဘကါက မတ်လ ၂၁ ရက်နေ့မွန်းလွဲပိုင်းမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲခဲ့တဲ့အတွက် တပ်မဟာ ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီ တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ နာရီ ဝန်းကျင်အချိန်မှာ လူသောမြို့နယ်ထဲက ဘောသေထာ ကျေးရွာအုပ်စု၊ ပနောကလဲကျေးရွာအတွင်းကို ဗုံးသီး လုံးပစ်ချခဲ့တာကြောင့် အိမ် လုံးထိခိုက်ပျက်စီးသွားတဲ့အပြင်  အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ဝက် ကောင်နဲ့ ဆိတ် ကောင် ဗုံးဆန်ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ထို့နောက် အခြားဂျက်တိုက်လေယာဉ်တစင်းထပ်မံရောက်ရှိလာပြီး ဒွယ်လိုးကျေးရွာအတွင်းသို့ ဗုံးဆန်တလုံးပစ်ချခဲ့သလို မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်မှ နာရီ ၁၂ မိနစ်အတွင်း လူသောမြို့နယ် ဘောသေထာကျေးရွာအုပ်စုရှိ ထူမောဒဲ၊ နီးဒိုထာနဲ့ တာဒိုထာကျေးရွာအတွင်းကို ဒရုန်းဗုံးသီး ၄၃ လုံးကြဲချခဲ့တယ်လို့ တပ်မဟာ က အသိပေးထုတ်ပြန်ပါတယ်။


အလားတူ မွန်းလွဲ နာရီဝန်းကျင်မှ နာရီ မိနစ်အထိ မူတြော်ခရိုင် ဘူးသိုမြို့နယ်ထဲက မယ်ကလောကျေးရွာအုပ်စုရှိ ဘော့ထာကျေးရွာအတွင်းကိုလည်း ဒရုန်းဗုံးသီး အလုံး ၂၀ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ 


အခုလိုအကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေထိုင်ရာနေရာတွေကို အကြောင်းမဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အ တွက် တပ်မဟာ ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၁၉ တပ်စခန်းအတွင်း ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦးသေဆုံးသွားသလို မတ်လ ၂ဝ ရက်နေ့မှာလည်း တပ်မဟာ မှာရှိတဲ့ လက်ဖြောင့်စစ်သည်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မဟာ က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပခုက္ကူ-မင်းတပ်လမ်း အတွင်းရှိ ကမ္မ -ရေပြာလမ်းပိုင်းအားမည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုပဲယာယီပိတ်သိမ်းထား


မတ်လ၂၂ရက်


မတ်လ၂၂ရက် သောကြာနေ့မှစ၍ပခုက္ကူ-မင်းတပ်လမ်း အတွင်းရှိ ကမ္မ -ရေပြာလမ်းပိုင်းအားမည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုပဲယာယီပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်လို့မတ်လ၂၂ရက်အရေးပေါ်သတိပေးထုတ်ပြန်ချက်ကို အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တရားဝင်အသိပေးကြေညာပါတယ်။


အရေးပေါ် ကျန်းမာရေးကိစ္စဖြင့် သွားလာရန်လိုအပ်ပါကသက်ဆိုင်ရာ ရပ်ကျေး ပကဖများနှင့် Page Chat Box တွင် အကြောင်းကြားနိုင်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment