22nd MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာစစ်တပ်ဟာ စစ်မြေပြင်က ရှုံးပွဲတွေကြောင့် ပြည်သူတွေကို ပိုပြီး ပစ်မှတ်ထားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ပြော

📌 ၂။ ကရင်နီအမျိူးသမီးအစည်းအရုံးလက်အောက်ရှိ ECCD ကျောင်းမှအောင်မြင်စွာ တက်ရောက်ခဲ့သော ကလေး (၄၅)ဦးအား ကျောင်းဆင်းပွဲအခမ်းအနားကျင်းပ

📌 ၃။ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းမှ တပ်ရင်းပိုလျှံငွေနဲ့ တံတားပြန်လည် တည်ဆောက်ပေးခဲ့ 

📌 ၄။ ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီး ရေတလျောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ထိုင်းနိုင်ငံထဲသို့ ထပ်မံ ထွက်ပြေး


၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ AA ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် ဦး သေဆုံး

🚩 ၂။ စစ်ကိုင်းမြို့ တပ်မ ၃၃ မှထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး ကင်းပုန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၃။ မုံရွာမြို့နယ်မှာ စစ်ကောင်စီကားတန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ကားတစ်စီး ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာစစ်တပ်ဟာ စစ်မြေပြင်က ရှုံးပွဲတွေကြောင့် ပြည်သူတွေကို ပိုပြီး ပစ်မှတ်ထားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ပြော


မတ်လ ၂၁ ရက်။

Radio NUG 

စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့နေရတဲ့ အာဏာသိမ်း စစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ်မှာ ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ပစ်မှတ်ထား လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောဆိုလိုက်ပါတယ်။


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံကို လိပ်မူတဲ့ မိန့်ခွန်းပြောကြားမှုမှာ စစ်ကောင်စီရဲ့ ပိုမိုဆိုးဝါးလာတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မစ္စတာ တွမ်အန်ဒရူးက အခုလို ထောက်ပြပြောကြားခဲ့တာပါ။


လက်ရှိ ကမ္ဘာတစ်လွှားမှာ ဖြစ်ပျက်နေတဲ့ အကျပ်အတည်းနဲ့ ပဋိပက္ခတွေကြောင့် အာရုံများနေရတာကို နားလည်ပေမယ့် တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေက ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပြန်လည်ဆောင်ကြဉ်းနိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်တွေ အမှန်တကယ် ထွန်းလင်းနေပြီး နိုင်ငံတကာက ပိုမို အာရုံစိုက်လေလေ မြန်မာနိုင်ငံရဲ့ မျှော်လင့်ရည်မှန်းချက်တွေက အောင်မြင်နိုင်လေလေ ဖြစ်ကြောင်း အန်ဒရူးက ဆိုပါတယ်။


ဒါ့အပြင် စစ်တပ်က နိုင်ငံနယ်နမိတ်ရဲ့ ထက်ဝက်အောက်ကိုသာ ထိန်းချုပ်နိုင်တော့ပြီး ထိခိုက်သေဆုံးမှု၊ လက်နက်ချ အလင်းဝင်မှုတွေကြောင့် စစ်တပ်ဟာ သောင်းနဲ့ချီတဲ့ စစ်အင်အားတွေကို ဆုံးရှုံးထားရပြီး ရာနဲ့ချီတဲ့ စစ်စခန်းတွေနဲ့ ဒါဇင်နဲ့ချီတဲ့ မြို့တွေကိုလည်း လက်လွှတ်ဆုံးရှုံး ထားရတယ်လို့ သူက ဆက်ပြောပါတယ်။


ကောက်ကျစ်စဉ်းလဲတဲ့ မြန်မာစစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ အောင်ပွဲခံမှုတွေကို တုံ့ပြန် လက်စားချေတဲ့ အနေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်လာခဲ့ပြီး မြေပြင်ကတပ်တွေ လှုပ်ရှားသွားလာရ မလုံခြုံတော့တဲ့အတွက် ပတ်ဝန်းကျင်က လူနေဧရိယာတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ သိသိသာသာ ပြုလုပ်ခဲ့တယ်လို့ အန်ဒရူးက ထောက်ပြပါတယ်။


ထို့ကြောင့် မြန်မာ့အရေးကို ပိုမိုအာရုံစိုက်ပြီး ထိရောက်တဲ့ အရေးယူ တုံ့ပြန်မှုတွေ လုပ်ဆောင်ပေးခြင်းဖြင့် မြန်မာစစ်တပ်ကို အကြီးအကျယ် အထိနာစေမှာ ဖြစ်တာကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်ဖို့၊ လက်နက်တင်သွင်းမှုတွေကို ကန့်သတ်ဖြတ်တောက်ဖို့၊ အာဏာသိမ်း စစ်တပ်ကို တရားဝင်အစိုးရလို သဘောမျိုး ဆက်ဆံနေတာ မှန်သမျှ ရပ်တန့်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့သူတိုင်းကို ထိရောက်တဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာအောင် အရေးယူဖို့ဆိုတဲ့ အချက်လေးချက်ကို အန်ဒရူးက အကြံပြုတင်ပြခဲ့ပါတယ်။


========================


📌📌 ၂။ ကရင်နီအမျိူးသမီးအစည်းအရုံးလက်အောက်ရှိ ECCD ကျောင်းမှအောင်မြင်စွာ တက်ရောက်ခဲ့သော ကလေး (၄၅)ဦးအား ကျောင်းဆင်းပွဲအခမ်းအနားကျင်းပ


မတ်လ ၂၁ရက်။

ကရင်နီအမျိူးသမီးအစည်းအရုံးလက်အောက်ရှိ ECCD ကျောင်းမှအောင်မြင်စွာ တက်ရောက်ခဲ့သော ကလေး (၄၅)ဦးအား ကျောင်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။


မတ်လအတွင်း ကရင်နီအမျိုးသမီးအစည်းအရုံးKNWOကအသိပေးဖော်ပြပါတယ်။


"2023 -2024 ခုနှစ်အတွင်း ကရင်နီအမျိူးသမီးအစည်းအရုံးလက်အောက်ရှိ ECCD ကျောင်းမှအောင်မြင်စွာ တက်ရောက်ခဲ့သော ကလေး (၄၅)ဦးအား ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ကျင်းပခဲ့တယ်"လို့ရုပ်သံနှင့်တကွဖော်ပြပါတယ်။


အခမ်းအနားကို ကရင်နီပြည် စစ်ရှောင်တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ချစ်စရာကလေးငယ်များကို ကျောင်းဆင်းပေးခဲ့ကြပါတယ်။


========================


📌📌 ၃။ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းမှ တပ်ရင်းပိုလျှံငွေနဲ့ တံတားပြန်လည် တည်ဆောက်ပေးခဲ့ 


မတ်လ ၂၁ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ခရိုင်ချင်းဆက် လမ်းမကြီးပေါ်မှာရှိတဲ့ တံတားတစ်စင်းကို ပြန်လည်တည်ဆောက်ပေးခဲ့ပြီး မတ်လ ၂၀ ရက်နေ့ မနက် နာရီမှာ ဖွင့်ပွဲပြုလုပ် ဖွင့်လှစ်ပေးခဲ့ကြောင်း ရွှေဘို ခရိုင် အမှတ် ၁၈ တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။


အဆိုပါ တံတားဟာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုး သွားလာ ရာမှာ အဓိက အသုံးပြုခဲ့တဲ့ တံတားဖြစ်တာကြောင့် စစ်ရေးအခြေအနေ လိုအပ်ချက်အရ ၂၀၂၁ စက်တင်ဘာလ လလယ်ပိုင်းမှာ မိုင်းခွဲခဲ့ရတာဖြစ်တယ်လို့ အမှတ် ၁၈ တပ်ရင်း တပ်ထောက်တာဝန်ခံက ဆိုပါတယ်။


 အဆိုပါ တံတားကို ပြန်လည်တည်ဆောက်ရာမှာ ပြည်သူတွေဆီကနေ ငွေကောက်ခံတာ မရှိခဲ့ဘဲ NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက တပ်ရင်းအတွက် ချပေးတဲ့ အသုံးစားရိတ် ပိုလျှံငွေ ကနေ အလျားပေ ၁၂၀၊ အနံ ၁၄ ပေ ရှိတဲ့ သံကူကွန်ကရစ်တံတားကို ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျခံပြီး တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေဘိုခရိုင်အတွင်းက အဆိုပါ ခရိုင်ချင်းဆက် တံတားကို ကျေးရွာပေါင်း ၁၀၀ ကျော်က ပြည်သူတွေ နေ့စဉ် သွားလာ အသုံးပြုနေရပြီး တံတားမပြင်ရသေးခင်မှာ ပြည်သူတွေ အနေနဲ့ သွားလာရတာ ခက်ခဲနေကြတဲ့ အတွက် အသစ်ပြန်လည် တည်ဆောက်ပေးခဲ့တာ ဖြစ်တယ်လို့ အမှတ် ၁၈ တပ်ရင်း တပ်ထောက်တာဝန်ခံက ပြောပါတယ်။


လက်ရှိမှာ ဝက်လက်မြို့နယ် အတွင်းက ဒေသခံပြည်သူတွေ အနေနဲ့ တောင်သူလုပ်ငန်းများဖြစ်တဲ့ စပါး၊ ပဲတီစိမ်း၊ နှမ်း၊ ကုလားပဲသီးနှံတွေ စိုက်ပျိုးလုပ်ကိုင်နေကြပြီး တံတားတည်ဆောက်ပြီးသွားတဲ့အတွက် သွားလာ ရတာ အဆင်ပြေနေကြပြီ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


========================


📌📌 ၄။ ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီး ရေတလျောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ထိုင်းနိုင်ငံထဲသို့ ထပ်မံ ထွက်ပြေး


မတ်လ ၂၁ရက်။

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျှောက်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးသွားတာကြောင့် ထိုင်းစစ်တပ်က လက်နက်တွေသိမ်းဆည်းကာ စစ်သားများကို ထိန်းသိမ်းထားတယ်လို့ ထိုင်းဘက်ကလာတဲ့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ 

မတ်လ ၂၁ ရက်နေ့မနက်ပိုင်းမှာပဲ သုတ်ခွဲပြီး ထိုင်းနိုင်ငံ အုန်းဖန်မြို့ ပိုင်ခလန်ကျေးရွာထဲကို မြန်မာစစ်သားတွေဝင်ရောက် လာတာလို့ ဆိုပါတယ်။ 

ပထမအသုတ်မှာ စစ်သား ၂၆ ဦးပါဝင်ပြီး ဒုတိယအသုတ်မှာ ၄၆ ဦး ရောက်ရှိလာတယ်လို့ ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ရေတလျောက်စခန်းမှာ ရိက္ခာမလုံလောက်ခြင်း၊ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက စခန်းကို တိုက်ဖို့ စစ်ရေးပြင်ဆင်လာခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။  

မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနဲ့ ကာကင်းစခန်းတွေက စစ်သား ၄၈ ဦးဟာ တိုက်ပွဲဖြစ်ပြီးနောက် ထိုင်းနိုင်ငံ အုန်းဖန်မြို့ ပိုင်ခလန်ကျေးရွာထဲ ထွက်ပြေးသွားခဲ့ပါသေးတယ်။  

မတ်လ ၁၉ ရက်ကနေ မတ်လ ၂၁ ရက်နေ့အထိ ရက်အတွင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဦး အထိရှိလာပြီလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ AA ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် ဦး သေဆုံး


မတ်လ ၂၁ ရက်။

Radio NUG

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ် ဦး အပါအဝင် အရပ်သား ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Zalen သတင်းဌာနက ဖော်ပြထားပါတယ်။


မတ်လ ၂၁ ရက်၊ မနက် နာရီခွဲခန့် အချိန်မှာ မြောက်ဦးမြို့နယ်၊ အထက် လေးညှင်းတောင် ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့သလို လူနေအိမ် အများအပြား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


၎င်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေမှာ မောင်သားထူး () နှစ်၊ မောင်လင်းမြတ်ကို () နှစ်၊ မအိခိုင်မွန် () နှစ်၊ မခင်သန္တာ (၁၃) နှစ် နဲ့ ဒေါ်မသိန်းယဉ် (၃၅) နှစ် တို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သူတွေထဲမှာလည်း အသက်မပြည့်သေးတဲ့ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးများ ပါရှိတယ်လို့ သိရပါတယ်။


စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ၎င်း အထက်လေးညှင်းတောင် ကျေးရွာ အနီးမှာ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိနေဘဲ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။


မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ကလည်း စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လမ်းသွားလမ်းလာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရ ပါသေးတယ်။


========================


🚩🚩 ၂။ စစ်ကိုင်းမြို့ တပ်မ ၃၃ မှထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး ကင်းပုန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


မတ်လ ၂၁ရက်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာရှိတဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကထွက်လာတဲ့ စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ပြီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ Moe Nyo Revolution Force MNRF ကထုတ်ပြန်ထားပါတယ်။

တပ်မ ၃၃ ကထွက်လာတဲ့ စစ်ကား စီးပါ ယာဉ်တန်းရဲ့ ရှေ့ဆုံးကစစ်ကားကို ကန်ဖျားဇရပ်နဲ့ ထီးဆောင်းရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၂၀ ရက်နေ့ မနက် နာရီ မိနစ်ခန့်အချိန်မှာ မိုင်း လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကျန်တဲ့စစ်ကား စီး ရှေ့ဆက်မတိုးရဲတော့ဘဲ ကားပေါ်ကစစ်သားတွေကို ညောင်ပင်ဝန်းမှာချပြီး စစ်ကိုင်းမြို့ဘက် ပြန်မောင်းသွားတယ်လို့ သိရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပြန်လှည့်သွားတဲ့ စစ်ကား စီးဟာ စစ်ကိုင်းမြို့ဘက်ကနေ စစ်သားတွေ ထပ်မံတင်ဆောင်လာပြီး မြင်းမူဘက်ကိုထွက်လာချိန်မှာလည်း  တော်လှန်ရေးတပ်ဖွဲ့တွေက ကန်ဖျားဇရပ်အနီးမှာပဲ မိုင်း လုံးနဲ့ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ MNRF က ပြောပါတယ်။

တော်လှန်ရေး ရဲဘော်တွေအနေနဲ့ မိုင်းတွေမပေါက်ကွဲမှာ စိုးရိမ်တာကြောင့် ကားလမ်းနဲ့အနီးဆုံးအထိတတ်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလိုဖောက်ခွဲတိုက်ခိုက်ပြီး ပြန်အဆုတ်မှာ အကြမ်းဖက်စစ်တပ် ကင်းပုန်းနဲ့တွေ့ပေမယ့် လက်ဦးမှုယူပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ရဲဘော်တွေ မျက်မြင်အရ စစ်သား ယောက်လဲကျသွားတာမြင်ရပြီး ခရီးသွားပြည်သူတဦးကလည်း စစ်‌သားအလောင်း လောင်းကို ကားပေါ်တင်ပြီး စစ်ကိုင်းမြို့ဘက် မောင်းနှင်သွာတယ်လို့ သိရတယ်လို့လည်း ပြောပါတယ်။ 

တိုက်ခိုက်ခံရပြီးတဲ့နောက် ညောင်ပင်ဝန်းနဲ့ ထီးဆောင်းရွာကြား ကားလမ်းပေါ်မှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ Moe Nyo Revolution Force MNRF ကထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF PENTAGRAM (ငါးထောင့်ကြယ်) People Revolution Force Kyaukse တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ မုံရွာမြို့နယ်မှာ စစ်ကောင်စီကားတန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ကားတစ်စီး ပျက်စီး


မတ်လ ၂၁ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ ကားတန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိခိုက်ပျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိနိုင်တယ်လို့ ဒေသတွင်း သတင်းများကို တင်ဆက်နေတဲ့ မြေလတ်အသံ သတင်းဌာနက ဖော်ပြထားပါတယ်။

မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ချောင်းဦး မြို့နယ်ဘက်ကို ထွက်ခွာလာတဲ့ အင်အား ၆၀ ခန့်ပါ သံပြားကာ စစ်ကား စီးကို မတ်လ ၂၀ ရက်နေ့ ၁၀ နာရီခန့် အချိန်က မုံရွေးရွာ အနီးအရောက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပဒေသာမိုင်း လုံးတွဲဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီး ပက်လက်လန်သွားခဲ့ပြီး တစ်စီးထိုးရပ်သွားခဲ့ကာ စစ်သားတွေရဲ့ အော်ဟစ်ညည်းညူသံတွေကို ကြားခဲ့ရတယ်လို့ Area 71 People Defence Force တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။


ကားမှောက်သွားတဲ့ နေရာမှာ စစ်ကောင်စီ တပ်သားတွေ နောက်တနေ့အထိ ရှိနေသေးပြီး အနီးရှိ မုံရွေး ရွာကို စစ်သားတစ်ချို့ ဝင်ရောက်နေကာ ကားမှောက်တဲ့ နေရာမှ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်နေတယ်လို့ သူက ဆက်ပြောပြပါတယ်။


ထို့အပြင် အဲ့ဒီ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာပဲ တပ်မ ၃၃ ကနေ ထွက်လာတဲ့ သံပြားကာ စစ်ကား စီး ကိုလည်း မတ်လ ၂၉ ရက်နေ့ ညနေ နာရီလောက်မှာ လုံးတွဲ မိုင်းပွိုင့် ပွိုင့်နဲ့ နှစ်နေရာ ခွဲကာ တိုက်ခိုက်ခဲ့ သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Area 71 People's Defense Force အဖွဲ့၊  ANYAR DEFENCE FORCE (ADF) MONYWA DYNAMITE (STF) SPECIAL FORCE - 11 (PDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment