25th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လွှတ်တော်နှစ်ရပ်အကြိတ်အနယ်ဆွေးနွေးခဲ့တဲ့ မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြု

📌 ၂။ နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဆွီဒင်၊ ထိုင်း၊ ကနေဒါ၊ ပေါ်တူဂီနိုင်ငံတို့မှ  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

📌 ၃။ တတိယအသုတ်အမျိုးသမီးစွမ်းရည်မြှင့် ဝင်ငွေတိုးအစီအစဉ် စက်သင်တန်း စတင်နေပြီလို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးအသိပေး

📌 ၄။ သံအမတ်ကြီး U Kyaw Moe Tun နှင့် Tulsa မြို့တော်ဝန် G.T. Bynum တို့  မြန်မာပြည်ဘွားတိုင်းရင်းသားများနဲ့ လူထုတွေ့ဆုံပွဲအောင်မြင်စွာကျင်းပနိုင်

📌 ၅။ မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ "ရိုဟင်ဂျာ" တွေအပေါ် ထားရှိတဲ့သဘောထားဟာ နောက်ကြောင်းပြန်လှည့်သွားဖို့ မရှိဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြား

📌 ၆။ နော်ဝေနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် နော်ဝေနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး

📌 ၇။ သြစတြေးလျနိူင်ငံ ဆစ်ဒနီမှာကျင်းပတဲ့ မြန်မာ့အရေးလှုပ်ရှားမှု NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်


၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ယင်းမာပင်မြိုနယ် ဘိန်းနွယ်ချောင်ရွာ တပ်စွဲညအိပ်ခဲ့သောအင်အားတစ်ရာပါ စကစစစ်ကြောင်းဆားလင်းကြီးမြိုနယ် ကံကုန်းရွာ စတင်ဝင်ရောက်နေ

🚩 ၂။ မကွေးခရိုင် အမှတ်၂တပ်ရင်းရှိရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်များ ဆက်လက်ရှင်းလင်းပြောကြား

🚩 ၃။ CDF-Hakha ထံသို့ လက်နက်ယူလာကာ အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားအား ငွေကျပ် သိန်း ၅၀ ပေး

🚩 ၄။ ရေးပြောက်ကျားတပ် စစ်အခြေခံသင်တန်းဆင်းပွဲ နဲ့ သစ္စာရေ သောက်ပွဲပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လွှတ်တော်နှစ်ရပ်အကြိတ်အနယ်ဆွေးနွေးခဲ့တဲ့ မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြု


မတ်လ၂၅ရက်


လွှတ်တော်နှစ်ရပ်အကြိတ်အနယ်ဆွေးနွေးခဲ့တဲ့ မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။


အထက်လွှတ်တော်က ၁၂၁ သန်း တောင်းဆိုပေမဲ့ အောက်လွှတ်တော်က သန်း ၅၀ ပဲလျာထားခဲ့တဲ့ မြန်မာအတွက်၁၂၁သန်းဟာ တောင်းဆိုဆွေးနွေးသူများကြောင့် အောင်မြင်သွားခဲ့တယ်လို့သိရပါတယ်။


မတ်လ၂၃ရက်စနေနေ့ အမေရိကန်စံတော်ချိန်မှာ  အမေရိကန် အစိုးရအသုံးစရိတ်ကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုပြီးပြီချင်း သမ္မတကလည်း ချက်ချင်း လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပါတယ်။


ဒေါ်လာ ၁၂၁ သန်းထဲမှာ Burma Act ဥပဒေအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ များ အနေနှင့် လူသားချင်းစာနာတဲ့ အကူအညီများ၊ စစ်ပွဲပဋိပက္ခများကြောင့် ဘေးဒုက္ခရောက်နေသူများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များနှင့် ဒီမိုကရေစီရေး လှုပ်ရှားတဲ့အဖွဲ့များအား ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေကို ရရှိလာမှာဖြစ်ပါတယ်။


အကူအညီတွေပေးဖို့ အမေရိကန်စိုးရက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇နှစ်အတွင်း ဘဏ္ဍာရေးရန်ပုံငွေတွေကို ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဆွီဒင်၊ ထိုင်း၊ ကနေဒါ၊ ပေါ်တူဂီနိုင်ငံတို့မှ  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး


မတ်လ၂၅ရက်


နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဆွီဒင်၊ ထိုင်း၊ ကနေဒါ၊ ပေါ်တူဂီနိုင်ငံတို့မှ  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


မတ်လ၂၃ရက်ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ကျင်းပလျက်ရှိသည့်အမှုဆောင်ကောင်စီအစည်းအဝေးနှင့် ညီလာခံအစည်းအဝေးသို့ တက်ရောက်လျက်ရှိပြီး ဆွီဒင်၊ ထိုင်း၊ ကနေဒါ၊ ပေါ်တူဂီနိုင်ငံတို့မှ  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၂၃ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး၂၇ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ တတိယအသုတ်အမျိုးသမီးစွမ်းရည်မြှင့် ဝင်ငွေတိုးအစီအစဉ် စက်သင်တန်း စတင်နေပြီလို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးအသိပေး


မတ်လ၂၅ရက်


တတိယအသုတ်အမျိုးသမီးစွမ်းရည်မြှင့် ဝင်ငွေတိုးအစီအစဉ် စက်သင်တန်း စတင်နေပြီလို့အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက အသိပေးဆိုထားပါတယ်။


"တတိယ အသုတ် အမျိုးသမီးစွမ်းရည်မြှင့် ဝင်ငွေတိုးအစီအစဉ် စက်သင်တန်း စတင်နေပြီဖြစ်ပါတယ်။ပံ့ပိုးကူညီကြသူမိတ်ဆွေများအား ကျေးဇူးတင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ ကိုယ်ဝန်ဆောင်များ၊အမျိုးသမီးနှင့်ကလေးငယ်များကို ကူညီစောင့်ရှောက်ရုံသာမကဘဲ သက်မွေးပညာများကိုလည်းသင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ သံအမတ်ကြီး U Kyaw Moe Tun နှင့် Tulsa မြို့တော်ဝန် G.T. Bynum တို့  မြန်မာပြည်ဘွားတိုင်းရင်းသားများနဲ့ လူထုတွေ့ဆုံပွဲအောင်မြင်စွာကျင်းပနိုင်


မတ်လ၂၅


သံအမတ်ကြီး U Kyaw Moe Tun နှင့် Tulsa မြို့တော်ဝန် G.T. Bynum တို့  မြန်မာပြည်ဘွားတိုင်းရင်းသားများနဲ့ လူထုတွေ့ဆုံပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။


မတ်လ၂၃ရက် အမေရိကန်စံတော်ချိန်မှာ Tulsa မြို့တွင်နေထိုင်ကြသော မြန်မာပြည်ဘွားတိုင်းရင်းသားများ လူထုတွေ့ဆုံပွဲသို သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပါတယ်။


"ကျနော်လည်းCDMတယောက်ပါ။ကျနော်တို့တွေ CDMတေွရော တော်လှန်ရေးမှာ ပုံစံမျိုးစုံပါဝင်သူအကုန်လုံးက အတိုင်းအတာတခုအထိစွန့်လွှတ်ခဲ့ရတဲ့အနေအထားတခုရှိပါတယ်။ဒါကြောင့် စွန့်လွှတ်ခဲ့ရတဲ့အနေအထားပြန်ရဖို့ရတော့ တော်လှန်ရေးအောင်ဖို့ကမဖြစ်မနေ ဖြစ်ရမယ့်အရာပေါ့။ဒါကြောင့်တချို့CDMလုပ်တဲ့ကျောင်းသူ၊ကျောင်းသားတွေကို ကျနော်အမြဲတမ်းလေးစားတယ်။ချီးကျူးတယ်။တချိန်တည်းမှာ ပညာရေးကို ကျောင်းစာသင်ခန်းမှာမဟုတ်ဘဲ ပြင်ပမှာလည်းဒါသင်ကြားလို့ရတော့အဲဒါကိုလည်းမရပ်သွားဖို့ကျနော်တိုက်တွန်းလိုပါတယ်" လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


အခမ်းအနားသို့တက်ရောက်လာသောလူထု၏ သိရှိလိုသည့်မေးခွန်းများကို သံအမတ်ကြီးဦးကျော်မိုးထွန်းက ဖြေကြားပေးခဲ့ပြီး မေးခွန်းမေးမြန်းသူများကစိတ်ကျေနပ်မှုများရရှိခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ "ရိုဟင်ဂျာ" တွေအပေါ် ထားရှိတဲ့သဘောထားဟာ နောက်ကြောင်းပြန်လှည့်သွားဖို့ မရှိဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြား


မတ်လ၂၅ရက်


မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ "ရိုဟင်ဂျာ" တွေအပေါ် ထားရှိတဲ့သဘောထားဟာ နောက်ကြောင်းပြန်လှည့် သွားဖို့ မရှိဘူးလို့လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက မတ်လအတွင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် သုံးသပ်ပြောကြားထားပါတယ်။


"လက်ရှိအခြေအနေမှာ ဖိနှိပ်ခံနေရတာ ရိုဟင်ဂျာတွေချည်း မဟုတ်တော့ဘူး။ အနယ်နယ်အရပ်ရပ်က ပြည်သူလူထုတစ်ရပ်လုံး ဖြစ်နေတယ်။ ဒုက္ခဆင်းရဲကို ခံစားလာရတဲ့အခါ ကိုယ်ချင်းစာနာမှုဆိုတာ ဖြစ်လာတယ်။ နားလည်သဘောပေါက်လာတယ်။ အဲ့လိုအခြေအနေမျိုးမှာ ကျွန်တော်တို့အနေနဲ့လည်းသဘောထားကြီးကြီးနဲ့ တချို့သောသူတွေရဲ့ ယခင်က ကျွန်တော်တို့အပေါ် မစာနာ ခဲ့မှုတွေကို နားလည်ပေးလိုက်ပါ။ သူတို့ကို လက်ကမ်းကြိုဆိုပြီး ပြန် နှစ်သိမ့်လိုက်ပါ။ ဒီနေရာကနေ ထပ်ပြီး လေးလေးနက်နက် ပြောပါ့မယ်။ ဒီကနေ မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ "ရိုဟင်ဂျာ" တွေအပေါ် ထားရှိတဲ့သဘောထားဟာ နောက်ကြောင်းပြန်လှည့် သွားဖို့ မရှိဘူး။ မရိုးမဖြောင်းတဲ့ အခြေအနေတခု ဖြစ်သွားစရာ အကြောင်းမရှိဘူး"လို့ ဒုဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာရိုဟင်ဂျာတွေကို လက်နက်တပ်ဆင်ပြီး ကိုယ်တိုင်ကိုယ်ကျကာကွယ်ရေးပါ လုပ်နိုင်အောင် လုပ်ပေးနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ သူအရင်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို လျော့ပါးပျောက်ပျက်အောင် လုပ်နေတာဖြစ်တယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၆။ နော်ဝေနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် နော်ဝေနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


မတ်လ၂၅ရက်


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်သည် နော်ဝေနှင့် အိုက်စလန်နိုင်ငံများဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. David ervenka ဖိတ်ကြားချက်အရ အော်စလိုမြို့တော်ရှိ ချက်သမ္မတနိုင်ငံသံရုံးသို့ သွားရောက်ကာ သံအမတ်ကြီးနှင့် မတ်လ ၂၂ ရက်နေ့တွင် တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။


ထိုတွေ့ဆုံပွဲသို့ NUG ကိုယ်စားလှယ်ရုံးအတွင်းရေးမှူး ကိုဒေးဗစ်ဆန်း (David Sang) လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် ချက်သံအမတ်ကြီးက ချက်သမ္မတနိုင်ငံအနေဖြင့် ကွယ်လွန်သူ ချက်သမ္မတကြီး ဗားရှလပ်ဟာဗယ် (Vclav Havel) လက်ထက်မှစ၍ ယခုအချိန်အထိ မြန်မာ့ဒီမိုကရေစီရေးအတွက် ခိုင်မာစွာ ရပ်တည်အားပေးနေခဲ့ပါကြောင်း၊ ထိုသို့ အားပေးရာတွင် နိုင်ငံရေး၊ သံတမန်ရေးဖက်တွင်သာမက လူမှုအဖွဲ့အစည်းများနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကူညီနေပါကြောင်း၊ သို့ဖြစ်ရာ နော်ဝေနိုင်ငံဆိုင်ရာ ချက်သံရုံးအနေဖြင့်လည်း နော်ဝေရှိ NUG ကိုယ်စားလှယ်ရုံး၊ CRPH Support Group စသည်တို့နှင့် အဆိုပါ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါတယ်။


 NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်ကလည်း" မြန်မာ့ဒီမိုကရေစီရေးအတွက် ချက်နိုင်ငံက အားပေးကူညီနေခြင်းကို မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခုအခါ မရှုမလှ ရှုံးနိမ့်နေပြီဖြစ်သည့် စစ်ကောင်စီသည် အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများကို တိုးမြှင့်ကျူးလွန်လာသည့်အပြင်၊ လူငယ်များအား အဓမ္မစစ်မှုထမ်းခိုင်းခြင်းကြောင့် နိုင်ငံအတွင်း စစ်ဘေးနှင့် အဓမ္မစစ်မှုထမ်းဥပဒေကို ရှောင်ရှားသူ များပြားလာပြီး၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လိုအပ်ချက်များလည်း ကြီးမားလာနေကြောင်း၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုများ အနေဖြင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံတကာ၏ အကူအညီများ လိုအပ်ကြောင်း၊ သို့ရာတွင် မြန်မာပြည်သူတို့၏ လူမှုရေးဒုက္ခများ အပြီးတိုင် ချုပ်ငြိမ်းသွားစေရန်မှာ စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်နိုင်မှသာ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ချက်နိုင်ငံအပါအဝင် နိုင်ငံတကာမိသားစုက ဤအချက်ကို အလေးအနက်ထား၍ ဝိုင်းဝန်းကူညီကြပါရန် တိုက်တွန်းလိုပါကြောင်း"ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၇။ သြစတြေးလျနိူင်ငံ ဆစ်ဒနီမှာကျင်းပတဲ့ မြန်မာ့အရေးလှုပ်ရှားမှု NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်


မတ်လ၂၅ရက်


သြစတြေးလျနိူင်ငံ ဆစ်ဒနီမှာကျင်းပတဲ့ မြန်မာ့အရေးလှုပ်ရှားမှု NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


မတ်လ၂၄ရက် "Save Our Sons and Daughters" လှုပ်ရှားမှုအတွက် Sydney ချီတက်ပွဲကို Hyde Park Sydney တွင်ကျင်းပခဲ့ပါတယ်။


စကစမှ အတင်းအကြပ် စုဆောင်းခြင်းများကို အဆုံးသတ်ရန်နှင့် တရားမျှတမှုနှင့် လူ့အခွင့်အရေးအတွက် ထောက်ခံအားပေးရန်တို့ကို မြန်မာအင်အားစုများကလှုပ်ရှားတောင်းဆိုခဲ့ကြပြီး NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကတက်ရောက်ကာ အရေးကြီးသတင်းစကားကိုပြောကြားခဲ့ပါတယ်။


မြန်မာနိူင်ငံတွင်အကြမ်းဖက်စစ်တပ်ဟာ  ပဋိပက္ခ၏ အဓိက ကိုယ်စားလှယ်ဖြစ်ကြောင်း၊ NUG CRPH NUCC နှင့် Allied ERO များသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခုရှိပြီး ၎င်းကို 'မြန်မာဦးဆောင်သောလုပ်ငန်းစဉ်' အဖြစ် အသိအမှတ်ပြုသင့်ကြောင်း၊အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကဲ့သို့ ပဋိပက္ခဖြေရှင်းရေးလမ်းကြောင်းသည် မြန်မာနိုင်ငံအတွက် အလုပ်မဖြစ်ကြောင်း စတဲ့အချက်များကို NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကပြောကြားခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ယင်းမာပင်မြိုနယ် ဘိန်းနွယ်ချောင်ရွာ တပ်စွဲညအိပ်ခဲ့သောအင်အားတစ်ရာပါ စကစစစ်ကြောင်းဆားလင်းကြီးမြိုနယ် ကံကုန်းရွာ စတင်ဝင်ရောက်နေ


မတ်လ၂၅ရက်


စစ်ကိုင်းတိုင်း၊ယင်းမာပင်မြိုနယ် ဘိန်းနွယ်ချောင်ရွာမှာတပ်စွဲညအိပ်ခဲ့သောအင်အားတစ်ရာပါ စကစစစ်ကြောင်းဆားလင်းကြီးမြိုနယ် ကံကုန်းရွာ စတင်ဝင်ရောက်နေတယ်လို့သတင်းရရှိပါတယ်။ မတ်လ၂၅ရက် အညာပစ်တိုင်းထောင်လေးများအဖွဲ့ကအသိပေးဖော်ပြထားပါတယ်။


"ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်ရွာ တပ်စွဲညအိပ်ခဲ့သော စကစများဆားလင်းကြီးမြို့နယ် ကံကုန်းရွာ စတင်ဝင်ရောက်နေပါတယ်။အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းလို့သိရတယ်"လို့ဖော်ပြပါတယ်။


လတ်တလောမှာ စစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်မှုတို့ရှိကြောင်းသိရပါတယ်။ စကစစစ်ကြောင်းများဝင်ရောက်လာမှုကိုနယ်မြေခံ Local PDFတွေနဲ့ MOD ပကဖ နဲ့ ခရိုင် တပ်ရင်းများထံ ပြည်သူတွေက အကြောင်းကြား သတင်းပို့ထားကြတယ်လို့လည်းသိရပါတယ်။


========================


🚩🚩 ၂။ မကွေးခရိုင် အမှတ်၂တပ်ရင်းရှိရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်များ ဆက်လက်ရှင်းလင်းပြောကြား


မတ်လ၂၅ရက်


မကွေးခရိုင် အမှတ်၂တပ်ရင်းရှိရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်များ ဆက်လက်ရှင်းလင်းပြောကြားခဲ့‌တယ်လို့ မတ်လ၂၅ရက်မှာ မကွေးခရိုင် အမှတ်()တပ်ရင်းကတရားဝင်အသိပေးဆိုပါတယ်။


"မကွေးခရိုင်မှာ တပ်ရင်း၂ရင်းပဲရှိပါတယ်။ဟိုတနေ့က ရှင်းလင်းတာက တပ်ရင်း၁ပါ။ဒါကတော့ တပ်ရင်း၂ပါ။တပ်ရင်း၂ကိုလည်း ကွပ်ကဲရေး အပြည့်အဝရရှိအောင်ခရိုင်ကွပ်ကဲရေးရုံးကကြိုးစားနေပါတယ်။ မကွေးခရိုင်မှာတော့ တခြားဒေသတွေထက် ကွပ်ကဲရေးကို ချို့ယွင်းချက်၊အားနည်းချက်နည်းအောင်ကြိုးစားနေပါတယ်"လို့ အမှတ်၁စစ်ဒေသမကွေးမှ ကိုသော်ကကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် သမ္မတ ရုံးမှ ထုတ်ပြန်သော ထုတ်ပြန်ကြေငြာချက်အမှတ် (/၂၀၂၄) ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လိုက်နာရမည့် စစ်သည်တော် ကျင့်ဝတ်များကို တပ်ရင်းရဲဘော် ရဲမေ များကို ရှင်းလင်းပြောကြား ခဲ့တာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ CDF-Hakha ထံသို့ လက်နက်ယူလာကာ အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားအား ငွေကျပ် သိန်း ၅၀ ပေး


မတ်။ ၂၅ 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ဦး လက်နက်ယူလာကာ အလင်း ဝင်လာခဲ့တဲ့အတွက် CDF-Hakha မှ ငွေကျပ် သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


CDF-Hakha ထံကို  အလင်းဝင်လာတဲ့ ရဲတပ်သားဟာ အကြမ်းဖက်စစ်ကောင်စီထံမှာ တာဝန်ထမ်း ဆောင် လိုခြင်းမရှိတော့တာကြောင့် မတ် ၂၄ ရက်မှာ သေနတ် လက် ယူလာကာဝင်ရောက် ခိုလှုံလာတယ်လို့ အသိပေးပါတယ်။


CDF-Hakha မှအလင်းဝင် ရဲတပ်သားအား ငွေကျပ် သိန်း ၅၀ ပေးအပ်ခဲ့ပြီး၊ အခုအချိန်မှာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင် ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်လက်ပြီး အလင်းဝင်လိုတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဝန်ထမ်းများကိုလည်း ထပ်မံလက်ခံပေးသွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ရေးပြောက်ကျားတပ် စစ်အခြေခံသင်တန်းဆင်းပွဲ နဲ့ သစ္စာရေ သောက်ပွဲပြုလုပ်


မတ် ၂၅ 


ရေးပြောက်ကျားတပ် (YGF) ဒေါနစစ်ကြောင်းတပ်ခွဲ () ရဲ့ အမှတ်စဥ်() အခြေခံ စစ်သင်တန်းဆင်းပွဲ နဲ့ သစ္စာရေသောက် အဓိဌာန် ပြုပွဲအခမ်းအနားကိုမတ်လ ၂၄ရက်က ပြုလုပ်ခဲ့ပါတယ်။


အခြေခံစစ်သင်တန်းဆင်းပွဲကို မတ် ၂၄ ရက်မှာ အခမ်းအနား အစီအစဥ် ၁၀ ရပ်ဖြင့် ပြုလုပ်ခဲ့ပြီး၊ ရေးပြောက်ကျားတပ်ဖွဲ့ဝင် အားလုံး ဘုံရန်သူကို အမြတ်ပြတ်တဲ့အထိ အရှုံးမပေးတိုက်ပွဲဝင် သွားမှာဖြစ်ကြောင်း ကတိသစ္စာရေသောက်ခဲ့ကြတယ်လို့ အသိ ပေးပါတယ်။


သင်တန်းဆင်းပွဲမှာ (Ye Guerrilla Force)  ရေးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျန်ရစ် နဲ့ ဒုတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ပိုင်တို့မှ အမှာစကားပြောကြားခဲ့ပြီး၊ တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအရ ရာထူးတာဝန်‌ပေး အပ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ရေးပြောက်ကျားတပ်ဖွဲ့ဟာ တောင်ပိုင်းဒေသအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးအတွင်း မှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးမဟာမိတ်များနဲ့ ပူးတွဲပြီး စစ်ရေး လှုပ်ရှားနေတဲ့အဖွဲ့တခုဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment