25th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ၇၅ နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်ခိုင်းသန်း မိန့်ခွန်းပြောကြား

📌 ၂။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၄)ကျင်းပခြင်း။

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချ

📌 ၄။ မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လက်နက်ကို မလျော်ကန်စွာ သုံးစွဲပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ပွားခဲ့ခြင်းကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေအရ အရေးယူအမိန့်ချလိုက်ကြောင်း KNDFထုတ်ပြန်

📌 ၅။ ပထမဆုံးအကြိမ် နွေဦးအွန်လိုင်းစာပေဟောပြောပွဲ ပြုလုပ်


၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လွယ်ခမ်းဗျူဟာပါအဝင် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း  ခု စွန့်ခွာထွက်ပြေး

🚩 ၂။ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်အားလုံးထွက်ခွာရန် KNU တပ်မဟာ() သတိပေး

🚩 ၃။ မွန်-ကရင် အစပ်က ကော့ဘိန်း နယ်မြေ ရဲစခန်းကို မွန်ပြည်သစ် AD နှင့် KNU ပူးပေါင်းအဖွဲ့ ဝင်တိုက်

🚩 ၄။ ပအိုဝ်းအမျိုးသားနေ့မှာ ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်

🚩 ၅။ စစ်ကောင်စီမှ မင်းစောကျေးရွာထဲသို့ တိုက်လေယာဥ်(ဂျက်ဖိုက်တာ)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

🚩 ၆။ ကျိုက်ထိုမှာ စစ်မှုထမ်းခိုင်းဖို့ ကြိုးပမ်းနေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို KRF ပစ်ခတ်ရှင်းလင်း

🚩 ၇။ ရဲတပ်ဖွဲ့ဝင် ဦး လက်နက်၊ ကျည်တောင့် ၄၅၀ ကျော်နဲ့အတူ CDF – KKG ထံ လက်နက်ချ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ ၇၅ နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်ခိုင်းသန်း မိန့်ခွန်းပြောကြား


မတ်လ ၂၄ရက်။

မတ်လ ၂၄ရက်တွင် ကျရောက်သည့် ၇၅နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးစတင်ကတည်းကလည်း ပအိုဝ်းအမျိုးသားတို့ဟာ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးတို့အတွက် ပြည်ထောင်စုသားအားလုံးနှင့် အတူရပ်တည်ကာ သမိုင်းအစဥ်အလာမပျက် တိုက်ပွဲဝင်လျက်ရှိပါတယ်။ တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် တော်လှန်ရေးညီအစ်ကိုများ အားလုံးနှင့်အတူ နိုင်ငံရေး၊ စစ်ရေး နည်းလမ်းပေါင်းစုံနှင့် ပါဝင်ပေးတဲ့အတွက်လည်း ပြည်ထောင်စုသားတစ်ဦးအနေနဲ့ အထူးဝမ်းမြောက် ဂုဏ်ယူပြီး ပအိုဝ်း အမျိုးသား၊ အမျိုးသမီးများနှင့် လူငယ်များအားလုံးကိုလည်း လေးစားစွာ ဦးညွတ် ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ 


အခုအချိန်အခါသမယဟာ ပအိုဝ်းအမျိုးသားများအပါအဝင် ပြည်ထောင်စုသားများအားလုံး တန်းတူညီတူ အတူတကွတိုက်ပွဲဝင်ကာ ပြည်ထောင်စုသမိုင်းသစ်ကို ရေးထိုးမယ့် အကောင်းဆုံး အချိန် အခါလည်းဖြစ်ပါတယ်။ နှစ်ကျော်ကာလ ရုန်းကန်တွန်းလှန်ခဲ့ကြရတဲ့ မိမိတို့ရဲ့ နွေဦး တော်လှန်ရေးဟာ တော်လှန်ရေးဘက်တော်သားတစ်ဦးချင်းစီရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ လက်ချင်းချိတ်လို့ လျှောက်လှမ်းခဲ့ကြရတဲ့ ခရီးကြမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ကြိုးစားရုန်းကန် လျှောက်လှမ်းကြရင်းပဲ အခုဆိုရင် အောင်မြင်မှုရောင်နီကိုလည်း မြင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးတိုင်း လူမျိုးတိုင်းရဲ့ ပါဝင်မှုတိုင်းကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် လွန်စွာတန်ဖိုးထားပြီး၊ လူထုတစ်ရပ်လုံးကလည်း စစ်အာဏာရှင် ကင်းစင်တဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအတွက် လူမျိုးတိုင်းရဲ့ ပေးဆပ်မှုများကို သမိုင်းတလျောက်စွဲထင်စေတဲ့ထိ အမှတ်ရကြမှာ ဖြစ်ပါတယ်။ ဒီလို ပေးဆပ်မှုတွေ၊ အချင်းချင်း အပြန်အလှန် ဖေးမမှုတွေကသည်ပင်လျင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ခိုင်မြဲရေးအတွက် အခြေခံစံနှုန်းတွေပဲ ဖြစ်ပါတယ်။ 

သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စစ်အာဏာရှင်နဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တဲ့အတွက် အောင်မြင်မှုနီးလေ ပိုမိုသတိကြီးကြီးထားကြရလေဖြစ်ပါတယ်။ မတရားတဲ့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန် ရေးအင်အားစုတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုကို မိမိတို့အားလုံး ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာနဲ့ အတူရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အခု အချိန်ကာလဟာ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲချနိုင်မယ့် အကောင်းဆုံးအချိန်ဖြစ်နေပြီလို့ ယုံကြည်တဲ့ အားလျော်စွာ စုပေါင်းအင်အားနဲ့ အောင်မြင်မှုဆီ အရောက်လှမ်းနိုင်မယ်လို့လည်း ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။ 

ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် လွတ်လပ်သည့်၊ တန်းတူညီမျှသည့်၊ စစ်အာဏာရှင်ကင်းစင်သည့် အနာဂါတ်အောင်ပွဲဆီသို့ အတူတကွ ချီတက်လှမ်းကြပါစို့လို့ ဝန်ကြီးချုပ်မှ ဆုမွန်ကောင်းတောင်းထားကြောင်းသိရှိရပါတယ်။


========================


📌📌 ၂။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၄)ကျင်းပခြင်း။


မတ်လ (၂၃) ရက်။

မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၄) ကို နေ့လည် (:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာသောလွှတ်‌တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ တစ်ပတ်အတွင်းဆောင်ရွက်ထားမှုများအား တင်ပြဆွေးနွေးခြင်း၊ ပုံမှန်တွေ့ဆုံနေကြ အစုအဖွဲ့အသီးသီးနှင့် ဆက်လက်တွေ့ဆုံ‌နိုင်ေရး၊ မန္တ‌လေးဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ယခုထက် ပိုမိုအချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။


အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားပြုကော်မတီအတွင်းရေးမှုးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးအစည်းအဝေးကို ညနေ (:၀၀) နာရီတွင် ရပ်နားခဲ့ပါသည်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချ


မတ် ၂၄ ရက်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ကို မတ်လ၂၄ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းအား(၂၄--၂၀၂၄)ရက်နေ့မှ (၂၅--၂၀၂၄)ရက်နေ့ထိ သင်တန်းကာလ ()ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအား သင်တန်း ဆရာ/ဆရာမများမှ စာရင်းပြုစုထိန်းသိမ်းမှုများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ‌ ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။


========================


📌📌 ၄။ မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လက်နက်ကို မလျော်ကန်စွာ သုံးစွဲပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ပွားခဲ့ခြင်းကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေအရ အရေးယူအမိန့်ချလိုက်ကြောင်း KNDFထုတ်ပြန်


မတ်လ၂၄ ရက်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝရီလ (၂၁)ရက် (၁၁)နာရီဝန်းကျင်တွင် အသက်(၂၇)နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦီးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွားခဲ့ပါတယ်။


ကျွန်ုပ်တို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန်()ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိသည်။ ထို့ကြောင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအပြီးတွင်  ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့သည်။ 

ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား ()ဦီးအား စစ်အက်ဥပဒေ ပုဒ်မ(၂၂) (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် ()လပြစ်ဒဏ်ခံယူရန်  ဗဟိုစစ်ခုံရုံးအဖွဲ့မှ ၂၄ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်တွင် စီရင်ချက်ချမှတ်လိုက်သည်ကို မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFမှ ထုတ်ပြန်ကြေညာအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ပထမဆုံးအကြိမ် နွေဦးအွန်လိုင်းစာပေဟောပြောပွဲ ပြုလုပ်


မတ်လ ၂၄ရက်။

ဓမ္မဘက်ကို ရပ်တည်ကြတဲ့ စာရေးဆရာတွေရဲ့ ပထမဆုံးအကြိမ် နွေဦးအွန်လိုင်းစာပေ ဟောပြောပွဲကို မတ်လ၂၃ရက် နာရီမှာ ပြုလုပ်ခဲ့ တယ်လို့ The New YorK City Burmese Community( NYBC ) ထံက သိရပါတယ်။

နွေဦးစာပေဟောပြောမှုကို မတ် ၂၃ ရက်၊ နာရီမှာ အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


ဟောပြောပွဲကို မသီတာ(စမ်းချောင်း) ကဗျာဆရာ ဦးအောင်ဝေး၊ မင်းဒင်ရဲ့သက်ခိုင် စာအုပ်ကိုရေးခဲ့သူ ဦးမင်းဒင်တို့က ဟောပြောခဲ့ပြီး၊ ဒေါ်မီမီဝင်းဘတ်၊ CDM ဗိုလ်ကြီးထက်မြတ်တို့က Guest Speakers အဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လွယ်ခမ်းဗျူဟာပါအဝင် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း  ခု စွန့်ခွာထွက်ပြေး


မတ်လ ၂၅ရက်။

ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA က လိုက်လံရှင်းလင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ၂၀ ရက်နေ့ညမှာ စစ်ကောင်စီတပ်ဖွဲ့က မဒယန်စခန်းကို စွန့်ခွာသွားခဲ့တာဖြစ်ပြီး မတ်လ ၂၃ ရက်ညနဲ့ မတ်လ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ စစ်စခန်းသုံးခုကို ထပ်မံစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။

မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မဒန်ယန်စခန်း ၊မိုင်းခေါင်ရွာအနီးက ရှေ့တန်းစခန်း၊ လွယ်ခမ်းဗျူဟာစခန်း၊ ဒေါ့အင်ခန် တပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားတာလို့ သိရပါတယ်။

ဗျူဟာမှူးအောင်ရဲဟိန်း ဦးစီးပြီး အင်အား ၁၅၀ ခန့်နဲ့ အခြေပြုနေတဲ့ လွယ်ခမ်းဗျူဟာနဲ့ ဒေါ့အင်ခန်စခန်းက တပ်ဖွဲ့ဝင်တွေဟာ မတ်လ ၂၄ ရက် မနက် နာရီခန့်ကစပြီး ဆုတ်ခွာသွားတဲ့အတွက် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက  လိုက်လံရှင်းလင်းနေသလို မတ်လ ၂၀ ရက်ညက စွန့်ခွာသွားတဲ့ မဒန်ယန် စစ်ကောင်စီစခန်းကို KIA က မီးရှို့ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့လည်း အသိပေးပါတယ်။ 

လွယ်ခမ်းဗျူဟာကုန်းဟာ ၂၀၁၆ ခုနှစ်မှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လက်လွှတ်ခဲ့ရတဲ့ ဗျူဟာကုန်းတခုဖြစ်တယ်လို့လည်း သိရပါတယ်။

မံစီမြို့နယ် မိုင်းခေါင်ရွာသစ်မှာရှိတဲ့ ခလရ -၁၂၁ က ဒုတပ်ရင်းမှူးဦးစီးတဲ့ အင်အား ၅၀ ခန့်ဟာ မတ်လ ၂၃ ရက်ည သန်းခေါင်ယံအချိန်မှာ စခန်းကို စွန့်ခွာသွားတာဖြစ်ပါတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မံစီမြို့နယ်ထဲက စီခမ်းကြီးတပ်စခန်းကို ဖေဖော်ဝါရီတတိယပတ်မှာ သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာသေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သလို မံဝိန်းကြီး၊ ကိုက်ထိပ်၊ မဂျီဂုံ စတဲ့တပ်စခန်းတွေကိုလည်း ယခုနှစ်ဆန်းပိုင်းမှာ သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်အားလုံးထွက်ခွာရန် KNU တပ်မဟာ() သတိပေး


မတ်လ ၂၅ရက်။

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းဖြတ်တောက် ပိတ်ဆို့ထားပြီးဖြစ်တာကြောင့် စစ်ကောင်စီတပ်အားလုံး ထွက်ခွာသွားကြဖို့ ဖိအားပေးထားတယ်လို့ KNLA တပ်မဟာ- က မတ်လ ၂၄ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဖာပွန်မြို့တောင်ဘက်မှာ အခြေချနေတဲ့ စဗခ- ရတခ လက်အောက်ခံ တပ်ရင်းတွေတည်ရှိရာ မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နဲ့ ဝေဆာစတဲ့ ကူးလူးဆက်သွယ်ရေးလမ်းများအားလုံးကို ပူးပေါင်းတပ်က ယခု မတ်လ ၁၉ ရက်ကစပြီး ဝိုင်းရံ ပိတ်ဆို့ဖြတ်တောက်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခုလိုဖြတ်တောက်မှုရခြင်းဟာ ကရင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်များလာရောက် နယ်မြေချဲ့ထွင်စိုးမိုးမှုအားလုံး ပြန်ရုတ်သိမ်းဖို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာကတည်းက KNLA ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်စာကို စစ်ကောင်စီဘက်က မလိုက်နာတဲ့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ရက် အာဏာသိမ်းပြီးနောက်ပိုင်း တပ်စခန်းတွေကို အခိုင်အမာမွမ်းမံခြင်း၊ အသစ်ဆောက် ခြင်း၊ မဟာဗျူဟာလမ်းကြောင်းဖောက်လုပ်ခြင်းများ တိုးချဲ့လုပ်ဆောင်လာပြီး ကရင်ပြည်နယ်အတွင်း ၎င်းတို့ စစ်အုပ်ချုပ်ရေးယန္တရားကို အစီအစဥ်တကျ အခိုင်အမာတည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူများအပေါ်နှိပ်စက်ညှင်းပန်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများ နေ့စဥ်ရက်ဆက်ပြုလုပ်နေသလို တဖက်မှာလည်း ဂျက်တိုက်လေယာဥ်များ လက်နက်ကြီးများဖြင့် အပြစ်မဲ့ပြည်သူများ နေထိုင်သွားလာရာနေရာတွေကို ရည်ရွယ်ပစ်ခတ်နေတဲ့အတွက် ဝိုင်းရံ ပိတ်ဆို့ဖြတ်တောက်ရတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

အပြစ်မဲ့ပြည်သူများ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားတွေ သေကြေခြင်း၊ ဒဏ်ရာအနာတရဖြစ်ခြင်းနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်းများ နေ့စဥ်နဲ့အမျှရင်ဆိုင်ကြုံတွေ့ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီစခန်းများ၊ ဖာပွန်မြို့အခြေစိုက်တပ်ရင်းများအပြင် တနိုင်ငံလုံး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် အမှတ်- တပ်မဟာနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က စစ်ကောင်စီရဲ့ ဖာပွန်မြို့အခြေစိုက် တပ်စခန်းတွေ ကူးလူးဆက်သွယ်ရာလမ်းများအားလုံးကို ဖြတ်တောက်ထားတာလို့ ထုတ်ပြန်ပါတယ်။

စစ်တပ် ဆက်သွယ်ရာလမ်းတွေကို ဖြတ်တောက်ထားသလို တဖက်မှာလည်း ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများ အလုံးစုံထွက်ခွာသွားဖို့ ဖိအားပေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်တွေ ကူးလူသွားလာရာလမ်းကြောင်းတွေကို မဖြတ်တောက်ခင်က စစ်ကောင်စီတပ်တွေဟာ ဖာပွန်မြို့တွင်းက ရပ်ကွက်တွေနဲ့ မြို့အနီးတဝိုက်ကကျေးရွာတွေကို လေယာဥ်၊ လက်နက်ကြီးတွေနဲ့ နေ့စဥ်နဲ့အမျှ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပြီး လူဦးရေ ထောင်ချီရှိတယ်လို့ ဆိုပါတယ်။


ဒေသခံပြည်သူတွေက ကိုယ်လွတ်ရုန်းထွက်ပြေးနေရတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေအပါအဝင် အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ တပ်မဟာ က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မွန်-ကရင် အစပ်က ကော့ဘိန်း နယ်မြေ ရဲစခန်းကို မွန်ပြည်သစ် AD နှင့် KNU ပူးပေါင်းအဖွဲ့ ဝင်တိုက်


မတ်လ ၂၄ ရက်။

Radio NUG


မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖြတ်ရေး) နှင့် ကရင့်အမျိုးသား အစည်းအရုံး (KNU/KNLA) ပူးပေါင်း အဖွဲ့က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ သံလွင်တိုင်မ်းက ဖော်ပြထားပါတယ်။


မတ်လ ၂၄ ရက်နေ့ မနက် နာရီ ၁၅ မိနစ်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ အနီးရှိ စစ်သင်္ဘောကနေ အမြောက်နဲ့ လှမ်းပစ်တာတွေ လုပ်ခဲ့တယ်လို့ မွန်ပြည်သစ် (AD) ပြောခွင့်ရ နိုင်ဗညားမွန်က ပြောပါတယ်။


၎င်း တိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖြတ်ရေး) NMSP-AD နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့တွေ ကျားဖြူစစ်ကြောင်းနဲ့ ဂဠုန်စစ်ကြောင်းတို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


မတ်လ ၂၄ ရက်‌ ညနေပိုင်းအထိ ဆက်ဖြစ်နေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေရဲ့ ထိခိုက်သေဆုံးမှုကို မသိရသေးပေမယ့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကော့ပေါက် ကျေးရွာမှ နေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်နေတယ်လို့ နိုင်ဗညားမွန်က ဆိုပါတယ်။


လက်ရှိမှာ ကော့ဘိန်းကျေးရွာ အပါအဝင် အနီးတဝိုက်က ကော့ပေါက်၊ ဓမ္မသ၊ တရာနာ စတဲ့ ကျေးရွာ‌ ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေကြတယ်လို့ သိရပါတယ်။


ကော့ဘိန်းနယ်မြေရဲစခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလ လယ်ပိုင်းကလည်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ပြီး စခန်းကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပအိုဝ်းအမျိုးသားနေ့မှာ ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်


မတ်လ ၂၄ ရက်။

Radio NUG


၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းဒေသမှ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်ထားပါတယ်။


မတ်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီမှ နေ့လည် နာရီအထိ စစ်ကောင်စီက ဆီဆိုင်မြို့ထဲကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ၂၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင့် ညနေ နာရီခန့်မှ စတင်ပြီး ဆီဆိုင်မြို့ထဲကို လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော်၊ ဒရုန်းဖြင့် ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


ထို့အပြင် မတ်လ ၂၃ ရက် ကလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပအိုဝ်းဒေသ ပင်လောင်း မြို့နယ်၊ နန်းတုန်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ပါသေးတယ်။


ထိုသို့ ဗုံးကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် နန်းတုန်ကျေးရွာရှိ နေအိမ် လုံးနဲ့ ဆေးခန်း လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေး ဌာနက အသိပေးထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီမှ မင်းစောကျေးရွာထဲသို့ တိုက်လေယာဥ်(ဂျက်ဖိုက်တာ)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့


မတ်လ (၂၄)ရက်။

မတ်လ (၂၃)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ကေအဲန်ယူ-ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးနယ်အုပ်စု၊ မင်းစောရွာထဲသို့ ဂျက်ဖိုက်တာဖြင့် (၁၀)နာရီ (၂၀)မိနစ်မှ (၃၉)မိနစ်ကြာထိ သုံးကြိမ်ပစ်ခတ်ခဲ့ရာ မင်းစောကျေးရွာ ကော်သူးလေအလယ်တန်းကျောင်းဆောင် ()လုံး၊ သာသနာ့အဆောက်အဦး ()လုံး၊ အရပ်သားအိမ် (၁၁)လုံးနှင့် နှမ်းဆီကျိတ်စက်ရုံငယ် ()လုံး ထိခိုက်ပျက်စီးကာ အရပ်သား ()ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။


၎င်းတို့မှာ မင်းစောရွာ ဘုန်းကြီးကျောင်းဆောင် ()လုံးနှင့် ဓမ္မရုံ ()လုံး၊ မင်းစောရွာနေ မောင်ဝဏ္ဏအိမ်၊ တီးညွှန့်ဝင်းအိမ်၊ မောင်နိုင်ဦးအိမ်၊ နော်ကမူအဲ့အိမ်၊ မောင်ကျော်ကိုအိမ်၊ တီးကွယ်လယ်ဘောအိမ်၊ နော်အဲ့ခူးသူ့အိမ်၊ မောင်ဝင်းကြည်အိမ်၊ ကျောဘော်ကြူးအိမ်၊ ဖီးနော့ထော်မိုး၏နေအိမ်နှင့် နှမ်းဆီကျိတ်စက်ရုံငယ် ()လုံး ထိခိုက်ပျက်စီးခဲ့ပြီး မင်းစောရွာသား အသက် (၅၆)နှစ်ရှိ တီးကယ်၏ ညာဘက်လက် ရှပ်ထိ ဒဏ်ရာရခဲ့သည်။

"လေယာဥ်က (၁၀)နာရီ (၂၀)မိနစ်ကနေ (၁၀)နာရီ (၃၉)မိနစ်ထိ သုံးကြိမ် လက်နက်ကြီး အကြီး ()လုံး၊ အငယ် ()လုံး အားလုံးပေါင်း (၁၂)လုံး ပစ်ချတာ ကျောင်းဝင်းထဲ ()လုံး ကျပေါက်တယ် ရွာထဲ ()လုံး ကျတယ့်ထဲမှာ အကြီး ()လုံးနဲ့ အသေး ()လုံး မပေါက်ဖူး"ဟု မင်းစောရွာသား တစ်ဦးမှ ပြောသည်။


အာဏာသိမ်းစစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ထိုနေ့မတိုင်မှီရှေ့ရက်များတွင် မကြာခဏပျံဝဲနေခဲ့ပြီး ယခုတွင်မူ တိုက်ပွဲ ဖြစ်ပွားခြင်းများမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူအရပ်သားများကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့်  မင်းစောကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။


၎င်းတို့ ဒေသခံပြည်သူအပေါ် ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယခုတွင် မင်းစောရွာသားများမှာ ရွာထဲတွင်မနေရဲဘဲ ကြောက်ရွှံ့ထိပ်လန့်မှုများရှိနေကာ တစ်ရွာလုံး တိမ်းရှောင်နေကြသည်ဟု  ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှ ပြောသည်။


========================


🚩🚩 ၆။ ကျိုက်ထိုမှာ စစ်မှုထမ်းခိုင်းဖို့ ကြိုးပမ်းနေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို KRF ပစ်ခတ်ရှင်းလင်း


မတ်လ ၂၄ ရက်။

Radio NUG


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာမှာ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။


မတ်လ ၂၄ ရက်နေ့ မနက် နာရီ မိနစ်အချိန်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်ဖြစ်သူ ဦးစံလွင်ကို ၎င်းရဲ့နေအိမ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုအသွား ခမရ တပ်ရင်းအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။


ဦးစံလွင်ဟာ တောင်ကလေး၊ အင်းဝနှင့် ကွင်းကလေး ကျေးရွာများမှာ လူငယ်များကို စစ်မှုထမ်းရန် အဓမ္မ စာရင်းကောက်ခံခြင်း၊ စုဆောင်းခြင်းတို့ကို ပြုလုပ်နေပြီး မတ်လ ၂၅ ရက်နေ့မှာ မဲနှိုက်ပြီး လူငယ်တွေကို စစ်ထဲ တွန်းပို့ဖို့ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ KRF က မတ်လ ၁၇ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။


အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ကျိုက်ထို ပကဖ နဲ့ KRF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ရဲတပ်ဖွဲ့ဝင် ဦး လက်နက်၊ ကျည်တောင့် ၄၅၀ ကျော်နဲ့အတူ CDF – KKG ထံ လက်နက်ချ အလင်းဝင်


မတ်လ ၂၄။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦး လ၊က်နက်အပြည့်အစုံနဲ့ အလင်းဝင်ခိုလှုံလာကြတဲ့အကြောင်း Chinland Defense Force - Kalay Kabaw Gangaw က မတ်လ ၂၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ရဲတပ်သား နှစ်ဦးဟာ G3 လက်နက် အမျိုးစား လက်၊ ကျည်ဘောက် ဘောက်၊ ကျည်အတောင့် စုစုပေါင်း ၄၇၀ နဲ့အတူ လက်နက်ချ အလင်းဝင်လာတာလို့ ဆိုပါတယ်။


အလင်းဝင်လာသူတွေကို ဆုကြေးငွေ ကျပ်သိန်း ၅၀ စီပေးအပ်ပြီး လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။


မတ်လထဲမှာ မင်းတပ်၊ ဟားခါး၊ ကလေးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦး လ၊က်နက်အပြည့်အစုံနဲ့ အလင်းဝင်ခိုလှုံလာကြတဲ့အကြောင်း သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) တွေက သတင်းထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment