27th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စကစရဲ့ စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီးလူထုအုံကြွမှု၊လူထုတိုက်ပွဲ ပုံသဏ္ဍာန်ပြောင်းပြီး မြို့တွေ၊ရွာတွေမှာတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲဖို့စီစဥ်တိုက်တွန်းနေ

📌 ၂။ စစ်မိစ္ဆာတွေကို အားပေးနေကြတဲ့သူတွေဟာ တော်လှန်ရေးရဲ့ ဆူးညောင့် ခလုပ်တွေဖြစ်တယ်လို့ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ်အသိပေးဆို

📌 ၃။ ကျောင်းသားများအရေးကိစ္စနဲ့ပတ်သက်လို့ ကျောင်းသားသမဂ္ဂ Telegram Channelတွင်လာရောက်တိုင်ပင်နိူင်တယ်လို့ အသိပေး

📌 ၄။ ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ် ပေါ်ပေါက် လာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ)ကိုဖွဲ့စည်း

📌 ၅။ အကြမ်းဖက်စစ်တပ် ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက် ခြင်းများကို ကနေဒါသံရုံး ပြင်းထန်စွာရှုတ်ချ


၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို AA အပြီးသတ်သိမ်းပိုက်၊ ရခိုင်နှင့်ပလက်၀ဒေသမှ လက်နက်ချ အညံ့ခံ စစ်သားများနှင့်မိသားစုဝင် ထောင်ချီကို ကောင်းမွန်စောင့်ရှောက်ထား

🚩 ၂။ ကော့ဘိန်း နယ်မြေ ရဲစခန်းစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသောစစ်သုံ့ပန်းများနှင့်  ရဲတပ်ဖွဲ့ဝင် မိသားစုများအားစစ်ဥပဒေ နှင့်အညီ ကောင်းမွန် ထိန်းသိမ်းထားပြီး  လူသားချင်းစာနာမူဆိုင်ရာ အကူအညီများ ပေးအပ် စောင့်ရှောက်ထား

🚩 ၃။ ညီညွတ်စွာ တိုက်ပွဲဝင်ရန် အချိန်ကျပြီဟု KNU ကာကွယ်ရေးဌာန တာဝန်ခံ ကြေညာ

🚩 ၄။ ကျိုက်ထိုနယ်မှာစစ်ကောင်စီတပ် ခမရ () နှင့် ခလရ () ပူးပေါင်းတပ်ဖွဲ့မှ ညောင်ထောက်၊ ရှမ်းစု ရွာသား () ဦးအား သပြေနီရွာ၌ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့

🚩 ၅။ မြင်းခြံနယ် အိုင်းမကျေးရွာအုပ်ချုပ်ရေးမှူးကိုဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်၊ သေနတ်တလက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၆။ မင်းလှနယ်မှ နာမည်ကြီး ပျူခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စကစရဲ့ စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီးလူထုအုံကြွမှု၊လူထုတိုက်ပွဲ ပုံသဏ္ဍာန်ပြောင်းပြီး မြို့တွေ၊ရွာတွေမှာတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲဖို့စီစဥ်တိုက်တွန်းနေ


မတ်လ၂၇ရက်


စကစရဲ့ စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီးလူထုအုံကြွမှု၊လူထုတိုက်ပွဲ ပုံသဏ္ဍာန်ပြောင်းပြီး မြို့တွေ၊ရွာတွေမှာတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲဖို့စီစဥ်တိုက်တွန်းနေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မတ်လအတွင်းမှာ ပြုလုပ်တဲ့ ပြည်သူမှပြည်သူသို့အစီအစဥ်တွင် တိုက်တွန်း ပြောကြားခဲ့ပါတယ်။


"ဒီအကြမ်းဖက်စစ်တပ်က စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီးလူထုအုံကြွမှု၊လူထုတိုက်ပွဲ ပုံသဏ္ဍာန်ပြောင်းပြီးတော့တဖက်တော်လှန်ရေးရဲ့သွားနေတဲ့စစ်ရေးအရှိန်နဲ့ပေါင်းပြီး မြို့တွေ၊ရွာတွေမှာတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲဖို့စီစဥ်တိုက်တွန်းနေတာလည်းရှိပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။


လတ်တလောတွင် အတင်းအဓမ္မစစ်သားစုဆောင်းသည့်စကစရန်ကို ရှောင်ရှားလိုပါက တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရထံသို့ဆက်သွယ်မေးမြန်းကာ ရှောင်တိမ်းနိူင်ကြောင်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ စစ်မိစ္ဆာတွေကို အားပေးနေကြတဲ့သူတွေဟာ တော်လှန်ရေးရဲ့ ဆူးညောင့် ခလုပ်တွေဖြစ်တယ်လို့ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ်အသိပေးဆို


မတ်လ၂၇


စစ်မိစ္ဆာတွေကို အားပေးနေကြတဲ့သူတွေဟာ တော်လှန်ရေးရဲ့ ဆူးညောင့် ခလုပ်တွေဖြစ်တယ်လို့ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးလင်းသန့်က မတ်လ၂၆ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"အကြမ်းဖက် စစ်မိစ္ဆာတွေဟာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကချင် ကရင် ကယား မွန် ရခိုင် ရှမ်း ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးအပေါ် လက်နက်အားကိုးနဲ့ လူသတ် မုဒိန်းကျင့် အိုးအိမ်စည်းစိမ်တွေ မတရားသိမ်းယူ ဖျက်ဆီး မီးရှို့ စာသင်ကျောင်းတွေ ဆေးရုံတွေ ဘုရားကျောင်းတွေ ဗလီတွေကို ဖျက်ဆီး လေယာဉ်နဲ့ ဗုံးကျဲ စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်လာနေတာ အခုထိပါပဲ။ ဒါကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးက ဒီစနစ်ဆိုး စစ်မိစ္ဆာကို မြန်မာ့မြေပေါ်မှာ အပြီးတိုင် ချုပ်ငြိမ်းသွားစေဖို့ အသက်တွေ ဘဝတွေ ရင်းပြီး တိုက်ပွဲဝင်နေကြတာ၊ စစ်မိစ္တာတွေအတွက် အလုပ်အကျွေး ပြုနေသူ ထောက်တိုင်တွေ အပါအဝင် စစ်မိစ္ဆာတွေကို အားပေးနေကြတဲ့သူတွေဟာ တော်လှန်ရေးရဲ့ ဆူးညောင့် ခလုပ်တွေဖြစ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စစ်မိစ္ဆာတွေ နိဂုံးချုပ်တဲ့ အထိ ရှင်သန်နေသူတွေနဲ့အတူ ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးလင်းသန့်ကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ ကျောင်းသားများအရေးကိစ္စနဲ့ပတ်သက်လို့ ကျောင်းသားသမဂ္ဂ Telegram Channelတွင်လာရောက်တိုင်ပင်နိူင်တယ်လို့ အသိပေး


မတ်လ၂၇


ကျောင်းသားများအရေးကိစ္စနဲ့ပတ်သက်လို့ ကျောင်းသားသမဂ္ဂ Telegram Channelတွင်လာရောက်တိုင်ပင်နိူင်တယ်လို့ မတ်လ၂၇ရက်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများရန်ကုန်ကအသိပေးဖော်ပြပါတယ်။


"ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂရှိပါတယ်။ ကျောင်းပရဝုဏ်အတွင်းမှာ ရှိနေစဉ်တုန်းကလည်း ကျောင်းသားတွေရဲ့ အရေးကိစ္စတွေကို သမဂ္ဂနဲ့ လာရောက်တိုင်ပင်လေ့ရှိကြပါတယ်။ လက်ရှိအခြေအနေမှာ ကျောင်းပရဝုဏ်ထဲကို ပြန်မရောက်နိုင်သေးပေမဲ့ ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂက အမြဲရှိပါတယ်။ ကျောင်းသားသမဂ္ဂကို လွတ်လွတ်လပ်လပ် လာရောက်တိုင်ပင်နိုင်ပါတယ်။လုံခြုံစိတ်ချရတဲ့ Platform တစ်ခုအဖြစ် Telegram Channel တစ်ခုတည်ဆောက်ထားပြီး လက်ရှိနိုင်ငံရေးအခြေအနေများရဲ့ သက်ရောက်မှုများကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းသားများအနေဖြင့် ရင်ဆိုင်နေရသည့် မည်သည့်အခက်အခဲကိုမဆို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်"လို့ဖော်ပြထားပါတယ်။


သမဂ္ဂကိုလုံခြုံစိတ်ချစွာ တိုင်ပင်နိုင်ဖို့စီစဉ်ထားရှိတဲ့အစီအစဉ်တွေကိုတကသများရန်ကုန် ASU လူမှုကွန်ရက်စာမျက်နှာတွင်အသေးစိတ်ဝင်ရောက်ကြည့်ရှုနိူင်မှာဖြစ်ပါတယ်။


========================


📌📌 ၄။ ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ် ပေါ်ပေါက် လာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ)ကိုဖွဲ့စည်း


မတ်လ၂၇


ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ်ပေါ်ပေါက် လာရေးဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ)ကို ရိုဟင်ဂျာနိုင်ငံရေးသမားများ၊ရိုဟင်ဂျာအ ရေးတက်ကြွလှုပ်ရှားသူများ၊ ရိုဟင်ဂျာ အဖွဲ့အစည်းဝင်များပါဝင်ဖွဲ့စည်းလိုက်ပါတယ်။


မတ်လ၂၆ရက်ရိုဟင်ဂျာနိုင်ငံရေးအတိုင်ပင်ခံအင်အားစုတစ်ရပ် ပေါ်ပေါက်လာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့ (ယာယီ)ကိုဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။


ကမ္ဘာတဝှမ်းမှ ရိုဟင်ဂျာအဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ ရိုဟင်ဂျာအင်အားစုများ၊ ကဏ္ဍ အသီးသီးမှ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများနှင့် တသီးပုဂ္ဂလရိုဟင်ဂျာအသိပညာအ တတ်ပညာရှင်များ စုပေါင်း၍ ညီညွတ်ပြီး အကျိုးသက်ရောက်မှုရှိသော ရိုဟင်ဂျာနိုင်ငံရေးအင် အားစုတစ်ရပ်ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ်ပေါ်ပေါက် လာရေးဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ)ကို ရိုဟင်ဂျာနိုင်ငံရေးသမားများ၊ရိုဟင်ဂျာအ ရေးတက်ကြွလှုပ်ရှားသူများ၊ ရိုဟင်ဂျာ အဖွဲ့အစည်းဝင်များ ၊လူငယ်မျိုး ဆက်သစ်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ရပ်ရွာလူထုအခြေပြုခေါင်းဆောင်မျာစုပေါင်း၍ ဖွဲ့စည်းလိုက် ကြောင်း အသိပေးဖော်ပြပါတယ်။


ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ် ပေါ်ပေါက်လာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့ (ယာယီ)ကို အဖွဲ့အစည်းပေါင်း () ဖွဲ့ နှင့် လူပုဂ္ဂိုလ် (၂၅) ဦးဖြင့် ဖွဲ့စည်းထားပြီး အနယ်နယ်အရပ်ရပ်မှ ရိုဟင်ဂျာအရေးလှုပ်ရှားသည့်အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့်တိုင် ပင်ဆွေးနွေးကာ ရိုဟင်ဂျာ ပြည်သူလူထုကိုကိုယ်စားပြုပြီးညီညွတ်သော ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ်ပေါ်ထွန်းလာ စေရန် ဆင့်ကဲဖြစ်စဉ်များကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ် ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက် ခြင်းများကို ကနေဒါသံရုံး ပြင်းထန်စွာရှုတ်ချ


 ယနေ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ တပ်မတော်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက တပ်မတော်နေ့ဆိုင်ရာ ကြေညာချက်ကို အခုလို ထုတ်ပြန်လိုက်ပါတယ်။ 


စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ပြည်သူလူထုကို စောင့်ရှောက်ဖို့နဲ့တိုင်းပြည်ကို ကာကွယ်ရမှာဖြစ်ပေမယ့် မြန်မာစစ်တပ်ဟာ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဆက်လက်ပျက်ကွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ဆိုပါတယ်။ 


မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


နိုင်ငံတကာဥပဒေကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်တဲ့ လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေးစင်တာများ၊ ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်းအပါအဝင် အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်းတို့ကို ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။


ရိုဟင်ဂျာများအပါအဝင် ထိခိုက်လွယ်သူများကို လုံခြုံရာနေရာများ ရွှေ့ပြောင်းခွင့်ပြုဖို့ စစ်တပ်က ငြင်းဆိုခြင်းဟာ လုံးဝ လက်ခံလို့မရတဲ့ အခြေအနေဖြစ်တယ်လို့လည်း ကနေဒါသံရုံးက အသိပေးထားပါတယ်။

ထို့အပြင် မြန်မာနိုင်ငံကို လက်နက်များ၊ စစ်တပ်ဆိုင်ရာကိရိယာများ၊ စစ်ဘက်-အရပ်ဘက်သုံးကိရိယာများ၊ လေယာဉ်ဆီနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့များပေးနေခြင်းကို ချက်ချင်းရပ်တန့်ဖို့လည်း ကနေဒါက နိုင်ငံများအားလုံးကို တိုက်တွန်း ထားပါတယ်။ 

ယနေ့တွင် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော၊ အားလုံးပါဝင်သော အနာဂတ် မျှော်မှန်းချက်များနှင့် ကနေဒါက တသားတည်းရှိကြောင်း ကနေဒါသံရုံးက ထုတ်ပြန်ထားပါတယ်။  


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို AA အပြီးသတ်သိမ်းပိုက်၊ ရခိုင်နှင့်ပလက်၀ဒေသမှ လက်နက်ချ အညံ့ခံ စစ်သားများနှင့်မိသားစုဝင် ထောင်ချီကို ကောင်းမွန်စောင့်ရှောက်ထား


ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ ၅၅၂ တပ်ရင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် နာရီခွဲခန့်အချိန်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ကြည်းတပ် လေတပ်တို့နဲ့ အပြင်းအထန် ခုခံကာကွယ်ခဲ့တာကြောင့် ရက်ပေါင်း ၃၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး မတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ စခန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တာ်လို့ ရခိုင့်တပ်တော် AA ကဆိုပါတယ်။ 


ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်း၊ စစ်သားအလောင်းများနဲ့အတူ လက်နက်ချအညံ့ခံတဲ့ စစ်သားအချို့ကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ အသိပေးထားပါတယ်။  


အလားတူ မောင်တောမြို့ရှိ တမန်းသားရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၂၅ ရက်နေ့မှာ အဆိုပါ စခန်းက အင်အား ၁၀၀ ခန့်ရှိတဲ့ တပ်ဖွဲဝင်တွေဟာ ရခိုင့်တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရ ပြီးနောက် ရခိုင့်တပ်တော်ထံ လက်နက်ချခဲ့တဲ့အတွက် စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။  


ရခိုင့်တပ်တော်အနေနဲ့ လက်နက်ချအညံ့ခံသူတွေကို ကောင်းမွန်စွာစောင့်ရှောက်ထားရာ လက်ရှိအချိန်အထိ ရခိုင်နဲ့ ပလက်ဝဒေသက လက်နက်ချအညံ့ခံခဲ့ကြတဲ့ စစ်သားတွေနဲ့တပ်မိသားစုအရေအတွက်မှာ ထောင်ချီရှိပြီ လို့ ရခိုင့်တပ်တော် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ကော့ဘိန်း နယ်မြေ ရဲစခန်းစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသောစစ်သုံ့ပန်းများနှင့်  ရဲတပ်ဖွဲ့ဝင် မိသားစုများအားစစ်ဥပဒေ နှင့်အညီ ကောင်းမွန် ထိန်းသိမ်းထားပြီး  လူသားချင်းစာနာမူဆိုင်ရာ အကူအညီများ ပေးအပ် စောင့်ရှောက်ထား


မတ်လ၂၇ရက်


ကော့ဘိန်းနယ်မြေ ရဲစခန်းစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသောစစ်သုံ့ပန်းများနှင့်ရဲတပ်ဖွဲ့ဝင် မိသားစုများနှင့် ပတ်သက်ပြီး မတ်လ၂၇ရက်မှာ ဂဠုန်စစ်ကြောင်းက အခုလိုတရားဝင်အသိပေးဖော်ပြပါတယ်။


ကော့ကရိတ်မြို့နယ် ကော့ဘိန်း နယ်မြေရဲစခန်းအား ၃၁ ဗျူဟာ လက်အောက်ခံ မိမိတို့ ဂဠုန်စစ်ကြောင်း နှင့် KNU/ KNLA KNDO ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ များ ဖြစ်သော ကျားဖြူစစ်ကြောင်း တပ်ခွဲ Lion Battalion စစ်ကြောင်း၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) မွန်ပြည်သစ် ခွဲထွက် (AD) ဂဠုန်စစ်ကြောင်း Drone ( G2 / G3 )တပ်ဖွဲ့ KNDO တပ်ရင်း ( ) Drone အဖွဲ့ Alphabet Fixed Wing Drone တပ်ဖွဲ့ Saw Dragon Drone တို့ သည် ကော့ဘိန်းမြို့ တွင် စစ်ကောင်စီတပ်သားများ နောက်ဆုံးတပ်စွဲ ထားသော ကော့ဘိန်းနယ်မြေ ရဲစခန်း အား မတ်လ ၂၄ ရက်နေ့  မနက်ပိုင်း တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ နေ့လည် နာရီ ခန့်တွင် အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


စစ်ကောင်စီ တပ်သားများသည် နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ ဝင်မိသားစု များနှင့် ကလေးငယ် များကိုပါ ၎င်း တို့နှင့် အတူ ဓားစာခံများသဖွယ် အသုံးပြုခုခံသဖြင့်  ဂဠုန်စစ်ကြောင်း နှင့် ပူးပေါင်း တပ်ဖွဲ့များမှ ရဲဘော်များသည် မိသားစုဝင်များနှင့် ကလေးသူငယ်များ ဘေးကင်းလုံခြုံ စေရေး အတွက် အထူး သတိကြီးစွာ ထိုးဖောက် ဝင်ရောက်တိုက်ခဲ့ ရပါတယ်။


 တော်လှန်ရေး ရဲဘော်များ၏ စွန့်လွှတ်စွန့်စားမူ ကျွမ်းကျင် လိမ်မာ မူများကြောင့် ရဲတပ်ဖွဲ့ဝင်မိသားစုများနှင့် ကလေးသူငယ်များ အားလုံး ထိခိုက်မူ တစုံတရာ မရှိစေဘဲ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးထိုတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား များ နှင့် ကော့ဘိန်းနယ်မြေ ရဲစခန်း မှ  ရဲတပ်ဖွဲဝင် အမြောက်အများ ဖမ်းဆီးရရှိခဲ့ပါတယ်။


ဖမ်းဆီးရမိသောစစ်သုံ့ပန်းများနှင့်  ရဲတပ်ဖွဲ့ဝင် မိသားစုများအားစစ်ဥပဒေ နှင့်အညီ ကောင်းမွန် ထိန်းသိမ်းထားပြီး မိသားစုဝင်များ အား လူသားချင်းစာနာမူဆိုင်ရာ အကူအညီများ ပေးအပ် စောင့်ရှောက်ထားတယ်လို့အသိပေးဖော်ပြပါတယ်။


တိုက်ပွဲတွင်းဂဠုန်စစ်ကြောင်းမှ ရဲဘော် တစ်ဦး  မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ပူးပေါင်းတပ်ဖွဲ့ မှ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ ) ရရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ ညီညွတ်စွာ တိုက်ပွဲဝင်ရန် အချိန်ကျပြီဟု KNU ကာကွယ်ရေးဌာန တာဝန်ခံ ကြေညာ 


အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြတဲ့ရဲဘော်တွေအနေနဲ့ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရမယ့်အချိန်ကျပြီလို့ ကရင်အမျိုးသားအစည်းအရုံး-KNU ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောစဲဂေက မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။


တော်လှန်သောမျိုးချစ်ရဲဘော်များအား ကရင်အမျိုးသားအစည်းအရုံး- KNU ကာကွယ်ရေးဌာနမှူး၏ တိုက်တွန်း အားပေး စကားဆိုပြီး ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။။

KNU ကာကွယ်ရေးဌာနမှူး၏ကအားလုံး စုစည်းညီညွတ်စွာဖြင့် အောင်မြင်မှုပန်းတိုင်သို့ ရှေ့ဆက်လျှောက်လှမ်း တိုက်ပွဲ ဝင်ရန် အချိန်ကျရောက်ပြီလို့ KNU ကာကွယ်ရေးဌာနဌာနမှူးက ဦးစွာပထမ ပြောကြားထားပါတယ်။ 

KNU ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်တိုက်ဖျက်ရေး စစ်ရှိန်မြှင့်မယ့်အကြောင်း ယခင်ကတည်းက အသိပေးပြောကြားခဲ့တာတွေရှိခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကို ညွှန်းဆိုထားတဲ့ အခုလိုကြေညာ ချက်မျိုးကိုတော့ ကာကွယ်ရေးဌာနတာဝန်ခံက ပထမဆုံးအကြိမ် ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကရင်လူမျိုးနည်းတူ လူမျိုးတိုင်းရဲ့ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးကို ရဲဘော်တို့ရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်မှုအတွက် အလေးထားဂုဏ်ပြုအပ်ပါတယ်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ငြိမ်းချမ်းတဲ့ လူ့ဘောင်သစ် တည်ဆောက်ရန်အတွက် အသက်ပေးဆပ်သွားကြတဲ့ သူရဲကောင်း တော်လှန်သော မျိုးချစ်စစ်သည်တော်အားလုံးနဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်သူများကိုလည်း အမှတ်ရ ဂုဏ်ပြုအပ်ပါတယ်။ တော်လှန်ရေးသူရဲကောင်းများဟာ ကျနော်တို့ရဲ့ တန်းတူညီမျှမှု လွတ်လပ်မှုတွေကိုဖျက်ဆီးနေတဲ့ စစ်ကောင်စီ အကြမ်းဖက်အင်အားတစုကို ဆန့်ကျင်ပြီး အကာကွယ်ပေး ခဲ့ကြသူတွေပဲဖြစ်ပါတယ်လို့ KNU ကာကွယ်ရေးဌာန ဌာနမှူးက ပြောပါတယ်။


အချုပ်အားဖြင့်ဖေါ်ပြရလျှင်-

တော်လှန်သောမျိုးချစ်ရဲဘော်တို့အနေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုခြင်းနဲ့ စစ်ရေးအရ လုံခြုံရေးကို ထိခိုက်စေမယ့် အရာတွေကို ရှောင်ရှားပြီး KNU ရဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ KNLA က ချမှတ်ထားတဲ့ စစ်သည်တော်များ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို တိကျစွာလိုက်နာကျင့်သုံးဖို့လည်း ၎င်းက ထပ်မံသတိပေးထားပါတယ်။

ပြည်သူတရပ်လုံးနဲ့အတူ အမှန်တရားအတွက် အတူတကွ ရပ်တည်နေတဲ့ ရဲဘော်တို့အနေနဲ့ တဦးချင်း ကိုယ်စီကိုယ်ငှ အကောင်းဆုံးပေးဆပ်ပြီး စည်းလုံးညီညွတ်စွာနဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိအောင် ပြည်သူများနဲ့အတူ ဆက်လက် တိုက်ပွဲဝင်ကြဖို့ KNU ကာကွယ်ရေးဌာနမှူးက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၄။ ကျိုက်ထိုနယ်မှာစစ်ကောင်စီတပ် ခမရ () နှင့် ခလရ () ပူးပေါင်းတပ်ဖွဲ့မှ ညောင်ထောက်၊ ရှမ်းစု ရွာသား () ဦးအား သပြေနီရွာ၌ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့


မတ်လ ၂၇ ရက်


မွန်ပြည်နယ်၊ကျိုက်ထိုနယ်မှာ မတ်လ (၂၂) ရက်နေ့၊ နံနက် (၁၁) နာရီ (၁၅) မိနစ်က အာဏာသိမ်းစစ်ကောင်စီတပ် ခမရ () နှင့် ခလရ () ပူးပေါင်းတပ်ဖွဲ့မှ ညောင်ထောက်၊ ရှမ်းစု ရွာသား () ဦးအား သပြေနီရွာ၌ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မတ်လ၂၇ရက်မှာ စကစတပ်ရဲ့ကျူးလွန်မှုကို KNUဗဟိုကဖော်ပြပါတယ်။


စစ်ကောင်စီတပ်မှ ဖမ်းဆီး၍ သတ်ဖြတ်ခြင်းခံရသူမှာ ကေအဲန်ယူ - ကျိုက်ထိုမြို့နယ်၊ အလူးကျေးနယ် ညောင်ထောင့်၊ ရှမ်းစုကျေးရွာမှ (အဘ) ဦးမောင်မောင်၊ (အမိ) ဒေါ်ခင်သန်းတို့၏သားဖြစ်သူ အသက် (၃၃) နှစ်ရှိ ရှိန်းကိုကို () ဗိုလ်ရှိန်း ဖြစ်တယ်လို့သိရပါတယ်။


အဆိုပါစစ်ကောင်စီတပ်၊ တပ်မ (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ () နှင့် ခလရ () ပူးပေါင်းတပ်ဖွဲ့သည် ရန်ကုန်-မော်လမြိုင်လမ်းမ လုံခြုံရေးလှုပ်ရှားတပ်ဖွဲ့ဖြစ်ကြောင်းသိရပါတယ်။


========================


🚩🚩 ၅။ မြင်းခြံနယ် အိုင်းမကျေးရွာအုပ်ချုပ်ရေးမှူးကိုဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်၊ သေနတ်တလက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ


မန္တလေးတိုင်း မြင်းခြံမြို့နယ် အိုင်းမကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၆ ရက် မွန်းလွဲ နာရီခန့်အချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။


စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးဟာ အကြမ်းဖက်စစ်ကောင်စီကထုတ်ပေးထားတဲ့ ကာဘိုင်သေနတ်နဲ့ ပြန်လည်ခုခံပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲငယ်တခုဖြစ်ခဲ့တာပါ။

အခုလို အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးဟာ ၎င်းကိုုင်ဆောင်ထားတဲ့ သေနတ်ကို ပစ်ချပြီး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ကာဘိုင်‌သေနက် တလက် ကျည်ဘောက် ခု၊ ကာဘိုင်ကျည် ၄၃ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က အသိပေးထားပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နဲ့ ရွှေဂျိူးဖြူ - ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) စတဲ့ ညီနောင်မဟာမိတ်၂ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ခဲ့ဘူးလို့ သိရပါတယ်။ 


========================


🚩🚩 ၆။ မင်းလှနယ်မှ နာမည်ကြီး ပျူခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲက မင်းလှမြို့ပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ နာမည်ကြီး ပျူစောထီး ခေါင်းဆောင် မျိုးမြင့်အောင် () အောင်အောင်ဆိုသူကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။   

မင်းလှမြို့ အမှတ်- ရပ်ကွက် စက်ကြီးတန်းလမ်းမှာနေတဲ့ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင် () အောင်အောင်ဆိုသူ နေအိမ်ခြံဝင်းအတွင်းရှိနေစဥ် မတ်လ ၂၆ မွန်းလွဲ နာရီခွဲခန့်မှာ သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


ခြံဝင်းအတွင်း ချက် ပစ်ခတ်ခံလိုက်ရတာကြောင့် အိမ်အတွင်းသို့ ဝင်ပြေးချိန်မှာ နောက်ထပ် ၁ဝ ချက် ထပ်မံပစ်ခတ်ခံရ တာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ဖို့ကြိုးစားခဲ့ကြပေမယ့် လမ်းမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။


ပျူခေါင်းဆောင် မျိုးမြင့်အောင် ()အောင်အောင်ကို ပစ်ခတ်ရှင်းလင်းချိန်မှာ အိမ်အတွင်းမှာရှိနေတဲ့ ၎င်းရဲ့ဇနီးဖြစ်သူက အိမ်အပြင်ဘက်ပြေးထွက်လာပြီး တော်လှန်ရေးရဲဘော်တွေကို ကတ်ကြေးနဲ့ ဝင်ထိုးဖို့ကြံရွယ်ခဲ့တာကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ပေမယ့် စစ်ရေးပစ်မှတ်မဟုတ်တာကြောင့် အသက်ချမ်းသာရာပေးခဲ့တယ်လို့လည်း သိရပါတယ်။


 ပျူခေါင်းဆောင် မျိုးမြင့်အောင် ()အောင်အောင်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့သလို လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့အတူ ကင်းလှည့်တာ၊ ပြည်သူလူထု ကို လိုက်လံဖမ်းဆီးတာ၊ စစ်မှုထမ်းရန် ပြည်သူလူထုကို ဖိအားပေးစုဆောင်းတာနဲ့ တော်လှန်ရေးရဲဘော်များရဲ့သတင်းကို ထောက်လှမ်းပြီး စစ်ကောင်စီထံ သတင်းပေးနေတာကြောင့် အရေးယူရတာလို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထား ပါတယ်။ 


လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင် () အောင်အောင်ဆိုသူကို ပစ်ခတ်ရှင်းလင်းတဲ့ စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာလို့ သိရပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment