ရှမ်းပြည်တောင်ပိုင်းမှာ စစ်သားသစ်စုဆောင်းလာတာတွေရှိလို့ လူငယ်တွေ နေရပ်ကို စွန့်ခွာလာကြ…



ရှမ်းပြည်တောင်ပိုင်းမှာ စစ်သားသစ်စုဆောင်းလာတာတွေရှိလို့ လူငယ်တွေ နေရပ်ကို စွန့်ခွာလာကြ…

ကိုမြင့်သူ၊ (Radio NUG) မတ် ၂၇၊ ၂၀၂၄

(ရှမ်းအရှေ့ဒေသမှ တစ်ဆင့် ထိုင်းနိုင်ငံသိုထွက်ခွာလာကြသူများအား ပြီးခဲ့တဲ့ မတ်လလယ်က ဟိုပုံးမြိုတစ်နေရာတွေ တွေ့ရစဥ်)

စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက စစ်သားစုဆောင်းတာတွေ၊ စစ်မှုမထမ်း မနေရ ဥပဒေကို ထုတ်ပြန်လာတာတွေ စတာတွေကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင် စတဲ့ဒေသတွေက လူငယ်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ဟိုပုံးဒေသခံ ပအို့ဝ်လူမျိုး အဘိုးတစ်ဦးကတော့ လတ်တလော အခြေအနေကို အခုလိုပြောပါတယ်။

“ပြောမယ်ဆိုရင် ပြောလို့လည်း မကောင်းပါဘူးကွာ။ ငါတို့ PNO ရယ် PNA ရယ် ရှိတယ်။ PNO ဆိုတာက တို့ဗမာစစ်တပ်ရဲ့ လက်အောက်ပေါ့။ ဒါကြောင့် ခက်ပုံက အခုသူတို့ လူလည်း စုဆောင်းတယ်။ မလွယ်ဘူး။ ဒါပေမဲ့ ငါတို့လူမျိုးထဲမှာ PNO ရော၊ PNO က တို့ပ အိုဝ်းလူမျိုးပဲ။ PNA ဆိုလည်း တို့လူမျိုးပဲ။ ဒါ‌ပေမဲ့ PNA ကျတော့ တို့ ပြည်သူလူထုဘက်။ PNO ကျတော့ တို့ဗမာစစ်တပ် လက်အောက်ပေါ့။ မကာကွယ်နိုင်ဘူးလေ သူတို့။ သူများ ခိုင်းတိုင်း လုပ်တာပဲ”

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ ရက်ပေါင်း ၆၃ ရက်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဖြစ်ပွားနေဆဲပါ။ ပင်လောင်းမြို့ကနေ ရှမ်းပြည်နယ်အရှေ့ပိုင်းကတဆင့် ထိုင်းနိုင်ငံကိုထွက်ခွာသွားမယ့် လူငယ်တစုကတော့ သူတို့ရဲ့အခြေအနေကို လမ်းခုလတ်မှာ အခုလိုပြောပါတယ်။

“ပင်လောင်းဘက်တော့ ဖြစ်တယ်။ ဒီဘက်က မဖြစ်ဘူး။ စစ်တပ်နဲ့ နီးရင်တော့ စိုးရိမ်ရတယ်။ သတိထားရတာ။ အခုက ပင်လောင်းဘက်မှာဖြစ်တာကိုး။ စစ်ခေါ်မယ်ဆိုရင် တော့ လူငယ်တွေ အနာဂတ်က ပျောက်ကုန်တာပေါ့။ လူငယ်တွေ အနာဂတ် ပျောက်ကုန်တာပေါ့။ လူငယ်တွေ အနာဂတ်က ပျက်စီးကုန်တယ်။ ပင်လောင်းဘက်ကတော့ ဖြစ်တယ်။ ဒီဘက်ကမဖြစ်ဘူး။ စစ်တပ်နဲ့ နီးရင်တော့ စိုးရိမ်ရတယ်။ သတိထားရတာ။ အခုက ပင်လောင်းဘက်မှာဖြစ်တာကိုး။ စစ်ခေါ်မယ်ဆိုရင်တော့ လူငယ်တွေအနာဂတ်က ပျောက်ကုန်တာပေါ့။ လူငယ်တွေ အနာဂတ်ပျောက်ကုန်တာပေါ့။ လူငယ်တွေ အနာဂတ်က ပျက်စီးကုန်တယ်”

ရက်ပေါင်း ၆၃ ရက်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကာလမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု အကြိမ်ပေါင်း ၄၄၄ ကြိမ်နဲ့အထက်၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၂၂၅၂ ကြိမ်နဲ့ အထက်၊ အရပ်သား သေဆုံးမှု ၅၃၊ ထိခိုက်ဒဏ်ရာရရှိမှုက ၆၈ ဦး၊ အရပ်သား ဖမ်းဆီးခံရမှု ၂၀ ဦး၊ အဆောက်အဦ ထိခိုက်ပျက်စီးမှု ၄၉၁ လုံးနဲ့ စစ်ဘေးရှောင်ဦးရေ တသိန်းကျော် ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ကမတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဟိုပုံးဒေသခံ ပအိုဝ်းလူမျိုး အဘိုးတဦးကတော့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို အခုလို ဖြည့်စွက်ပြောပါတယ်။

“ပြည်သူလူထု ရွာထဲမှာ သူတို့ လာချပြီဆိုရင် ပြည်သူလူထုပဲ နာတယ်လေ၊ သူတို့က သူပုန်သတ်မှတ်တာပေါ့ကွာ။ ဘယ်လို ပြောရမလဲ ပြည်သူလူထုဘက်ပေါ့၊ ပြည်သူလူထုဘက်ကတော့ တော်ထဲမှာ နေတယ်ဆိုရင် တောထဲမှာသွားတိုက်တယ်။ ရွာထဲမှာ သူတို့ထိ နေရင် သူတို့ ချလိုက်တယ်။ အဲဒီတော့ အလကားသေတာများတယ်။ တောဘက်မှာ၊ တောင်ပေါ်မှာ။ မဲနယ်တောင်ဘက်မှာ”

စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေက တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် လူ ငယ်တွေအတွက် နိုင်ငံကို ရရာနည်းလမ်းနဲ့ စွန့်ခွာဖို့ ဖြစ်လာစေပြီး အခက်အခဲ အကျပ်အ တည်းတွေနဲ့ ပိုပြီးရင်ဆိုင်လာရစေပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးကထုတ်ပြန်ထားသော ရှမ်းတောင်ဒေသ စစ်ပွဲများဖြစ်ပွားရာ ဒေသများအားတွေ့ရစဥ်
Share:

No comments:

Post a Comment