2nd MAR 2024 - Evening Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။"ဖက်ဒရယ်ရေးရာဝန်ကြီးနှင့် NUGသမ္မတရုံးပြောခွင့်ရတို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ Parliamentary Secretary နှင့် တွေ့ဆုံ၍မြန်မာ့အရေး ကနေဒါနိုင်ငံ၏ ထောက်ခံ အားပေးမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

📌 ၂။ NUG ဝန်ကြီးများ အမေရိကန်ပြည်ထောင်စု DC & Tri-States မိသားစုများနှင့် တွေ့ဆုံခဲ့

📌 ၃။ ဘာသာရေးလူမျိုးရေးမှိုင်းအမျိုးမျိုးတိုက်ပြီး နိုင်ငံရေးထွက်ပေါက်ရှာတတ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လှည့်ကွက်တွေကိုသတိရှိဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား

📌 ၄။ အကြမ်းဖက်စစ်အာဏာရူးတွေအဖို့ ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖို့ဆိုတာ  လုံးဝ မဖြစ်နိုင်တော့ဘူး"လို့လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြော

📌 ၅။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့ မြန်မာအင်အားစုများ စုဝေး၍ မြန်မာအရေးတောင်းဆို


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်မှုထမ်းဥပဒေဆန့်ကျင်ရန် အပါအဝင် ရှောင်ရှားရမည့်အချက်များ KNU တပ်မဟာ ထုတ်ပြန်

🚩 ၂။ မြိုင်မြို့နယ်ရှိ ကျောက်ခွက် ရေနံမြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာသွားဖြင့် တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း 

🚩 ၃။ လှည်းကူးမြို့နယ် Zero Mile တွင် စစ်ဆေးနေသောစစ်အုပ်စုကို တိုက်ခိုက်မှု ဦးသေဆုံး

🚩 ၄။ မုံရွာ- ချောင်းဦးလမ်းပိုင်းတွင် စစ်သားများတင်ဆောင်လာသော Jammer ကား စီးကို မိုင်ဆွဲတိုက်ခိုက်

🚩 ၅။ ကျောက်ကြီးတွင် စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု အိမ် လုံးနှင့် ဆေးခန်း ပျက်စီး

🚩 ၆။ သာယာဝတီခရိုင်တွင် PDF ရဲဘော်များ၏ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။"ဖက်ဒရယ်ရေးရာဝန်ကြီးနှင့် NUGသမ္မတရုံးပြောခွင့်ရတို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ Parliamentary Secretary နှင့် တွေ့ဆုံ၍မြန်မာ့အရေး ကနေဒါနိုင်ငံ၏ ထောက်ခံ အားပေးမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး


မတ်လ၂ရက်


ကနေဒါအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ Parliamentary Secretary မစ္စတာ Rob Oliphant နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ နိင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်တို့သည် မတ်လ ရက် နေ့က ကနေဒါနိုင်ငံ၊ အော်တဝါမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရပ်ရပ်နှင့်  မြန်မာ့အရေး ကနေဒါနိုင်ငံ၏ ထောက်ခံ အားပေးမှုဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြား တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြပါတယ်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ပြောခွင့်ပုဂ္ဂိုလ်တို့အား Parliamentary Friends of a Democratic Burma ပူးတွဲ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် Adam Chambers က ကနေဒါ အောက်လွှတ်တော်တွင်း လှည့်လည် ပြသခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ NUG ဝန်ကြီးများ အမေရိကန်ပြည်ထောင်စု DC & Tri-States မိသားစုများနှင့် တွေ့ဆုံခဲ့


မတ် ၂၊ ၂၀၂၄


ဝါရှင်တန်ဒီစီအချိန်၊ မတ် ရက် နေ့ခင်းမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့  စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါ်ခင်မမမျိုး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦး တို့ က ဝါရှင်တန်ဒီစီ နဲ့ အိမ်နီးချင်း ပြည်နယ် - DC မေရီလန်း၊ ဗားဂျီးနီးယား နဲ့ ပင်ဆီဗေးနီးယား ဒေသရောက် မြန်မာများနဲ့ တွေ့ဆုံ ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရံပုံငွေရှာဖွေရေးနှင့် နွေဦး ဖွံ့ဖြိုးရေးဘဏ်အကြောင်း ရှင်းလင်းတင်ပြခြင်း၊ အသွင်ကူးပြောင်းရေးကာလ စီးပွားရေးဆိုင်ရာ ပြင်ဆင်မှုများနှင့် ဖက်ဒရယ် စနစ်အတွက် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု၊ သဘာဝအရင်းအမြစ်များ ခွဲဝေမှုဆိုင်ရာ ပြင်ဆင်မှုများအကြောင်းတို့အပြင် လက်ရှိ အခွန်ငွေနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်

NUG သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်နဲ့ ဖိတ်ကြားထားသည့် တွေ့ဆုံပွဲများအကြောင်းကို အမေရိကန်ရောက် မြန်မာများက အထူးစိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။


========================


📌📌 ၃။ ဘာသာရေးလူမျိုးရေးမှိုင်းအမျိုးမျိုးတိုက်ပြီး နိုင်ငံရေးထွက်ပေါက်ရှာတတ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လှည့်ကွက်တွေကိုသတိရှိဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား


မတ်လ၂


ဘာသာရေးလူမျိုးရေးမှိုင်းအမျိုးမျိုးတိုက်ပြီး နိုင်ငံရေးထွက်ပေါက်ရှာတတ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လှည့်ကွက်တွေကိုသတိရှိဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ၂ရက်မှာ ပြောကြားလိုက်ပါတယ်။


"ဘာသာရေးလူမျိုးရေးမှိုင်းအမျိုးမျိုးတိုက်ပြီး နိုင်ငံရေးထွက်ပေါက်ရှာတတ်တာ စစ်တပ်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ ဓါတ်ပြားဟောင်းတချပ်ဘဲ။ လှည့်ကွက်တွေကိုသတိရှိဖို့လိုအပ်တယ်။ 

 မဖြစ်အောင် ဝိုင်းဝန်းတားဖို့လိုအပ်တယ်။ဖန်တီးသူကို တွန်းလှန်ဖို့လည်းလိုအပ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ လက်ရှိမှာ တိုင်းရင်းသားနယ်မြေများအတွင်း လူမျိုးရေး၊ဘာသာရေးကို အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ အမုန်းပွားအောင်လုပ်ဆောင်နေမှုများရှိနေပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အာဏာရူးတွေအဖို့ ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖို့ဆိုတာ  လုံးဝ မဖြစ်နိုင်တော့ဘူး"လို့လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြော


မတ်လ၂ရက်


မတ်လ၂ရက်တွင်  မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုအသိပေးပြောကြားလိုက်ပါတယ်။


"ဒီတော်လှန်ရေးကာလတွေအတွင်း ကျနော် ခရီးတွေ အများကြီးထွက်ဖြစ်ရင်း ပြည်သူတွေ အများကြီးနဲ့ တွေ့ဖြစ်တယ်။ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ဆုံဖြစ်တယ်။ တော်လှန်ရေး နောင်တော်တွေဖြစ်ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) များစွာက ခေါင်းဆောင်ပေါင်းများစွာနဲ့လည်း ဆုံဖြစ် ကြုံဖြစ်ရင်း သူ့အမြင် ကိုယ့်အမြင် နှီးနှောဖလှယ်ဖြစ်တယ်။ဒီအတွေ့အကြုံပေါင်းများစွာ၊ အသိအမြင်ပေါင်းများစွာကနေ တော်လှန်ရေးနဲ့ပတ်သတ်ပြီး အနှစ်ချုပ်ကြည့်နိုင်တဲ့ ကောက်ချက်တွေ ရှိပါတယ်။ဒီပွဲမှာ အကြမ်းဖက်စစ်အာဏာရူးတွေအဖို့ ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖို့ဆိုတာ အနုနည်းပဲသုံးသုံး၊ အကြမ်းနည်းပဲလာလာ လုံးဝ မဖြစ်နိုင်တော့ဘူး"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။


၂၀၂၃ ခုနှစ်မှာ စစ်ရေးအရှိန်ကိုမြှင့်တင်နိူင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲများကို တော်လှန်ရေးအင်အားစုများကဆင်နွှဲနိူင်ခဲ့ပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့ မြန်မာအင်အားစုများ စုဝေး၍ မြန်မာအရေးတောင်းဆို


မတ်လ၂ရက်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့ မြန်မာအင်အားစုများ စုဝေး၍ မြန်မာအရေးတောင်းဆိုခဲ့ကြပါတယ်။


အမေရိကန်စံတော်ချိန် မတ်လ၁ရက်နေ့မှာ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့စုဝေးခဲ့ကြပါတယ်။


စုဝေးရာမှာ မြန်မာအရေးကို မြန်မာပြည်သူများ၏ ဆန္ဒသဘောထားအတိုင်း လိုက်လျောပေးရန်တို့အပါအဝင် မြန်မာအရေးကိုအလေးထားရန်တို့ပါဝင်ပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုများကိုပါရှင်းလင်းပြောကြားကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးများကိုပါဟောပြောခဲ့ကြပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ စစ်မှုထမ်းဥပဒေဆန့်ကျင်ရန် အပါအဝင် ရှောင်ရှားရမည့်အချက်များ KNU တပ်မဟာ ထုတ်ပြန်


တိုင်းပြည်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာရှင် စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ကြဖို့နဲ့ ရှောင်ရှားရမယ့်အချက်တွေကို ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ - မူတြော်ခရိုင်က မတ်လ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မူတရော်ခရိုင်လို့ခေါ်တဲ့ ဖာပွန်ခရိုင်ထဲက ပြည်သူလူထုအားလုံး စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ကြဖို့နဲ့ ထောက်ခံအားပေးတာ ဝင်ရောက်တာတွေ လုံး၀မပြုကြဖို့ အသိပေးထားပါတယ်။

မြို့နေပြည်သူတွေအနေနဲ့ အတင်းအကြပ် ဖိအားပေးမှုတွေနဲ့ရင်ဆိုင်လာရပြီဆိုရင်  နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင် ခိုလှုံဖို့ အသိပေးထားပြီး လာရောက်ခိုလှုံတဲ့ကျေးရွာတွေက တာဝန်ရှိသူတွေရဲ့ လမ်းညွှန်မှုနဲ့ကူညီစောင့်ရှောက်မှုရရှိနိုင်စေဖို့ အမည်စာရင်းအတိအကျပေးဖို့ နှိုးဆော်ထားပါတယ်။

 ထို့အပြင် အခက်အခဲအကြပ်အတည်းဖြစ်လာရင် နီးစပ်ရာရှေ့တန်းဒေသက တာဝန်ရှိသူတွေထံ ချက်ချင်းအသိပေး အကြောင်းကြားဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုထုတ်ပြန်ချက်ကိုသိရှိပြီး မလိုက်နာဘဲ စစ်အာဏာရှင်အုပ်စုရဲ့ ခိုင်းစေချက်အတိုင်း လိုက်နာလုပ်ဆောင်မယ်ဆိုရင် စစ်အာဏာရှင်အလိုကျနဲ့ စစ်အုပ်စုအဖွဲ့ဝင်လို့ သတ်မှတ်ခြင်းခံရမယ်လို့လည်း သတိပေးထားပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိမှု၊ ထွက်ပြေးတာ၊ လက်နက်ချအညံ့ခံတာနဲ့   ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့သူ များနေတာကြောင့် တပ်အင်အားလျော့နည်းချည့်နဲ့လာတဲ့အခြေအနေမှာ စစ်မှုမထမ်းမနေရ ဥပဒေကိုအသက်သွင်းပြီး တပ်အင်အားကိုပြန်လည်ဖြည့်ဆည်းနိုင်ဖို့ အတင်းအဓမ္မနည်းနဲ့ ဆောင်ရွက်နေတာလို့ စစ်ရေးလေ့ လာနေသူတွေက ပြောပါတယ်။

KNU ဗဟိုကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ တနိုင်ငံလုံး စစ်နွံ့အတွင်း ကျရောက်စေဖို့ လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်အာဏာသက်ဆိုးရှည်စေမယ့် လုပ်ရပ်ဖြစ်တာကြောင့် ဒီလုပ်ရပ်ကိုဆန့်ကျင်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

ထို့ပြင် မျိုးဆက်သစ်လူငယ်တွေနဲ့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးကလည်း စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ဥပဒေ အကောင်အထည်ဖော်မှုလုပ်ငန်းတွေမှာ မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှုလုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့ တွေမှာ ပူးပေါင်းပါဝင်ခြင်း၊ အချင်းချင်း အကာအကွယ်ပေးတဲ့လုပ်ငန်းတွေအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နေတဲ့ ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ မြိုင်မြို့နယ်ရှိ ကျောက်ခွက် ရေနံမြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာသွားဖြင့် တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း 


မကွေးတိုင်း မြိုင်မြို့နယ်မှာရှိတဲ့ ကျောက်ခွက်ရေနံမြေရဲစခန်းမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ပျူစောထီး တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ဝင်ရောက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေ ဆီက သိရပါတယ်။

မြိုင်မြို့နယ်ထဲက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ပိုင် Well 2 ရေနံမြေ ကျောက်ခွက်ရဲကင်းစခန်းမှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖေဖော်ဝါရီ ၂၉ ရက် မနက်အစောပိုင်းမှာ ဝက်ပုတ်ပျူစောထီး ကျေးရွာကထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ခေါ်ထုတ်သွားတာလို့ဆိုပါတယ်။

အဆိုပါစစ်ကောင်စီအုပ်စု စခန်းစွန်ခွာသွားတာကြောင့် စခန်းအတွင်းရှိဘန်ကာတွေကို မီးရှို့ဖျက်ဆီးကာ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ကျောက်ခွက်ရေနံမြေရဲကင်းစခန်းဟာ ယခင်က အမှတ်၂ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်စိပ်တစိတ်သာ  အထိုင်ချထားပေမယ့် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က တိုင်းပြည်အာဏာကို မတရားလုယူ သိမ်းပိုက်ပြီးနောက် မြိုင်မြို့နယ် သရက်ကန်ရဲစခန်းက ရဲနဲ့ စစ်သားတွေ လာရောက်ပူးပေါင်းခဲ့ပြီး ဘန်ကာတွေ တည်ဆောက်ကာ အခိုင်အမာတပ်စွဲနေထိုင်တဲ့စခန်းတခုလို့ သိရပါတယ်။


========================


🚩🚩 ၃။ လှည်းကူးမြို့နယ် Zero Mile တွင် စစ်ဆေးနေသောစစ်အုပ်စုကို တိုက်ခိုက်မှု ဦးသေဆုံး


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် Zero Mile မှာ ခရီးသွားပြည်သူတွေစစ်ဆေးပြီး ငွေကြေးတောင်းခံနေတဲ့စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးသွားတယ်လို့ Yangon Army တပ်ဖွဲ့ထံက သိရပါတယ်။

လှည်းကူးမြို့နယ် Zero Mile ဂိတ်မှာ ခရီးသွားပြည်သူတွေကိုစစ်ဆေးနေတဲ့ စစ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေကို မတ်လ ရက်နေ့ ညနေ နာရီ မိနစ် ၄ဝ ခန့်အချိန်မှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ဦး၊ ယာဉ်ထိန်းရဲ ဦး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။ 

ထိုတိုက်ခိုက်မှုကို Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

မိုင်းခွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် ခရီးသွားပြည်သူတွေရဲ့ ကားတွေကို အကြမ်းဖက်စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တင်းကြပ်စွာစစ်ဆေးခဲ့တယ်လို့ ခရီးသွားပြည်သူအချို့က ပြောပါတယ်။ 

Yangon Army တပ်ဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ဒဂုံမြို့နယ်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုပိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္မဏီ မိုင်တဲလ် ရုံးချုပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

 ပြည်သူလူထုကိုဖိနှိပ်အနိုင်ကျင့်နေတဲ့ စစ်အေုပ်စုကို ဆက်လိုက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကို ရှောင်ကျဉ်ကြဖို့ Yangon Army က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မုံရွာ- ချောင်းဦးလမ်းပိုင်းတွင် စစ်သားများတင်ဆောင်လာသော Jammer ကား စီးကို မိုင်ဆွဲတိုက်ခိုက်


 စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ကစစ်သားတွေတင်ဆောင်ပြီး မုံရွာဘက်ကိုထွက်လာတဲ့ Jammer ကား စီးကို မုံရွာ- ချောင်းဦးလမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ AREA71 PDF Monywa အဖွဲ့က ထုတ်ပြန်ပါတယ်။

မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေ မတ်လ ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေမပါတဲ့ Jammer ကား စီး မြင်းမူနယ် ဘိုးမင်းကြီးကင်းရွာဘက်ကိုထွက်လာတယ်လို့ သတင်းရပေမယ့် တိုက်ခိုက် မှု မလုပ်သေးဘဲ စောင့်ဆိုင်းနေခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် အဆိုပါစစ်ယာဉ်တန်းဟာ မတ်လ ရက် ယနေ့ မနက် နာရီခွဲခန့်အချိန်မှာ ဘိုးမင်းကြီးကင်းရွာဘက်က စစ်သားတွေကိုတင်ပြီး ချောင်းဦးမြို့ရှိ မြပုလဲစက်သုံးဆီဆိုင်မှာ တထောက်နားကာ မုံရွာဘက်ကို ကားမီးတွေပိတ်ပြီး မောင်းနှင်လာတယ်လို့ သိရပါတယ်။

စစ်သားအင်အားအပြည့်ပါတဲ့ အဆိုပါ Jammer ကား စီးကို ချောင်းဦး-မုံရွာ လမ်းပိုင်းတနေရာမှာ မိုင်းပွိုင့်စောင့်တဲ့ ရဲဘော်တွေက ပေါက်ကွဲအားပြင်းတဲ့ မိုင်း လုံးတွဲနဲ့ အနီးကပ် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ထို Jammer ကား စီးအနက် စီးမြောက်ကား မိုင်းထိမှန်သွားတာကြောင့် မိုင်းကွင်းနဲ့မလှမ်းမကမ်းမှာ ထိုးရပ်သွားခဲ့ပြီး ကားပေါ်က စစ်သားတွေဟာ လမ်းဘေးဝဲယာကိုသေနတ်တွေနဲ့ တရစပ် ရမ်းသမ်းပစ်ခတ်ကြတယ်လို့ ဆိုပါတယ်။

အနီးကပ် မိုင်းဆွဲတိုက်ခိုက်ရပေမယ့် ပွိုင့်စောင့်ရဲဘော်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပြန်လည်ပစ်ခတ်နေမှုကြားကနေ  ခက်ခက်ခဲခဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပြီး အထိအခိုက်အပွန်းပဲ့မရှိဘဲ သက်ဆိုင်ရာနေရာအသီးသီးကို ပြန်လည်ရောက်နေပြီ လို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။  

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို AREA71 PDF Monywa အဖွဲ့နဲ့ ANYA DEFENCE FORCE အဖွဲ့တို့ပူးပေါင်းပြီး ဖောက်ခွဲ တိုက်ခိုက်ခဲကြတာလို့ သိရပါတယ်။

AREA71 PDF Monywa အဖွဲ့ရဲ့  ထုတ်လုပ်ရေးစခန်းဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကပဲ စစ်ကောင်စီတပ်ရဲ့စီးနင်းခြင်းကို ခံခဲ့ရပြီး လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း ၈ဝ ဖိုးခန့်ရှိတဲ့ပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရ တော်လှန်ရေးတပ်ဖွဲတခု ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကျောက်ကြီးတွင် စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု အိမ် လုံးနှင့် ဆေးခန်း ပျက်စီး


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ခလယ်လွီထူးခရိုင် လယ်ဒိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အိမ် လုံးနဲ့ ဆေးခန်း ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 

ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၉ ရက်အထိ ရက်တာအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်ရာ ကျေးရွာတွေ ကို လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ပစ်ခတ်ခြင်း စုစုပေါင်း ၃၆ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် ၃၀၃ လုံး ပစ်ခတ်ခဲ့ တာကြောင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ တဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်  နွား   ကောင် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဘာဘူကုန်းကျေးရွာမှာ နေရာယူထားတဲ့ အကြမ်းဖက်စစ်တပ်က ဇီးကုန်းကျေးရွာကို လက်နက်ကြီး လုံးပစ်ခတ်ခဲ့တာကြောင့် ဇီးကုန်းကျေးရွာက အိမ် လုံး ထိခိုက်ပျက်စီးခဲ့သလို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ စင်း၊ MI-35 တစင်းက ထီးမိုဂီထာရဲစခန်းနဲ့ ကျွန်းတောစခန်းကို ဗုံးကြဲခြင်း၊  အော်လီဂန်းဖြင့်ပစ်ခတ်ခြင်း စုစုပေါင်း ၁၄ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် အချုပ်ခန်းမှာ ဖမ်းခံထားရတဲ့ စစ်တပ်ထောက်တိုင် ဇရပ်ခင်ကျေးရွာက အသက် ၄၅ နှစ်အရွယ် သန်းဇော်ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထား ပါတယ်။  

ထို့ပြင် ကျွန်းတောစခန်းရှိ KNLA လက်အောက်ခံတပ်ဖွဲ့ဝင် ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က ဟောင်ဝစ်ဇာလက်နက်ကြီးဖြစ်တဲ့ ၁၅၅ မမ တွေနဲ့ ပစ်ခတ်သလို နတ်သံကွင်း တံတားထိပ်နဲ့ ကုန်းချောင်းဝကျေးရွာမှာ နေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ၆၀ မမ လက်နက်ကြီး တွေနဲ့ နတ်သံကွင်းဆေးရုံနဲ့တံခွန်တိုက်ရပ်ကွက်ကို ပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ အသိပေးထား ပါတယ်။

ထိုသို့ အကြမ်းဖက်စစ်တပ်က ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် ၁၂ဝ မမ လက်နက်ကြီးများ၊ ၆ဝ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင့် ဒေသခံပြည်သူတွေရဲနေအိမ်တွေပျက်စီးခဲ့သလို ကညင်ကျိုးကျေးရွာက ဆေးခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက မတ်လ ရက်မှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ သာယာဝတီခရိုင်တွင် PDF ရဲဘော်များ၏ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အရှေ့ဘက်မှာရှိတဲ့ ပဲခူးရိုးမအတွင်းက လွတ်မြောက်နယ်မြေ တနေရာမှာ PDF ရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ Phoenix D F က PDF ရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ Phoenix D F  တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် သင်တန်းဆင်းပွဲကို ဖေဖေါ်ဝါရီ ၂၈ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို ချီတက်အလေးပြုခြင်း၊ စစ်‌ရေးပြ ခြင်း၊ ဆုချီးမြှင့်ခြင်းတို့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ရင်းမှူးက မိန့်ခွန်းအမှာစကားပြောကြားခဲ့ပြီး တပ်ခွဲ တပ်ခွဲမှူး ဗိုလ်မိုးကြိုးနဲ့ တာဝန်ဝန်ရှိသူတွေက ထူးချွန်စစ်သည်ရဲဘော်တွေကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့တာကို ဓာတ်ပုံ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ရက်နေ့ကလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ နတ်စစ်သည်တပ်ဖွဲ့က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment