30th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ပြီဖြစ်ကြောင်း NUG ကြေညာ

📌 ၂။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းနေသော K3C ခေါင်းဆောင်များနှင့် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ တွေ့ဆုံဆွေးနွေး

📌 ၃။ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦးကို အကြမ်းဖက် စစ်တပ်ကပစ်သတ်ပြီး မိသားစုကို ရုပ်အလောင်းပြန်မပေး


၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆားလင်းကြီးမြို့နယ်သို့ စစ်တပ်စစ်ကြောင်းဝင်ရောက်လာသည့်အတွက် မီးဖွားပြီးစ အမျိုးသမီးတဦး သွေးလန့်သေဆုံး 

🚩 ၂။ နေပြည်တော် စစ်ရေးပြအခမ်းအနားမှပြန်လာသည့်စစ်ယာဉ်တန်းကို ရေတာရှည်မြို့အဝင်တွင် တော်လှန်ရေး အဖွဲ့ မိုင်းဆွဲမှု အရာရှိအပါအဝင် ဦးသေဆုံး

🚩 ၃။ ပခုက္ကူမြို့နယ်အတွင်း စစ်ရေးအရှိန်မြှင့်ရန် PDF ၃ဖွဲ့ပူးပေါင်းစုဖွဲ့ခြင်းနှင့် လက်နက်တပ်ဆင်မှုပြုလုပ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ပြီဖြစ်ကြောင်း NUG ကြေညာ


မတ် ၃၀ ၂၀၂၄


အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်တွေနဲ့ပတ်သက်ပြီး တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်မယ့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၃ဝ ရက်နေ့မှာ ကြေညာလိုက် ပါတယ်။


အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရတဲ့ ပြည်သူလူထုရဲ့ စိတ်သောက သက်သာရာရစေရန်နဲ့ လိုအပ်တဲ့အကူအညီနဲ့ အထောက်အပံ့တွေ တတ်နိုင်သမျှ ချိတ်ဆက်ပံ့ ပိုးပေးနိုင်ဖို့ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရေးရာဝန်ဆောင်မှုတခုအဖြစ် Telegram Channel - https://t.me/nugpublicaffairsbot ကို မှတ်လ ၃ဝ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

လတ်တလောမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုအဖြစ် အဓမ္မစစ်သားစုဆောင်းမှုနဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နေ့စဉ် မနက် ၁၀ နာရီကနေ ၁၀ နာရီအထိ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်အုပ်စုကလုပ်ဆောင်နေတဲ့ အတင်းအဓမ္မစစ်သားစုဆောင်းမှုရဲ့ ဆိုးကျိုးကို ခံစားနေကြရတဲ့ ပြည်သူလူထု တရပ်လုံးအနေနဲ့ အဆိုပါ Channel ကနေတဆင့် သိရှိလိုတွေ မေးမြန်းတာ၊ အကြံဉာဏ် တောင်းခံတာ၊ အကူအညီ တောင်းခံတာ၊ တိုင်ကြားတာနဲ့ သတင်းပေးတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

Channel တာဝန်ခံအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရုံးဌာနတွေနဲ့ ချိတ်ဆက်ပြီး မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာန များသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မယ့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု၊ သတင်းပေးမှုများကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ အသိပေးထားပါတယ်။

ပြည်သူ့ရေးရာဝန်ဆောင်မှုအဖွဲ့က ပြည်သူလူထုတရပ်လုံး လွယ်ကူစွာအသုံးပြုနိုင်ဖို့ တယ်လီဂရမ်ချန်နယ် အသုံးပြုနည်း လမ်းညွှန်ကိုပါ တပါတည်း ထုတ်ပြန်ပေးထားပါတယ်။


ဒါ့ကြောင့် တိုင်းရင်းသားပြည်သူလူထုအနေနဲ့ အဓမ္မစစ်သားစုဆောင်းခြင်းဖြင့် ထပ်မံဖိစီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ် စု သက်ဆိုးရှည်စေဖို့ လုပ်ကိုင်ဆောင်ရွက်နေတာတွေမှာ ပူးပေါင်းခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြဖို့ NUG က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းနေသော K3C ခေါင်းဆောင်များနှင့် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ တွေ့ဆုံဆွေးနွေး


မတ် ၃၀ ၂၀၂၄


မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းနေတဲ့ K3C မဟာမိတ်တပ်ဖွဲ့မှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က တွစ်တာ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းနေကြတဲ့ K3C လို့ခေါ်တဲ့ KIA KNU KNPP CNF စတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တာလို့ သိရပါတယ်။ 


အဲဒီလိုတွေဆုံရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကူညီထောက်ပံ့ရေးများလုပ်ငန်းတွေ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သလို မြန်မာပြည်သူတွေ ကောင်းမွန်သောအနာဂတ်တည်ဆောက်ရရှိရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါ တယ်။  

အမေရိကန်ကွန်ကရက်က Burma ACT Fund 2024 အတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့ကူညီပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သမ္မတဘိုင်ဒန် လက်မှတ်ထိုး အတည်ပြုခဲ့တာရှိပါတယ်။

အမေရိကန်ကွန်ကရက်ရဲ့ အတည်ပြုချက် ထွက်ရှိလာပြီးနောက်မှာ K3C လိုခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet တို တွေ့ဆုံဆွေးနွေးခဲ့ကြတာဟာ စစ်လက်နက်မဟုတ်တဲ့ နည်းပညာ အကူအညီအတွက် တွေ့ဆုံခဲ့တာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်ထားကြပါတယ်။


ကရင်အမျိုးသားအစည်းအရုံး KNU ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ KNPP ကချင်လွတ်လပ်ရေးအဖွဲ့ KIO ချင်းအမျိုးသားတပ်ဦး CNF တို့ဟာ NUG နဲ့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ဘုံသဘောတူညီချက် လမ်းပြမြေပုံကို ပူးတွဲထုတ်ပြန်ကြေညာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ဖြစ်ပါတယ်။


========================


📌📌 ၃။ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦးကို အကြမ်းဖက် စစ်တပ်ကပစ်သတ်ပြီး မိသားစုကို ရုပ်အလောင်းပြန်မပေး


မတ် ၃၀ ၂၀၂၄


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးတော့ မိသားစုကို ရုပ်အလောင်းပြန်မပေးသေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ပါတယ်။


အဆိုပါ အကြမ်းဖက် စစ်ကောင်စီလက်ပါးစေတွေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို မိသားစုက မတ်လ ၂၀ ရက်နေ့မှာ ထောင်ဝင်စာ သွားတွေ့ရာ တွေ့ခွင့်မရရှိခဲ့ဘဲ မတ်လ ၂၃ ရက်နေ့မှာ သေဆုံးကြောင်းကို အဲဒီအကြမ်းဖက် ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ မိသားစုဝင်တွေကို ကိုဝင်းသီဟရဲ့ ရုပ်အလောင်းကို ပြန်မပေးသေးဘူးလို့ သိရပါတယ်။


ပြီးခဲ့ မတ်လ ၁၅ ရက်နေ့မှာ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်ကို အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် တွေက ဝင်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။


အဲဒီအချိန် အကျဉ်းထောင်အတွင်း မိုဘိုင်းဖုန်း တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားအချို့ကို တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ AAPPက ဖော်ပြပါတယ်။


အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို အကြမ်းဖက် စစ်တပ်ရဲ့ အကျဉ်းထောင် ဝန်ထမ်းတွေက အဆိုပါ ကိစ္စမေးမြန်းဖို့ဆိုပြီး မတ်လ ၁၆ရက်မှာ အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်ခဲ့ရာက ထွက်ပြေးဖို့ ကြိုးစားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးမှာ သေဆုံးသူ အမျိုးသား (၁၀) ဦး၊ ရဲစခန်းမှာ သေဆုံးသူ အမျိုးသား () ဦးနဲ့ အကျဉ်းထောင်များမှာ သေဆုံးသူ အမျိုးသမီး () ဦးနဲ့ အမျိုးသား () ဦး၊ စုစုပေါင်း (၁၉) ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆားလင်းကြီးမြို့နယ်သို့ စစ်တပ်စစ်ကြောင်းဝင်ရောက်လာသည့်အတွက် မီးဖွားပြီးစ အမျိုးသမီးတဦး သွေးလန့်သေဆုံး 


မတ်လ ၃၀၊၂၀၂၄


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကံကုန်းရွာကို အကြမ်းဖက်စစ်တပ်က စစ်ကား စီး ဝင်လာတဲ့အတွက် မီးဖွားပြီးစ အမျိုးသမီးနဦး သွေးလန့်ပြီး သေဆုံးခဲ့ရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ 


မတ်လ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က သံပြာကာကား စီး  ဆားလင်းကြီးမြို့နယ် ကံကုန်းရွာကို ဝင်ရောက်လာတာကြောင့် မီးဖွားပြီး နာရီပိုင်းသာရှိသေးတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ရပြီး ကျေးရွာနေပြည်သူများလည်း ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

သွေးလန့်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး လူမမယ်ကလေးငယ် ဦးမိခင်ဖြစ်ကာ သေဆုံးချိန်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ နှစ်သားအရွယ် ကလေးငယ်တဦးနဲ့ မွေးကင်းစကလေးငယ် ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်တပ်ရဲံ စစ်ကား စီးဟာ အနီးနားက ကျေးရွာတွေကိုပါ ဆက်လက် ဝင်ရောက်ခဲ့ တာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူတွေဟာ ယာယီစစ်ဘေးရှောင်ခဲ့ရတယ်လို့ ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက သတင်းနဲ့ပြန်ကြားရေးက အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ် သံပြားကာ စစ်ကားတစီးဟာ အေးကုန်းရွာက အေးကုန်းဘုန်းကြီးကျောင်းမှာ ညအိပ် တပ်စွဲခဲ့သလို အခြားတစီးကလည်း ကံကုန်းရွာမှာ ညအိပ်တပ်စွဲခဲ့တယ်လို့ ပြောပါတယ်။ 

အဆိုပါစစ်ကောင်စီစစ်ကားတွေကြောင့် လက်ရှိမှာ ကျေးရွာ ရွာက ဒေသခံပြည်သူတွေ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ 


========================


🚩🚩 ၂။ နေပြည်တော် စစ်ရေးပြအခမ်းအနားမှပြန်လာသည့်စစ်ယာဉ်တန်းကို ရေတာရှည်မြို့အဝင်တွင် တော်လှန်ရေး အဖွဲ့ မိုင်းဆွဲမှု အရာရှိအပါအဝင် ဦးသေဆုံး


မတ် ၃၀ ၂၀၂၄


နေပြည်တော်မှာကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနာကနေပြန်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့က ရေတာရှည်မြို့ အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ဦးသေဆုံးသွားတယ်လို့ ဒေါင်းမင်းသား ညီနောင်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ 

ဖက်ဆစ်တော်လှန်ရေး စစ်ရေးပြအခမ်းအနားကပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၂၈ ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါအခမ်းအနားကနေ ပြန်လာကြတဲ့ တောင်ငူခရိုင်အခြေစိုက် ခလရ-၂၆ တပ်ရင်းက ဒုဗိုလ်မှူးကြီးတဦးနဲ့ တောင်ငူ လေတပ်ဌာနချုပ်က တိုက်လေယာဉ်မောင်းတဦးပါတဲ့ စစ်ကား စီးပါ ယာဉ်တန်းကို သံတောင် မြောက်ပိုင်းအထူးဒေသ UG အဖွဲ့က အသင့်စောင့်ဆိုင်းပြီး မတ်လ ၂၈ ရက်ည ၉နာရီခွဲခန့် အချိန်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရေတာရှည်မြို့မြောက်ဘက် မြို့အဝင် ဘာဝတီ လယ်/ယာရုံးခွဲအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကားတစီး ထိခိုက်ပျက်စီးကာ ခလရ-၂၆ မှ အရာရှိတဦးနဲ့ တပ်သား ဦး စုစုပေါင်း ဦး သေဆုံးခဲ့ တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကင်းချကာ သေဆုံးသူတွေရဲ့ အလောင်းတွေတင်ပြီး ညတွင်းချင်း နေပြည်တော်ဘက်သို့ ပြန်လှည်သွားတယ်လို့ သံတောင်မြောက်ပိုင်းအထူး ဒေသ UG တပ်ခွဲ ဒေါင်းမင်းသား ညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ 

မိဘပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တက်နိုင်သမျှဝေးဝေးနေဖို့ စကစယာဉ်တန်းတွေနဲ့ အနီးကပ်မလိုက်ဖို့ အဆိုပါစစ်ကြောင်းက မေတ္တာရပ်ခံထားပါတယ်။ 


========================


🚩🚩 ၃။ ပခုက္ကူမြို့နယ်အတွင်း စစ်ရေးအရှိန်မြှင့်ရန် PDF ၃ဖွဲ့ပူးပေါင်းစုဖွဲ့ခြင်းနှင့် လက်နက်တပ်ဆင်မှုပြုလုပ် 


မတ် ၃၀ ၂၀၂၄


မကွေးတိုင်း ခုက္ကူမြို့နယ်မှာ စစ်ရေးအရှိန်မြှင့်နိုင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၃ဖွဲ့ စုဖွဲ့မှုအခမ်းအနား ကျင်းပခဲ့ပြီး လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးတယ်လို့ Earthquake People's Defece Force က ထုတ်ပြန်ထားပါတယ်။

အဆိုပါစုဖွဲ့မှုအခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ပခုက္ကူမြို့နယ်အခြေစိုက် Young Force UG Earthquake People's De fence နဲ့ Pakokku People's Defense Force တို့က ရဲဘော်စုစုပေါင်း အယောက် ၇၀ နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

ရဲဘော်များအား စည်းလုံးရေး၊ စစ်ရေးနဲ့ နိုင်ငံရေး စတဲ့ အရေးကြီးတဲ့အချက်များ၊စစ်သည်တော်တွေ လိုက်နာရ မယ့် စစ်စည်းမျဉ်းစည်းကမ်းများ၊ လက်နက်ကိုင်နည်းဥပဒေလမ်းစဉ်များကို တိကျသေချာစွာလိုက်နာဖို့နဲ့ နွေဦးတော်လှန်ရေးရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးကို အစဉ်အမြဲဦးထိပ်ပန်ဆင် လေးစားဖို့ စတာတွေကို အဖွဲ့တာဝန်ရှိသူတွေနဲ့ နာယကတွေက သတိပေးပြောဆိုခဲ့ပါတယ်။   

ပြည်သူလူထုရဲ့ ထောက်ပံ့ကူညီမှုနဲ့ရရှိလာတဲ့ လက်နက်တွေနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကို အသက်နဲ့ရင်းပြီး  လေးစားတန်ဖိုးထားဖို့လည်း တာဝန်ရှိသူတွေက မှာကြားခဲ့ပါတယ်။ 

ဒါဟာ အရင်ကထက် ပိုစည်းလုံးတဲ့စုဖွဲ့မှုတွေဖြစ်စေဖို့ တွေ့ဆုံတဲ့အခမ်းအနားတခုလည်းဖြစ်ပါတယ်။

တော်လှန်ရေး အရွေ့တခုဖြစ်စေရေး၊ မိမိတို့မြို့နယ်မှာ ယခင်ထက်ပိုမိုကောင်းမွန်တဲ့ စုဖွဲ့မှုတရပ်ဖြစ်ဖို့ တော်လှန်ရေးရဲဘော်တွေ အချင်းချင်း အပြန်အလှန်လေးစားမှုရှိစေဖို့ နောင်လာမယ့် စုဖွဲ့မှုသင်တန်းတွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့ Earthquake People's Defence Force က မေတ္တာရပ်ခံထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment