30th MAR 2024 - (Ethnic language program-CHO_DAAI) by Radio NUG

📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ မတ်လ ( ၃၀ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ 

📌📌 ၁။ ဟားခါးမှာ ရဲအုပ်အဆင့်ရှိသူကို ထပ်မံ ဖမ်းဆီးရမိ

 

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ စတင်ဖွဲ့စည်းကြောင်းသတင်းထွက်ပေါ်နေတဲ့ ချင်းပြည်၊ ဟားခါးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲအုပ်အဆင့်ရှိသူ ( ပွင့်) ကို ထပ်မံဖမ်းဆီးရမိတယ်လို့ Chinland Defense Force – Hakha က သတင်းထုတ်ပြန်ပါတယ်။

ဒီလအစောပိုင်းကလည်း ဟားခါးမြို့ နတလကျောင်းမှာ လုံခြုံရေးတာဝန်ယူတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦးကိုလည်း လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha က မတ်လ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၄ ရက်နေ့ ဖမ်းဆီးရမိတဲ့ ရဲအုပ်ကို ဘယ်နေရာမှာ ဘယ်လိုဖမ်းမိတယ်ဆိုတာ မသိရသေးပါဘူး။

အခုမတ်လအတွင်းမှာ Chinland Defense Force – Hakha က ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင် ဦး အထိ ရှိလာပါတယ်။

တဖက်မှာ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာသူတွေကိုတော့ Chinland Defense Force – Hakha က ဆုငွေကျပ် သိန်း ၅၀ ပေးအပ်နေတာလည်း တွေ့ရပါတယ်။

 

========================

 

📌📌 ၂။ စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးနေသူ ဦးကို PDF – Zoland က ဖမ်းဆီး

 

စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးနေသူ Non CDM ဝန်ထမ်း ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဇိုလဲန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF - Zoland) က (မတ် ၂၅) သတင်းထုတ်ပြန်ပါတယ်။ 

ဖမ်းဆီးထားသူ () ဦးထဲမှာ လက်ထောက် အင်ဂျင်နီယာ (စည်ပင်) တဦး၊ ဒု ကြီးကြပ် (မွေး/ကု) တဦး၊ အုပ်စုစာရေး (ထွေအုပ်) တဦး၊ အားကာမှူး တဦးနဲ့ အငယ်တန်းစာရေး (လ၀က) တဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ Non CDM ဝန်ထမ်း ဦးကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုဖမ်းပြီး ဘယ်လိုအရေးယူ ဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိပ် အချက်အလက်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ 

သည်းခံနားလည်ပေးမှုဟာ အကန့်အသတ်ရှိပြီး အကြမ်းဖက် စစ်ကောင်စီအား တထောင့် တနေရာမှ ပူးပေါင်း ပံ့ပိုးနေသူတွေကို ဆက်လက် အရေးယူသွားမယ်လို့ PDF - Zoland ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

 

========================

 

📌📌 ၃။ စစ်မှုထမ်းဥပဒေ အသက်သွင်းသူတွေကို အရေးယူမယ်လို့ CNC – Mindat က သတိပေး

 

မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီက ပြန်လည်အတည်ပြုတဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်းမယ့်သူ တယောက်ချင်းစီရဲ့ လုံခြုံရေးအာမ မခံဘူးလို့ ချင်းအမျိုးသားကောင်စီ (မင်းတပ်) က သတိပေးကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေအသက်ဝင်တဲ့အကြောင်း ပြည်လည်ပြဋ္ဌာန်းတာဖြစ်ပြီး မင်းတပ်မှာလည်း စစ်မှုထမ်းဖို့ လူစာရင်းလိုက်ကောက်နေတာမျိုးရှိတယ်လို့ မြို့ပေါ်နေထိုင်သူတွေက ပြောပါတယ်။

ချင်းအမျိုးသားကောင်စီ (မင်းတပ်) ရဲ့ ထုတ်ပြန်ချက်မှာတော့ စာရင်းလိုက်လံကောက်ခံနေသူတွေဟာ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီလက်ပါးစေ ဌာနဆိုင်ရာအဖွဲ့ဝင်တွေလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို လက်မခံကြောင်းနဲ့ ဒီဥပဒေကို အသက်သွင်းမယ့်သူ တယောက်ချင်းစီရဲ့ လုံခြုံရေးအာမ,မခံဘူးလို့ ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင်တော်လှန်လိုသူအပါအဝင် အလင်းဝင်လိုသူတွေအနေနဲ့ CDF မင်းတပ်ရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် ဆက်သွယ်နိုင်သလို ကာကွယ်ရေးဖက်ကနေ စိစစ် လက်ခံသွားမယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ပြောပါတယ်။

စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတာမျိုး ချင်းပြည်၊ မြို့နယ်တချို့မှာလည်းရှိနေသလို ဒီပြစ်မှုကျူး လွန်တဲ့ Non CDM ဝန်ထမ်း ဦးကို ဖမ်းဆီးထားတယ်လို့ တီးတိန်မြို့နယ်အခြေစိုက် ဇိုလဲန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF - Zoland) က မတ်လ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။



#RadioNUGLocalNews

#SpringRevolution 

Share:

Related Posts:

No comments:

Post a Comment