30th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လိင်တူလက်ထပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ထိုင်းနိုင်ငံလွှတ်တော်က အတည်ပြုပေးသည့်အတွက် ဂုဏ်ယူကြောင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဆို

📌 ၂။ စကစဘက်ကထောက်တိုင်နဲ့သတင်းပေးများကို သတိထားဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကအသိပေး

📌 ၃။ အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ကြားကာလတက္ကသိုလ်ကောင်စီများက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်

📌 ၄။ စစ်မှုထမ်းဖို့စာရင်းပါသူ၊ မဲပေါက်ထားသူများကို ထွေအုပ်ရုံးအရောက်လာဖို့ မြင်းခြံမှာခေါ်ယူ

📌 ၅။ မန္တလေးမြို့ပေါ်က ရွှေပန်းတိမ်ကို ဒုရဲအုပ်အပါအဝင် လူ ဦး ဓားပြတိုက်ကာ ရွှေထည်ပစ္စည်းများလုယူသွား 

📌 ၆။ နွေဦးထီ အမှတ်စဥ် NOH20240301 ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့  မြန်မာစံတော်ချိန် ညနေ နာရီမှာကျင်းပမယ်


၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မ‌ကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အ‌ခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များ စုဖွဲ့မှုအခမ်းအနားကို လွတ်‌မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့

🚩 ၂။ စစ်မှုထမ်း ဥပဒေအား အကောင်အထည်ဖော် အသက်သွင်းနိုင်ရန် ကြိုးပမ်းနေခြင်းကို မိမိတို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလက်မခံကြောင်း ထုတ်ပြန်ကြေညာ

🚩 ၃။ ကနီမြို့နယ် နတ်ကြီးရွာအနီးစစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်ရွာ ရွာများသို့ ဦးတည်၍YAK-130 ဂျက်ဖိုက်တာလေယာဥ် နှစ်စီးဖြင့် သုံးကြိမ်တိုင် လေကြောင်းကတိုက်ခိုက်

🚩 ၄။ တန့်ဆည်-ရေဦး-ခင်ဦးနယ်စပ်ကို စစ်ကြောင်းထိုးခဲ့သော စစ်အုပ်စုက အရပ်သား ဦးကို သတ်ဖြတ်

🚩 ၅။ ယုံကြည်ချက်ခိုင်မာပြီး တက်ကြွသောလူငယ်များကို အဖွဲ့ဝင်သစ်များအဖြစ်လက်ခံမည်ဟု မိုးညို PDF ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လိင်တူလက်ထပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ထိုင်းနိုင်ငံလွှတ်တော်က အတည်ပြုပေးသည့်အတွက် ဂုဏ်ယူကြောင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဆို


မတ်လ၂၉ရက်။

လိင်တူလက်ထပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ထိုင်းနိုင်ငံလွှတ်တော်က အတည်ပြုပေးသည့်အတွက် ဂုဏ်ယူကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက Twitterမှာ ရေးသားဖော်ပြထားပါတယ်။


"လိင်တူလက်ထပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ထိုင်းနိုင်ငံလွှတ်တော်က အတည်ပြုပေးသည့်အတွက် ဂုဏ်ယူပါတယ်။ ဒါဟာ LGBTIQ လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တန်းတူညီမျှမှုအတွက် အာဆီယံမှာ တကယ်ကို အံ့သြစရာကောင်းတဲ့ လှုပ်ရှားမှုပါပဲ"လို့ဆိုထားပါတယ်။


လိင်တူလက်ထပ်ခြင်းဆိုင်ရာအခွင့်အရေးကိုထိုင်းနိုင်ငံမှာ တောင်းဆိုမှုကာလတခုကြာမြင့်ခဲ့ပါတယ်။


========================


📌📌 ၂။ စကစဘက်ကထောက်တိုင်နဲ့သတင်းပေးများကို သတိထားဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကအသိပေး


မတ်လ၂၉ရက်။

စကစဘက်ကထောက်တိုင်နဲ့ သတင်းပေးများကို သတိထားဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က မတ်လ၂၉ရက်မှာ ဆိုရှယ်မီဒီယာမှာ အသိပေးပြောကြားပါတယ်။


"မဲဆောက်မှာလည်း စကစ ဘက်ကလူတွေ ရှိကြမှာပဲလေ။ တခါတလေ မီတင်တွေတောင်အတူလုပ်မိတာမျိုးရှိနိင်တယ်။ သူသျှိုဆိုတာက ချိုမပေါက်သလို၊စကစကို ဝေဖန်ပြသူလည်းဖြစ်နိုင်တာပါပဲ။ တကိုယ်ရေ လုံခြုံရေးဟာ တော်လှန်ရေးရဲ့ လုံခြုံရေးဖြစ်ပါတယ်။ ဒါကို ကျိုးပေါက်အောင် တနည်းနည်းနဲ့ လုပ်နေသူမှန်သမျှဟာလည်း စကစရဲ့ထရိုဂျန်တွေပါပဲ"လို့ဆိုပါတယ်။


မတ်လနောက်ဆုံးပတ် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပေးပို့မယ့် ဒရုန်းဖြတ်ချသည့်လက်နက်အား ပေးပို့မည်လူငယ်နှစ်ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ကြားကာလတက္ကသိုလ်ကောင်စီများက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်


မတ်လ (၂၉) ရက်။

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ကြားကာလတက္ကသိုလ်ကောင်စီများက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်လိုက်ပါတယ်။


မတ်လ၂၉ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာကဏ္ဍကထုတ်ပြန်ဖော်ပြပါတယ်။


တရားမဝင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ () ရက်တွင် နအဖစစ်ကောင်စီ လက်ထက်က ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ(၂၀၁၀) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် စတင်အသက်ဝင်သည်ဟု ကြေညာခဲ့ပါတယ်။


၄င်းကြေညာချက်သည် အကြမ်းဖက် စစ်အုပ်စုဖန်တီးထားသည့် အထွေထွေအကြပ်အတည်းများကြားတွင် ဒုက္ခပင်လယ်ဝေနေသည့်  ပြည်သူလူထုတစ်ရပ်လုံးကို ထပ်မံ ပြင်းထန်စွာ ဖိနှိပ်လိုက်သော တရားမဝင်သည့် ကြေညာချက်သာ ဖြစ်တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် ကျောင်းသား လူငယ်များနှင့် ပြည်သူတစ်ရပ်လုံး အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော စိုးရိမ်ကြောင့်ကြမှု အခြေအနေများအား အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြရန်နှင့် နွေဦးတော်လှန်ရေး၌ တတ်နိုင်သည့် ကဏ္ဍအသီးသီးမှ ဆက်လက်ပါဝင် တော်လှန်ကြရန် တိုက်တွန်းအပ်တယ်လို့ဖော်ပြထားပါတယ်။


ကျောင်းသားများ၊ ဆရာများ၊ ဝန်ထမ်းများ၏  စိုးရိမ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာန၊ ကြားကာလတက္ကသိုလ်ကောင်စီများအနေဖြင့် အမှန်တကယ်သိရှိနားလည်ပြီး အဓမ္မ စစ်သားစုဆောင်းနေမှုများအား ဆန့်ကျင်လျက် ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်အတူ ဘက်ပေါင်းစုံမှ ပါဝင်တိုက်ပွဲဝင်လျက် ရှိတယ်လို့ဆိုပါတယ်။


သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီ၏ မတရား ကြေညာချက်ကို ငြင်းပယ်တော်လှန်လိုသော ကျောင်းသား/သူ၊ ဆရာ/မများ၊ ဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်များကို သိရှိနိုင်ရန်နှင့် အကူအညီများ တောင်းခံနိုင်ရန် မိမိတို့၏ သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများသို့ ဆက်သွယ်နိုင်တယ်လို့ဖော်ပြပါတယ်။


တက္ကသိုလ်ကောင်စီများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ မြို့နယ်အခြေခံ ပညာရေးဘုတ်အဖွဲ့များ၊ သက်မွေးပညာကောင်စီများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသား သမဂ္ဂများ၊ အလုပ်သမားသမဂ္ဂများ၊  တိုင်းရင်းသားအဖွဲ့အစည်းများ၊  နီးစပ်ရာ သပိတ်အင်အားစုများ၊ တော်လှန်ရေး အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ စစ်မှုထမ်းဖို့စာရင်းပါသူ၊ မဲပေါက်ထားသူများကို ထွေအုပ်ရုံးအရောက်လာဖို့ မြင်းခြံမှာခေါ်ယူ


မတ်လ၂၉ရက်။

စစ်မှုထမ်းဖို့စာရင်းပါသူ၊ မဲပေါက်ထားသူများကို ထွေအုပ်ရုံးအရောက်လာဖို့ မြင်းခြံမှာခေါ်ယူနေတယ်လို့ မတ်လ၂၉ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကအသိပေးဆိုထားပါတယ်။


"စစ်မှုထမ်းဖို့စာရင်းပါသူ၊ မဲပေါက်ထားသူများကို မတ်လ၂၉ရက်နံနက်(၅နာရီ၃၀မိနစ်) ထွေအုပ်ရုံးအရောက်လာဖို့ ခေါ်ထားပါတယ်"လို့ဆိုပါတယ်။


ထို့အပြင်သင်တန်းကာလ အိမ်အလည်ပြန်လွှတ်မှာလို့ လိမ်လည်စည်းရုံးပြောဆိုမှုတွေရှိတယ်လို့လည်း သိရပါတယ်။

မထမ်းမနေရစစ်မှုထမ်းဥပဒေကို စကစဟာ ဖေဖော်ဝါရီ၁၀ရက်မှာအသက်သွင်းခဲ့ပြီး ဆင့်ခေါ်မှုများလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ မန္တလေးမြို့ပေါ်က ရွှေပန်းတိမ်ကို ဒုရဲအုပ်အပါအဝင် လူ ဦး ဓားပြတိုက်ကာ ရွှေထည်ပစ္စည်းများလုယူသွား 


မတ်လ ၂၉ရက်။

မန္တလေးမြို့တော်စည်ပင်နယ်နိမိတ်ထဲမှာပါတဲ့ အောင်မြေသာစံမြို့နယ်ထဲက ရွှေပန်းတိမ်ဆိုင်တခုကို ဒုရဲအုပ် ယူနီဖောင်း ဝတ်ဆင်ထားသူအပါအဝင် လူ ဦးက ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းတွေ လုယူသွားတယ်လို့ ဒေသခံတွေနဲ့ CCTV မှတ်တမ်းတွေအရ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေပန်းတိမ်ဆိုင်ဟာ သီရိမာလာအရှေ့ရပ်ကွက် ၂၂ လမ်း ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားက လင်းလက်ဝါး ရွှေပန်းထိမ်ဆိုင်လို့ သိရပါတယ်။  

မတ်လ ၂၈ ရက်နေ့ ညနေ နာရီခန့်အချိန်က လိုင်စင်မပါတဲ့ အိမ်စီးကားအဖြူရောင်နဲ့ ရောက်လာတဲ့ ရဲအရာရှိယူနီဖောင်းဝတ်အပါအဝင် လူ ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ တံခါးဖွင့်ခိုင်းပြီး ဓားပြတိုက်သွားတာလို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

ဓားပြတိုက်သွားတဲ့ ဒုရဲအုပ်နဲ့အဖွဲ့ဟာ လိုင်စင်နံပါတ်ပြားမပါတဲ့ အဖြူရောင် မတ်ခ်တူးကားနဲ့ရောက်လာခဲ့ပြီး ကားပေါ်ပါ လူ ဦးအနက်အချို့မှာ Police အမှတ်တံဆိပ်ပါ ကျည်ကားတွေ ဝတ်ဆင်ထားတဲ့အပြင် သေနတ် အရှည်၊ အတိုများ ကိုင်ဆောင်ထားကာ သေနတ် ချက်ဖောက်သွားတာကိုလည်း CCTV မှတ်တမ်းမှာ မြင်တွေ့ရပါတယ်။

အဲဒီလူ ဦးဟာ ရွှေပန်းတိမ်လုပ်ငန်းကနေ ရွှေထည်တွေ ဓားပြတိုက်သွားရာမှာ ပါသွားတဲ့ ရွှေထည်ပစ္စည်းတွေရဲ့ ကာလတန်ဖိုးကိုတော့ မသိရသေးပါဘူး။ 

လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ရုပ်သံဖိုင်အရ တပွင့်ရဲအရာရှိယူနီဖောင်းဝတ်ထားသူအပါအဝင် လူ ဦး အနက် ဦးက ကျောပိုးအိတ်ကိုယ်စီလွယ်ပြီး ဆိုင်ထဲကနေ ထွက်လာတာတွေ့ရသလို သေနတ်ကိုင်ထားသူတွေကိုလည်း တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ရက်ကလည်း ချမ်းအေးသာစံမြို့မှာရှိတဲ့ KBZ ဘဏ်ကို သေနတ်၊ ရဲတင်းတို့နဲ့ ခြိမ်းခြောက်ပြီး လူ ဦးက ကျပ်သိန်း ထောင်ကျော် ဓားပြတိုက်ခဲ့တဲ့ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။  

ပြည်သူလူထုအနေနဲ့ ရဲတပ်ဖွဲ့က စစ်ဆေးမည်ဆိုလျှင် တံခါးဖွင့်ပေးရတာဖြစ်တဲ့အတွက် ရဲအတု၊ အစစ်ခွဲခြားနိုင်ဖို့ ခက်ခဲနေသလို ဓားပြတိုက်ခံရချိန်မှာ ဘယ်လိုကိုင်တွယ် ခုခံရမယ်ဆိုတာမသိတာကြောင့် ပြည်သူလူထုအနေနဲ့ အကာအကွယ်မဲ့နေတယ်လို ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။


========================


📌📌 ၆။ နွေဦးထီ အမှတ်စဥ် NOH20240301 ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့  မြန်မာစံတော်ချိန် ညနေ နာရီမှာကျင်းပမယ်


မတ်လ၂၉ရက်။

နွေဦးထီ အမှတ်စဥ် NOH20240301 ဖွင့်ပွဲ အခမ်းအနားကို  မတ်လ ၃၁ ရက်နေ့  မြန်မာစံတော်ချိန် ညနေ နာရီမှာကျင်းပမယ်လို့ အောင်လံလွှင့်ချီနွေဦးထီမိသားစုက အသိပေးဖော်ပြပါတယ်။


"ပထမဆုကြီး သန်း ၅၀၀ အပြင် ဆုမဲပေါင်း နှစ်သောင်းကျော် ပါဝင်သည့် အောင်လံလွှင့်ချီ နွေဦးထီကို ဆန်းသစ်သော အစီအစဉ်များနဲ့ ပြည်သူ့ဝန်ထမ်းများနှင့်အတူ မိမိတို့ တိုင်းပြည်အနာဂတ် ခမ်းနားလှပနိုင်ဖို့အတွက်  မိဘပြည်သူ ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ နွေဦးထီ အမှတ်စဥ် NOH20240301 ဖွင့်ပွဲ အခမ်းအနားကို  မတ်လ ၃၁ ရက်နေ့  မြန်မာစံတော်ချိန် ညနေ နာရီမှာ မိတ်ဖက်အဖွဲ့အစည်းများနှင့်တကွ သတင်းမီဒီယာများမှ တဆင့် တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ပြည်တွင်းပြည်ပမှ နွေဦးထီချစ်သူများအနေနဲ့ စောင့်မျှော်ကြည့်ရှုနိုင်ကြပြီး နိုင်ငံ့ဂုဏ်ဆောင် သန်းကြွယ်သူဌေးများ ဖြစ်ခွင့်ကို ထီထိုးရင်းကံစမ်းဖို့နှိုးဆော်အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မ‌ကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အ‌ခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များ စုဖွဲ့မှုအခမ်းအနားကို လွတ်‌မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့


မတ်လ၂၉ရက်။

မ‌ကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အ‌ခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များ စုဖွဲ့မှုအခမ်းအနားကို လွတ်‌မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့တယ်လို့ မတ်လ၂၉ရက်မှာ ပခုက္ကူမြို့နယ်အခြေစိုက် Young Force UGကအသိပေးဖော်ပြပါတယ်။


မ‌ကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အ‌ခြေစိုက် စုဖွဲ့မှုအခမ်းအနားကို မိမိတို့လွတ်‌မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ပြီး အဆိုပါစုဖွဲ့မှု ရဲဘော်များမှာ ပခုက္ကူမြို့နယ်အခြေစိုက် Young Force UG Earthquake People's Defence နှင့် Pakokku People's Defense Force မှ ရဲဘော်အယောက်(၇၀)ဦးဖြစ်ပြီး အဆိုပါရဲဘော်များအား စည်းလုံးရေး၊ စစ်ရေးနှင့် နိုင်ငံရေး စသည့် အရေးကြီးသည့်အချက်များ၊ စစ်သည်တော်များ လိုက်နာရမည့် စစ်စည်းမျဉ်းစည်းကမ်းများ၊ လက်နက်ကိုင်နည်းဥပဒေလမ်းစဉ်များကို တိကျသေချာစွာ လိုက်နာရန်နှင့် နွေဦးတော်လှန်ရေး၏ အဓိကအသက်သွေးကြောဖြစ်သည့် ပြည်သူလူထုတစ်ရပ်လုံးအား အစဉ်အမြဲဦးထိပ်ပန်ဆင်လေးစားရန်၊ ယခင်ထက် ပိုမိုကောင်းမွန်ကျစ်လစ် ခိုင်မာသော စုဖွဲ့မှုအင်အားစုဖြစ်ရန်နှင့် ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုဖြင့် ရရှိသော လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအဝဝကို မိမိအသက်နှင့်ရင်း၍ လေးစားတန်ဖိုးထားရန် အစရှိသည့် ရဲဘော် တစ်ဦးချင်းစီ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များနှင့် နာယကများမှ မှာကြားမိန့်ခွန်းပြောဆိုခဲ့ပါတယ်။


အဆိုပါအခမ်းအနားအား Earthquake People's Defence Force Young Force UG Pakokku People's Defense Force နှင့် Hunter Pku အဖွဲ့တို့မှ အဖွဲ့အစည်းခေါင်းဆောင်များနှင့် နာယကများ တက်ရောက်ခဲ့ပြီး ရဲဘော်များအား လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များအား စုဖွဲ့မှုသင်တန်း နောက်အပတ်စဉ်အား ပူးပေါင်းပါဝင် တက်ရောက်စေလိုကြောင်း နွေးထွေးပျုငှာလေးစားစွာဖြင့် ဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ၂။ စစ်မှုထမ်း ဥပဒေအား အကောင်အထည်ဖော် အသက်သွင်းနိုင်ရန် ကြိုးပမ်းနေခြင်းကို မိမိတို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလက်မခံကြောင်း ထုတ်ပြန်ကြေညာ


မတ်လ၂၉ရက်။

စစ်မှုထမ်း ဥပဒေအား အကောင်အထည်ဖော် အသက်သွင်းနိုင်ရန် ကြိုးပမ်းနေခြင်းကို မိမိတို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလက်မခံကြောင်း ထုတ်ပြန်ကြေညာပါတယ်။


သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြေညာချက်အမှတ် (၀၀၃/၂၀၂၄)ကို မတ်လ၂၉ရက်နေ့မှာအသိပေးကြေညာပါတယ်။


စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားသော စစ်မှုမထမ်းမနေရ ဥပဒေသည် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရမှ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အဆိုပါဥပဒေဟာ တနိုင်ငံလုံး စစ်နွံတွင်း ကျရောက်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်မည့် လူငယ်၊ လူရွယ်များအား လူသားဒိုင်းအဖြစ် အသုံးပြုကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ရပ်ဖြစ်တယ်လို့ဖော်ပြပါတယ်။


ဤကဲ့သို့ စစ်မှုထမ်း ဥပဒေအား အကောင်အထည်ဖော် အသက်သွင်းနိုင်ရန် ကြိုးပမ်းနေခြင်းကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လုံးဝ (လုံးဝ) လက်ခံမည် မဟုတ်ကြောင်းဆိုထားပါတယ်။


သပိတ်ကျင်းမြို့နယ်အတွင်း အိမ်ထောင်စုစာရင်း ကောက်ခံခြင်း၊ ဆင့်ခေါ်စာ ပေးပို့ခြင်း၊ စစ်မှုထမ်းစာရင်း ကောက်ယူခြင်း စသဖြင့် စစ်မှုထမ်း ဥပဒေ အသက်သွင်းနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ ပါဝင်ပတ်သက်နေပါက သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်းသတိပေးဆိုထားပါတယ်။


========================


🚩🚩 ၃။ ကနီမြို့နယ် နတ်ကြီးရွာအနီးစစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်ရွာ ရွာများသို့ ဦးတည်၍YAK-130 ဂျက်ဖိုက်တာလေယာဥ် နှစ်စီးဖြင့် သုံးကြိမ်တိုင် လေကြောင်းကတိုက်ခိုက်


မတ်လ၂၉ရက်။

ကနီမြို့နယ် နတ်ကြီးရွာအနီးစစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်ရွာ ရွာများသို့ ဦးတည်၍YAK-130 ဂျက်ဖိုက်တာလေယာဥ် နှစ်စီးဖြင့် သုံးကြိမ်တိုင် လေကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။


"မတ်လ၂၉ရက်မှာ ကနီမြို့နယ် နတ်ကြီးရွာအနီး စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်ရွာ ရွာများသို့ ဦးတည်၍ စကစများမှ YAK-130 ဂျက်ဖိုက်တာ နှစ်စီးဖြင့် သုံးကြိမ်တိုင် လေကြောင်း ပစ်ခဲ့သော်လည်း ပြည်သူများဘေးကင်းခဲ့ပါတယ်"လို့ဆိုပါတယ်။

လတ်တလောမှာပြည်သူများအနေနဲ့စကစတပ်ရဲ့တိုက်ခိုက်မှုများကို သတိပြုဖို့နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၄။ တန့်ဆည်-ရေဦး-ခင်ဦးနယ်စပ်ကို စစ်ကြောင်းထိုးခဲ့သော စစ်အုပ်စုက အရပ်သား ဦးကို သတ်ဖြတ်


မတ်လ ၂၉ရက်။

စစ်ကိုင်းတိုင်းထဲက တန့်ဆည်၊ ရေဦးနဲ့ ခင်ဦးမြို့နယ်အစပ်ကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ပြည်သူ ဦးကို သတ်ဖြတ်သွားတယ်လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

တန့်ဆည်မြို့ပေါ်ကနေ မတ်လ ၂၁ ရက်နေ့က ထွက်လာတဲ့ ကန့်ဘလူ ဝါသဝ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သား စုစုပေါင်း အင်အား ၁ဝ၀ ကျော်ပါတဲ့စစ်ကြောင်းဟာ တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းခဲ့တာလို့ သိရပါတယ်။

မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့မှာ တန့်ဆည်နယ်တောင်ခြမ်းက ကက်သလစ်ခရစ်ယာန် ပေါ်တူဂီမျိုးနွယ်ဆက်များနေထိုင်ရာ ချောင်းရိုးရွာကို ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဖန်းခါးဇင်ရွာနဲ့ချောင်းရိုးရွာက ဒေသခံအပြစ်မဲ့အရပ်သား ၂ဦးကို လူမဆန်စွာ သတ်ဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အပြစ်မဲ့အရပ်သားတွေကိုသတ်ဖြတ်ပြီးတဲ့နောက် မတ်လ ၂၃ရက်နေ့ နေ့ခင်းပိုင်းနဲ့ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက မီးရှိဖျက်ဆီးခဲ့တာကြောင့် ချောင်းရိုးရွာ ကားလမ်းဘေးက စားသောက်ဆိုင် ဆိုင်၊ ပြည်သူပိုင် နေအိမ် လုံး၊ ကြက်ခြံ ခြံနဲ့ ပြည်သူလူထု စုပေါင်းဆောက်လုပ်ထားတဲ့ ရွာထိပ်ကဇရပ်ပါ မီးလောင် ပြာကျခဲ့ရတာကိုလည်း ဓာတ်ပုံမှတ်တမ်းနဲ့တကွ အသိပေးထားပါတယ်။ 

ချောင်းရိုးရွာဟာ ပြီးခဲ့တဲ့နှစ်မှာတုန်းကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးတာကို ကြိမ်ခံခဲ့ရပြီး ယခုတကြိမ်နဲ့ ဆိုရင် ကြိမ်ရှိပြီဖြစ်တာကြောင့် ပြည်သူပိုင်နေအိမ် ၃ဝဝ ခန့် ပျက်စီးခဲ့ရပြီလို့ People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

ချောင်းရိုးရွာမှာ လူသတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မတ်လ ၂၄ ရက်နေ့မှာလည်း ရေဦးနယ် မြောက်ဘက်ခြမ်း ဗိုလ်ရုံရွာကို ပစ်ခတ်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။  

ဗိုလ်ရုံရွာကို အကြမ်းဖက်စစ်အုပ်စုမဝင်ရောက်ခင် ရေဦးမြို့မြောက်ဘက်အထွက်မှာရှိတဲ့ စစ်တပ်အထိုင်ဂိတ်ကနေ ၁၂ဝ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့တာကြောင့် ဗိုလ်ရုံရွာက အပြစ်မဲ့ပြည်သူ အမျိုးသမီး ဦး သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

ရေဦးမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုဟာ ဗိုလ်ရုံရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက်နေ့ညပိုင်းမှာ ဗိုလ်ရုံရွာကတဆင့် ပန်းကုံးရွာကို ထပ်မံ စီးနင်း တပ်စွဲခဲ့ပြီး ပန်းကုံးရွာထိပ်က မူးချောင်းကို ဖောင်တွေနဲ့ဖြတ်ကူးပြီး ဖိန်းကားရွာကို ထပ်မံဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

တန့်ဆည်နယ် ချောင်းရိုးရွာမှာ လူသတ် မီးရှို့တာတွေလုပ်သွားတဲ့ စစ်ကြောင်းဟာ မတ်လ ၂၈ ရက်နေ့မှာ ခင်ဦးနယ် အနောက်ခြမ်းက မုံလှကျေးရွာကို မီးရှို့ဖျက်ဆီးထားခဲ့ပြီး ပင်စိမ်းခင်း၊ ကျီစုရွာမှတဆင့် ရေဦးနယ် မြောက်ဘက်ခြမ်း အောင်သာယာပျူစောထီးရွာသို့ ဝင်ရောက်ကာ ထိုမှတဆင့် ကန့်ဘလူနယ် ကာဘိုးဘက် ထွက်သွားတယ်လို့လည်း သိရပါတယ်။ 

အဆိုပါ အကြမ်းဖက် စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ဦးကျဆုံးခဲ့တယ်လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ယုံကြည်ချက်ခိုင်မာပြီး တက်ကြွသောလူငယ်များကို အဖွဲ့ဝင်သစ်များအဖြစ်လက်ခံမည်ဟု မိုးညို PDF ဆို


မတ်လ ၂၉ရက်။

ယုံကြည်ချက်ခိုင်မာပြီး တက်ကြွတဲ့လူငယ်တွေကို အဖွဲ့ဝင်သစ်များအဖြစ် လက်ခံသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားတဲ့ လူငယ်တွေ ဆက်သွယ်နိုင်တယ်လို့ မိုးညို PDF က အသိပေးထုတ်ပြန်ထားပါတယ်။ 

တနိုင်ငံလုံးမှာ စစ်ကောင်စီက တပ်သားသစ်စုဆောင်းရေးအတွက် စစ်မှုထမ်းဥပဒေနဲ့ ဆင့်ခေါ်မှုတွေ လုပ်ဆောင်နေပြီး လူငယ်တွေကို နေအိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီးခြင်း၊ စစ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေတဲ့အတွက် အခုလို အသိပေးလိုက်တာပါ။ 

တချိန်တည်းမှာပဲ အဖက်ဖက်က ယိုယွင်းပျက်စီးပြိုကျနေတဲ့ စစ်ကောင်စီယန္တရားကို အမြတ်ဖြတ်ဖို့ PDF ထဲ ဝင်ချင်တယ်ဆိုပြီး ဆက်သွယ်လာတဲ့ မျိူးဆက်သစ်လူငယ်တွေကို အဖွဲ့ရဲ့ စိစစ်ရေးအဖွဲ့က စိစစ်ရွေးချယ်ပြီး လက်ခံပေးသွားမယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ယုံကြည်ချက်ခိုင်မာတဲ့ တက်ကြွလူငယ်တွေကို အဖွဲ့ဝင်သစ်များအဖြစ် လက်ခံပြီး အမျိူးသားညီညွှတ်ရေးအစိုးရ လမ်းညွှန်မှုများနဲ့အညီ အဆင့်ဆင့်အမိန်နာခံမှု COC နဲ့ တော်လှန်ရေး အင်အားစုတရပ် ထပ်မံစုစည်းတည်ထောင်သွားမယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ အရေးတကြီးလိုအပ်ချက်ဖြစ်တဲ့ လက်နက်နဲ့စားနပ်ရိက္ခာအတွက်လည်း ပြိုင်တူပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စိတ်ဝင်စားသူမည်သူမဆို မြို့နယ်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့ရဲ့ လွန်မှုကွန်ယက်စာမျက်နှာရဲ့ messanger ကိုဆက်သွယ်နိုင်တယ်လို့ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြည်သူလူထုကို အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment