5th MAR 2024 - Evening Daily News by Radio NUG

 


၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူ ထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ လိုတယ်လို့ ယာယီသမ္မတပြော

📌 ၂။ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေး အကြံပြုချက်များရယူခြင်းအခမ်းအနားသို့ NUGဝန်ကြီးများတက်ရောက်

📌 ၃။ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign တွင် ပါဝင်ကြပါရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့်ဒုဝန်ကြီးဂျာထွယ်ပန်တို့မှလူထုအား နှိုးဆော်

📌 ၄။ Myanmar People's Summit ကို တီမောလက်စတေ (အရှေ့တီမော) ရဲ့ ဝန်ကြီးချုပ်တက်ရောက်ဆွေးနွေးခဲ့ပြီး ဩစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနဲ့လည်းတွေ့ဆုံခဲ့

📌 ၅။ နွေဦးတော်လှန်ရေးမှာရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တွေရဲ့တချို့ လုပ်ရပ်နဲ့ အပြုအမူတွေဟာ  ရန် ဘက် ပဋိပက္ခ အသွင် ဆောင်ကျဥ်းနေတယ်လို့ဆို

📌 ၆။ ချင်းပြည်နယ် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့တဲ့ရဲဘော်၁၂ဦးနှင့် နင်းမိုင်းထိရဲဘော်၂ဦးတို့ခြေတုတပ်ဆင်နိူင်ရန်NUGက ထောက်ပံ့ငွေများပေးပို့


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်၍ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရ

🚩 ၂။ တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိကုန်းရိုးကျေးရွာဘက်သို့ရောက်ရှိသွားကြတဲ့အကြမ်းဖက်ဘီလူးစစ်ကြောင်းအုပ်စုကျေးရွာအားမီးရှို့ဖျက်ဆီး

🚩 ၃။ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စကစကစစ်အုပ်ချုပ်ရေး ကြေညာထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူ ထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ လိုတယ်လို့ ယာယီသမ္မတပြော


မတ်လ၅ရက်


တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူ ထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ လိုတယ်လို့ယာယီသမ္မတကပြောပါတယ်။


မတ်လ၅ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားပါတယ်။


 "ကျွန်တော်တို့ဟာ တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲ တွေရဲ့ စစ်ရေးအောင်ပွဲရလဒ်တွေကို စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဝိုင်းဝန်း အားထုတ် ကျေးဇူးပြုကြဖို့ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ တွေဟာ စကားလုံးအနေနဲ့ ရှိရမှာ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် ကာယကံမြောက် ပြသနိုင်ဖို့ အထူးလိုအပ်ပါတယ်။ တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူ ထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ လိုပါတယ်။ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူ့အခွင့်အရေး ပြည့်ဝသော ပြည်ထောင်စုတည်ဆောက်ရေးမှာ/  စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ / အာမခံချက် ရှိတဲ့ အဆင့်အတန်းမျိုးကို ကောင်းစွာ ရရှိလိမ့်မယ်လို့ ပြောကြားအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နွေဦးတော်လှန်ရေးအတွင်းက တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ အောင်ပွဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံပြီး ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေး အကြံပြုချက်များရယူခြင်းအခမ်းအနားသို့ NUGဝန်ကြီးများတက်ရောက်


မတ်လ၅ရက်


၂၀၂၄ ခုနှစ်၊ မတ်လ ရက်နေ့တွင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီကဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေး အကြံပြုချက်များရယူခြင်းအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီဥက္ကဌ၊ ဝန်ကြီးဌာန ခုမှ တာဝန်ရှိဆရာ၊ဆရာမများနှင့်တွေ့ဆုံပြီး IFNMC မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဥ်များနှင့် လက်ရှိကာလတွင် လုပ်ဆောင်နေသည်များကို တင်ပြ၍ အကြံပြုမှုများရယူခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ဥက္ကဌ ဒေါက်တာခင်မောင်လွင်၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်-သူနာပြုတက္ကသိုလ်မှကျောင်းအုပ်ကြီး Prof: Alice တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီဒုဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး IFNMC ဖွဲ့စည်းပုံ၊ ​​မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဥ်များ၊ လက်ရှိကာလလုပ်ဆောင်နေမှုများ၊ ​​ရေးဆွဲထားသည့်  Professional Code of Conduct for Nurses and Midwives နှင့် Standards for Program Accreditation (Under-Grade Program) များအား တင်ပြခဲ့ကြပါတယ်။


တင်ပြမှုများပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် FHPC မှ တာဝန်ရှိသူများက အကြံပြုဆွေးနွေး၍ ဝန်ကြီးဌာနလုပ်ငန်းများမှ သူနာပြုနှင့်သားဖွားရေးရာကိစ္စများတွင် IFNMC ၏လုပ်ငန်းစဥ်နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်၊ IFNMC နေဖြင့်လည်း ERO များနှင့်ဆက်လက်တွေ့ဆုံရန် အကြံပြုဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign တွင် ပါဝင်ကြပါရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့်ဒုဝန်ကြီးဂျာထွယ်ပန်တို့မှလူထုအား နှိုးဆော်


မတ်လ၅ရက်


အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign တွင် ပါဝင်ကြပါရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့်ဒုဝန်ကြီးဂျာထွယ်ပန်တို့မှလူထုအား နှိုးဆော်လိုက်ပါတယ်။


မတ်လ၅ရက်ဆိုရှယ်မီဒီယာတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့်ဒုဝန်ကြီးဂျာထွယ်ပန်တို့ Profile Change Campaignတွင်ပါဝင်ဆင်နွှဲခဲ့ပါတယ်။


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး၊ စစ်အာဏာရှင်အဆုံးသတ်ရေး တိုက်ပွဲတွင် ရှေ့တန်း၊ နောက်တန်း ကျရာကဏ္ဍအသီးသီးမှာ ရဲဝံ့စွာပါဝင်လှုပ်ရှားနေသော အမျိုးသမီးများ၏ ပေးဆပ်မှု၊ ခံနိုင်ရည်စွမ်းရှိမှု၊ ရဲစွမ်းသတ္တိတို့အား လေးစားဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် လူမှုမီဒီယာလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပါတယ်။


ခက်ခဲကြမ်းတမ်း၍ စိန်ခေါ်မှုများသော အချိန်တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign တွင် ပါဝင်လိုပါက လုပ်ဆောင်နည်းအဆင့်ဆင့်ကို ဝန်ကြီးများ၏ ဆိုရှယ်မီဒီယာတွင်အသေးစိတ်ဖော်ပြထားပါတယ်။


========================


📌📌 ၄။ Myanmar People's Summit ကို တီမောလက်စတေ (အရှေ့တီမော) ရဲ့ ဝန်ကြီးချုပ်တက်ရောက်ဆွေးနွေးခဲ့ပြီး ဩစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနဲ့လည်းတွေ့ဆုံခဲ့


မတ်လ၅ရက်


Myanmar People's Summit ကို တီမောလက်စတေ (အရှေ့တီမော) ရဲ့ ဝန်ကြီးချုပ်တက်ရောက်ဆွေးနွေးခဲ့ပြီး ဩစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။


မတ်လ၄ရက်သြစတြေးလျနိူင်ငံမှာကျင်းပတဲ့ 

Myanmar People's Summit ကိုအရှေ့တီမောနိူင်ငံရဲ့ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဆိုင်ရာ ဒုဝန်ကြီးတို့တက်ရောက်ခဲ့ပါတယ်။


အခမ်းအနားသို့ ဩစတြေးလျနိူင်ငံNUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနဲ့ ဩစတြေးလျ လွှတ်တော််အမတ်တို့လည်းပါဝင်တက်ရောက်ခဲ့ပါတယ်။


အရှေ့တီမောနိူင်ငံဟာ မြန်မာနိူင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး မိတ်ဘက်နိူင်ငံအဖြစ်ရပ်တည်ပေးလျက်ရှိနေပါတယ်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေးမှာရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တွေရဲ့တချို့ လုပ်ရပ်နဲ့ အပြုအမူတွေဟာ  ရန် ဘက် ပဋိပက္ခ အသွင် ဆောင်ကျဥ်းနေတယ်လို့ဆို


မတ်လ၅ရက်


နွေဦးတော်လှန်ရေးမှာရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တွေရဲ့တချို့ လုပ်ရပ်နဲ့ အပြုအမူတွေဟာ  ရန် ဘက် ပဋိပက္ခ အသွင် ဆောင်ကျဥ်းနေတယ်လို့NUGချက်နိူင်ငံကိုယ်စားလှယ် ဦးလင်းသန့်က မတ်လ၅ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်ဆိုထားပါတယ်။


"ပဋိပက္ခ ကို ချည်းကပ်ရာမှာ မိတ်ဖက် ပဋိပက္ခ နဲ့ ရန်ဘက် ပဋိပက္ခ ဆိုပြီး မျိုးကွဲပြားတယ်။ ရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တွေရဲ့တချို့ လုပ်ရပ်နဲ့ အပြုအမူတွေဟာ မိတ်ဖက် ပဋိပက္ခ အသွင်ထက် ကျော်လွန်ပြီး ရန် ဘက် ပဋိပက္ခ အသွင် ဆောင်ကျဥ်းနေတော့ အံ့သြမိတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစကို စစ်ရေး၊နိူင်ငံရေး၊စီးပွားရေး၊သံတမာန်ရေးတို့ကို ပိတ်ဆို့မှုများအားအမျိုးသားညီညွတ်ရေးအစိုးရကအရှိန်မြှင့်လုပ်ဆောင်ရာတွင် လူထုကလည်းတခဲနက်ပါဝင်နေလျက်ရှိနေပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့တဲ့ရဲဘော်၁၂ဦးနှင့် နင်းမိုင်းထိရဲဘော်၂ဦးတို့ခြေတုတပ်ဆင်နိူင်ရန်NUGက ထောက်ပံ့ငွေများပေးပို့


မတ်လ၅ရက်


ချင်းပြည်နယ် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့တဲ့ရဲဘော်၁၂ဦးနှင့် နင်းမိုင်းထိရဲဘော်၂ဦးတို့ခြေတုတပ်ဆင်နိူင်ရန်NUGက ထောက်ပံ့ငွေများပေးပို့ခဲ့တယ်လို့ မတ်လ၅ရက်တွင် CDF CDM Siyinကအသိပေးဖော်ပြပါတယ်။


"ချင်းပြည်နယ် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့တဲ့ရဲဘော်၁၂ဦးနှင့် နင်းမိုင်းထိရဲဘော်၂ဦးတို့ခြေတုတပ်ဆင်နိူင်ရန်NUGထံက၁၃၀၀၀၀၀ကျပ်ထောက်ပံ့ငွေလက်ခံရရှိခဲ့ပါတယ်။NUGအား အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဖော်ပြထားပါတယ်။


သိုင်းငင်းစခန်းကို ချင်းအမျိုးသားတပ်ဦးCNF/CNA နဲ့ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ ၁၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်၊ နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများအား ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ချအညံ့ခံရန် ပြောဆိုခဲ့သော်လည်း မဆုတ်တမ်းခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းရှိဗိုလ်ကြီးအပါအဝင်စစ်သား ၁၂ ဦးနှင့် သုံးပွင့်အဆင့်ရဲအရာရှိအပါအဝင် ရဲတပ်သား ၁၈ ဦးတို့ သေဆုံးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်၍ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရ


မတ်လ ရက် 


ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော်ပစ်ခတ်၍ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပါတယ်။


ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာသဖြင့် မတ်လ၄ရက်မနက် နာရီမှ ညနေ နာရီထိ ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့PNLAကအတည်ပြုပါတယ်။


စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့မြောက်ဘက်ကို အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်သွားခဲ့တယ်လို့သိရပါတယ်။


ထိုသို့အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး   စစ်ကောင်စီ၏ ပစ်ခတ်ဖျက်ဆီးခြင်းကြောင့် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။


ထို့အပြင် စစ်ကောင်စီသည် မဲနယ်တောင်ဒေသကိုလည်း ဟိုပုံးမြို့ဘက်မှ နေပြီး လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။


========================


🚩🚩 ၂။ တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိကုန်းရိုးကျေးရွာဘက်သို့ရောက်ရှိသွားကြတဲ့အကြမ်းဖက်ဘီလူးစစ်ကြောင်းအုပ်စုကျေးရွာအားမီးရှို့ဖျက်ဆီး


မတ်လ၅ရက်


တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိကုန်းရိုးကျေးရွာဘက်သို့ရောက်ရှိသွားကြတဲ့အကြမ်းဖက်ဘီလူးစစ်ကြောင်းအုပ်စုကျေးရွာအားမီးရှို့ဖျက်ဆီးခဲ့ကြောင်းကို မတ်လ၅ရက်နေ့မှာ စကစတပ်ရဲ့ကျူးလွန်မှုများကို Taze Locl PDFကအသိပေးပါတယ်။


"ယမန်နေ့ညပိုင်းတန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိကုန်းရိုးကျေးရွာဘက်သို့ရောက်ရှိသွားကြတဲ့အကြမ်းဖက်ဘီလူးစစ်ကြောင်းအုပ်စုယမန်နေ့ညပိုင်းထိုကျေးရွာအားမီးရှို့ဖျက်စီးမှုများပြုလုပ်ခဲ့ကြပြီးယနေ့မနက်ရေဦးမြို့နယ်ဖလံခုံကျေးရွာဘက်မှတဆင့်မြင်းပေါက်ရွာဘက်သို့ရောက်ရှိသွားကြပြီလို့သိရှိရပါတယ်"လို့ဆိုပါတယ်။


တန့်ဆည်မြို့ပေါ်တွင်ကျန်ရှိခဲ့သောကန့်ဘလူမှဝင်ရောက်လာခဲ့ကြတဲ့ဝါသဝရဲ့ပျူအုပ်စုများယနေ့မနက်ပိုင်းအချိန်တန့်ဆည်မြို့အရှေ့မြောက်ဘက်ဖလံချိုင်ရွာများမှတဆင့်သာကေတရွာများဘက်ထိရောက်ရှိနေကြပြီးကန့်ဘလူဘက်သို့ပြန်လည်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းယူဆရတယ်လို့အသိပေးထားပါတယ်။


========================


🚩🚩 ၃။ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စကစကစစ်အုပ်ချုပ်ရေး ကြေညာထား


မတ်လ၅ရက်


"၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ် မြို့နယ်နဲ့ မဘိမ်း မြို့နယ်၊ မတ်လ ရက်နေ့မှာ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ပါတယ်။၂၀၂၁ ခုနှစ်မှာ မြို့နယ်၊ ၂၀၂၃ ခုနှစ်မှာ ၄၈ မြို့နယ်နဲ့  ၂၀၂၄ ခုနှစ်မှာ မြို့နယ်  ကို  စစ်အုပ်ချုပ်ရေးကြေညာခဲ့တာဖြစ်ပါတယ်။၂၀၂၄ မတ်လ ရက်နေ့ထိ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ် မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်"လို့မတ်လ၅ရက်နေ့မှာ Data For Myanmarက အချက်အလက်များကိုအသိပေးဖော်ပြပါတယ်။


၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်တွေအရ အဲဒီမြို့နယ်တွေမှာ နေထိုင်သူ . သန်းကျော် ရှိတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment