5th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနှင့်  ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး တို့တက်ရောက်

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ ဩစတြေးလျနိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ မြန်မာပြည်အရေး အာဆီယံအား ဆန္ဒထုတ်ဖော်ပွဲ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက် 

📌 ၄။ တန့်ဆည်တွင် ပြည်သူ ၁၀ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သူများကို အရေးယူနိုင်ရန် ကြိုးစားမယ်လို့ ပအဖ ထုတ်ပြန်

📌 ၅။ ရခိုင်ဒေသ တစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ AA ပြောခွင့်ရ ခိုင်သုခ ပြောဆို

📌 ၆။ “Myanmar Inter-agency Task Force - မြန်မာ့အရေး ဌာနစုံအဖွဲ့ " ကို  အမြန်ဆုံးဖွဲ့စည်းသင့်တယ်လို့ ထိုင်းလွှတ်တော်အမတ် Pita Limjaroenratပြော

📌 ၇။ တရုတ်ပြည် ကူမင်းမှာ မြောက်ပိုင်းမဟာမိတ်နဲ့ စစ်ကောင်စီ နောက်ဆက်တွဲဆွေးနွေးမှုမှာ MNDAA ကို ကိုးကန့်ဒေသအစိုးရအဖြစ် စစ်ကောင်စီက လက်မခံဟု ဆို


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲရန်သူ့တပ်သား (၁၈) ဦးသေဆုံး

🚩 ၂။ ကလေးမြို့ သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ စစ်ကောင်စီတပ်သား () ဦး သေဆုံးပြီး  (၂၀) ခန့် ထိခိုက်ဒဏ်ရာရ

🚩 ၃။ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ခြေကျင်လာသော စကစစစ်ကြောင်းအား ပွိုင့်ပေါ်အရောက် ပဒေသာမိုင်း()လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

🚩 ၄။ နွားထိုးကြီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနှင့်  ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး တို့တက်ရောက်


မတ်လ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၈/၂၀၂၄)ကို မတ်လလ၄ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်း‌ရေးမှူးအဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး တို့မှ တက်ရောက်ကာအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မတ်လ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (/၂၀၂၄)ကို မတ်လ၄ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ  ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ ဩစတြေးလျနိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ မြန်မာပြည်အရေး အာဆီယံအား ဆန္ဒထုတ်ဖော်ပွဲ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက် 


မတ်လ ၄ရက်။

ဩစတြေးလျနိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ မြန်မာပြည်အရေး အာဆီယံအား ဆန္ဒထုတ်ဖော်ပွဲ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက်ခဲ့ပါတယ်။


မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ဆန္ဒထုတ်ဖော်တောင်းဆိုသည့်ပွဲအား မတ်လ () ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


အဆိုပါဆန္ဒထုတ်ဖော်ပွဲကို လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး၊ ခွန်းဗဟန်းထန်မှ ပြည်ထောင်စုဖွားတိုင်းရင်းသားအင်အားစုများနှင့် အတူ တက်ရောက်ခဲ့ပြီး အာဆီယံအား အချက် () ချက်ပါ တောင်းဆိုချက်အား အတိအလင်းထုတ်ဖော်ပြောဆိုတိုက်တွန်းမှုလုပ်ဆောင်ခဲ့ပါတယ်။


အဆိုပါ အချက်()ချက်တွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တရားဝင်ဆက်သွယ် ဆွေးနွေးမှုများပြုလုပ်ရန်၊ အကြမ်းဖက်စစ်တပ်ကို စီးဆင်းနေသည့် လေယာဉ်ဆီအပါအဝင် လက်နက်၊ ခဲယမ်းနှင့် ငွေကြေးစီးဆင်းမှုများအား ပိတ်ပင်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာပြည်သူလူထု လိုအပ်လျက်ရှိနေသည့် လူသားချင်းစာနာထောက်ထားရေးအကူညီများပေးအပ်ရန် စသည့် အချက်များပါဝင်ပါတယ်။

အဆိုပါ စုပေါင်းဆန္ဒထုတ်ဖော်ပွဲတွင် ဩစတြေးလျနိုင်ငံ NUG ရုံး ကိုယ်စားလှယ်၊ ဒေါက်တာထွန်းအောင်ရွှေ၊ ဩစတြေးလျနိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်သည့် ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ကချင်၊ မွန် တိုင်းရင်းသားအင်အားစုများအပြင် CRPH/NUG support group Australia ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ပါတယ်။


ထို့ပြင် ဩစတြေးလျနိုင်ငံ၊ဗစ်တိုးရီးယားပြည်နယ်ဆိုင်ရာ ကမ္ဘောဒီးယားပါလီမန်အမတ်နှင့် ကမ္ဘောဒီးယားနိုင်ငံသားများလည်းပူးပေါင်းပါဝင်အားဖြည့်ခဲ့ကြောင်းသိရှိရပါတယ်။


========================


📌📌 ၄။ တန့်ဆည်တွင် ပြည်သူ ၁၀ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သူများကို အရေးယူနိုင်ရန် ကြိုးစားမယ်လို့ ပအဖ ထုတ်ပြန်


မတ်လ ၄ရက်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ပြည်သူ ၁၀ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့မှုမှာ ပါဝင်ခဲ့တဲ့ အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူ အဆင့်ဆင့်ကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးစားသွားမယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က မတ်လ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ-၁၁) (ခမရ-၄၆၁) (ခမရ-၇၀၈) နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းဟာ တန့်ဆည်မြို့ အနောက်ဖက် ကျေးရွာများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မတ်လ ရက်နေ့ အထိ စစ်ကြောင်းထိုးခဲ့ရာမှာ ဓါးစားခံအဖြစ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၁ ဦးကို အခုလို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။


သတ်ဖြတ်ခံရသူ ၁၁ ဦးမှာ အသက် ၂၇ နှစ်မှ အသက် ၇၀ ကြားရှိ အမျိုးသားများ ဖြစ်ပြီး ၎င်းတို့ကို ခေါင်းဖြတ်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လည်လှီးခြင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ဖြတ်တောက်ခြင်း၊ ဦးခေါင်းကို ပုဆိန်ဖြင့် ထုသတ်ခြင်းများ ပြုလုပ်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဆိုပါ ပြစ်မှုကျုးလွန်သူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ပြည်တွင်း/ပြည်ပ တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူ ပစ်ဒဏ်ချမှတ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ အားထုတ်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။


ထို့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့တဲ့ ၁၂ ရက်တာ ကာလအတွင်း ကျေးရွာ ရွာမှ နေအိမ် (၅၆) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ရခိုင်ဒေသ တစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ AA ပြောခွင့်ရ ခိုင်သုခ ပြောဆို


မတ်လ ၄ရက်။

ရခိုင်ဒေသတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မတ်လ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ AA ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။


တဆက်တည်းမှာပဲ အဖိနှိပ်ခံ မြန်မာပြည်သူများအတွက်လည်း လုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပြီး ကိုယ်ပိုင်းပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ရခိုင်ကံကြမ္မာကို ရခိုင်ဖန်တီးနိုင်တဲ့အထိ ကိုယ်တိုင်လက်နဲ့ တည်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံရေး ကိစ္စမှာ တချို့နိုင်ငံတွေက ဝင်ရောက်ကူညီဆောင်ရွက်ပေးတာကို လေးစားစွာ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ခိုင်သုခက ပြောဆိုခဲ့ပြီး ရခိုင်ပြည်ရဲ့ အတွင်းရေး ကိစ္စနဲ့ လုပ်စရာ ရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အသိပေး ထားပါတယ်။


လက်ရှိမှာ ရခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်ရေးကို စစ်ရေး ရည်မှန်းချက် အဖြစ် ချမှတ်ထားကာ တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ယခုအချိန်ဟာ ဆွေးနွေးရန်ထက် စစ်တိုက်ရန် အချိန် ဟုပြောပါက ပိုမှန်ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။


ထို့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးတိုက်ပွဲမှာ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းအားလုံးကို ရက္ခိုင့်တပ်တော်က မိတ်ဆွေအဖြစ် သဘောထားပြီး တတ်နိုင် သည်များကို ကူညီပေးနေခြင်းများ ရှိတယ်လို့လည်း ဆိုပါတယ်။


လက်ရှိမှာတော့ AA အနေနဲ့ ရခိုင်ပြည်နယ်က မြို့ () မြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း ၂၁၅ ခုကို သိမ်းပိုက်ထားကာ နောက်ထက်မြို့အများစုတွင်လဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားတာတွေ ရှိနေပါတယ်။


========================


📌📌 ၆။ “Myanmar Inter-agency Task Force - မြန်မာ့အရေး ဌာနစုံအဖွဲ့ " ကို  အမြန်ဆုံးဖွဲ့စည်းသင့်တယ်လို့ ထိုင်းလွှတ်တော်အမတ် Pita Limjaroenratပြော


မတ်လ ၄ရက်။

“Myanmar Inter-agency Task Force - မြန်မာ့အရေး ဌာနစုံအဖွဲ့ " ကို  အမြန်ဆုံးဖွဲ့စည်းသင့်တယ်လို့ ထိုင်းလွှတ်တော်အမတ် Pita Limjaroenratပြောပါတယ်။


မတ်လ၃ရက် ထိုင်းလွှတ်တော် နိုင်ငံတော်လုံခြုံရေးရာ‌ကော်မတီက စီစဉ်တဲ့အာဏာသိမ်းပြီး နှစ်အကြာ မြန်မာ့ဒီမိုကရေစီခရီးနှင့် ထိုင်းနယ်စပ်လုံခြုံရေးအပေါ် သက်ရောက်မှုဆွေးနွေးပွဲမှာ ၄င်းကပြောကြားခဲ့ပါတယ်။

မြန်မာ့အရေးဟာ နက်နဲပြီး ဘက်ပေါင်းစုံကို သက်ရောက်မှု ရှိတာကြောင့် ကိုင်တွယ်ဖြေရှင်းရာမှာ သက်ဆိုင်ရာကဏ္ဍအစုံအလင်က တညီတညွတ်တည်း ပေါင်းစည်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့  Pitaကပြောပါတယ်။


ဒါကြောင့်  “Myanmar Inter-agency Task Force - မြန်မာ့အရေး ဌာနစုံအဖွဲ့ " ကို  အမြန်ဆုံးဖွဲ့စည်းသင့်တယ်လို့အကြံပြုပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကူညီဖြေရှင်းဖို့ ဝိုင်း၀န်းအဖြေရှာတာဟာ ထိုင်းဘုရင့်နိုင်ငံအတွက်ရော ထိုင်းပြည်သူတွေအတွက်ပါ တိုက်ရိုက်အကျိုးရှိစေမဲ့ တရား၀င်လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်"လို့ Pitaကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ တရုတ်ပြည် ကူမင်းမှာ မြောက်ပိုင်းမဟာမိတ်နဲ့ စစ်ကောင်စီ နောက်ဆက်တွဲဆွေးနွေးမှုမှာ MNDAA ကို ကိုးကန့်ဒေသအစိုးရအဖြစ် စစ်ကောင်စီက လက်မခံဟု ဆို


Radio NUG,  မတ် ၄၊

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဟိုင်ဂင် အပစ်ရပ် စာချုပ် နောက်ဆက်တွဲ ဆွေးနွေးပွဲမှာ MNDAA ကို ကိုးကန့်ဒေသ အစိုးရအဖြစ် အသိမှတ်ပြုတယ်ဆိုတဲ့ သဘောတူညီချက် မရှိခဲ့ဘဲ ကိုးကန့် ဒေသကို မူလအထူးဒေသ () အဖြစ်သာ လက်ခံတယ်လို့ စစ်ကောင်စီက ပြောတဲ့အကြောင်း တရုတ်ပြည်က သတင်းဌာန CNI  က ဆိုပါတယ်။


မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား မတ်လ ရက်ကနေ ရက်နေ့အတွင်း ကြိမ်မြောက်အဖြစ် တရုတ်နိုင်ငံရဲ့ ကြားဝင်စေစပ်မှုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ကိုးကန့်၏ နယ်မြေသတ်မှတ်ဖို့အတွက် MNDAA က သိမ်းပိုက်ထားတဲ့ ဒေသတွေကနေ တပ်ပြန်ဆုတ် ပေးပြီးမှသာ ဆက်လက်ဆွေးနွေးမယ်လို့ စစ်ကောင်စီက ပြောခဲ့တယ်လို့ ဆိုပါတယ်။ နယ်မြေပိုင်းဖြတ်မှုကိစ္စမှာ အထူးဒေသ ကို အသိအမှတ်ပြုတယ်လို့ ဆိုပေမယ့် ကိုးကန့်တပ် (MNDAA) နဲ့ တအောင်းတပ် (TNLA) တို့ကို တပ်အလိုက် နယ်မြေပိုင်ဆိုင်မှု အသိအမှတ် ပြုပေးတယ် ဆိုတာမျိုးအထိ ဆွေးနွေးနိုင်ခဲ့တာ မရှိပါဘူး။


အဆိုပါ ၄ကြိမ်မြောက် ဆွေးနွေးပွဲ အပြီးမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်ရပ် သဘောတူခဲ့တာတွေ ရှိတယ်လို့ သတင်းထွက်ပေါ်လာတာ ရှိပေမယ့် AA ဒုစစ်ဦးစီးချုပ်က မတ်လ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုသွားခဲ့ပါတယ်၊ မြောက်ပိုင်းဒေသက သပ်သပ်၊ ရက္ခိတဒေသက သပ်သပ်ပဲလို့ AA သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ လက်ရှိမှာ AA ကချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ခုထက်မနည်းကို သိမ်းပိုက်ထားပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေကာ ပြည်နယ်မြို့တော် စစ်တွေအထိ စစ်ပွဲများ ပြင်းထန်နေပါတယ်။

ရှမ်းမြောက်ဒေသမှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့ ဟိုင်ဂင်အပစ်ရပ် သဘောတူပြီး နောက်ပိုင်းထဲ က စစ်ကောင်စီနဲ့ တိုက်ပွဲတွေ မရှိတော့သလောက် ဖြစ်သွားပြီး MNDAA နဲ့ TNLA တို့ကလည်း သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ အခုလိုအချိန်မှာ တရုတ်အစိုးရဘက်က ၎င်းတို့အကျိုးစီးပွားတွေ အာမခံချက် ရှိဖို့ အဓိကအာရုံစိုက်ပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တို့ကို ဆွေးနွေးကြရေး လုပ်ဆောင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ အခွန်အကောက်အရေးတွေ ပါဝင်တယ်လို့ ဆိုပေမယ့် ခုချိန်ထိ သဘောတူညီချက် မရဘူးလို့ သတင်းတွေမှာ ရေးနေကြပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မတ်လ ရက်နေ့ ညပိုင်း သတင်းထုတ်ပြန်ချက် မှာတော့ တရုတ်၏ အကျိုးစီးပွားကို ကာကွယ်ပေးမည် ဖြစ်ကြောင်း အဓိကထုတ်ဖော် ပြောဆိုသွားပါတယ်။ ၎င်းတို့၏ စစ်ရေး နိုင်ငံရေးအကြပ်အတည်းများကို ထုတ်ဖော်ဝန်ခံမှု မရှိတာကတော့ ထုံးစံအတိုင်းပဲလို့ သုံးသပ်သူတဦးက ထောက်ပြပါတယ်။

နယ်စပ်တည်ငြိမ်ရေး၊ ဆိုင်ဘာမှုခင်းအရေး၊ မူးယစ်ဆေးဝါးအရေးများနဲ့ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းလုပ်ဆောင်နိုင်ကြရန် NUG အစိုးရ၊ ၎င်း မဟာမိတ်များ၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း ထောက်ပြ ဆွေးနွေး ဆောင်ရွက်နေကြပြီး ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲရန်သူ့တပ်သား (၁၈) ဦးသေဆုံး


မတ်လ () ရက်။

မတ်လ ၄ရက်မှာ  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


"စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းအား မတ်လ ၄ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။ ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နှင့် ပျူစောထီး များ အခြေပြုရာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ရဲစခန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စတင်၍ အမှတ် () စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် () ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင် တပ်ရင်း ၃၊ ၆၊ ၁၂၊ ဗျုဟာ (၅၂)မှ ရွှေဘိုခရိုင်တပ်ရင်း ၇၊ ၈၊ ၁၆နှင့် စစ်ကိုင်း ခရိုင်  တပ်ရင်း () တို့ ပူးပေါင်းလျက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်"လို့ဖော်ပြပါတယ်။ 


တိုက်ပွဲအတွင်း ရန်သူ့တပ်၏ တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်လေတပ်တို့မှ လာသည့် ဂျက်တိုက်လေယာဉ်၊ Y-12 Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ်နှင့်မနည်း ပြုလုပ်ခဲ့ပါတယ်။


ဖေဖော်ဝါရီလ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ (၁၁၊ ၇၀၈) ပျုစောထီး ပူးပေါင်းအင်အားများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွါးခဲ့ပါတယ်။


မတ်လ၄ရက် နံနက်တွင် ရန်သူ့တပ်အားလုံး စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် ကံထူးမရဲစခန်းအား အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး G-3 () လက်၊ နာနတ်သီးဗုံး () လုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂) ခု၊ ကျပ်ငွေ (၃၈) သိန်းနှင့် မော်တော်ယာဉ် အမြောက်အများသိမ်းယူနိုင်ခဲ့ပါတယ်။


တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၁၈) ဦးသေဆုံး၊ (၃၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး PDF ရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ ကလေးမြို့ သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ စစ်ကောင်စီတပ်သား () ဦး သေဆုံးပြီး  (၂၀) ခန့် ထိခိုက်ဒဏ်ရာရ


မတ်လ ၄ရက်။ 

ကလေးမြို့ သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ စစ်ကောင်စီတပ်သား () ဦး သေဆုံးပြီး  (၂၀) ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မတ်လ၄ရက်မှာ အမှတ် () စစ်ဒေသကအသိပေးဖော်ပြပါတယ်။


ကလေးမြို့နယ်၊ ထိုမာရွာနှင့် သာယာကုန်းရွာကြား ဆပ်သချောက်၌ ထိုမာရွာမှ ထွက်လာသော စကစ (တပ်စိစစ်ဆဲ) ပျူစောထီး အင်အား (၃၀) ခန့်နှင့်ခမရ-၇၀၃၊ ပျူစောထီး ပူးပေါင်းအင်အား (၆၀) ခန့်အား ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ) Vakok PDF CDF-KKG RKDF ပူးပေါင်းအဖွဲ့တို့မှ

မတ်လ () ရက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


ရန်သူ့ဘက်မှ () ဦး သေဆုံးပြီး  (၂၀) ခန့် ထိခိုက်ဒဏ်ရာရပြီး ရန်သူ့ထံမှ MA ကျည် (၃၉၀၀) တောင့်၊ G-3 ကျည် (၁၀၁) တောင့်၊ လက်ပစ်ဗုံး () လုံး၊ ၄၀ မမ (၃၃) လုံး၊ ၆၀ မမ () လုံး၊ အီနာဂါ () လုံး၊ RPG-7 () လုံး၊ RPG ပို့ယမ်း () ထုတ်၊ MA ကျည်ဘောက် () ခု၊ ကျည်ကာပြား () ပြား၊ လက်ကိုင်ဖုန်း () လုံး၊ ဓာတ်မီး () လက်၊ ငွေကျပ် (၆၄,၀၀၀) သိမ်းဆည်းရမိခဲ့ပါတယ်။


========================


🚩🚩 ၃။ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ခြေကျင်လာသော စကစစစ်ကြောင်းအား ပွိုင့်ပေါ်အရောက် ပဒေသာမိုင်း()လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်


မတ်လ ၄ရက်။

မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ခြေကျင်လာသော စကစစစ်ကြောင်းအား ပွိုင့်ပေါ်အရောက် ပဒေသာမိုင်း()လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


မတ်လ၃ရက် ည၁၀နာရီ၅၀မိနစ်အချိန်ခန့်တွင် မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ စကစတပ်များကိုတိုက်ခိုက်ခဲ့တယ်လို့ People's Defence Force - South Monywaက အသိပေးဖော်ပြပါတယ်။


"မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်သော People's Defence Force - South Monywa တပ်ခွဲ() တပ်စု()Youth Vigor Revolution Forceမုံရွာခရိုင်တပ်ရင်း(၁၁) တပ်ခွဲ()Black Hunter People's Task Forceနှင့် လက်တွဲ၍မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ချောင်းဦးမြို့ထဲမှ စခJammerကား()စီး ညအချိန်မတော် ခိုးချောင်ခိုးဝှက်ဖြင့် ထွက်လာကြောင်းသတင်းရ၍ စောင့်ကြည့်လျက်ရှိရာ လမ်းပေါ်တွင် ခြေကျင်စစ်ကြောင်းလာနေကြောင်း ထပ်မံသိရ၍ Jammerကားအား အကောင်းပကတိသွားခွင့်ပေးကာ ခြေချင်လာသော စစ်ကြောင်းအား ပွိုင့်ပေါ်အရောက် ပဒေသာမိုင်း()လုံးဖြင့်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။

ကူပါကယ်ပါအော်သံများနှင့်အတူ စကစများ  ဘေးဘီဝဲယာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် (၁၅)မိနစ်ခန့်ကြာ ရမ်းသမ်းပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ နွားထိုးကြီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦးသေဆုံး


မတ်လ ၄ရက်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွင်း‌တော်ဘို့ရွာ အနီးတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးသေဆုံးသွားခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရ ပါတယ်။


မတ်လ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က နနွင်း‌တော်ဘို့ ရွာမှ Light Truck ကား စီး၊ မှန်လုံကား စီး၊ 4 Wheel ကား စီးဖြင့် ထွက်ခွာလာတဲ့ အင်အား ၄၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ် ယာဉ်တန်းကို ရွာတောင်ဘက် အရောက်မှာ ပဒေဿာမိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။


တပ်တွင်း ဖရဲသီးရဲ့ ပြောပြချက်အရ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရကြောင်း  Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ယာဉ်တန်းဟာ မြင်းခြံ ခမရ ၁၅ ထဲကို မောင်းဝင် သွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်သားများကို လူနာတင်ကားများနဲ့ မြင်းခြံ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Myingyan Black Tiger အဖွဲ့နဲ့ နွားထိုးကြီးမြို့နယ် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment