6th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဖြစ်တယ်လို့ ယာယီသမ္မတအသိပေးပြောကြား

📌 ၂။ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေနဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းပြီး တရားမျှတမှုရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၃။ MOD နှင့် အညာဒေသအခြေပြု BLDF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး၍ အရပ်သားအစိုးရ၏ သြဇာကို အပြည့်အဝ ခံယူ ဆောင်ရွက်သွားမယ်လို့သဘောတူ

📌 ၄။ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign NUGဝန်ကြီးများပါဝင်ဆင်နွှဲ

📌 ၅။ အကြမ်းဖက်စစ်တပ်ဟာ လူသားဒိုင်းလုပ်ဖို့နဲ့ချွေးတပ်ပုံစံတိုင်းပစ္စည်းထမ်းခိုင်းဖို့ အလုပ်တွေကို အရပ်သားများကိုအသုံးချမှာဖြစ်ပြီး ၄င်းတို့ယုံကြည်စိတ်ချသူကိုသာလက်နက်ကိုင်ခိုင်းဖွယ်ရှိ

📌 ၆။ လောင်းလုံမြို့ကို ဆန်နဲ့ စက်သုံးဆီ သယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်

📌 ၇။မတရားတဲ့ စစ်မှုထမ်းဥပဒေကို အားလုံးဝိုင်းဝန်းဆန့်ကျင်ကြစာသားကို ကိုင်ဆောင်၍လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ သပိတ်စစ်ကြောင်းထွက်


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကနီမြို့ပေါ် ရက်ကွက်များကို စစ်ကောင်စီမှ ဓါတုဗုံးများ ကြဲချတိုက်ခိုက်

🚩 ၂။ ကောလင်းမြို့ပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

🚩 ၃။ မုံရွာ - အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော် .. (၁၀) တပ်သို့ သွားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ လိုက်ပါလာသည့် သံပြားကာကား () စီးအား ကာကွယ်ရေးတပ်များတိုက်ခိုက်

🚩 ၄။ ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီး ကျေးရွာတောင်ဖက် မီတာ၈၀၀ခန့်အကွာတွင် ကုက္ကိုစုပျူရွာမှ ထွက်လာသော ပျူစောထီး ၅ဦးခန့်အား မိုင်းဆွဲတိုက်ခိုက်ရာတဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဖြစ်တယ်လို့ ယာယီသမ္မတအသိပေးပြောကြား


မတ်လ၅ရက်

နွေဦးတော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလက မတ်လ၅ရက်နေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာပြောပါတယ်။


"ရက္ခိုင့်တပ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေနဲ့ ရပ်တည်ချက် တချို့ကို ကျွန်တော်တို့ သိနားလည်ခွင့်ရခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် [AA] အနေနဲ့ ပြည်ထောင်စုထဲက ခွဲမထွက်ဘူးဆိုတဲ့ သဘောထားကိုလည်း ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ထောင်စု စုဖွဲ့မှုအပေါ် ကောင်းသော အထောက်အပံ့ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီအတွက် အဓိက အရေးအကြီးဆုံးဟာ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပဲ ဖြစ်ပါတယ်"လို့ပြောပါတယ်။


ဒါ့အပြင် ရက္ခိုင်ပြည်နယ် မြောက်ပိုင်း ဧရိယာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အလုံးစုံ မောင်းထုတ် ချေမှုန်းနိုင်ဖို့ အထူး ဝီရိယစိုက်ထုတ်နေကြတာကို အထင်အရှားတွေ့မြင်နေရပြီး  ရက္ခိုင် တော်လှန်ရေးအောင်ပွဲတွေဟာ အားတက်စရာဖြစ်သလို ဂုဏ်ယူစရာလည်းဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေနဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းပြီး တရားမျှတမှုရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ ဝန်ကြီးချုပ်ဆို


မတ်လ ၅ရက်။

အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေနဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းပြီး တရားမျှတမှုရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောပါတယ်။


"ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မင်းပြားမြို့နယ်အတွင်း၊ မင်းဖူးဆေးရုံကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်နဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စစ်တွေမြို့ရှိ ကိုရီးယားဆိပ်ကမ်းစျေးအတွင်းကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့အတွက် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် များစွာစိတ်မကောင်း ဖြစ်ရကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် ဒီလို စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေနဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းပြီး တရားမျှတမှုရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ နံနက် () နာရီ (၁၀) မိနစ်ခန့်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောတစ်စီးပေါ်မှ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ (၁၂) ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ (၃၁) ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ (၅၀) နီးပါးအထိရှိကာ စုစုပေါင်း (၈၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။


========================


📌📌 ၃။ MOD နှင့် အညာဒေသအခြေပြု BLDF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး၍ အရပ်သားအစိုးရ၏ သြဇာကို အပြည့်အဝ ခံယူ ဆောင်ရွက်သွားမယ်လို့သဘောတူ


မတ်လ ၅ရက်။

MOD နှင့် အညာဒေသအခြေပြု BLDF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး၍ အရပ်သားအစိုးရ၏ သြဇာကို အပြည့်အဝ ခံယူ ဆောင်ရွက်သွားမယ်လို့သဘောတူခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ မတ်လ () ရက်နေ့ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်သော ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဗမာ လွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF) တာဝန်ရှိသူများ လွတ်မြောက်နယ်မြေ တနေရာတွင် တွေ့ဆုံခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ဆွေးနွေးပွဲတွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် (FDC) အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လက်ရှိ ကြားကာလ တော်လှန်ရေး အစိုးရ အဖြစ် အလေးအနက် အသိအမှတ်ပြု လက်ခံထားသည့် မူဝါဒ ရှိသည့် အလျောက် အမျိုးသားညီညွတ်ရေး အစိုးရ၏ ယန္တရားများ ဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို လက်ခံအသိအမှတ်ပြုပြီး တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ထားသော စစ်သည်တော်ကျင့်ဝတ်များ (Code of Conduct) ကို တင်းကြပ်စွာ လိုက်နာသွားမည် ဖြစ်ပြီး အရပ်သားအစိုးရ၏ သြဇာကို အပြည့်အဝခံယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


BLDF အနေဖြင့် တော်လှန်ရေးအောင်မြင်စေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် လိုက်နာဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် တခုတည်းသော မဟာဗျုဟာ၊ တခုတည်းသော ကွပ်ကဲမှု (One Strategy, One Command) အောက်တွင် BLDF စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကာကွယ်ရေး ဝန်ကြီးဌာန (MOD) တစ်စုံလုံးဆိုင်ရာ စစ်ရေးစီမံချက်များနှင့်အညီ ဟန်ချက်ညီ လိုက်ပါ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign NUGဝန်ကြီးများပါဝင်ဆင်နွှဲ


မတ်လ ၅ရက်။

အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign NUGဝန်ကြီးများပါဝင်ဆင်နွှဲခဲ့ကြပါတယ်။


မတ်လ၅ရက်နေ့မှာ NUG ဝန်ကြီးနှင့် ဒုဝန်ကြီးများက ဆိုရှယ်မီဒီယာတွင် Profile Change Campaignမှာ လူထုအများပါဝင်ရန်ဆင်နွှဲခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုး၊ ဒုဝန်ကြီး ဦးကျော်နီတို့ကလည်း Profile Change Campaignမှာ ပါဝင်ခဲ့ပါတယ်။


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး၊ စစ်အာဏာရှင်အဆုံးသတ်ရေး တိုက်ပွဲတွင် ရှေ့တန်း၊ နောက်တန်း ကျရာကဏ္ဍအသီးသီးမှာ ရဲဝံ့စွာပါဝင်လှုပ်ရှားနေသော အမျိုးသမီးများ၏ ပေးဆပ်မှု၊ ခံနိုင်ရည်စွမ်းရှိမှု၊ ရဲစွမ်းသတ္တိတို့အား လေးစားဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် လူမှုမီဒီယာလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပါတယ်။ 


ခက်ခဲကြမ်းတမ်း၍ စိန်ခေါ်မှုများသော အချိန်တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign တွင် ပါဝင်ကြပါရန် လူထုအား နှိုးဆော်ထားပါတယ်။


Campaign တွင် ပါဝင်ရန် အသေးစိတ်အချက်အလက်ကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန လူမှုကွန်ရက်တွင်ဖော်ပြထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်ဟာ လူသားဒိုင်းလုပ်ဖို့နဲ့ချွေးတပ်ပုံစံတိုင်းပစ္စည်းထမ်းခိုင်းဖို့ အလုပ်တွေကို အရပ်သားများကိုအသုံးချမှာဖြစ်ပြီး ၄င်းတို့ယုံကြည်စိတ်ချသူကိုသာလက်နက်ကိုင်ခိုင်းဖွယ်ရှိ


မတ်လ ၅ရက်။

အကြမ်းဖက်စစ်တပ်ဟာ လူသားဒိုင်းလုပ်ဖို့နဲ့ ချွေးတပ်ပုံစံတိုင်းပစ္စည်းထမ်းခိုင်းဖို့ အလုပ်တွေကို အရပ်သားများကိုအသုံးချမှာဖြစ်ပြီး ၄င်းတို့ယုံကြည်စိတ်ချသူကိုသာ လက်နက်ကိုင်ခိုင်းဖွယ်ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။


မတ်လအတွင်း မေးမြန်းတဲ့နွေဦးမှန်ကူကွက်များအစီအစဥ်အပိုင်း၁၅မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကအခုလို ပြောပါတယ်။


"ရှေ့တန်းကို သူတို့ကလွှတ်တဲ့အခါရောလွှတ်မှာပဲ။ လူသားဒိုင်းလုပ်ဖို့၊ ချွေးတပ်ပုံစံတိုင်း ပစ္စည်းထမ်းခိုင်းဖို့ ဒါမျိုးတွေကိုပြည်သူတွေထဲကသုံးလိမ့်မယ်။ လက်နက်တပ်ဆင်ပေးဖို့ကြတော့ သူတို့စိတ်ချရတဲ့လူတချိူ့ကိုခေါ်ပြီး ဒါမျိုးတွေလုပ်ဆောင်လိမ့်မယ်။ အဓိကဒါကအုပ်ချုပ်ရေးမှုးတွေကတဆင့် စုဆောင်းရမှာဆိုတော့ သူတို့ပြဿနာဖြစ်မဲ့လူထက် အဆင်ပြေမယ့်လူကိုစုဆောင်းလိမ့်မယ်။ အဲဒီထဲမှာ ကြံ့ဖွံပါတီဝင်Non CDM တွေကတော့ပထမဦးစားပေးထဲပါလာမယ်" လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုမထမ်းမနေရ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ၁၀ရက်နေ့မှာအသက်သွင်းခဲ့ပါတယ်။


၄င်းဥပဒေအရ စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ရေးအဖွဲ့များကိုဖွဲ့စည်းနေပြီး ဧပြီလအတွင်း ဆင့်ခေါ်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၆။ လောင်းလုံမြို့ကို ဆန်နဲ့ စက်သုံးဆီ သယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်


မတ်လ ၅ရက်။

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်သို့ ဆန်နဲ့စက်သုံးဆီ သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ထားတယ်လို့ လောင်းလုံမြို့နယ် .က. နဲ့ ဒေသခံများထံက သိရပါတယ်။


မတ်လ ရက်နေ့က စတင်ပြီး ထားဝယ်မြို့နယ်နဲ့ လောင်းလုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမြောကင်း တံတားရှိ  စစ်ကောင်စီ ဂိတ်စခန်းမှ ဆန်နဲ့ စက်သုံးဆီများ သယ်ယူခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ လောင်းလုံ ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။


လောင်းလုံမြို့နယ်ထဲကို ဆန်သယ်ယူခွင့် ပိတ်ပင်ထားတာ သုံးပတ်ခန့် ရှိနေပြီဖြစ်ပြီး အရင်က အနည်းငယ် ခွင့်ပြုပေးခဲ့ပေမယ့် ရက်နေ့ကစ ဆန်လုံးဝသယ်ယူခွင့်မရတော့တဲ့အပြင် စက်သုံးဆီကိုပါ သယ်ခွင်မပေးတော့တာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်၊

လောင်းလုံမြို့နယ်ထဲက ထွက်တဲ့ ဆန်များကို ထားဝယ်မြို့ကို သွားရောက်ရောင်းချခွင့် ပြုပေမယ့် အခြား မြို့နယ်များမှ လောင်းလုံမြို့နယ်အတွင်း တင်သွင်းတဲ့ ဆန်နဲ့ စက်သုံးဆီများကို လုံးဝသယ်ယူခွင့် မပြုတော့တာ ဖြစ်တယ်လို့ သိရပါတယ်။


ထိုသို့ ပိတ်ပင်ခဲ့တာကြောင့် လောင်းလုံမြို့အတွင်း ၁၂ ပြည် ဆန်အိတ် အိတ်ကို ခုနှစ်သောင်းခွဲ အထိ ပေးနေရပြီး စက်သုံးဆီ တစ်လီတာကို ငါးထောင်ခြောက်ထောင်အထိ ပေးနေရကာ ပိုက်ဆံပေးဝယ်တိုင်းလည်း မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ စစ်ရေးဖော်ဆောင်မယ့် ဒေသကို ရိက္ခာ၊ ငွေကြေး၊ သတင်းနဲ့ တပ်သားသစ် စုဆောင်းရေးများ ဖြတ်တောက်တဲ့ ဖြတ်လေးဖြတ်စနစ်ကို မဆလခေတ် ကတည်းက စတင် ကျင့်သုံးခဲ့ပြီး ယခု အချိန်ထိ ကျင့်သုံးနေသေးတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ ဒုက္ခမျိုးစုံ ကြုံတွေ့ရတာ ဖြစ်ပါတယ်။


========================


📌📌 ၇။မတရားတဲ့ စစ်မှုထမ်းဥပဒေကို အားလုံးဝိုင်းဝန်းဆန့်ကျင်ကြစာသားကို ကိုင်ဆောင်၍လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ သပိတ်စစ်ကြောင်းထွက်


မတ်လ ၅ရက်။

မတ်လ ၅ရက် လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက အသိပေးဖော်ပြပါတယ်။


မတရားတဲ့ စစ်မှုထမ်းဥပဒေကို အားလုံးဝိုင်းဝန်းဆန့်ကျင်ကြစာသားကို ကိုင်ဆောင်၍ လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ သပိတ်စစ်ကြောင်းက မတ်လ () ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ထွက်ရှိခဲ့ကြပါတယ်။ 


အဆိုပါသပိတ်စစ်ကြောင်းတွင် လူငယ်လူရွယ်များအပြင် အညာဒေသမှ အမျိုးသမီးကြီးများ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ကနီမြို့ပေါ် ရက်ကွက်များကို စစ်ကောင်စီမှ ဓါတုဗုံးများ ကြဲချတိုက်ခိုက်


မတ်လ ၅ရက်။

စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့ပေါ်ရပ်ကွက် များပေါ်ကို ဓါတုဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။


မတ်လ ရက်နေ့ ညနေ နာရီခန့်တွင် ကနီမြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီတပ်က ဓါတုဗုံး လုံး ကျဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။


ကနီမြို့ပေါ်ရှိ ရပ်ကွက်သုံးခုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မတ်လ ရက်နေ့မှ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကာ ထိုနေ့ကတည်းကနေ စစ်ကောင်စီက Mi-35 များ၊ Jet Fighter များ အသုံးပြုပြီး လေကြောင်းမှ နေ့စဉ် ဗုံးကျဲတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။


 တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မတ်လ ရက်နေ့ တစ်ရက်ထဲတွင်ပင် လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ထက် မနည်းပြုလုပ်ခဲ့ပြီး ဓါတုဗုံးကိုတော့ မတ်လ ရက်နေ့မှ စတင်အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


တိုက်ပွဲများကြောင့် မြို့ခံအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပေမယ့် ဒီနေ့အထိ မြို့ပေါ်မှာ ပိတ်မိနေသေးတဲ့ ဒေသခံများလည်း ရှိနေသေးတယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး NonCDM ဝန်ထမ်း အချို့ကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။


အရင်ကလည်း စစ်ကောင်စီက ရှမ်းမြို့နယ်မြောက်ပိုင်း တိုက်ပွဲများ၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နဲ့ စစ်တပ် အထိနာခဲ့တဲ့ တိုက်ပွဲများမှာ ဓါတုဗုံးများကို အသုံးပြုပြီး တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ ကောလင်းမြို့ပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်


မတ်လ ၅ရက်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။


မတ်လ ရက်နေ့ နာရီခန့်က စတင်ပြီး ကောလင်းမြိုပေါ် မင်းတဲကြီးရပ်ကွက်၊ မင်းဂျင်းစိုင်းဒူး၊ ဆေးမင်းခုံ တို့အပြင် မြို့မြောက်ဘက် အောင်ချမ်းသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းများကို PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကို ကောလင်းခရိုင် တပ်ရင်း () နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများကာ အသေးစိတ်ကို စုံစမ်းဆဲလို့ မတ်လ ရက်နေ့မှာ ကောလင်း ခရိုင် တပ်ရင်း () က ထုတ်ပြန်ထားပါတယ်။


ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ကာလအတန်ကြာ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီ တပ်က ဖေဖော်ဝါရီလ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပြီးနောက် ဆယ်ရက်အကြာမှာ မြို့ပေါ် ရပ်ကွက်များတွင် ပြန်လည်တပ်စွဲခဲ့ပြီး မြို့ကို မီးရှို့ဖျက်ဆီးနေခဲ့တာ ဖြစ်ပါတယ်၊


အဲ့ဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့များက မြို့ကိုပြန်ဝိုင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသလို စစ်ကောင်စီတပ် ဘက်မှလည်း မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။


ထို့အပြင် ကောလင်းမြို့နယ်အတွင်း လက်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ပိတ်မိနေတဲ့ ခရီးသွား ပြည်သူများ အပါအဝင် စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော်အတွက် အကူအညီများ လိုအပ်နေတယ်လို့ တော်လှန်ရေး အင်အားစုများရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


========================


🚩🚩 ၃။ မုံရွာ - အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော် .. (၁၀) တပ်သို့ သွားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ လိုက်ပါလာသည့် သံပြားကာကား () စီးအား ကာကွယ်ရေးတပ်များတိုက်ခိုက်


မတ်လ ၅ရက်။

မုံရွာ - အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော် .. (၁၀) တပ်သို့သွားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများလိုက်ပါလာသည့် သံပြားကာကား () စီးအားကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့ပါတယ်။


မတ်လ ()ရက် နံနက် () နာရီ (၁၆) မိနစ်အချိန်တွင် မုံရွာ - အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော် .. (၁၀) တပ်သို့သွားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများလိုက်ပါလာသည့် သံပြားကာကား () စီးအား  ဝါးတန်းကျေးရွာစာသင်ကျောင်းအနီးမှ စ၍ မန်းကျီးသုံးပင်အထိ  လက်နက်ငယ် (၃၀) လက် လက်နက် ကြီး () လက်၊ ပဒေသာမိုင်း ပွိုင့် () နေရာ မိုင်း(၁၅) လုံးဖြင့် ကိုက်(၅၀)အကွာအဝေးမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။

တိုက်ခိုက်မှုကြောင့် စကစကား () စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ရှိ တပ်သားများ ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးမှုများရှိနိုင်တယ်လို့ Danger Force LPDFကဖော်ပြပါတယ်။


အဆိုပါတိုက်ခိုက်မှု အပြီးတွင် ကားပေါ်ရှိတပ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းပြည်သူကား ()စီးအား ချောဆွဲ၍ ခေါ်ဆောင်သွားခြင်းများပြုလုပ်ခဲ့ပြီး (၅၀၀၄)တင့်ကားတပ်မှ တင့်ကားတစ်စီးရောက်ရှိလာကာ ပျက်စီးသွားသော သံပြားကာကား()စီးအားဆွဲ၍ ​​အရာတော် .. (၁၀) တပ်ထဲ သို့ဝင်သွားကြောင်းသိရှိရပါတယ်။


စစ်ဆင်ရေးကိုDanger Force LPDF Ayadaw Rocket LPDF မုံရွာခရိုင်တပ်ရင်း (၂၁) မုံရွာခရိုင်တပ်ရင်း (၂၄) မုံရွာခရိုင်တပ်ရင်း (၂၇) ကျားသစ်နက် တပ်ဖွဲ့၊ အရာတော်ပကဖ တိုက်နယ် (၁၁)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီး ကျေးရွာတောင်ဖက် မီတာ၈၀၀ခန့်အကွာတွင် ကုက္ကိုစုပျူရွာမှ ထွက်လာသော ပျူစောထီး ၅ဦးခန့်အား မိုင်းဆွဲတိုက်ခိုက်ရာတဦးသေဆုံး


မတ်လ ၅ရက်။

ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီး ကျေးရွာတောင်ဖက် မီတာ၈၀၀ခန့်အကွာတွင် ကုက္ကိုစုပျူရွာမှ ထွက်လာသော ပျူစောထီး ၅ဦးခန့်အား မိုင်းဆွဲတိုက်ခိုက်ရာတဦးသေဆုံးခဲ့ပါတယ်။


မတ်လ၅ရက် စစ်ရေးသတင်းကို မြိုင်ပကဖကအတည်ပြုဖော်ပြပါတယ်။


"မတ်လ ၂ရက်နေ့ မနက် ၈နာရီခန့်အချိန်တွင်  BLYပြောက်ကျားတပ်ဖွဲ့ (ပေါက်ပကဖ) နှင့် ပူးပေါင်း၍ ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီး ကျေးရွာတောင်ဖက် မီတာ၈၀၀ခန့်အကွာတွင် ကုက္ကိုစုပျူရွာမှ ထွက်လာသော ပျူစောထီး ၅ကောင်ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။


တိုက်ခိုက်မှုကြောင့် ပျူစောထီးတဦး သေဆုံးသွားကြောင်း သိရပြီး ကျန်ပျူ နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းသိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment