6th MAR 2024 - Evening Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign NUGဝန်ကြီးများဆက်လက်ပါဝင်ဆင်နွှဲ

📌 ၂။ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk နှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးပြောကြား

📌 ၃။ Fragility Forum 2024: Adapting and Innovating in a volatile world ညီလာခံသို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်ခဲ့

📌 ၄။ တိုင်းရင်းသား EROs တွေနဲ့  PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုဟာ စကစ ကို နိုင်အောင်တိုက်လို့ရတယ်လို့အသိပေး

📌 ၅။ စစ်အာဏာရှင်ကို တော်လှန်နေသည့် မြန်မာပြည်သူများနှင့်အတူ အရှေ့တီမောအစိုးရနှင့်ပြည်သူများက ရပ်တည် နေဟု အရှေ့တီမောဝန်ကြီးချုပ် ပြော 

📌 ၆။ မြန်မာလူထု ထိပ်သီးဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားပေးသည့် တီမောလက်စ်တီသမ္မတနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးပင် ကျေးဇူးတင်ရှိတယ်လို့ ဆို

📌 ၇။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွါရသူ ၁၄၀'၀၀၀ ကျော်ရှိနေတယ်လို့ဆို


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ TNLA က ညမထွက်ရအမိန့်အပါအဝင် လိုက်နာရမည့် ကန့်သတ်ချက်များ ရုပ်သိမ်းကြောင်းကြေညာ

🚩 ၂။ တန့်ဆည်မှ ကန့်ဘလူသို့ပြန်လာသော ဝါသဝပျူစစ်ကြောင်းကို တိုက်ခိုက်မှု ပျူစောထီး ဦးခန့်သေဆုံး

🚩 ၃။ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲတွင် ခမရ(၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့

🚩 ၄။ ကျောက်တော်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံပျက်စီးပြီး တဦးဒဏ်ရာရ

🚩 ၅။ မုံရွာ PDF နှင့် ချောင်းဦး ပကဖ ပေါင်းစပ် တိုက်ခိုက်ရေး မွမ်းမံ သင်တန်းတက်ရောက်ခဲ့ကြ

🚩 ၆။ ဆီဆိုင်မြို့တွင်းသို့ စစ်တပ်က လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ် ၁၀၀ ကျော်ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီက ဖျက်ဆီးခဲ့သည့်လမ်းများကို PNLA ပြန်လည်ပြုပြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign NUGဝန်ကြီးများဆက်လက်ပါဝင်ဆင်နွှဲ


မတ်လ၆ရက်


အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign NUGဝန်ကြီးများဆက်လက်ပါဝင်ဆင်နွှဲလျက်ရှိပါတယ်။


မတ်လ၆ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်၊ ဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ဒုဝန်ကြီး ခွန်ဗဟန်းထန်တို့မှလည်း Profile Change Campaign တွင် ပါဝင်ကြပါတယ်။


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး၊ စစ်အာဏာရှင်အဆုံးသတ်ရေး တိုက်ပွဲတွင် ရှေ့တန်း၊ နောက်တန်း ကျရာကဏ္ဍအသီးသီးမှာ ရဲဝံ့စွာပါဝင်လှုပ်ရှားနေသော အမျိုးသမီးများ၏ ပေးဆပ်မှု၊ ခံနိုင်ရည်စွမ်းရှိမှု၊ ရဲစွမ်းသတ္တိတို့အား လေးစားဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် လူမှုမီဒီယာလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပါတယ်။


ခက်ခဲကြမ်းတမ်း၍ စိန်ခေါ်မှုများသော အချိန်တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign တွင် ပါဝင်လိုပါက လုပ်ဆောင်နည်းအဆင့်ဆင့်ကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဆိုရှယ်မီဒီယာတွင်အသေးစိတ်ဖော်ပြထားပါတယ်။


========================


📌📌 ၂။ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk နှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးပြောကြား


မတ်လ၆ရက်


လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Turk တို့ မတ်လ () ရက်နေ့ က ဂျီနီဗာနိုင်ငံရှိ မဟာမင်းကြီး၏ ရုံးခန်းတွင် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးမှုတွင် ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် လူ့အခွင့်အရေးမဟာမင်းကြီး၏တင်ပြချက်တွင်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု လက်နက်နဲ့ ငွေကြွေး ဖြတ်တောက်မှုများ လုပ်နိုင်ဖို့အတွက် အဓိပ္ပာယ် ရှိပြီးပိုမို ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့မှုအား ကြိုဆိုပါကြောင်းနှင့် အမျိုးသားညီညွတ််ရေးအစိုးရ တိုင်းရင်းသားအဖွဲ့အစည်းများ ၊အရပ်ဖက်အဖွဲ့အစည်းများကို တိုက်ရိုက်ဆက်သွယ်သည့် နိုင်ငံတကာ ချဉ်းကပ်မှုပုံစံအသစ်လိုအပ်ကြောင်း ပြောကြားခဲ့မှုကို ကျေးဇူးတင်ပြီးထောက်ခံကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

 

ဆက်လက်၍မြန်မာနိုင်ငံလက်ရှိ လူ့အခွင့်အရေးများကိုတင်ပြခဲ့ရာတွင် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်စွာရက်စက်သတ်ဖြတ်မှုများအကြောင်း၊ ပြဌာန်းလိုက်သော စစ်မှုထမ်းဥပဒေသည် လူငယ်ထု တခုလုံးအတွက်နှင့် အနာဂတ်တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေမည့်အခြေအနေကို ဖန်တီးရာရောက်ကြောင်း၊  ထိုမျှမက စစ်တပ်အတွင်း  လူသားဒိုင်းအပါအဝင် အဓမ္မလုပ်အားစေခိုင်းခြင်းကဲ့သို့  လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဝင်ကျင့်သုံးနိုင်ရန် ရည်ရွယ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံများအပေါ် ယခုထက်ပိုမိုဆိုးရွားသည့် သက်ရောက်မှုများ တွန်းပို့ရာရောက်ကြောင်းအလေေးထားတင်ပြခဲ့ပါတယ်။ 


ထို့အပြင်ရိုဟင်ဂျာပြည်သူများကို စစ်သားသစ်အဖြစ် စုဆောင်းရန်ကြိုးစားနေကြောင်း၊ ယခင်လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်း ဘာသာရေး အဓိကရုန်း အသွင်ဖန်တီးပြီး နိုင်ငံရေးလွတ်လမ်းအဖြစ် လုပ်ဆောင်နေကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။


ထို့ပြင် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ထဲတွင် ယခုထက်ပိုမို ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်၊ ဒီမိုကရေစီအင်အားစုများ ကို လူသားချင်းစာနာမှု၊ ဘဏ္ဍာရေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာ များ ပံ့ပိုးလုပ်ဆောင်ပေးရန်၊ အရေးယူမှုဆိုင်ရာ၊ တာဝန်ယူမှုဆိုင်ရာ လုပ်ဆောင်မည့်အကြောင်းအရာများကို ပြင်ဆင်လုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။


လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်သာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များတွင် အကြမ်းဖက်စစ်အုပ်စု ချိုးဖောက်နေသော ကိစ္စများအား တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်စေရန်အတွက် လူ့အခွင့်အရေး လမ်းကြောင်းတင်မက တရားစီရင်မှု လမ်းကြောင်းများကိုပါ အသုံးပြုနိုင်စေရန် ဆက်လက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ 


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင်ဖြစ်သည့် ဦးဂျာဘေတ် အီလောမ်လည်း  တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ Fragility Forum 2024: Adapting and Innovating in a volatile world ညီလာခံသို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်ခဲ့


ကမ္ဘာ့ဘဏ်မှ ဦးစီး၍ ဝါရှင်တန်ဒီစီ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည့် Fragility Forum 2024: Adapting and Innovating in a volatile world ညီလာခံသို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်ခဲ့တယ်လို့

မတ်လ၆ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


အဆိုပါ ဆွေးနွေးပွဲ၌ ၂၀၃၀ တွင် ကမ္ဘာ့လူဦးရေ၏ (၆၀) ရာခိုင်နှုန်းနေထိုင်ရမည့် Fragile and Conflict Situations (FCS) အခြေအနေများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကမ္ဘာ့ခေါင်းဆောင်များ၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှ အစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ လုံခြုံရေးကျွမ်းကျင်သူများ၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးဆောင်ရွက်နေသူများနှင့် လူသားချင်းစာနာမှုရေးရာ ဆောင်ရွက်နေကြသူများ အပါအဝင် ကဏ္ဍစုံမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


 ကြီးစွာသော ကမ္ဘာ့စိန်ခေါ်မှုဖြစ်သည့် Fragility, Conflict and Violence (FCV) ဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်ပြီး လက်တွေ့ဖြေရှင်းဆောင်ရွက်နိုင်မည့် အမြင်သဘောထားများ၊ သင်ခန်းစာများကို ရယူလေ့လာခဲ့ကြပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ချိတ်ဆက်ပေါင်းစပ်၍ ဦးစားပေးဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ တိုင်းရင်းသား EROs တွေနဲ့  PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုဟာ စကစ ကို နိုင်အောင်တိုက်လို့ရတယ်လို့အသိပေး


မတ်လ၆ရက်


တိုင်းရင်းသား EROs တွေနဲ့  PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုဟာ စကစ ကို နိုင်အောင်တိုက်လို့ရတယ်လို့ မတ်လ၅ရက် မြန်မာအရေးအကြံဥာဏ်ပေးသုံးသပ်သူအီဂေါဗလာဇီဗစ်က သုံးသပ်ရေးသားထားပါတယ်။


"EROs တွေနဲ့ PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုနဲ့ စကစ ကို နိုင်အောင်တိုက်လို့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ဗိုလ်ကျမှုကို အပြီးတိုင်ပယ်ဖျက်လို့ ရပါတယ်။ပျက်စီးဆုံးရှုံးမှုတွေ သုံးနှစ်တာ ပြီးခဲ့ချိန်မှာ ပြတ်သားတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေလည်း မြင်ခဲ့ကြရပြီမို့ ဒီလို စကစကို အပြီးတိုင်ဖျက်နိုင်တဲ့ လမ်းဟာလည်း မဝေးတော့ပါဘူး။

ဒါပေမယ့် တရုတ်နဲ့ မြန်မာ့ အိမ်နီးချင်းတွေက လူမျိုးစုဘက်ကို ဆွဲဆောင်သိမ်းသွင်းပြီး နွေဦးတော်လှန်ရေးကို ပစ်ထားခဲ့မယ့် အခြေအနေဖြစ်လာမယ်ဆိုရင် စကစနဲ့ အပေးအယူတွေလုပ်ကြတော့မယ် ဆိုရင် ဒီသုံးနှစ်အတွင်းမှာ ရလာတဲ့ အခွင့်အရေးဟာ နောက်အနှစ် ၂၀ မှာတောင် တစ်ခါပြန်ပေါ်လာဖို့ မလွယ်ပါဘူး"လို့သူကဆိုပါတယ်။


အကယ်၍ စကစ က မပြိုလဲဘဲ စစ်တပ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်ရှိနေဦးမယ်ဆိုရင် ဖိနှိပ်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ဆွေမျိုးကောင်းစားရေးပဲ ဆောင်ရွက်တာ၊ ဆင်းရဲချမ်းသာ ကွာဟလွန်းတာ၊ ခွဲခြားဆက်ဆံတာတွေဟာ ဆက်ဖြစ်နေကြဦးမှာဖြစ်တယ်လို့ အီဂေါဗလာဇီဗစ်ကသုံးသပ်ထားပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။


========================


📌📌 ၅။ စစ်အာဏာရှင်ကို တော်လှန်နေသည့် မြန်မာပြည်သူများနှင့်အတူ အရှေ့တီမောအစိုးရနှင့်ပြည်သူများက ရပ်တည် နေဟု အရှေ့တီမောဝန်ကြီးချုပ် ပြော 


စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာပြည်သူများနဲ့အတူ အရှေ့တီမောနိုင်ငံနဲ့တီမောပြည်သူတွေ ရပ်တည်နေ တယ်လို့ အရှေ့တီမောဝန်ကြီးချုပ် Xanana Husu က ပြောကြားလိုက်ပါတယ်။ 

မတ်လ ရက်နေ့က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲသို့တက်ရောက်လာတဲ့ အရှေ့တီမောအစိုးရ ဝန်ကြီးချုပ် Xanana Husu က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ 

"မြန်မာပြည်သူတွေကို ပြောချင်တာက မင်းတို့ချည်းပဲမဟုတ်ပါဘူး။ အရှေ့တီမောနိုင်ငံနဲ့ပြည်သူတွေကလည်း မင်းတို့နဲ့အတူ ရပ်တည်နေပါတယ်" လို့ အရှေ့တီမောအစိုးရ ဝန်ကြီးချုပ်က ပြောပါတယ်။ 

မြန်မာ့အရေးအတွက် အာဆီယံဘုံသဘောတူညီချက်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ထောက်ခံ ကြောင်း၊ မြန်မာ့အရေးအတွက် နိုင်ငံတကာကိုတောင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး မြန်မာပြည်သူများနဲ့ ရပ်တည်နေကြောင်း ဆက်လက်ပြသသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

မြန်မာ့အရေး ဖြေရှင်းရာမှာ မြန်မာပြည်သူတွေဦးဆောင်ဖြေရှင်းမှုနဲ့ချည်းကပ်မှုတွေကို ထောက်ခံကြောင်းလည်း အရှေ့တီမောအစိုးရ ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

အဆိုပါဆွေးနွေးပွဲမှာ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ကလည်း အာဆီယံခေါင်းဆောင်တွေ ကြုံတွေ့နေရတဲ့ သဘောတူညီချက် ချက်ကို တင်းတင်းကျပ်ကျပ်လိုက်နာခြင်းထက် ထိရောက်တဲ့အကောင် အထည်ဖော်မှုတွေလုပ်နိုင်ဖို့ ဆိုရင် အာဆီယံခေါင်းဆောင်များအနေနဲ့ ပိုမိုပြည့်စုံတဲ့ချဉ်းကပ်မှုတရပ်ချမှတ်ဖို့ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေရဲ့အရေးပါမှုကို NUG ကိုယ်စားလှယ်က အလေးပေး ပြောဆိုခဲ့ရာမှာ ကြိုးပမ်းဆောင်ရွက်မှုများရဲ့ လက်ရှိအခြေအနေတွေကိုပြောဆိုခဲ့သလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရနှင့် မဟာမိတ်အဖွဲ့အစည်းများ၏ ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း အလေးပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ မြန်မာလူထု ထိပ်သီးဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားပေးသည့် တီမောလက်စ်တီသမ္မတနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးပင် ကျေးဇူးတင်ရှိတယ်လို့ ဆို


မတ်လ၆ရက်


မြန်မာလူထု ထိပ်သီးဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားပေးသည့် တီမောလက်စ်တီသမ္မတနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးပင် ကျေးဇူးတင်ရှိတယ်လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက

မတ်လ၆ရက်နေ့မှာ သြစတြေးလျနိူင်ငံ NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"၂၀၂၄ ခုနှစ်၊ မတ်လ () ရက်နေ့၊ မဲလ်ဘန်းမြို့တွင် ကျင်းပခဲ့သည့် မြန်မာလူထု၏ ထိပ်သီးဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားပေးသည့် တီမောလက်စ်တီသမ္မတနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဖော်ပြပါတယ်။


ဤဆွေးနွေးပွဲတွင် အာဆီယံခေါင်းဆောင်များအနေဖြင့် အောင်မြင်စွာ အကောင်အထည် မဖေါ်နိုင်သေးသည့် အချက် () ချက်ပါ သဘောတူညီချက်ကို ဆက်လက်ဆွဲကိုင်ထားမည့်အစား မြန်မာ့အရေးကို ပိုမိုကျယ်ပြန့်စွာ စဉ်းစားသုံးသပ်ရန်၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်ကို အဓိကထား ဦးစားပေးပြီး ယင်းဖြစ်စဉ်၏  အခင်းအကျင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်မဟာမိတ်အဖွဲ့အစည်းများ၏ဦးဆောင်ဦးရွက်ပြုနေမှုကို ရှင်းလင်းတင်ပြခဲ့ပြီး အနာဂတ် ပျောက်ဆုံးသွားပြီ ဖြစ်သည့် အကြမ်းဖက်စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့် ချဉ်းကပ်မှုသည် အလွန်မှားယွင်းသည့် နည်းလမ်းဖြစ်နေပြီ ဖြစ်ကြောင်းလည်း တင်ပြခဲ့တယ်လို့သိရပါတယ်။


တီမောလက်စ်တီ ဝန်ကြီးချုပ်ကြီးနှင့် ပြည်သူများ၏ မြန်မာ့ဒီမိုကရေစီအရေးကို မြန်မာပြည်သူများနှင့်အတူ နှစ်ပေါင်းများစွာ ရပ်တည်ပေးခဲ့မှု၊ ယနေ့ အမျိုးသားညီညွတ်ရေအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုတို့အတွက် မြန်မာပြည်သူလူထု၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခွင့် ရရှိခဲ့မှုအပေါ် အထူးပင် ဝမ်းမြောက်မိတယ်လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကထပ်လောင်းပြောကြားထားပါတယ်။


========================


📌📌 ၇။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွါရသူ ၁၄၀'၀၀၀ ကျော်ရှိနေတယ်လို့ဆို


မတ်လ၆ရက်


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွါရသူ ၁၄၈,၅၀၀ ခန့် ရှိနေတယ်လို့ မတ်လ၆ရက်မှာ UN OCHA Myanmarက အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်ကိုဖော်ပြပါတယ်။


 ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘေးဒဏ်သင့်ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ဖိစီးမှုတွေ တိုးပွားလာ နေတယ်လို့ဖော်ပြပါတယ်။


ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းကစတင်ပြီး စစ်တွေမြို့အခြေစိုက် စစ်တပ်စခန်းတွေမှာ လက်နက်ကြီးကျည် တိုးမြှင့်လာမှုတွေ ရှိနေပြီး ဖေဖော်ဝါရီလ (၂၉)ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ဈေးကြီးအတွင်းကို လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။


ယခင်အလွတ်သဘော အပစ်အခတ်ရပ်စဲရေး၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင် ပျက်ပြယ်ပြီးကတည်းက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွါရသူ ၁၄၈,၅၀၀ ခန့် ရှိနေကာ နိုင်ငံတစ်ဝန်းမှာတော့ လူပေါင်း ဒသမ သန်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရဆဲ ဖြစ်တယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ TNLA က ညမထွက်ရအမိန့်အပါအဝင် လိုက်နာရမည့် ကန့်သတ်ချက်များ ရုပ်သိမ်းကြောင်းကြေညာ


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသက မြို့ မြို့ကို ညမထွက်ရအမိန့်အပါအဝင် စစ်ဆင်ရေးကာလအတွင်းလိုက်နာရမယ့် ကန့်သတ်ချက် တွေရုပ်သိမ်းလိုက်ကြောင်း TNLA က ယနေ့ မတ်လ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ဆင်ရေးကာလအတွင်း ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာ နာရီမှ မနက် နာရီအထိ မထွက်ရအမိန့်၊ ၁၁ နာရီမှ မနက် နာရီအထိ မထွက်ရအမိန့်တွေ ထုတ်ပြန်ထားခဲ့ပေမယ့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့စီမံအုပ်ချုပ်လုပ်ငန်းများ လည်ပတ်စေဖို့ ဒေသခံပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

TNLA ဦးဆောင်အုပ်ချုပ်နေတဲ့ မြို့ရွာဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းလောင်းကစားမှုအပါအဝင် လောင်းကစားမှုများကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတတဲ့ဥပဒေနဲ့ စီမံအုပ်ချုပ်မှုတို့ဖြင့် အကောင်အထည်ဖော်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အကောင်ထည်ဖော်ဆောင်နေချိန် မတ်လ ရက်နေ့မှာ စစ်ကောင်စီဘက်ကနေပြီး တအာင်းမြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေညာကာ ဒေသခံလူထု ထိတ်လန့်စေဖို့ ဆောင်ရွက်လာတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

TNLA အနေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တို့နဲ့အတူ တရုတ်နိုင်ငံ၏ ရှေ့ဆောင်ဦးရွက်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ဟိုင်ဂင်သဘောတူညီချက်စာချုပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လက်မှတ်ရေးထိုးကာ တအာင်းဒေသအပါအဝင် မြောက်ပိုင်းဒေသမှာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။

ယခုအချိန်မှာ လုံခြုံရေးစီမံချက်တွေကို စနစ်တကျပြင်ဆင်ဖော်ဆောင်ထားပြီးဖြစ်တာကြောင့် ဒေသတွင်းစီမံအုပ်ချုပ်ရေး လုပ်ငန်းတွေ ထိုက်သင့်စွာလည်ပတ်နေပြီဖြစ်တာကြောင့် ထုတ်ပြန်ခဲ့တဲ့ကန့်သတ်ချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်တာ လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ တန့်ဆည်မှ ကန့်ဘလူသို့ပြန်လာသော ဝါသဝပျူစစ်ကြောင်းကို တိုက်ခိုက်မှု ပျူစောထီး ဦးခန့်သေဆုံး


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တနေရာမှာ ကန့်ဘလူမြို့နယ်ဘက်ပြန်လာတဲ့ ဝါသဝ ပျူစောထီးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - PLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

တန့်ဆည်မြို့ဘက်ကနေ အင်အား ၁၅၀ ခန့်ရှိတဲ့ ဝါသဝပျူစောထီးစစ်ကြောင်း ကန့်ဘလူမြို့နယ်ဘက်ကို ထွက်လာတယ်လို့ မတ်လ ရက်နေ့ မနက် နာရီခန့်မှာသတင်းရတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် တွေ ကြိုတင်နေရာယူ စောင့်ဆိုင်းခဲ့ရာ နံနက် နာရီ မိနစ် ၂၀ အချိန်ကစပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ တိုက်ပွဲဖြစ်ချိန် မိနစ် ၂၀ ခန့်အတွင်း ပျူစောထီး ဦး မှ ဦးကြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA TCRF-PLA အမှတ် စစ်ဒေသအတွင်းမှာ ပါတဲ့ မုံတိုင်ပင်-ပကဖ၊ တက်သစ်-ပကဖ၊ ကျောက်တိုင်-ပကဖတို့ ပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်က စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါအကြမ်းဖက်ပျူစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပြီးချိန်မှာ သာကေတကျေးရွာက အိမ်တလုံးနဲ့ ပြည်သူပိုင် ဆိုင်ကယ် စီးကို မီးရှို့ဖျက်ဆီးပြီး နာဋောင်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး - PLA တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲတွင် ခမရ(၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့


မတ်လ၆ရက်


ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲတွင် ခမရ(၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့တယ်လို့ရက္ခိုင့်တပ်တော်အတည်ပြုပါတယ်။


မတ်လ () ရက်ရက္ခိုင့်တပ်တော်AAမှစစ်ရေးသတင်းအသေးစိတ်အခြေအနေကိုဖော်ပြပါတယ်။


ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်စခန်းများထဲမှ တစ်ခုဖြစ်သော ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ မတ်လ () ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။ 


 ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


စခန်းသိမ်းတိုက်ပွဲအတွင်း (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို DSA အပတ်စဉ် (၄၂) ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့တယ်လို့အတည်ပြုပါတယ်။


ထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့ကာ ခမရ (၅၅၀) တပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။


 အခြားတစ်ဖက်တွင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို မိမိတို့မှ အသက် ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ ကျောက်တော်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံပျက်စီးပြီး တဦးဒဏ်ရာရ


ရခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံပျက်စီးပြီး အရပ်သားပြည်သူတဦးဒဏ်ရာရသွားတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ 

မတ်လ ရက်နေ့ မနက် နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အလုံးစုံပျက်စီးသွားခဲ့ပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကလည်း သိရပါတယ်။

ကျောက်တော်မြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေနေထိုင်ရာနေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီလေတပ်က ကျောက်တော်မြို့ကို ၂ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံအပြင် အနီးမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်းကိုလည်း ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ တယ်လို့လည်း သိရပါတယ်။


အလားတူ ကျောက်ဖြူမြို့ပတ်ဝန်းကျင်က အရပ်သားပြည်သူများသွားလာရာ လူသွားလမ်း၊ ဆည်၊ တာတမံတွေနဲ့ ရွာနီး စပ်ဝန်းကျင်တွေက တောတောင်တွေပေါ်မှာ စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ မြေမြှုပ်မိုင်းနဲ့ တိုက်မိုင်းတွေကို ယုတ်မာကောက်ကျစ် စွာ ခပ်စိပ်စိပ်ထောင်လာတာကို တွေ့နေရတယ်လို့ ရခိုင့်တပ်တော်က ပြောပါတယ်။

အခုလို ယုတ်မာကောက်ကျစ်တဲ့လုပ်ရပ်တွေကြောင့် မတ်လ ရက်နေ့ ညနေ နာရီကျော်အချိန်က ကျောက်ဖြူမြိုနယ် /လပွေ့ ရပ်ကွက် အောင်စေတီကျေးရွာအနီးရှိ ကာရီဘောင်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲဝင်တွေထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ဒေသခံအမျိုးသားတဦး ခြေထောက်တဘက်ပြတ်ခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အဆိုပါ မိုင်းထောင်တဲ့လုပ်ရပ်တွေကို ကျောက်ဖြူမြိုအခြေစိုက် ခလရ -၃၄ တပ်ရင်း၊ ခမရ - ၅၄၂ နဲ့ ခမရ - ၅၄၃ တပ်ရင်း တွေက အဓိကလုပ်ဆောင်နေတာလို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ မုံရွာ PDF နှင့် ချောင်းဦး ပကဖ ပေါင်းစပ် တိုက်ခိုက်ရေး မွမ်းမံ သင်တန်းတက်ရောက်ခဲ့ကြ


မတ်လ၆ရက်


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မုံရွာ ခရိုင် အမှတ် () တပ်ရင်း နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ချောင်း ဦး မြို့နယ် ပကဖ တိုက်ခိုက်ရေး အဖွဲ့တို့ ပေါင်းစပ် တိုက်ခိုက်ရေး အထူးမွမ်းမံ သင်တန်း တက်ရောက်ခဲ့ကြတယ်လို့မတ်လ၆ရက်နေ့အသိပေးဖော်ပြပါတယ်။


ပြည်သူ့ စစ်မဟာဗျူဟာ ရဲ့ အမာခံ အင်အားစုတွေ၊ ပြည်သူ့စစ်တွေ အဖြစ် ပကဖ အဖွဲ့တွေကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထူထောင်ထားရှိပြီး အမြဲတမ်း တပ်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ထူထောင်ထားရှိပါတယ်။


အမြဲတမ်း တပ် နဲ့ ပြည်သူ့စစ် တပ် ဖြစ်တဲ့ PDF တပ်ရင်း နဲ့ ပကဖ တိုက်ခိုက်ရေး အဖွဲ့တို့ ဟာ သမာရိုးကျစစ် နဲ့ ပြောက်ကျားစစ် ကို ပေါင်းစပ်ဖော်ဆောင်ပေးမယ့် တပ် () တပ် ဖြစ်ပြီး အဲဒီ တပ်တွေ ဟန်ချက်ညီ စစ်ဆင် တိုက်ခိုက်ဖို့ ပေါင်းစပ် တိုက်ခိုက်ရေး သင်တန်းတွေ တက်ရောက်နေတာ လွန်စွာ အရေးကြီးတဲ့ စစ်ရေးခြေလှမ်းတွေ ဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၆။ ဆီဆိုင်မြို့တွင်းသို့ စစ်တပ်က လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ် ၁၀၀ ကျော်ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီက ဖျက်ဆီးခဲ့သည့်လမ်းများကို PNLA ပြန်လည်ပြုပြင်


ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဆီဆိုင်မြို့မြောက်ဘက်နဲ့ ဆိုက်ခေါင်စံပြကျေးရွာမှာ အခြေစိုက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းတွေနဲ့ အကြိမ် ၁ဝဝ ကျော်ပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောပါတယ်။


 စစ်ကောင်စီတပ်တွေဟာ မတ်လ ရက်နေ့က ဆီဆိုင်မြို့အတွင်းကို လက်နက်ကြီးတွေ ဒရုန်းတွေသုံးပြီး တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြိမ်ပေါင်း ၁၀၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်ဆေးရုံက အဆောက်အအုံအချို့နဲ့ မြို့တွင်းမှာရှိတဲ့ အဆောက်အအုံအချို့ ထိခိုက် ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်တွေဟာ မဲနယ်တောင်ဒေသကိုလည်း ဟိုပုံးမြို့ဘက်ကနေပြီး လက်နက်ကြီးနဲ့ ၁၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့တဲ့ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသက အများပြည်သူ သွားလာရာလမ်းတွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ပြန်လည်ပြုပြင်ပေးခဲ့တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါ တယ်။

 

စစ်ကောင်စီအနေနဲ့ အများပြည်သူသွားလာရေး အခက်အခဲဖြစ်စေဖို့ လမ်းတွေကို မြေတူးစက်တွေနဲ့ ဖျက်ဆီးခဲ့တာကို PNLA က ပြန်လည်ပြုပြင်ခဲ့တာကြောင့် မော်တော်ယာဉ်တွေ ပြန်လည်သွားလာနိုင်ပြီလို့ ဆိုပါတယ်။


စစ်ကောင်စီတပ်တွေဟာ ကုန်စည်စီးဆင်းရာ အဓိကလမ်းမကြီးတခုဖြစ်တဲ့ ဟိုပုံး-မိုင်းပွန်လမ်းမကြီးကိုလည်း ၎င်းတို့ စိတ်ကြိုက် ဖွင့်လိုက် ပိတ်လိုက်ပြုလုပ်နေတဲ့အတွက် ကုန်သည်တွေနဲ့ ဒေသခံပြည်သူတွေ အခက်အခဲဖြစ်ရတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment