7th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အခမ်းအနား ယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့တက်ရောက်မည်

📌 ၂။ နွေဦးတော်လှန်ရေးဟာ ရပ်တန့် မနေဘူး"လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချ

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှုး ရဲဘော်စောရှားနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်များတွေ့ဆုံ၍စစ်ဆင်ရေးကိစ္စများနှင့် လိုအပ်ချက်များအားဆွေးနွေး


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကောလင်းမြို့ကို စကစအင်အားထောင်ချီစစ်ထိုးသည့်ကြားမှ ဆယ့်သုံးရက်ကြာမြို့ထဲမှနေ၍ ခုခံတွန်းလှန်ခဲ့တယ်လို့ကောလင်းKLPDFထုတ်ဖော်ပြောကြား

🚩 ၂။ မုံရွာမြို့နယ် ခိုးသန်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု အဘွားအို တဦးသေဆုံးပြီး နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ 

🚩 ၃။ ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက် ထိုးစစ်ဆင်

🚩 ၄။ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းနှင့် ပျော့ရွာအကြားတွင် ထီးဆောင်းအခြေပြုစခန်းမှထွက်လာသော စစ်ကောင်စီအင်အားဖြည့်တင်းရန်ရောက်လာသောစကစကားများကိုမိုင်းခွဲတိုက်ခိုက်

🚩 ၅။ AA က စစ်တွေမြို့ကို နီးကပ်စွာချဉ်းကပ်လာပြီး စစ်ကောင်စီကလည်း လက်နက်အင်အား တိုးမြှင့်ထားဟု UNOCHA ပြော 

🚩 ၆။ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပြည်သူ(,၃၂၇) ဦး ကိုကူညီစောင့်ရှောက်နိုင်ခဲ့

🚩 ၇။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ Operation 0307 ကို စတင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အခမ်းအနား ယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့တက်ရောက်မည်


မတ်လ၆ရက်


အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အခမ်းအနား ယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့တက်ရောက်မယ်လို့သတင်းရရှိပါတယ်။


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး၊ စစ်အာဏာရှင်အဆုံးသတ်ရေး တိုက်ပွဲတွင် ရှေ့တန်း၊ နောက်တန်း ကျရာကဏ္ဍအသီးသီးမှာ ရဲဝံ့စွာပါဝင်လှုပ်ရှားနေသော အမျိုးသမီးများ၏ ပေးဆပ်မှု၊ ခံနိုင်ရည်စွမ်းရှိမှုနှင့်ခက်ခဲကြမ်းတမ်း၍ စိန်ခေါ်မှုများသော အချိန်တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign ပြုလုပ်လျက်ရှိပါတယ်။


မတ်လ၇ရက် ဒီကနေ့မှာတော့ အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaignမှာ ယာယီသမ္မတဒူဝါလရှီးလနှင့်ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ ပါဝင်ဆင်နွှဲခဲ့ပါတယ်။


မတ်လ ရက်နေ့ (သောကြာနေ့ ) နံနက် ၁၀နာရီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အခမ်းအနားကို အမျိုးသမီး လူငယ်နှင်ကြလေးသူငယ်ရေးရာဝန်ကြီးဌာနကဦးဆောင်ကျင်းပသွားမှာဖြစ်ပါတယ်။


ခက်ခဲကြမ်းတမ်း၍ စိန်ခေါ်မှုများသော အချိန်တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှု၊ ခွန်အားနှင့်ပါဝင်မှုတို့ကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Profile Change Campaign တွင် ပါဝင်လိုပါက လုပ်ဆောင်နည်းအဆင့်ဆင့်ကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဆိုရှယ်မီဒီယာတွင်အသေးစိတ်ဖော်ပြထားပါတယ်။


အခမ်းအနားသို့ ယာယီသမ္မတဒူဝါလရှီးလနှင့်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုး၊ဒုဝန်ကြီးအိသဥ္ဇာမောင်၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့တက်ရောက်ပါဝင်မှာဖြစ်ပါတယ်။


အစီအစဥ်များကို သတင်းမီဒီယာနှင့်ဝန်ကြီးဌာန ဆိုရှယ်မီဒီယာများကတိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ ရပ်တန့် မနေဘူး"လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား


မတ်လ၇ရက်


နွေဦးတော်လှန်ရေးဟာ ရပ်တန့် မနေဘူး"လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မတ်လ၇ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်ပြောကြားခဲ့ပါတယ်။


"ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး နှင့် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှ မှု စသည့် လောကပါလ တရားများ ထွန်းကားရေး အတွက် တိုက်ပွဲ ဝင်နေကြသူ အပေါင်း ဘေးအန္တရာယ် ကင်းကြပါစေ  

နွေဦးတော်လှန်ရေးဟာ ရပ်တန့် မနေဘူး"လို့ဝန်ကြီးကပြောပါတယ်။


၂၀၂၃ ခုနှစ်မှာ စစ်ရေးအရှိန်များမြှင့်တင်နိူင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲများကို တော်လှန်ရေးအင်အားစုများကဆင်နွှဲခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချ


မတ်     ရက်


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချခဲ့ပါတယ်။


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ  ဦးဆောင်ကာ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ကို ယနေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့တယ်လို့သိရပါတယ်။


အဆိုပါသင်တန်းအား(--၂၀၂၄)ရက်နေ့မှ (--၂၀၂၄)ရက်နေ့ထိ သင်တန်းကာလ ()ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကာ  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအား သင်တန်း ဆရာ/ဆရာမများမှ  စာရင်းပြုစုထိန်းသိမ်းမှုများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ‌ ဘာသာရပ်များကို သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှုး ရဲဘော်စောရှားနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်များတွေ့ဆုံ၍စစ်ဆင်ရေးကိစ္စများနှင့် လိုအပ်ချက်များအားဆွေးနွေး


မတ်လ ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊  တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှုး ရဲဘော်စောရှားနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF (P29999- အထူးတပ်ဖွဲ့) ခေါင်းဆောင်များ တွေ့ဆုံခြင်းအစည်းအဝေးကို မတ်လ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ အဖွင့်အမှာစကားနှင့် စစ်ဆင်ရေးကိစ္စများအား ရှင်းလင်းပြောကြားခဲ့ပြီး SOF တပ်ဖွဲ့ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များမှ ရုံးလုပ်ငန်းကိစ္စများ၊ စစ်ဆင်ရေးကိစ္စများနှင့် လိုအပ်ချက်များအားတင်ပြဆွေးနွေးခဲ့ကြပါတယ်။


 အစည်းအဝေးသို့ တပ်ဖွဲ့ရုံး ရုံးအဖွဲ့ဝင်များ၊ စစ်ကြောင်း () စစ်ကြောင်းမှုးရုံးအဖွဲ့နှင့် တပ်ခွဲမှုးများ၊ စစ်ကြောင်း () စစ်ကြောင်းမှုး၊ ရုံးအဖွဲ့နှင့် တပ်ခွဲမှုးများတက်ရောက်ခဲ့ကြတယ်လို့အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFကအသိပေးပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကောလင်းမြို့ကို စကစအင်အားထောင်ချီစစ်ထိုးသည့်ကြားမှ ဆယ့်သုံးရက်ကြာမြို့ထဲမှနေ၍ ခုခံတွန်းလှန်ခဲ့တယ်လို့ကောလင်းKLPDFထုတ်ဖော်ပြောကြား


မတ်လ၇ရက်


ကောလင်းမြို့ကို စကစအင်အားထောင်ချီစစ်ထိုးသည့်ကြားမှ ဆယ့်သုံးရက်ကြာမြို့ထဲမှနေ၍ ခုခံတွန်းလှန်ခဲ့တယ်လို့ကောလင်းKLPDFက မတ်လ ရက်မှာ အတိအလင်းထုတ်ဖော်ပါတယ်။


"ကောလင်းမြို့ပြန်မပေးရဖို့အရေး ကျွန်တော်တို့ရဲဘော်တွေရဲ့ ရဲဝံ့မှု ကြိုးစားအားထုတ်မှု ပင်ပမ်းဆင်းရဲခံနိုင်မှုတွေကို စကားလုံးတွေနဲ့ချီးကျူးဂုဏ်ပြုလို့မရနိုင်ပါဘူး။မြို့ပြန်ပေးရတာနဲ့ အခုလိုဖျက်ဆီးခံရမယ်ဆိုတာ ကျွန်တော်တို့ရဲဘော်တွေအားလုံးသိတယ်။ဒါကြောင့်လည်း အင်အား ၁၀၀၀ ကျော် ဗျူဟာမြောက်လက်နက်အပြည့်အစုံနဲ့ တိုးလာတဲ့စစ်ကြောင်းတွေကို ကြောက်ရွံ့တုန်လှုပ်စိတ်လုံးဝမရှိဘဲ မပြည့်စုံတဲ့ကြားက ရဲရဲကြီးခုခံတွန်းလှန်ခဲ့တယ်။ကျွန်တော်တို့ စစ်ဗျူဟာကျွမ်းကျင်လို့မဟုတ်ဘူး၊ လက်နက်ခဲယမ်းဖွဲ့စည်းပုံပြည့်စုံပြီး အင်အားတောင့်တင်းနေလို့မဟုတ်ဘူး။ဂုဏ်သိက္ခာအတွက်ကျွန်တော်တို့တိုက်ခဲ့တာမဟုတ်ဘူး။ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ မြို့ထဲကနေ ၁၃ရက်ကြာတဲ့အထိ ကျွန်တော်တို့ခုခံကာကွယ်ခဲ့တယ်"လို့ဆိုပါတယ်။


စကစထိုးစစ်ကိုတောင့်ခံထားတဲ့အချိန်အတွင်း NUGအစိုးရအနေနဲ့ရဲဘော်များကို ကူညီပေးရန်မျှော်လင့်ခဲ့တယ်လို့လည်းဖော်ပြပါတယ်။


"ဒီတိုက်ပွဲအတွင်း ရဲဝံ့စွာအသက်ပေးလှူသွားခဲ့တဲ့ရဲဘော်ရဲဘက်တွေလည်းရှိခဲ့တယ်။ ဒီရဲဘော်တွေရဲ့စွန့်လွတ်အနစ်နာခံမှုက သမိုင်းမှာမော်ကွန်းတင်ပြီး ဦးညွတ်အလေးပြုဂုဏ်ပြုတာထက်တော့ ပိုတန်ပါတယ်။ထိခိုက်ဒဏ်ရာရ တာတွေလည်းများခဲ့တယ်။ဒါပေမယ့် မြို့ပျက်ကြီးကို ကြည့်ပြီးဝမ်းနည်းကြေကွဲမိတာကလွဲလို့ ကျွန်တော်တို့ စိတ်ဓာတ်မကျပါဘူး။စကစရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေက ကျွန်တော်တို့ရဲဘော်တွေရဲ့ တော်လှန်စိတ်ကို ပိုမိုခိုင်မာလာစေမှာပါ"လို့ ကောလင်းKLPDFကဆိုပါတယ်။


========================


🚩🚩 ၂။ မုံရွာမြို့နယ် ခိုးသန်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု အဘွားအို တဦးသေဆုံးပြီး နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ 


စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခိုးသန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ကြိမ် မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အဘွားအိုတဦး သေဆုံးပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မတ်လ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က ခိုးသန်းကျေးရွာကို ဒုတိယအကြိမ် စစ်ကြောင်းထိုး ၀င်ရောက်လာခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မုံရွာမြို့နယ် မင်းတဲကျေးရွာကနေ ခိုးသန်းကျေးရွာကို သေနတ်များပစ်ဖောက် ၀င်ရောက်စီးနင်းခဲ့ပြီး ကျေးရွာမှာရှိတဲ့ ရေပေးဝေရေးစက်များအပါအ၀င် နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ခိုးသန်းကျေးရွာဟာ မုံရွာမြို့ ကျောက်စစ်ပုံ အမြောက်တပ်အနီးမှာရှိပြီး အိမ်ခြေ ၄၀၀ ၀န်းကျင်ရှိတဲ့ ကျေးရွာဖြစ်ကာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်း အိမ်ခြေ ပုံ ပုံနီးပါး မီးလောင် ပျက်စီးခဲ့ရပြီလို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ကျောက်စစ်ပုံ အမြောက်တပ်အနီး၀န်းကျင်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် လက်ရှိမှာ ကျေးရွာ ၁၀ ရွာ ၀န်းကျင်က နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်း ရင်းမြစ်တွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့အပြင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပြီး ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက် ထိုးစစ်ဆင်


ကချင်ပြည်နယ် မိုးမောက်နဲ့ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တပြိုင်နက်ထိုးစစ်ဆင်နေတယ်လို့ KIA သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 KIA အနေနဲ့ ၎င်းတို့ထိုးစစ်တွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး စတင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ရက်နေ့မနက် နာရီခွဲခန့်အချိန်ကစပြီး ရန်သူ့စစ်စခန်း ၃ဝ ခန့်ကို တပြိုက်တည်း ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲမှာ လိုင်ဇာအနီးမှာရှိတဲ့ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ် တပ်စခန်းနဲ့ အင်လုံခ တပ်စခန်းတို့လည်း ပါဝင် နေတယ်လို့ ဆိုပါတယ်။

လက်ရှိ မနက် နာရီဝန်းကျင်မှာ စခန်းကြီး ခုကို ရရှိထားပြီး ဗျူဟာမှူးအလောင်း ရထားတယ်လို့ သတင်းရထားပေမယ့် အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့လည်း အသိပေးထားပါတယ်။


========================


🚩🚩 ၄။ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းနှင့် ပျော့ရွာအကြားတွင် ထီးဆောင်းအခြေပြုစခန်းမှထွက်လာသော စစ်ကောင်စီအင်အားဖြည့်တင်းရန်ရောက်လာသောစကစကားများကိုမိုင်းခွဲတိုက်ခိုက်


မတ်လ၇ရက်


"မတ်လ၆ရက်ညနေ (:၂၀)အချိန်တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းနှင့် ပျော့ရွာအကြားတွင် ထီးဆောင်းအခြေပြုစခန်းမှထွက်လာသော စစ်ကောင်စီအင်အားဖြည့်တင်းရန်ရောက်လာသော ()ဘီးကား ()စီး၊ မှန်လုံကားအသေး ()စိီးနှင့် ကန်ဒါကား ()စီးအပါဝင် ၎င်းစစ်ကောင်စီ ယာဥ်တန်းများအား စစ်ကိုင်းခရိုင်အမှတ် ()တပ်ရင်း၊ အမှတ် ()တပ်ခွဲမှ တပ်သား()ယောက်မှ ဦးဆောင်၍ မိမိတို့တပ်ရင်းမှ ရဲဘော် ()ယောက်ဖြင့် ပဒေသာမိုင်း ()လုံးအသုံးပြု၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်လို့မတ်လ၇ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်အမှတ် ()တပ်ရင်းကအသိပေးဖော်ပြပါတယ်။


တိုက်ခိုက်မှုတွင် ထိရောက်စွာမိုင်းဆွဲနိုင်ခဲ့သော်လည်း ရန်သူ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိနိုင်မှုကို (စုံစမ်းစီစစ်ဆဲ) ဖြစ်ပါတယ်။


========================


🚩🚩 ၅။ AA က စစ်တွေမြို့ကို နီးကပ်စွာချဉ်းကပ်လာပြီး စစ်ကောင်စီကလည်း လက်နက်အင်အား တိုးမြှင့်ထားဟု UNOCHA ပြော 


ရခိုင်တပ်တော် AA ဟာ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကို ပိုမိုနီးကပ်စွာချဉ်းလာနေပြီး စစ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေကလည်း လက်နက်ကြီးကျည်တွေ တိုးမြှင့်ပြင်ဆင်မှုတွေရှိနေတယ်လို့ UNOCHA က မတ်လ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။  

စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့လည်း ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက စစ်ရေးပြင်ဆင်မှု တွေကို ယခင်ထက် ပိုမိုလုပ်ဆောင်လာတယ်လို့ UNOCHA ကဆိုပါတယ်။ 

ရခိုင်ပြည်အတွင်းမှာရှိတဲ့ မြို့နယ်အများအပြားမှာလည်း လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ဘေးသင့်ပြည်သူတွေဟာလည်း စိုးရိမ်ကြောင့်ကြမှုနဲ့ ဖိစီးမှုတွေ တိုးပွားလာနေတယ်လို့ အသိပေးထားပါတယ်။ 

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း မြို့တော် စစ်တွေမြို့မဈေးကြီးအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲ တာကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။ 

ရခိုင်ပြည်အတွင်း ယခင်ကတည်းက ညှိနှိုင်းသဘောတူထားတဲ့ အလွတ်သဘော အပစ်အခတ်ရပ်စဲရေးဟာလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစပြီး ပျက်ပြယ်သွားပြီလို့ သိရပါတယ်။ 

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနဲ့ ရခိုင်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည် ပလက်ဝမြို့တို့က အိုးအိမ်စွန့်ခွာရသူ ခန့်မှန်းခြေ ၁၄၈,၅၀၀ ရှိပြီး နိုင်ငံတဝန်းလုံးအတိုင်းအတာအရဆိုရင် လူပေါင်း ဒသမ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ UNOCHA ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ 

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်သူတွေအိုးအိမ်စွန့်ခွာထွက်ပြေးနေရမှု ပိုများလာနေပေမယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ဆိုတာ စစ်ကောင်စီရဲ့ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ထင်သလောက်မပေးနိုင်ဘူးဖြစ်နေတယ်လို့ UNOCHA က ဆိုပါတယ်။  

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက UN အဖွဲ့အစည်းများအပါအဝင် INGO/NGO အများစုဟာလည်း ရခိုင်ပြည်ကို စွန့်ခွာ သွားကြပြီဖြစ်တာကြောင့် အရေးပေါ်ကူညီရေးထောက်ပံ့မှုလုပ်ငန်းတွေအတွက် များစွာထိခိုက်စေတယ်လို့ ရခိုင်ဒေသလူမှု အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်ခဲ့တဲ့ တကျော့ပြန်ပဋိပက္ခတွေကြောင့် ရေလမ်းနဲ့ ကားလမ်းတွေ ပိတ်ထားခြင်းခံထားရတဲ့အတွက် စားနပ်ရိက္ခာရှားပါးမှု၊ ကုန်စည်ပစ္စည်းပြတ်လပ်မှုများနဲ့ရင်ဆိုင် နေရသလို မရှိမဖြစ်ကုန်ပစ္စည်းတွေဟာလည်း ဈေးနှုန်းတွေမြင့်တက်နေတယ်လို UNOCHA က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပြည်သူ(,၃၂၇) ဦး ကိုကူညီစောင့်ရှောက်နိုင်ခဲ့


မတ်လ၇ရက်


၂၀၂၃ဒီဇင်ဘာ လမှ ၂၀၂၄ ဖေဖော်ဝါရီလအထိ ()လအတွင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများကိုပေးခဲ့တယ်လို့သိရပါတယ်။


လောင်းလုံးမြို့နယ်အတွင်း ၂၀၂၃ဒီဇင်ဘာလ -၂၀၂၄ ဖေဖော်ဝါရီလအထိ () လအတွင်း ဖြစ်ပွါးခဲ့သော ပြည်သူများနှင့် ပြည်သူ့ရဲဘော်တို့၏ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ဆေးဘက်ဆိုင်ရာအဖွဲ့မှ ကူညီမှုများစွာ ပြုလုပ်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးအဖွဲ့စည်းများညှိနှိုင်းရေးဗဟိုကော်မတီ နှင့် ပြည်တွင်းပြည်ပထောက်ပို့ရဲဘော်တို့၏ ထောက်ပံ့ ပံ့ပိုးမှုများနှင့်အတူ    (,၃၂၇) ဦး ကူညီစောင့်ရှောက်နိုင်ခဲ့တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၇။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ Operation 0307 ကို စတင်


မတ်လ၇ရက်


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ Operation 0307 ကို စတင်လိုက်ပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။


ဒီကနေ့ မတ်လ () ရက်နေ့၊ ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ Operation 0307 ကို စတင်လိုက်ပြီး KIA ဌာနချုပ်(လိုင်ဇာ) အနီးမှာ ရှိတဲ့ ခါရာ၊ ဘုံရွယ် အစရှိတဲ့ ဗျုဟာကုန်းများကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


"ဒီမနက်၆နာရီကျနော်တို့KIAနဲ့ပူးပေါင်းအဖွဲ့တွေဝင်တိုက်တာပေါ့။လောလောဆယ်ကတော့ စခန်းကြီးတွေ မတိုက်ရသေးပါဘူး။ကာကင်းစခန်းတွေကတော့ သိမ်းပိုက်လို့ရလောက်တယ်"လို့ KIAကဗိုလ်မှူးကြီးနော်ဘူကလည်းသတင်းမီဒီယာများထံသတင်းထုတ်ပြန်ပြောကြားထားပါတယ်။


ထို့အပြင် ဖားကန့်၊ ဆင်ဘိုမြို့တွေမှာလည်း တပြိုင်နက် စစ်ဆင်ရေးဝင်လျက်ရှိတယ်လို့ သိရပါတယ်။ 


လက်ရှိအချိန်မှာ ဝိုင်းမော်-ဗန်းမော်လမ်းပေါ်မှာ ရှိတဲ့ ရွှေညောင်ပင် ခလရ-၃၂၁ စခန်းကိုအပါအဝင် လိုင်ဇာဌာနချုပ်ပတ်ချာလည်က အရေးပါတဲ့ တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။  


ခါရာဗျုဟာကုန်းပတ်ချာလည်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ရဲ့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်လေယာဥ်က ဗုံး () လုံး ကြဲချသွားကာ တရုတ်ဘက်ခြမ်းကို လက်နက်ကြီး () လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment