7th MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စကစရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ တော်လှန်ရေး မှာ political economy structure မပြင်နိုင်ရင် တကယ့် ဖက်ဒရယ် အနှစ်သာရ ကို ရနိုင်မှာမဟုတ်ဘူးလို့ဆို

📌 ၄။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်ပါချုပ်နဲ့ ဒုချုပ်အပါအဝင် ဝန်ထမ်းငါးဦးကို ကရင်နီ ပြည်နယ်တရားရုံးက ထောင်ဒဏ် နှစ်နဲ့ ငွေဒဏ်ချမှတ်ခဲ့

📌 ၅။ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် ဒေသတွင်းပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဟု ညီနောင် ဖွဲ့ပြော 

📌 ၆။ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် နှစ်လတာအတွင်းအမျိုးသမီး () ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၃၀) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချင်းညီနောင်အဖွဲ့တွင် CDF- - Kanpelet ပူးပေါင်း

🚩 ၂။ မိုးဗြဲ PDF အမှတ် (၁၀၀၇) တပ်ရင်း စစ်သင်တန်းဆင်းပွဲ ပြုလုပ်

🚩 ၃။ မွန်ပြည်သစ်ပါတီ (AD) မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့် ဂဠုန်စစ်ကြောင်းတို့ ပူးပေါင်းပြီး ကျိုက်မရော အကျဉ်းထောင်ကို ဗုံးသီးချ တိုက်ခိုက်

🚩 ၄။ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် စစ်ကားကို မိုင်းဆွဲမှု စစ်သား ဦးသေဆုံးနိုင်သည့်ဒဏ်ရာရ၊ စစ်သားများ ပစ်ခတ်မှုကြောင်း ဆီဘောက်ဆာကားမီးလောင်ပြီး အရပ်သား ဦးသေဆုံး

🚩 ၅။ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံထားရသည့် စစ်ကောင်စီ စစ်ကားအား အုန်းတောဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်လာစဥ်မိုင်းဆွဲတိုက်ခိုက်

🚩 ၆။ ပခုက္ကူမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆက်တိုက်စစ်ဆင်ရေးကြောင့် စကစ ၇ဦးသေဆုံး

🚩 ၇။ လိမ်လည်အလုပ်ခေါ်စာမှ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းခြင်း ခံရသူတစ်ဦး မန္တလေး PDF ထံ အလင်းဝင်လာ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စကစရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး


မတ်လ ၆ရက်။

စကစရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုရှယ်မီဒီယာမှတဆင့် ဖော်ပြအသိပေးထားပါတယ်။


အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ငန်းစဥ်နဲ့ပတ်သက်ပြီး မဟာမိတ်အစုအဖွဲ့ အသီးသီးနဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီး စိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက် စုစုစည်းစည်း ဆက်လက်ဆောင်ရွက်သွားကြဖို့ရှိပါတယ်။လို့ဆိုပါတယ်။


စစ်မှုမထမ်းမနေရ ဥပဒေကို အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီ၁၀ရက်နေ့မှာ အသက်သွင်းခဲ့ပြီးနောက် ဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


မတ်လ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၀/၂၀၂၄)ကို မတ်လ ၆ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသော မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ တော်လှန်ရေး မှာ political economy structure မပြင်နိုင်ရင် တကယ့် ဖက်ဒရယ် အနှစ်သာရ ကို ရနိုင်မှာမဟုတ်ဘူးလို့ဆို


မတ်လ ၆ရက်။

တော်လှန်ရေး မှာ political economy structure မပြင်နိုင်ရင် တကယ့် ဖက်ဒရယ် အနှစ်သာရ ကို ရနိုင်မှာမဟုတ်ဘူးလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောကြားထားပါတယ်။


"အီးအိုင်တီအိုင်က ကျွန်တော်ဘဝရဲ့ မှတ်တိုင်တခုပဲ။ စပြီး နှိုးဆော်ခဲ့တယ်၊ MSG ဆိုတဲ့ အရပ်ဘက်၊ အစိုးရ၊ စီးပွားရေးဘက်က သုံးပွင့်ဆိုင်ထိုင်ပြီး မြန်မာနိုင်ငံရဲ့ သယံဇာတ ကဏ္ဍကနေရတဲ့ အကျိုးအမြတ် တွေသည် ပြည်သူထံ စီးဆင်းဖို့ မူဝါဒ၊ ဥပဒေ၊ အခြေခံတွေ ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့်ပဲ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှု အမှားတွေ ဖော်ထုတ်နိုင်ခဲ့သလို other accounts ဆိုတဲ့ ဘီလီယံနဲ့ချီတဲ့ ငွေစာရင်းတွေပေါ်လာသလို၊ crony capitalism system ရဲ့ ကြိုးစလည်း ဆွဲနိုင်ခဲ့တယ်။ ဆက်စပ် ဥပဒေ ပေါင်း ၁၀ ခုကျော်ကို ပြင်ဆင်တာ အသစ်ရေးဆွဲတာတွေ လုပ်နိုင်ခဲ့တယ်။ မနှစ်ကတော့ အီးအိုင်တီအိုင်ရုံးက ဆက်သွယ်လာတယ်၊ သဘောထား မေးတာပေါ့၊ ဘာဆက်လုပ်သင့်သလဲဆိုတာကို၊ ဆယ်စုနှစ် တစုလောက်နီးပါး ကိုယ်ပျိုးထားတဲ့ အပင် ညိုးကျသွားတာကို မြင်ရသလိုပဲ။ဒီတော်လှန်ရေး မှာ political economy structure မပြင်နိုင်ရင် တကယ့် ဖက်ဒရယ် အနှစ်သာရ ကို ရနိုင်မှာမဟုတ်ဘူး"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း သယံဇာတတူးဖော်ရေး ကဏ္ဍကို စစ်အုပ်စုက အထိန်းအကွပ်မဲ့လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်ပါချုပ်နဲ့ ဒုချုပ်အပါအဝင် ဝန်ထမ်းငါးဦးကို ကရင်နီ ပြည်နယ်တရားရုံးက ထောင်ဒဏ် နှစ်နဲ့ ငွေဒဏ်ချမှတ်ခဲ့


မတ်လ ၆ရက်။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကတာဝန်ရှိတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဒုတိယ ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ငါးဦးကို ထောင်ဒဏ် နှစ်နဲ့ ငွေဒဏ် ကျပ် သိန်းစီ ချမှတ်ခဲ့တယ်လို့ ကရင်နီ ပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က အတည်ပြု ပြောကြားထားကြောင်း People Spring မီဒီယာက ဖော်ပြ ထားပါတယ်။


၂၀၂၃ ခုနှစ် နိုဝင်ဘာလက လွိုင်ကော် တက္ကသိုလ်မှ ခေါ်ထုတ်ခဲ့တဲ့ Non-CDM ဝန်ထမ်းများနဲ့ ၎င်းတို့ရဲ့ မိသားစုဝင် ၂၀၄ ဦးအနက် အများစုကို ပြည်နှင်ဒဏ် ချမှတ်ခဲ့ပြီး စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်သူ ငါးဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/ အရ ကရင်နီပြည်နယ် ရဲဌာနက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်လာခဲ့တဲ့ Non-CDM ဝန်ထမ်းများနဲ့ ၎င်းတို့ မိသားစုဝင်များကို Non -CDM ဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကနဦး အသိပေးထားပါတယ်။


ထို့နောက် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်မှု မရှိတဲ့ Non-CDM များနဲ့ ၎င်းတို့ရဲ့ မိသားစုဝင် ၁၉၃ ဦးကို စစ်ကောင်စီရဲ့ ယန္တရားများတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်၊ ကျောင်း၊ ရုံးများနှင့်လည်း အဆက်အသွယ် မပြုလုပ်ရန်၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူများနဲ့ ရပ်တည်သွားရန် စတဲ့ ကတိကဝတ်များကို ခံဝန်လက်မှတ် ရေးထိုးစေကာ ကရင်နီပြည် ပြင်ပကို နိုဝင်ဘာ ၂၈ ရက်နေ့မှ အပြီးသတ် နယ်နှင်ဒဏ် ပေးခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် ကျန်ရှိနေတဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက် ပတ်သက်ဆက်နွယ်သူ တပ်မိသားစုဝင်သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ အက်ဥပဒေ နှင့်အညီ စုံစမ်းစစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာ စစ်ခုံရုံးကို လွှဲပြောင်းပေးပို့ အရေးယူသွားမှာ ဖြစ်တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် ဒေသတွင်းပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဟု ညီနောင် ဖွဲ့ပြော 


မတ်လ ၆ရက်။

မြောက်ပိုင်းမဟာမိတ် ဖွဲ့ အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့တွေထဲက မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ဥပဒေကျင့်သုံးမယ်လို့ ကြေညာလိုက်တာဟာ ဒေသတွင်း ပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ဥပဒေကျင့်သုံးမယ်လို့ စစ်ကောင်စီက မတ်လ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ ကိုးကန့်တပ် MNDAA တအာင်းတပ်TNLA နဲ့ ရခိုင့်တပ်တော် AA တို့က မတ်လ ရက်မှာ တုံ့ပြန်ပြောဆိုလိုက်တာပါ။

စစ်ကောင်စီရဲ့ ကြေညာချက်ဟာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ဖွဲ့တို့ကြား သဘောတူထားတဲ့ ဟိုင်ဂင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း အသိပေးထားပါတယ်။ 

ဟိုင်ဂင် သဘောတူညီချက်အရ ရှမ်းမြောက်ဒေသမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားတာကြောင့် တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ဖို့၊ တရုတ်- မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးနဲ့ မြောက်ပိုင်းဒေသအတွင်း စစ်ဘေးဒဏ်သင့်ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် ခိုင်မာတဲ့ အပစ်ရပ်ရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ ကတိပြုခဲ့ကြပြီးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဟိုင်ဂင် သဘောတူညီချက်တွေကို အကောင်ထည်ဖော်တာ၊ သုံးသပ်ဆွေးနွေးတာပြုလုပ်နိုင်ဖို့ စာချုပ်မှာ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ တရုတ်အစိုးရအကူအညီနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲတွေ ပုံမှန် လုပ်ဆောင်ခဲ့တာဟာ ဖေဖော်ဝါရီ ၂၉ ကနေ မတ်လ ရက်နေ့အထိ ကျင်းပခဲ့တာနဲ့ဆိုရင် ကြိမ်ရှိခဲ့ပြီလို့ ညီနောင် မဟာမိတ် ဖွဲ့က ပြောပါတယ်။  

အခုလို နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးအပြင် ဟိုင်ဂင် သဘောတူညီချက်စာချုပ်မှာ ပါတဲ့ အချက်တွေကို တဆင့်ပြီးတဆင့် ညှိနှိုင်းအကောင်အထည်ဖော်နေချိန်မှာ စစ်ကောင်စီက ညီနောင်မဟာမိတ် ဖွဲ့ အပြည့်အဝထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေတဲ့ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခြင်းဟာ ဒေသတွင်းပြည်သူတွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး ဟိုင်ဂင် သဘောတူညီချက်ကို အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့ က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် နှစ်လတာအတွင်းအမျိုးသမီး () ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၃၀) ဦး သေဆုံးခဲ့


မတ်လ ၆ရက်။

မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် နှစ်လတာအတွင်းအမျိုးသမီး () ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၃၀) ဦး သေဆုံးခဲ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ မတ်လ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၃၀) ဦး သေဆုံးခဲ့ပါတယ်။ 


အဆိုပါ (၃၀) ဦးအနက် အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်ပါတယ်။


ထို့ပြင် ၎င်း (၃၀) ဦးအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ (၁၂) ဦးဖြင့် အများဆုံးဖြစ်ပါတယ်။

ထို့ပြင် အဆိုပါကာလအတွင်း မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၁၈) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းပြင် နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ စုစုပေါင်း အမျိုးသား () ဦး ရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ ချင်းညီနောင်အဖွဲ့တွင် CDF- - Kanpelet ပူးပေါင်း


မတ်လ ၆ရက်။

ချင်းပြည်နဲ့ ချင်းအမျိုးသားရေးကိစ္စရပ်တွေမှာ နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင် အဖွဲ့မှာ CDF- Kanpelet ပူးပေါင်းပါဝင်လာတယ်လို့ ချင်းညီနောင်အဖွဲ့တွေက မတ်လ ရက်မှာ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်အဖွဲ့အနေနဲ့ ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံးအရေးနဲ့ ပြည်ထောင်စုအရေးကိစ္စတွေမှာ ချင်းညီနောင်အဖွဲ့ ရဲ့ စံတန်ဖိုး၊ ခံယူချက်၊ ဘုံသဘောတူညီချက်တွေနဲ့ ကိုက်ညီတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီး အနာဂတ်ကာလမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အစိုးရတရပ်ပေါ်ပေါက်လာတဲ့အထိ လက်တွဲကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 

အဆိုပါသဘောထား ရပ်တည်ချက်တွေအပေါ်အခြေခံပြီး CDF- Kanpelet နဲ့ ချင်းညီနောင်အဖွဲ့တို့ကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းပါဝင်လာတာလို့ သိရပါတယ်။ 

ချင်းညီနောင်အဖွဲ့ လက်ခံကိုင်စွဲထားတဲ့ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရှိခြင်း အစရှိတဲ့ ဘုံသဘောတူညီချက်တွေနဲ့အညီ CDF- Kanpelet ကို မတ်လ ရက်နေ့ကစပြီး ချင်းညီနောင်အဖွဲ့ဝင်အဖြစ် အတည်ပြုလိုက်တာလို့လည်း သိရပါတယ်။ 

ချင်းပြည်နဲ့ ချင်းအမျိုးသားရေးကိစ္စရပ်တွေမှာ နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဇိုမီး ဖက်ဒရယ်ယူနီယံ ZFU/PDF-Zoland Chin National Organization -CNO/CNDF Chin National Council -Mindut/CDF-Mindut တို့ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ ချင်းညီနောင်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။  

CDF- Kanpelet ကို ချင်းညီနောင်အဖွဲ့ဝင်အဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်တာကြောင့် လက်ရှိမှာ ချင်းညီနောင် အဖွဲ့ဝင် ချင်းလက်နက်ကိုင်အဖွဲ့ ဖွဲ့ ရှိလာခဲ့ပြီလို့ သိရပါတယ်။


========================


🚩🚩 ၂။ မိုးဗြဲ PDF အမှတ် (၁၀၀၇) တပ်ရင်း စစ်သင်တန်းဆင်းပွဲ ပြုလုပ်


မတ်လ ၆ရက်။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF (၁၀၀၇) တပ်ရင်း က အပတ်စဉ် () မွမ်းမံသင်တန်းနဲ့ အခြေခံစစ်သင်တန်း ပြီးဆုံးပြီး သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


မတ်လ ရက်နေ့မှာ အပတ်စဉ် () မွမ်းမံသင်တန်းနဲ့ ရဲဘော်တပ်သားအသစ် (၈၀) ဦးအတွက် အခြေခံ စစ်သင်တန်း ပြီးဆုံးခဲ့ကြောင်းကို မှတ်တမ်းဓါတ်ပုံတွေနဲ့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။


မိုးဗြဲ PDF အမှတ် (၁၀၀၇) တပ်ရင်းဟာ ရှမ်း၊ ကယားနယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံ မြို့နယ်တွေမှာ ဒေသတွင်း တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PDF တပ်ရင်း တစ်ခုလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မွန်ပြည်သစ်ပါတီ (AD) မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့် ဂဠုန်စစ်ကြောင်းတို့ ပူးပေါင်းပြီး ကျိုက်မရော အကျဉ်းထောင်ကို ဗုံးသီးချ တိုက်ခိုက်


မတ်လ ၆။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP - AD, မွန်ပြည်လွတ်မြောက်ရေး တပ်တော် MLA နှင့် ဂဠုန်စစ်ကြောင်း Fixed-Wings နည်းပညာ SUAVF-G3 အဖွဲ့တို့ ပူးပေါင်းပြီး ကျိုက်မရောထောင်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


မတ်လ ရက်နေ့ ညနေ နာရီ အချိန်ခန့်က ကျိုက်မရော အကျဉ်းထောင်ကို Fixed-Wings ဒရုန်းဖြင့်  Dropped Bomb နှစ်လုံး အသုံးပြုကာ အသံပေး ခြိန်းခြောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဂဠုန်စစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံက သိရပါတယ်။


ကျိုက်မရောထောင် အတွင်းက မတရားဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများကို တော်လှန်ရေး တပ်သားများရဲ့ လုပ်ဆောင်နိုင်စွမ်းများ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာကြောင်းနဲ့ တော်လှန်ရေး အဟုန် ဆက်လက် မြင့်တက်နေကြောင်းကို သတင်းစကားပါးတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက် က တုံပြန်တိုက်ခိုက်တာမျိုး မရှိခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။ 


စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အချိန်မရွေး နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေမှာ ဖြစ်တဲ့အတွက် ပြည်သူ လူထုအနေနဲ့ ဘယ်သွားသွား သတိထား သွားလာကြဖို့ အသိပေးထားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း  သတိမလွတ်စေနဲ့လို့ ဂဠုန်စစ်ကြောင်းက သတင်းစကား ပါးထားပါတယ်။

ယခုတိုက်ခိုက်မှုဟာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၄။ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် စစ်ကားကို မိုင်းဆွဲမှု စစ်သား ဦးသေဆုံးနိုင်သည့်ဒဏ်ရာရ၊ စစ်သားများ ပစ်ခတ်မှုကြောင်း ဆီဘောက်ဆာကားမီးလောင်ပြီး အရပ်သား ဦးသေဆုံး


မတ်လ ၆ရက်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာလမ်းပေါ်မှာ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးနိုင်တဲ့ဒဏ်ရာရခဲ့ပြီး စစ်သားတွေရဲ့ပစ်ခတ်မှုကြောင့် ဆီဘောက်ဆာကားမီးလောင်ကာ အရပ်သား ဦး သေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက မတ်လ ရက်မှာ ထုတ်ပြန်ပါတယ်။  

မြင်းမူမြို့နယ်ကနေ စစ်ကိုင်းဘက်လာတဲ့ စစ်ကားတစီးကို တော်လှန်ရေးတပ်ဖွဲ့က မတ်လ ရက် မနက် နာရီခွဲခန့်အချိန် စစ်ကိုင်း - မုံရွာ ကားလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး ပြင်းထန်ဒဏ်ရာရကာ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် စက်သုံးဆီတင် ဆီဘောက်ဆာကား ကျည်ထိမှန်ပြီး မီးလောင်သွားတယ်လို့ သိရပါတယ်။

ဆီဘောက်ဆာကားမီးလောင်ချိန်မှာ ဆိုင်ကယ်မောင်းလာတဲ့ သားအမိလို့ယူဆရတဲ့ အမျိုးသမီတဦးနဲ့ အသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တို့ မီးလောင်သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကားဟာ ကားဘီးများကွဲပြီး ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ပျက်စီးသွားတဲ့ကားကို ရပ်ထားရချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပစ်ခတ်မှုတွေ လုပ်ဆောင်ပြီး လုယက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ပျက်စီးသွားတဲ့ စစ်ကားအတွက် ကားဘီးတွေကို အာရာဖက်အမျိုးအစားကားတစီးနဲ့လာရောက်ပို့ဆောင်ခဲ့ပြီး သေဆုံးနိုင်ဖွယ်ရှိတဲ့စစ်သားတွေကို တင်ဆောင်သွားသလို မိုင်းဆွဲခံရမှုကြောင့် ပျက်စီးသွားတဲ့ကားကိုလည်း ပြန်လည်ပြင်ဆင်ပြီး နံနက် ၁၁ နာရီကျော်အချိန်မှာ စစ်ကိုင်းဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံထားရသည့် စစ်ကောင်စီ စစ်ကားအား အုန်းတောဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်လာစဥ်မိုင်းဆွဲတိုက်ခိုက်


မတ်လ ၆ရက်။

စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံထားရသည့် စစ်ကောင်စီ စစ်ကားအား အုန်းတောဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်လာစဥ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။


မတ်လ ရက်နေ့ ညနေ (:၁၅)နာရီ အချိန် စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံထားရသည့် စစ်ကောင်စီ စစ်ကားအား အုန်းတောဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ပြန်လည် ခေါ်ဆောင်လာသော အိမ်စီးကား စီး၊ စစ်ကား စီး၊ လူနာတင် ကား စီးပါ ယာဉ်တန်းအား လမ်းခုလတ်တွင် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


တိုက်ခိုက်မှုကြောင့် စစ်ကားကြီး စီး နောက်ပိုင်းနှင့် စစ်ကောင်စီ ဒဏ်ရာရတပ်သားများတင်ဆောင်လာသော လူနာတင်ယာဉ်အား ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်းစစ်ကိုင်းသတင်းမှန်ကဖော်ပြပါတယ်။


စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၆။ ပခုက္ကူမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆက်တိုက်စစ်ဆင်ရေးကြောင့် စကစ ၇ဦးသေဆုံး


မတ်လ () ရက်။

မတ်လ ၆ရက်မှာ စစ်ရေးသတင်းကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ()ကအသိပေးဖော်ပြပါတယ်။


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် ပခုက္ကူမြို့နယ် ကိုးပင် ချည်မျှင်ဂိတ်ရှိ (စကစ)များကို Fix Wingလေယာဥ်ငယ်များဖြင့် 1kg ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။


မတ်လ() ရက်နေ့တွင်လည်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာဂိတ်စခန်းကို Rc Plane လေယာဥ်ငယ်များဖြင့် ဗုံးသီးများကျဲချ တိုက်ခိုက်ခဲ့ပြီး မတ်လ () ရက်နေ့တွင်မူ ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်သားများကို  ရော့ကတ်အလုံးရေ(၃၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


မတ်လ () ရက်နေ့တွင် ပခုက္ကူမှ ထွက်လာသော စကစ ထောက်ပို့စစ်ကြောင်းကို လမ်းတလျှောက် လိုက်လံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


၎င်းတိုက်ခိုက်မှုများအတွင်း စကစ ()ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိကြောင်းသိရှိရပါတယ်။

အထက်ပါတိုက်ခိုက်မှုများကို မဟာမိတ်တပ်ဖွဲ့များနှင့်စစ်ဒေသအလိုက်ပူးပေါင်း၍ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() Taty-Pku ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() Thurain - TR ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() Shwe Nyar Myae ပခုက္ကူမြု့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() Black Cheaterနှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force- UG  Young Force - UG  တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


🚩🚩 ၇။ လိမ်လည်အလုပ်ခေါ်စာမှ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းခြင်း ခံရသူတစ်ဦး မန္တလေး PDF ထံ အလင်းဝင်လာ 


မတ်လ ၆ရက်။

စစ်ကောင်စီရဲ့ လိမ်လည်အလုပ်ခေါ်စာမှ တပ်သားအဖြစ် အဓမ္မ စုဆောင်းခြင်း ခံခဲ့ရသူတစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး (MDY-PDF) ထံ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။


 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရက်က MDY-PDF ထံ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် အမှတ် (၉၀၈) အင်ဂျင်နီယာ တပ်ရင်းမှ တပ်သား သက်ဇော်ဦး ဆိုသူက MA-3 တစ်လက်၊ ကျည်ဘောက် ခု၊ ကျည် ၂၅၀ တို့ ကို ယူဆောင်လာပြီး အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။


လူမှုကွန်ယက် စာမျက်နှာမှာ စစ်ကောင်စီရဲ့ အလုပ်ခေါ်စာအတုဖြင့် အလုပ်ခေါ်မှုကို သွားလျှောက်မိရာမှ တပ်သားသစ် စုဆောင်ခံခဲ့ရတဲ့ ၎င်းဟာ အလင်းဝင်လာချိန်မှာ စစ်မှုထမ်းသက် တစ်နှစ်နဲ့ နှစ်လရှိပြီ ဖြစ်ပါတယ်။


စစ်ကောင်စီက တပ်သားသစ် စုဆောင်းရာမှာ အွန်လိုင်းမှတဆင့် အလုပ်ခေါ်စာအတုများဖြင့် လိမ်လည် ခေါ်ယူခြင်း၊ ဘူတာရုံ၊ ကားဂိတ်များတွင် အရက်သမား၊ မူးယစ်ဆေးသမားများကို အဓမ္မ ခေါ်ဆောင်ခြင်း၊ ခိုးဆိုး လုနှိက်သမားများအား ခေါ်ထားခြင်းများ ပြုလုပ်လေ့ ရှိတယ်လို့ ၎င်းက ပြောပြပါတယ်။


၎င်းတပ်သားဟာ ၂၀၂၄ ဇန်နဝါရီလ ရက်နေ့မှာ ပြင်ဦးလွင်မြို့တွင် မိုင်းသင်းတန်း လာတက်ပြီးနောက် ရှေတန်းကို ပါလာကာ သရက်ကုန်းရွာစခန်းကို ဇန်နဝါရီလ ရက်နေ့ညမှာ ရောက်ရှိခဲ့ပြီး ရက်နေ့မှာ မန္တလေး PDF နဲ့ ချိတ်ဆက်မိပြီး အလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။


အဆိုပါ တပ်သားက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်သားများ အနေနဲ့အာဏာရူးနေတဲ့ အဘတွေ အတွက်ကို ကိုယ့်အသက်ကို စတေးပြီး တိုက်မနေပါနဲ့တော့၊ ပြည်သူကို ကိုယ်စားပြုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းထဲကို ဝင်ပါ၊ ဖိတ်ခေါ်ပါတယ်လို့၎င်းက ပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment