8th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌၁။ စစ်အာဏာရှင်စနစ်ကနေအရင်းခံပြီး ပေါ်ထွက်လာသော ဖိနှိပ်မှုတွေနဲ့အမျိုးမျိုးညှင်းဆဲ

📌၂။ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးများရဲ့အနစ်နာခံပေးဆပ်မှုကို မျက်ဝါးထင်ထင်တွေ့မြင်နိူင်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား

📌၃။ ပြင်သစ်နိူင်ငံပါရီမြို့တွင်ကျင်းပသော International Women Day ဆွေးနွေးပွဲ လူ့အခွင့်ရေးရာဝန်ကြီးတက်ရောက်

📌၄။ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး၊ အမေရိကန် လူ့အခွင့်အရေးသံအမတ် Ms.Michele Taylor နဲ့ တွေ့ဆုံပြီး လက်ရှိလူ့အခွင့်အရေးအခြေအနေတွေနဲ့ အမေရိကန်အစိုးရက လုပ်ဆောင်ပေးသင့်တဲ့အချက်တွေကို ဆွေးနွေးခဲ့

📌၅။ တော်လှန်ရေးပြီးပါကမြန်မာပြည်စီးပွားရေးအခြေအနေဟာ မတူတဲ့ စီးပွားရေး ပုံစံတွေနဲ့ ပြန်ဦးမော့လာနိူင်တယ်လို့ မစ္စတာရှောင်တာနယ်ပြောကြား


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ကချင်ဒေသတိုက်ပွဲများတွင် KIA နှင့်အတူ ပူးတွဲတိုက်ပွဲဝင်နေဟု AA အသိပေး

🚩၂။ ဗန်းမော်တက္ကသိုလ်က ဝန်ထမ်းများအားလုံး ညတွင်းချင်း နေရာရွှေ့ပြောင်းခိုင်းပြီး စစ်တပ်က တပ်စွဲ 

🚩၃။ ဝင်းဝစခန်းကုန်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး၊ စစ်တပ်က ခရီးသည်တင်ယာဉ်တန်းကို လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး

🚩၄။ စစ်ကောင်စီက ဆီဆိုင်မြို့ကို ဓာတုအဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်၊ ထိခိုက်ခဲ့သည့် ပြည်သူများကို ဆေးကုသ ပေးနေ 

🚩၅။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောရှိ စစ်ကောင်စီစခန်းများကို AA ထိုးစစ်ဆင်၊ ရမ်းဗြဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျားထွက်ပြေးနေ

🚩၆။ ချင်းပြည်နယ် ဟားခါးမြို့က စကစရုံးရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲအရာရှိနဲ့တပ်သားများကို CDF-ဟားခါးကဖမ်းဆီးရမိ

🚩၇။ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် မြို့တွင်းတိုက်ပွဲတွေကို အဓိကလုပ်ဆောင်တော့ရမယ်လို့ "အထူးစစ်ဆင်ရေးတပ်ဖွဲ့SOFအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌၁။ စစ်အာဏာရှင်စနစ်ကနေအရင်းခံပြီး ပေါ်ထွက်လာသော ဖိနှိပ်မှုတွေနဲ့အမျိုးမျိုးညှင်းဆဲမှုတွေ ၊ခွဲခြားမှုတွေကို တော်လှန်တဲ့လူထုတော်လှန်ရေး လှုပ်ရှားမှုလည်းဖြစ်တယ်လို့ ယာယီသမ္မတပြောကြား


မတ်လ၈ရက်


စစ်အာဏာရှင်စနစ်ကနေအရင်းခံပြီး ပေါ်ထွက်လာသော ဖိနှိပ်မှုတွေနဲ့အမျိုးမျိုးညှင်းဆဲမှုတွေ ၊ခွဲခြားမှုတွေကို တော်လှန်တဲ့လူထုတော်လှန်ရေး လှုပ်ရှားမှုလည်းဖြစ်တယ်လို့ယာယီသမ္မတဒူဝါလရှီးလက မတ်လ၈ရက်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


"ယခုကျနော်တို့ဦးဆောင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် စနစ်နဲ့အာဏာရှင်ယန္တရားကိုတော်လှန်တိုက်ဖျက်ဖို့တခုတည်းသက်သက်မဟုတ်ဘူးလို့ ဆိုလိုချင်ပါတယ်။စစ်အာဏာရှင်စနစ်ကနေအရင်းခံပြီး ပေါ်ထွက်လာသော ဖိနှိပ်မှုတွေ၊အမျိုးမျိုးညှင်းဆဲမှုတွေ ၊ခွဲခြားမှုတွေကို တော်လှန်တဲ့လူထုတော်လှန်ရေး လှုပ်ရှားမှုလည်းဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့လူထုရဒ့အဓိကအရင်းခံပြဿနာဖြစ်သလို၊ကျား၊မတန်းတူညီမျှမှုမရှိဘဲဖိုဝါဒကြီးစိုးကာ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုအပေါ်မှာတဆင့်နိမ့်ဖိနှိပ်ထားတာဟာ ပြဿနာတွေရဲ့အကိုင်းအခက်တွေအဖြစ် တွေ့မြင်ကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုအပေါ်မှာတဆင့်နိမ့်ဖိနှိပ်ထားတာ၊ခွဲခြားဆက်ဆံတာတွေကိုပါ တိုက်ဖျက်သွားမှာဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌၂။ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးများရဲ့အနစ်နာခံပေးဆပ်မှုကို မျက်ဝါးထင်ထင်တွေ့မြင်နိူင်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား


မတ်လ၈ရက်


မတ်လ၈ရက်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက အခုလိုပြောကြားလိုက်ပါတယ်။


"နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်တပ်ကဖမ်းဆီးညှင်းပန်းနှိပ်စက်လူမဆန်စွာသတ်ဖြတ်ခံရတဲ့အမျိုးသမီးဟာ ၁၆၂၉ဦးဖြစ်ပါတယ်။မတရားဖမ်းဆီးချုပ်နှောင်အကျဥ်းချခံရတဲ့အမျိုးသမီးဦးရေအရေအတွက်ဟာ ၆၅၇၆ဦးဖြစ်ပါတယ်။ဒီစာရင်းဇယားတွေအရ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးများရဲ့အနစ်နာခံပေးဆပ်မှုကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ အမျိုးသမီးများရဲ့ဖွံဖြိုးတိုးတက်ရေးကိုစီမံကိန်းချဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌၃။ ပြင်သစ်နိူင်ငံပါရီမြို့တွင်ကျင်းပသော International Women Day ဆွေးနွေးပွဲ လူ့အခွင့်ရေးရာဝန်ကြီးတက်ရောက်


မတ်လ၈ရက်


ပြင်သစ်နိူင်ငံပါရီမြို့တွင်ကျင်းပသော International Women Day ဆွေးနွေးပွဲ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်တယ်လို့ မတ်လ၈ရက်‌နေ့မှာ အသိပေးဆိုထားပါတယ်။


"International Women Day အစီအစဥ်ဖြစ်ပါတယ်။တပိုင်းမှာ မြန်မာပြည်က အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မြင်ရမယ်။ တခြားတဖက်မှာတော့ ဒီအခက်အခဲတွေကြားမှာ ဆက်လက်ရှင်သန်နေကြတဲ့  trangender women တွေအပါအဝင်အမျိုးသမီးတွေရဲ့အားမာန်တွေ အကြမ်းဖက်မှုကို ရတဲ့နည်းနဲ့ တွန်းလှန်နေတဲ့ စွမ်းရည်သတ္တိတွေကို မြင်ရပါမယ်။လေးစားပါတယ်"လို့ဆိုပါတယ်။


အဆိုပါအခမ်းအနားတွင် မြန်မာ့နွေဦးတော်လှန်ရေးကမြန်မာအမျိုးသမီးများဇာတ်လမ်းတိုကိုလည်း ပြသသွားမှာဖြစ်ပြီးတော့ ဆွေးနွေးပွဲတွင် လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း၊ ပြင်သစ်ဆိုင်ရာ NUGကိုယ်စားလှယ် နန်းဆုမွန်အောင်တို့ပါဝင်ပါတယ်။


========================


📌📌၄။ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး၊ အမေရိကန် လူ့အခွင့်အရေးသံအမတ် Ms.Michele Taylor နဲ့ တွေ့ဆုံပြီး လက်ရှိလူ့အခွင့်အရေးအခြေအနေတွေနဲ့ အမေရိကန်အစိုးရက လုပ်ဆောင်ပေးသင့်တဲ့အချက်တွေကို ဆွေးနွေးခဲ့


မတ်လ၈ရက်


NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးနှင့် အမေရိကန် လူ့အခွင့်အရေးသံအမတ် Ms.Michele Taylor တို့‌ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မတ်လ၈ရက်မှာ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးပြောကြားထားပါတယ်။


"အမေရိကန် လူ့အခွင့်အရေးသံအမတ် Ms.Michele Taylor နဲ့ တွေ့ဆုံပြီး လက်ရှိလူ့အခွင့်အရေးအခြေအနေတွေနဲ့ အမေရိကန်အစိုးရက လုပ်ဆောင်ပေးသင့်တဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်"လို့ပြောပါတယ်။


ဒါ့အပြင်နိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပနေတဲ့အချိန်မှာအကြမ်းဖက်ခံနေတဲ့ မြန်မာပြည်က အမျိုးသမီးတွေအတွက် ကာကွယ်ပေးဖို့အပြင် အခက်အခဲတွေကြားထဲကနေအာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်နေတဲ့ အမျိုးသမီးတွေကို  ခွန်အားပေးဖို့ကို ဝန်ကြီးကတောင်းဆိုခဲ့ပါတယ်။

 

"ဘာသာရေးပဋိပက္ခတွေကို ဖန်တီးတိုင်း အမျိုးသမီးတွေကို ခုတုံးလုပ် ဝါဒဖြန့်သွေးထိုးတတ်တဲ့ စစ်တပ်ရဲ့ လှည့်ကွက်ကို အသိပေးခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌၅။ တော်လှန်ရေးပြီးပါကမြန်မာပြည်စီးပွားရေးအခြေအနေဟာ မတူတဲ့ စီးပွားရေး ပုံစံတွေနဲ့ ပြန်ဦးမော့လာနိူင်တယ်လို့ မစ္စတာရှောင်တာနယ်ပြောကြား


မတ်လ၈ရက်


တော်လှန်ရေးပြီးပါကမြန်မာပြည်စီးပွားရေးအခြေအနေဟာ မတူတဲ့ စီးပွားရေး ပုံစံတွေနဲ့ ပြန်ဦးမော့လာနိူင်တယ်လို့ မစ္စတာရှောင်တာနယ်ပြောကြားလိုက်ပါတယ်။


(မတ်လ၃ရက်) ကျင်းပတဲ့  ယူကေရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကပြောပါတယ်။


 "သိပ်ပျက်စီးသွားပြီးရင် ပြန်ထောင်တက်လာဖို့က မခက်ဘူး။ အရင်ပုံစံမျိုးနဲ့ မတူတဲ့ စီးပွားရေး ပုံစံတွေနဲ့ ပြန်ဦးမော့လာမယ်"လို့ ဆိုပါတယ်။


ဒါ့အပြင် လတ်တလောမြန်မာပြည်နဲ့အိမ်နီးချင်းနိူင်ငံများနဲ့ပတ်သက်လို့ "အိန္ဒိယကို စိတ်ပျက်မိကြောင်း၊တရုတ်နိူင်ငံကတော့ မြန်မာပြည် သိပ်လွတ်လပ်မှာကို မကြိုက်ကြောင်း မစ္စတာရှောင်တာနယ်ကပြောကြားခဲ့ပါတယ်။


စကစရဲ့လုပ်နိုင်စွမ်းတွေ ဖျက်ချနိုင်မဲ့ အရေးယူပိတ်ဆို့မှုတွေကို နိူင်ငံတကာကလည်း ယခင်ကထက်ပိုမိုလုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================


🚩🚩၁။ကချင်ဒေသတိုက်ပွဲများတွင် KIA နှင့်အတူ ပူးတွဲတိုက်ပွဲဝင်နေဟု AA အသိပေး


မတ်လ ရက်နေ့ မနက် နာရီဝန်းကျင်ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၎င်းတို့ ဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေ တာနဲ့ပတ်သက်လို့ ရခိုင့်တပ်တော်AAက အသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

လိုင်ဇာမြို့အနီးအပါအဝင် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် - ၉၃၆ ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် - ၂၅၉ လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေ တယ်လို့ ဆိုပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ အဆိုပါထိုးစစ်တွေမှာ မဟာမိတ် KIA နဲ့ ပူးတွဲစစ်ရေးလှုပ်ရှားနေတဲ့အပြင် သီးသန့်တာဝန် ယူလုပ်ဆောင်နေတဲ့ ထိုးစစ်တွေကို ဆင်နွှဲနေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ကချင်ပြည်နယ် ဗန်း‌မော်ခရိုင် မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နယ်အနီးက စစ်ကောင်စီရဲ့ ပွိုင့်-၆၁၁ (Ntap Bum) စခန်းကုန်းကို ရခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ လက်နက်ကြီးတွေအပြင် လေကြောင်းကပါ တရက်လုံး ပစ်ခတ်တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တဲ့အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီး လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး လိုင်ဇာမြို့နဲ့ထိစပ်နေတဲ့ တရုတ်နယ်စပ်မြို့ဘက်ကိုလည်း လက်နက်ကြီးကျည်အချို့ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ရခိုင့်တပ်တော်က ထုတ်ပြန်ထားတယ်။ 

ကချင်ဒေသစစ်ရေးအရင်းအမြစ်တွေအဆိုအရ မတ်လ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က ပစ်ခတ် လိုက်တဲ့လက်နက်ကြီးကျည် လုံး တရုတ်နိုင်ငံဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ရက်နေ့က KIA နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်အတွင်းမှာ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို သိမ်းပိုက် နိုင်ခဲ့ပြီး ကျန်စစ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩၂။ ဗန်းမော်တက္ကသိုလ်က ဝန်ထမ်းများအားလုံး ညတွင်းချင်း နေရာရွှေ့ပြောင်းခိုင်းပြီး စစ်တပ်က တပ်စွဲ 


ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ ဗန်းမော်တက္ကသိုလ်ဝင်းထဲမှာနေထိုင်တဲ့ ဆရာ၊ဆရာတွေနဲ့ဝန်ထမ်းတွေအပါအဝင် ကျောင်းသူ၊ကျောင်းသားအားလုံးကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ရက်နေ့ ညပိုင်းမှာ ညတွင်းချင်း နေရာရွှေ့ ပြောင်းခိုင်းပြီး တက္ကသိုလ်ဝင်းအတွင်း တပ်စွဲနေရာယူထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ရက်နေ့ နာရီကျော်အချိန်မှာ စစ်တပ်က ဗန်းမော်တက္ကသိုလ်ဝင်းအတွင်းရောက်ရှိလာပြီး ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများကို နေရာပြောင်းရွှေ့ခိုင်းပြီးနောက် ဗန်းမော်တက္ကသိုလ်မှာ စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့တာလို့ သိရပါတယ်။

ဗန်းမော်မြို့ နန့်ဖားဒေသမှာရှိတဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေမနဲ့ ကျောင်းသူ၊ကျောင်းသားအားလုံးကို စစ်ကောင်စီက မိုင် နည်းပညာသက္ကသိုလ်သို့ ချက်ချင်းရွှေ့ပြောင်းခိုင်းပြီး အချို့ကို နေရပ်ပြန်ခိုင်းကာ တက္ကသိုလ်ဝင်းထဲ တပ်စွဲနေတယ်လို့ ဗန်းမော်ဒေသခံတွေကလည်း ပြောပါတယ်။

 ဗန်းမော်တက္ကသိုလ်ဝင်းထဲက ဆရာ၊ ဆရာမတွေမနဲ့ ကျောင်းသူ၊ကျောင်းသားတွေ၊ ဝန်ထမ်းတွေ ညတွင်းချင်း နေရာရွှေ့ ပြောင်းခဲ့ကြရတဲ့ ရုပ်သံဖိုင်တခုလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာရှိပါတယ်။ 

 ပြောင်းရွှေ့ခံရတဲ့ နန့်ဖားတက္ကသိုလ်မှာ ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသား စုစုပေါင်း ၆၀၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေပြီး မြို့တွင်းမြို့ပြင် နေရာအနှံ့မှာ တပ်ချထားတဲ့အပြင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ 

မတ်လ ရက်နေ့ မနက်ပိုင်းက ဗန်းမော်လေဆိပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး မြိုတွင်းလမ်းတွေနဲ့ လေဆိပ်ကိုသွားတဲ့ လမ်းတွေကို ပိတ်ဆို့ထားတဲ့အပြင် ဗန်းမော်တမြို့လုံးမှာ စစ်တပ်က တပ်ဖြန့်ပြီး သဲအိတ်တွေ၊ ကတုတ်ကျင်းတွေတူးကာ တိုက်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။


========================


🚩🚩၃။ ဝင်းဝစခန်းကုန်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး၊ စစ်တပ်က ခရီးသည်တင်ယာဉ်တန်းကို လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး


တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်းဝစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးသေဆုံးခဲ့ တယ်လို့ ထားဝယ်ခရိုင် အမှတ် တပ်ရင်းထံကနေ သိရပါတယ်။

မတ်လ ရက် မွန်းတည့် ၁၂ နာရီအချိန်က သရက်ချောင်းမြို့နယ် ဝင်းဝစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုတွေ‌ကြောင့် တိုက်ပွဲဟာ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို KNLA နှင့် PDF T5 ပူးပေါင်းဖွဲ့စည်းထားသောဖယ်ဒရယ်စစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့ (TPLF) T5 Wings ဒေါင်းညီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲနဲ့သက်ဆိုင်ခြင်းမရှိတဲ့ကျေးရွာများ၊ ခရီးသွားယာဉ်တန်းများအပေါ် ရဟတ်ယာဉ်နဲ့ ဗုံးသီးများကြဲချခြင်းဟာ လူမဆန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က အသိပေးထားပါတယ်။

ဝင်းဝစခန်းဟာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ထားခြင်းကို လက်ရှိအချိန်အထိခံနေရတာကြောင့် ဝင်းဝစခန်း က စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူဘက်တော်သားများအဖြစ် အလင်းဝင်လိုပါက ကောင်းမွန်စွာလက်ခံကြိုဆို သွားမယလို့ ထားဝယ်ခရိုင် အမှတ် တပ်ရင်း T5 Wings က အသိပေးထားပါတယ်။


========================


🚩🚩၄။ စစ်ကောင်စီက ဆီဆိုင်မြို့ကို ဓာတုအဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်၊ ထိခိုက်ခဲ့သည့် ပြည်သူများကို ဆေးကုသ ပေးနေ 


အကြမ်းဖက်စစ်ကောင်စီဟာ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို ဒရုန်းအသုံးပြုပြီး ဓာတုအဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က မတ်လ ရက်မှာ ထုတ်ပြန်ပါတယ်။

မတ်လ ရက်နေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့ကို ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်တာကြောင့် PNLA တပ်ဖွဲ့က ရဲဘော်တွေ အရေပြားယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်း၊ မောပန်းခြင်းနဲ့ အောက်စီဂျင်ကျခြင်း စတဲ့ဝေဒနာများ ခံစားခဲ့ကြရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဓာတုအဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ ဒေသခံပြည်သူများနဲ့ တပ်ဖွဲ့ဝင်များကို လက်ရှိအချိန်အထိ ဆေးဝါးကုသပေးနေရဆဲဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

မတ်လ ရက်နေ့မှာလည်း အကြမ်းဖက်စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်းသို့ လက်နက်ကြီးတွေ၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပအိုဝ်းအမျိုးသားဝတ်စုံတွေဝတ်ဆင်ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသကို စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းခဲ့တယ်လို့လည်း ပြောပါတယ်။

ထိုသို့အင်အားဖြည့်ရာမှာ ပြည်သူလူထုပိုင်ကားတွေကိုချောဆွဲပြီး ၎င်းတို့သွားလိုတဲ့နေရာကို အတင်းအဓမ္မ ပို့ဆောင်စေခဲ့တယ်လို့လည်း သိရပါတယ် 

စစ်ကောင်စီအနေနဲ့ ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ်အသုံးပြုခြင်း၊ ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ဆင်ကာ ပအိုဝ်းဒေသအား အကြမ်းဖက်တိုက်ခိုက်ခြင်းဟာ ပအိုဝ်းတို့ရဲ့ အမျိုးသားဂုဏ်အင်္ဂါလက္ခဏာကို ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုကိုကျူးလွန်နေခြင်းဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောရှိ စစ်ကောင်စီစခန်းများကို AA ထိုးစစ်ဆင်၊ ရမ်းဗြဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျားထွက်ပြေးနေ


ရခိုင်ဒေသအတွင်းမှာရှိတဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာရှိ စစ်ကောင်စီစခန်းတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေ‌ပြီး ရမ်းဗြဲမြို့တွင်းရှိ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျားထွက်ပြေးနေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

ရခိုင်ဒေသအတွင်း တိုက်ပွဲသတင်းတွေကိုထုတ်ပြန်ရာမှာ ရခိုင့်တပ်တော်က ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ အပြီးသတ်သိမ်းပိုက်ရယူဖို့သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို တခုပြီးတခု ချေမှုန်း တိုက်ခိုက် နေရာ ထိုးစစ်များအတွင်း လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ အသိပေးထားပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်း အချို့ ကိုလည်း ယခင်ရက်များအတိုင်း ရခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။

ထို့အတူ ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆ ၅၃၇ နဲ့ ၅၃၈ တို့ကို ရခိုင့်တပ်တော်က ထိုးစစ်ဆင်နေ ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အမြားနဲ့ အပြင်းအထန် ခုခံကာကွယ်နေပေမယ့် ဒီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ရခိုင့်တပ်တော်က အသိပေးထားပါ တယ်။

ရမ်းဗြဲမြို့ မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ မြို့တွင်းမှာကျန်ရှိနေတဲ့ စစ်ကောင်စီလက်ကျန်အင်အားနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို ရခိုင့်တပ်တော်က ဆက်လက်ချေမှုန်းလျက်ရှိတာကြောင့် ကစဉ့်ကလျား ထွက်ပြေးနေကြတဲ့ စစ်သားတွေကို လည်း ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ရခိုင်ဒေသ စစ်ဆင်ရေး ၁၁၆ ရက်အတွင်းမှာ ရခိုင့်တပ်တော်ကသတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို သိမ်းပိုက်ရယူ ထားပြီးဖြစ်သကဲ့သို့ နောက်ထပ်ကျန်ရှိနေသေးတဲ့ ရန်သူ့စခန်းတွေကို ထပ်မံသိမ်းပိုက်ရယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေ တယ်လို့ ရခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩၆။ ချင်းပြည်နယ် ဟားခါးမြို့က စကစရုံးရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲအရာရှိနဲ့တပ်သားများကို CDF-ဟားခါးကဖမ်းဆီးရမိ


မတ်လ၈ရက်


မတ်လ၈ရက်မှာ CDFဟားခါးက အခုလိုအသိပေးကြေညာထားပါတယ်။


"မတ်လ ရက် ညပိုင်းက ဟားခါးမြို့က နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနဲ့တိုင်း ရင်းသားလူမျိုးတိုးတက်ရေးဦးစီး ဌာနရုံးကို လုံခြုံ ရေးယူထားတဲ့ ဒုရဲအုပ် ဦးနဲ့ ရဲတပ်သား ဦးကို ဖမ်းဆီးရရှိခဲ့ပြီး သေနတ် လက်နဲ့ ခဲယမ်းတွေပါရရှိခဲ့တယ်"လို့ CDFဟားခါးကဖော်ပြပါတယ်။


မတ်လ၂ရက်နေ့ကလည်းဟားခါးမြို့မှရဲတဦးလက်နက်နဲ့တကွ ခိုလှုံခဲ့ပါသေးတယ်။


========================


🚩🚩၇။ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် မြို့တွင်းတိုက်ပွဲတွေကို အဓိကလုပ်ဆောင်တော့ရမယ်လို့ "အထူးစစ်ဆင်ရေးတပ်ဖွဲ့SOFအသိပေး


မတ်လ၈ရက်


"အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Special Operation Force - SOF) တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားနှင့် The Call တွေ့ဆုံ မေးမြန်းချက်မှာ တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ရှေ့လုပ်မယ့်အစီအစဥ်ကတော့ မဟာဗျူဟာအတိုင်းဆို ကျနော်တို့က မြို့သိမ်းပွဲတွေပဲ အဓိက လုပ်ရတော့မှာပါ။ တိုင်းရင်းသားလူမျိုးစုတွေအတွက်လည်း လွတ်လပ်စွာ နယ်မြေစိုးမိုးမှု အပြည့်အဝရပြီးတာနဲ့ အခက်ခဲဆုံး၊ အကြမ်းဆုံးဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် မြို့တွင်းတိုက်ပွဲတွေပဲ အဓိကလုပ်ရတော့မှာပါ။ကျနော်တို့က ရန်ကုန်ကို ဦးတည်တိုက်မှာပါ။ ရန်ကုန်ကတော့ ကျနော်တို့ တိုက်ကိုတိုက်ရမယ့် မြို့ပါ။ ပဲခူး၊ ဧရာဝတီလည်းပါတာပေါ့။ "လမ်းများအားလုံးနေပြည်တော်သို့" ဆိုတာတွေ၊ "ရန်ကုန်မှာ ပြန်ဆုံမယ်" ဆိုတာတွေက လေပေါ် တိုက်အိမ်ဆောက်နေတာ မဟုတ်ဘဲ မြေပြင်မှာ တကယ် အကောင် အထည်ပေါ်လာပြီဆိုတာ အားလုံးအသိပါ"လို့ဆိုပါတယ်။


လက်ရှိမှာ SOFတပ်အင်အားကို နှစ်ဆတိုးချဲ့နေပြီး လက်နက်ခဲယမ်း လိုအပ်ချက်ကိုပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုအပါအဝင်စခန်းသိမ်းတိုက်ပွဲတွေကတဆင့် ဖြည့်တင်းထားတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment