9th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ခွဲခြားဆက်ဆံမှုတွေကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပ

📌 ၄။ တော်လှန်ရေးနယ်မြေတွေမှာ ဆက်သွယ်ရေးရဖို့ အသံသိပ်မထွက်ပဲ တွန်းတွန်းတိုက်တိုက်နဲ့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး

📌 ၅။ EUက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် ထူးကုမ္ပဏီအုပ်စုဝင် ဒါရိုက်တာနှင့် ရှယ်ယာရှင် ရေချယ်တေဇကို အမြန်ဆုံး အရေးယူရန် အီတလီအစိုးရအား Justice For Myanmar တောင်းဆို

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ဆုံရမယ်လို့ မျှော်လင့်၊ မြန်မာပြည်သူတွေအတွက် တီမောက အသံပြုပေးနေမည်ဟု ၀န်ကြီးချုပ် ဇာနာနာပြောကြား

📌 ၇။ ပဲခူးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၃) ဦးနှင့် အမျိုးသား (၂၀) ဦး စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့ရ

📌 ၈။ နိုင်ငံတကာအမျိုးသမီးများနေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ပြုလုပ်သည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု အပတ်စဥ် () သင်တန်းဆင်းပွဲကျင်းပ

🚩 ၂။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ဝိုင်းမော်တိုက်ပွဲတွင်သေဆုံး

🚩 ၃။ ကျားသစ်နက်တပ်ဖွဲ့ကို မြို့နယ်အဆင့် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်က ကားတစီးလှူဒါန်း၊ စရဖတဦးအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

🚩 ၄။ မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ရွှေကျင်တိုးဂိတ်အပါအဝင် ထိန်းချုပ်ထားသော CCTV Main Server ကို ဖောက်ခွဲ တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ခွဲခြားဆက်ဆံမှုတွေကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား


မတ်လ ၈ရက်။

ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ခွဲခြားဆက်ဆံမှုတွေကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့ လိုအပ်တယ်လို့ မတ်လ ၈ရက်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


"လူ့အဖွဲ့အစည်းတိုင်း၊ တိုင်းပြည်တိုင်း၊ နိုင်ငံတိုင်းမှာ အခြေခံအားဖြင့် ကျား/ ကွဲပြားမှုတွေပဲ ရှိနေတာ မဟုတ်ပါဘူး။ လိင်စိတ်ခံယူမှု ကွဲပြားချက်တွေလည်း ရှိနေတာကို သတိချပ်ဖို့ လိုပါတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းတိုင်းမှာ လွတ်လပ်စွာ တည်ရှိနေတဲ့ ဖြစ်တည်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို ကွဲပြားမှု အပေါ်မှာ လူကို လူလို့ မမြင်နိုင်ဘဲနဲ့ ခွဲခြားတဲ့၊ ဖိနှိပ်တဲ့ အမြင် အတွေးအခေါ်တွေဟာ ရှေးရိုးစွဲ အစဉ်အလာဟောင်းကနေ ရိုက်သွင်းတဲ့ ဝါဒမှိုင်းတွေပဲ ဖြစ်ပါတယ်။ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ဒီလို ခွဲခြားဆက်ဆံမှုတွေကို အပြီးတိုင် ချုပ်ငြိမ်းစေဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင်နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းနဲ့ မလိုလားအပ်တဲ့ ရှေးရိုးအစဉ်အလာဟောင်းတွေကို တွန်းလှန်တော်လှန်တဲ့ လူထုတော်လှန်ရေးတစ်ရပ်လည်း ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့


မတ်လ ၈ရက်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ်လ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ 

မတ်လ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးက အမျိုးသမီးအခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးတို့အတွက် အသိအမြင်မျှဝေရေး လှုပ်ရှားမှုတွေ နှစ်စဥ်ကျင်းပလေ့ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဟာ ၁၉၀၀ ပြည့်နှစ်များကစတင်ပြီး မတရားဖိနှိပ်ခံရမှုနဲ့ ခွဲခြား ဆက်ဆံခံရမှုများကို တုန့်ပြန်တွန်းလှန်ခဲ့ရာကနေ စတင်လာခဲ့တာလို့ သိရပါတယ်။ 

၁၉၀၈ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံက အမျိုးသမီးတွေဟာ နိုင်ငံ‌ရေးနဲ့ စီးပွားရေး တန်းတူညီမျှမှုဖြစ်တဲ့ မဲပေးပိုင်ခွင့်ရရှိရန်၊ အလုပ်ချိန်လျှော့ချရန်နှင့် လစာတိုးခွင့်ရရှိရန် ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြတဲ့ သမိုင်းဝင်ဂုဏ်ယူဖွယ် နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့သမိုင်းမှာသာမက မြန်မာ့သမိုင်းအဆက်ဆက် နိုင်ငံ‌ရေးအရွေ့တိုင်းမှာ အမျိုးသမီးများ၏ ပါဝင် အားထုတ်မှုတွေကြောင့် ဂုဏ်ယူဖွယ်နေ့ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

နွေဦးတော်လှန်ရေး နှစ်ကျော်ကာလအတွင်းမှာ အကြမ်းဖက်စစ်တပ်က လူမဆန်စွာညှင်းပန်းသတ်ဖြတ်ခံရတဲ့ အရွယ်ရောက်ပြီး အမျိုးသမီး ၁၁၃၄ ဦး၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ ၂၈၀ ဦးနဲ့ အသက် ၁၈ နှစ်အောက် ၂၁၅ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ ဖမ်းဆီးချုပ်နှောင် အကျဥ်းချခံနေရတဲ့ အမျိုးသမီးအရေအတွက်မှာလည်း အရွယ်ရောက်ပြီး အမျိုးသမီး ၅၃၃၉ ဦး၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ ၁၁၁၈ ဦး၊ အသက် ၁၈ နှစ်အောက် ၁၁၄ ဦးရှိနေတာကြောင့် နွေဦးတော်လှန်ရေးမှာ အမျိုးသမီးများရဲ့ အနစ်နာခံပေးဆပ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်မှာ Count Her In: Invest in Women. Accelerate Progress လို့ခေါ်တဲ့ အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများအတွက် ရင်းနှီးမြုပ်နှံစို့ ဖြစ်ပါတယ်။

အမျိုးသမီးများကို စစ်လက်နက်သဖွယ်အသုံးချနေတဲ့ အကြမ်းဖက်မှုများကို ကာကွယ်ဖို့ အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမှာဖြစ်သလို လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်၊ နည်းပညာအရင်း အမြစ်နဲ့ လူသားအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ သဝဏ်လွှာက အသိပေးထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမျိုးသမီးများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ စီမံကိန်းချ လုပ်ဆောင်နေသလို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း မြန်မာပြည်သူများ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အထောက်အကူပြုစေရန် အမျိုးသမီးဆိုင်ရာကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံမှုနဲ့ထိရောက်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပ


မတ်လ ၈ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၈ရက်မှာ Zoom Meetingဖြင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း ဦးဆောင်ပြီး တွဲဘက်-အမြဲတမ်းအတွင်းဝန်နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)မှ ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။

ရှေးဦးစွာ တွေ့ဆုံပွဲတွင် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ပထမဦးစွာ ကောင်စီဖွဲ့စည်းထားရှိမှုအခြေအနေနှင့်ပတ်သက်ပြီး ကြိုဆိုပါကြောင်းနှင့် မွန်ပြည်နယ်ကဲ့သို့ အခြားသော ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင်လည်း အလားတူ CDM ကောင်စီများ ပေါ်ပေါက်ရန် CDM အောင်မြင်ရေးကော်မတီနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဆက်လက်ပြီး ကောင်စီမှ စီမံဆောင်ရွက်လျက်ရှိသည့် သင်တန်းရေးရာကိစ္စရပ်များတွင်လည်း ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ CDM နိုင်ငံ့ဝန်ထမ်းများ၏ CDM ပြုလုပ်မှုကို ခိုင်မာစေသည့် လုပ်ရပ်များကို လုပ်ဆောင်သွားမည်ဟု သိရှိရသည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း"ပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးနယ်မြေတွေမှာ ဆက်သွယ်ရေးရဖို့ အသံသိပ်မထွက်ပဲ တွန်းတွန်းတိုက်တိုက်နဲ့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး


မတ်လ ၈ရက်။

တော်လှန်ရေးနယ်မြေတွေမှာ ဆက်သွယ်ရေးရဖို့ အသံသိပ်မထွက်ပဲ တွန်းတွန်းတိုက်တိုက်နဲ့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆိုပါတယ်။


မတ်လ ၈ရက်မှာ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆိုရှယ်မီဒီယာမှာဆိုပါတယ်။


"You are so pragmatic. လို့ ကျွန်တော့်ကို အမေရိကန် အရာရှိ အမျိုးသမီးတဦးက ၂၀၀၆ လောက်က မှတ်ချက်ပြုခဲ့ဖူးတယ်။ ခုချိန်ထိ သူပြောတာမှန်နေတုန်းဆိုတာ အလုပ်တွေက သက်သေပြနေတုန်းပါ။ ကိုယ်တာဝန်ယူထားရတဲ့ ကဏ္ဍတွေထဲကတခုဖြစ်တဲ့ ဆက်သွယ်ရေးရဖို့ အသံသိပ်မထွက်ပဲ တွန်းတွန်းတိုက်တိုက်နဲ့ ကြိုးစားနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနရဲ့ ကြိုးစားမှုနဲ့ ဖက်ဒရယ်နက်ကမ်ပိန်းမှတဆင့် တော်လှန်ရေးနယ်မြေများမှာ အင်တာနက်ကိုအသုံးပြုနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ EUက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် ထူးကုမ္ပဏီအုပ်စုဝင် ဒါရိုက်တာနှင့် ရှယ်ယာရှင် ရေချယ်တေဇကို အမြန်ဆုံး အရေးယူရန် အီတလီအစိုးရအား Justice For Myanmar တောင်းဆို


မတ်လ ၈ရက်။

EUက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် ထူးကုမ္ပဏီအုပ်စုဝင် ဒါရိုက်တာနှင့် ရှယ်ယာရှင် ရေချယ်တေဇကို အမြန်ဆုံး အရေးယူရန် အီတလီအစိုးရအား Justice For Myanmar တောင်းဆိုလိုက်ပါတယ်။


ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇသည် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် ထူးကုမ္ပဏီအုပ်စုဝင် ကုမ္ပဏီများတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်အဖြစ် ပါဝင်နေမှုအပေါ် စုံစမ်းစစ်ဆေးရန်၊ လိုအပ်သလို ပိုင်ဆိုင်ပစ္စည်းများကို ထိမ်းသိမ်းထားရန်နှင့် ၎င်းအား အီတလီနိုင်ငံမှ ပြောင်းရွေ့ဖယ်ရှားရန်တို့အတွက် ပြင်သစ်ရှေ့နေများ ဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့သည် Justice For Myanmar အား ကိုယ်စားပြု၍ အီတလီ အာဏာပိုင်များထံ ၂၀၂၄ ခုနှစ်၊ မတ်လ ရက်နေ့တွင် သတင်းပေးတိုင်ကြားခဲ့တယ်လို့ဖော်ပြပါတယ်။


ရေချယ်တေဇသည် အီတလီနိုင်ငံတွင် ဆက်လက်နေထိုင်လျက်ရှိပြီး၊ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော ၎င်း၏မိသားစုပိုင် ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ထူးကုမ္ပဏီအုပ်စုအတွက် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။


ထူးကုမ္ပဏီအုပ်စုသည် မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လျက် ရှိပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အားပေးကူညီလျက်ရှိသည့် စစ်တပ်၏ နိုင်ငံတကာစီးပွားရေးကွန်ရက်တွင် အရေးပါသည့် ဆက်ထုံးကုမ္ပဏီ တစ်ခုလည်း ဖြစ်တယ်လို့ Justice For Myanmarကဖော်ပြပါတယ်။


William Bourdon နှင့် Lily Ravon တို့သည် ရေချယ်တေဇ အသုံးပြုသည့် Banca Nazionale del Lavoro ဘဏ် သို့လည်း အီးယူဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အမှုတွဲ ဖိုင်တစ်ခု တင်သွင်းခဲ့ပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ဆုံရမယ်လို့ မျှော်လင့်၊ မြန်မာပြည်သူတွေအတွက် တီမောက အသံပြုပေးနေမည်ဟု ၀န်ကြီးချုပ် ဇာနာနာပြောကြား


မတ်လ ၈ရက်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ဆုံရမယ်လို့ မျှော်လင့်‌၊ မြန်မာပြည်သူတွေအတွက် တီမောက အသံပြုပေးနေမည်ဟု ၀န်ကြီးချုပ် ဇာနာနာက၂၀၂၄ခုနှစ်၊ မတ်လ ၅ရက်မှာ ပြုလုပ်ခဲ့တဲ့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း မြန်မာပြည်သူ့ထိပ်သီးညီလာခံမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

၀န်ကြီးချုပ် ဇာနာနာရဲ့မြန်မာပြည်သူတွေအပေါ်ပြောကြားတဲ့စကားကို ထုတ်နုတ်ဖေါ်ပြရလျှင်"၂၀၂၁ မှာကြည့်လေ စစ်အာဏာသိမ်းမှုနဲ့ သူတို့က အရာရာကို မြေလှန်ပစ်လိုက်တယ်။ ပြည်သူတွေကို တိုက်ခိုက်နေတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီးပဲ။ ပြီးခဲ့တဲ့နှစ် ဂျကာတာမှာပြုလုပ်တဲ့ အာဆီယံအစည်းအဝေး နောက်ဆုံးနေ့မှာ ကျနော်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသခွင့်ပေးရေး စစ်အာဏာရှင်ကို ပြောကြပါဆိုပြီး မေတ္တာရပ်ခံချက်တခု ပြုလုပ်ခဲ့ပါတယ်"


 "တီမောအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကိုလည်း ထောက်ခံပါတယ်။စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ဒီမိုကရေစီအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ကျနော်တောင်းဆိုလိုပါတယ်" 


"မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံဟာ စုစည်းပြီး အားကောင်းလာအောင် ဆောင်ရွက်နေကြပါတယ်။ သူတို့ကို ကျနော်တို့ ထောက်ပံ့ပေးဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ရမယ်။ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရပါမယ်။ တီမောနိုင်ငံထူထောင်သူ သမ္မတကြီး ဟိုဆေးရာမို့ဟော်တာကလည်း မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ တစိုက်မတ်မတ်ရပ်တည်နေပါတယ်"


ကျနော်တို့ တီမော ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအရ ဒီမိုကရေစီနဲ့ ဆွေးနွေးအဖြေရှာမှုတန်ဖိုးတွေကို နားလည်သလို နိုင်ငံတကာရဲ့ ညီညီညွတ်ညွတ်ပံ့ပိုးပေးမှု အရေးပါပုံကိုလည်း သိရှိထားပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ တကိုယ်တည်း မဟုတ်ပါဘူး။ ကျနော်တို့ အတူရှိနေပါတယ်။ မြန်မာပြည်သူ‌တွေရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတဲ့အထိ ကျနော်တို့ ထောက်ခံပံ့ပိုးပေးနေပါတယ်။ 


"မြန်မာပြည်သူတွေရဲ့အသံကို နားစွင့်ကြပါ။ ခုခံတွန်းလှန်ခြင်းက အောင်နိုင်ခြင်းပဲဆိုတာ ကျနော်တို့ အတွေ့အကြုံအရ ပြောနိုင်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲ၀င်တောင်းဆိုကြရမှာ ဖြစ်သလို မြန်မာ့အရေးမှာ မြန်မာပြည်သူတွေကပဲ အဓိက ဦးဆောင်ရမှာ ဒါက တကယ့်ကို နည်းမှန်လမ်းမှန်ပဲ။ "လို့ပြောကြားသွားပါတယ်။


========================


📌📌 ၇။ ပဲခူးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၃) ဦးနှင့် အမျိုးသား (၂၀) ဦး စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့ရ


မတ်လ ၈ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ မတ်လ ရက်နေ့အထိ ပဲခူးတိုင်း၌ အကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီး (၁၃) ဦးနှင့် အမျိုးသား (၂၀) ဦး စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့ပါတယ်။ 


အဆိုပါ (၃၃) ဦးအနက် အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်ကြတယ်လို့ဖော်ပြပါတယ်။ 


မတ်လ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောင်စုအနောက်ကျေးရွာကို အကြမ်းဖက် စစ်အုပ်စု၏ တပ်များ ဝင်ရောက်စီးနင်းခဲ့ပြီး မတ်လ ရက်နေ့တွင် စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် ၎င်းကျေးရွာအတွင်း၌ စစ်အုပ်စုမှ ပစ်သတ်ခဲ့သော ကျောက်ကြီးမြို့နယ်၊ တမာခေါကျေးရွာသား စောကော်လာဝါး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရပါတယ်။


========================


📌📌 ၈။ နိုင်ငံတကာအမျိုးသမီးများနေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့


မတ်လ ရက်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ရဲ့ အင်အားစုတစ်ခုဖြစ်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU)မှ ဦးဆောင်ပြီးတော့ မတ်လ ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေသေးတဲ့ မဟာဖိုလ်ဝါဒအဆုံးသတ်ရေးအတွက် အမျိုးသမီး အမျိုးသားအတူ လက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ " "အမျိုးသမီး အမျိုးသားအတူလက်တွဲ၊ ဒီတိုက်ပွဲကို အတူတူနွှဲ"ဆိုတဲ့ ခေါင်းစဥ်နဲ့ လှုပ်ရှားခဲ့ကြပါတယ်။


အဆိုပါလှုပ်ရှားမှုမှာနှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဒေသခံအမျိုးသမီးတွေနဲ့ လူငယ်အများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းဆည်းခံရသောကားများ လာရောက်ထုတ်ယူနိုင်ကြောင်း ရှမ်းပြည် အထူးဒေသ - ကြေညာ


မတ်လ ၈ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကောင်အထည်ဖော်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ သိမ်းဆည်းခံရတဲ့ကားတွေ လာရောက်ထုတ်ယူနိုင်ပြီလို့ ရှမ်းပြည်နယ် အထူးဒေသ - စစ်အုပ်ချုပ်မှုကော်မတီက ကြေညာထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းဆည်းခံရတဲ့ အရပ်သားပြည်သူတွေရဲ့ကားတွေကို အထောက်အထားပြပြီး ဧပြီလ ရက်နေ့မတိုင်မီ လာရောက်ထုတ်ယူနိုင်တယ်လို့ အထူးဒေသ စစ်အုပ်ချုပ်မှုကော်မတီက မတ်လ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

အရပ်သားပြည်သူတွေပိုင်တဲ့ကားတွေကို လာရောက်ထုတ်ယူနိုင်ပေမယ့် ဆိုက်ဘာမှုခင်းလုပ်နေသူတွေ၊ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့သူတွေနဲ့ ရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုင်ဆိုင်တဲ့ကားတွေကိုတော့ ပြန်ပေးမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။ 

အရပ်သားပြည်သူတွေအနေနဲ့ မိမိတို့ပိုင်ဆိုင်တဲ့ကားတွေကို လာရောက်ထုတ်ယူရာမှာ သက်ဆိုင်ရာ လက်မှတ်၊ ထောက်ခံချက်တွေလုပ်ဆောင်စဉ်က ကားပိုင်ရှင်တွေကိုယ်တိုင် လာရောက်ထုတ်ယူရမှာဖြစ်ပြီး ပိုင်ရှင်ဟန်ဆောင်ပြီး ထုတ်ယူတာကို တွေ့ရှိရင် လိမ်လည်မှုနဲ့ အရေးမယ်လို့လည်း သတိပေးထားပါတယ်။ 

ဒါကြောင့် ကားပိုင်ရှင်တွေအနေနဲ့ ကားလာရောက်ထုတ်ယူဖို့ လိုအပ်တဲ့ သက်ဆိုင်ရာလက်မှတ်တွေ ဧပြီလ ရက်နေ့အထိ လာရောက်လုပ်ဆောင်နိုင်ပြီး ရက်လွန်သွားရင်တော့ လက်ခံမှာမဟုတ်ဘူးလို့ အထူးဒေသ စစ်အုပ်ချုပ်မှုကော်မတီက ကြေညာထားပါတယ်။  

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ယာဉ်မောင်းလိုင်စင်နဲ့ ကားလိုင်စင်မရှိတဲ့ကားတွေကို စစ်အုပ်ချုပ်မှုကော်မတီ အလုပ်အမှု ဆောင်အဖွဲ့က သိမ်းဆည်းခဲ့တဲ့ကားတွေကို ယခု ပြည်သူတွေကို ပြန်လည် ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မင်းတပ်မြို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦးသေဆုံး


မတ်လ ၈ရက်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် အမှတ် တိုက်နယ်ဘက်ကို အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

မတ်လ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ဘက်ကို ဂျက်ဖိုက်တာတစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။  

လေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့နေရာဟာ ရွာတွေနဲ့အနည်းငယ်ဝေးပေမယ့် လူတွေအသွားအလာများတဲ့ မောချောင်းကို လာပစ်သွားတာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Zalen က အသိပေးထားပါတယ်။ 

ဗုံးကြဲသွားတဲ့နေရာဟာ စွန်တောင်ရွာနဲ့ ပလုံတွီကျေးရွာအကြားဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံး လုံးကြဲချခဲ့သလို လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။  

မင်းတပ်မြို့ အမှတ် တိုက်နယ်ထဲက စွန်တောင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်တုန်းကလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတကြိမ်၊ ၂၀၂၂ တုန်းကလည်းတကြိမ်ပြုလုပ်ခဲ့တာကြောင့် ယခုအကြိမ်နဲ့ဆိုရင် ကြိမ်ရှိပြီလို့ သိရပါတယ်။ 

အလားတူ ချင်းပြည်နယ် လိုင်လင်ပီးမြို့မှာလည်း မတ်လ ရက်နေ့မှာပဲ စစ်တပ်ကထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် အရပ်သားတဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၃။ ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ဒေသခံပြည်သူတဦး သေဆုံး


မတ်လ ၈ရက်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတဦးသေဆုံးပြီး နေအိမ် လုံး ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် -PNLA က ပြောပါတယ်။

မတ်လ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဟိုပုံးမြို့နယ်ထဲက ကျောက္ကဆျားကျေးရွာကို ဂျက်ဖိုက်တာနဲ့ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၅ဝ အရွယ် ဒေသခံ အမျိုးသား တဦး သေဆုံးခဲ့ရတာလို့ အသိပေးထားပါတယ်။

ကျောက္ကဆျားကျေးရွာဟာ တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တပ်စွဲထားတဲ့နေရာလည်းမဟုတ်ဘူးလို့ PNLA က ထုတ်ပြန်ထားပါတယ်။

မတ်လ ရက်နေ့ကလည်း စစ်ကောင်စီဟာ ပအိုဝ်းဒေသဖြစ်တဲ့ ဆီဆိုင်မြို့ကို ဒရုန်းအသုံးပြုပြီး ဓာတုအဆိပ်ငွေ့ပါတဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် PNLA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအရပ်သား ပြည်သူတွေ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကောလင်းမြို့တွင်းရှိ စကစတပ်များမှ ကန်လည်ကြီးနှင့်နောခုံရွာအား မီးရှို့ဖျက်ဆီး


မတ်လ ၈ရက်။

ကောလင်းမြို့တွင်းရှိ စကစတပ်များမှ ကန်လည်ကြီးနှင့် နောခုံရွာအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။


မတ်လ၈ရက်မှာ စကစတပ်များလုပ်ရပ်ကို ကောလင်းKR Teamကအတည်ပြုဆိုထားပါတယ်။

"မတ်လ၈ရက် နံနက်၈နာရီ၃၀အချိန်မှာ ကောလင်းမြို့တွင်းရှိ စကစများမှ ကန်လည်ကြီးနှင့် နောခုံရွာကို မီးရှို့ပြီး မြို့ထဲသို့ နံနက်၉နာရီအချိန်ပြန်ဝင်သွားခဲ့တယ်"လို့ဆိုပါတယ်။


မတ်လ၂ရက်နေ့ကလည်း ကောလင်းမြို့ ပေါ်အထိုင်ချထားသော စကစတပ်များမှ တိုက်ပွဲမရှိသော်လည်း ရွာမရွာအားမီးရှို့ခဲ့ပါတယ်။


မတ်လ၁ရက်နေ့ကလည်း အလားတူသစ်ဖုလှမှစကစများမှာ စစ်ကြောင်းသုံးကြောင်းခွဲကာ ကျောက်တန်းရွာအား မီးရှို့ခဲ့ကြောင်းသတင်းရရှိပါတယ်။


ဖေဖော်ဝါရီ၂၉ရက်ကလည်း မွန်းတည့်၁၂နာရီကျောက်တန်းကျေးရွာ သစ်ဖုလှဘုရားကုန်းမှ စကစအင်အားနှစ်ရာ ခန့်သည် ငါးကြီးအိုင်ကျေးရွာအားမီးရှို့ခဲ့ပါတယ်။ 


တစ်ရွာလုံးနီးပါးလောင်ကျွမ်းခဲ့ဟု ကနဦးသိရပြီး ၎င်းစစ်ကြောင်းတွင်တပ်မ 11 / 77 တို့မှမီးရှို့ခဲ့ကြောင်း မြေပြင်သတင်းရရှိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment