အကြမ်းဖက်စစ်တပ် ဧည့်စာရင်းကောက်လို့ သီလဝါ ဆီသယ်ယာဉ်မောင်းများ ဒုက္ခရောက်


 

အကြမ်းဖက်စစ်တပ် ဧည့်စာရင်းကောက်လို့ သီလဝါ ဆီသယ်ယာဉ်မောင်းများ ဒုက္ခရောက်

ကိုမြင့်သူ (Radio NUG) မတ် ၁၄၊ ၂၀၂၄

သီလဝါက စက်သုံးဆီကန်တွေမှာ ဆီထုတ်ရတဲ့ရက် ပိုကြာလာလို့ ညအိပ် ဆီစောင့်ထုတ်ရတဲ့ ဆီသယ်ကားဆရာတွေနဲ့ ယာဉ်နောက်လိုက်တွေကို စစ်တပ်က ညသန်းခေါင်ချိန်မှာ ဧည့်စာရင်းဝင်စစ် ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာတွေကြောင့် အခက်အခဲတွေ ဖြစ်လာကြရပါတယ်။

ဒီအခြေအနေကို နီးစပ်သူတစ်ဦးက အခုလို ပြောပါတယ်။
ကားသမားတွေ ဘဝက ဘယ်လိုဖြစ်နေလဲဆိုတော့ ဆီက တမျိုး၊ စစ်သားက တမျိုး၊ မော်တော်ပီကယ်က တမျိုး ညဘက်ကျရင် ဘုမသိဘမသိနဲ့ သူတို့အပူသောကတွေနဲ့ အိပ်၊ ည ၁၂ နာရီ၊ ၁ ချက်ဆိုရင် တံခါးလာခေါက်၊ ဖမ်း၊ ကားသမားတွေကို ဧည့်စာရင်းမတိုင်လို့ ကားသမား ဧည့်စာရင်းတိုင်ရတယ်ဆိုတာ ဘယ်နှခါ ကြားဖူးလို့လဲ။
ဧည့်စာရင်းဆိုတာ ပေးခဲ့မယ်ဆိုရင် တပတ်တို့၊ ဆယ်ရက်တို့၊ တလတို့ပဲ ကြားဖူးတာ၊ ၃ ရက် တခါ။၊ တခါတိုင်ရင် ၂၀၀၀ ပေးရတယ်။ စစ်သား ဖမ်းလို့ရှိရင်၊ ည ၁၁ နာရီထိုး စစ်သား လာဖမ်းရင် ၃ သောင်း ပေးရတယ်။

ကားသမားတွေဘဝတွေက ”စက်သုံးဆီ သိုလှောင်ကန်တွေမှာ ဆီပြတ်လပ်တာကြောင့် တနိုင်ငံလုံးက စက်သုံးဆီ အရောင်းဆိုင် ၉၉ ဆိုင်မှာ ဆီပုံမှန်ဝယ်လို့မရတာတွေ ဖြစ်လာပါတယ်။ သီလဝါဆိပ် ကမ်းက စက်သုံးဆီ သိုလှောင်ကုမ္ပဏီတွေဖြစ်တဲ့ ဒန်ကို၊ မြတ်မေတ္တာမွန်၊ ပိတောက်ရွှေဝါ စတဲ့ ဆီသို လှောင်ကန်တွေမှာ ဆီအလုံလောက်မရှိလို ဆီဘောက်ဆာတွေ ဆီထုတ်ရာမှာ ဆီကို အလီလီ ထုတ်နေရလို့ ဆီထုတ်ရတဲ့ရက်တွေ ပိုကြာလာတာပဲ ဖြစ်ပါတယ်။ ဆီထုတ်ရတဲ့ အခက်အခဲကို ယာဉ်းမောင်းတဦးက အခုလို ပြောပါတယ်။
“Terminal 
တွေက ဆီထုတ်မပေးနိုင်တဲ့အတွက် ဆီတွေက မရဘူး။ အများဆုံးရရင် ပရမီယံဒီဇယ်၊ အများဆုံးရရင် ၁၈၂၀ မရဘူး။ ဟိုနေ့က မန္တလေး အော်ဒါတင်တာ ၁၈၂၀ တွေ။ တော်ကြာ ဝင်ထုတ်လိုက်၊ တော်ကြာ ဝင်ထုတ်လိုက်။ နှစ်ခါ နောက် မတင်နိုင်တော့ဘူးဗျာ။ ဈေး သူ့ဟာသူ တက်ရင်တက်၊ မတက်ရင်နေဗျာလို့။  ကျွန်တော်တို့လည်း မလိုက်နိုင်တော့ဘူးလို့”
ဒါကြောင့် သီလဝါဆိပ်ကမ်းတလျှောက်မှာ စက်သုံးဆီ လာရောက်တန်းစီတဲ့ ဆီဘောက်ဆာယာဉ်တန်းတွေကို အထူးစီးပွာရေးဇုန်တလျှောက် တွေ့မြင်နေရပါတယ်။

ဆီရဖို့အတွက် ဆီကန်တွေ ပတ်ဝန်းကျင်မှာ ဖြစ်သလိုနေရတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေမှာ အကြမ်းဖက် ဝင်ရောက်စစ် ဆေးဖမ်းဆီးပြီး ငွေကြေးကောက်ခံတာတွေကြောင့် ဆီစောင့်ထုတ်ရတဲ့ အခက်အခဲအပြင် အခက်အခဲတွေက ပိုပြီးဖြစ်လာနေပါတယ်။

 

Share:

No comments:

Post a Comment