12th APR 2024 - Morning Daily News by Radio NUG


၂၀၂၄ ဧပြီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အသက်အန္တရာယ် အခက်အခဲတွေကြားမှာ နေထိုင်နေရတဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ရာနဲ့ချီသေဆုံးခဲ့တဲ့ ပဇီကြီးဖြစ်ရပ်တရားရုံးတခုခုမှာစွဲဆိုနိုင်ဖို့အတွက် ကြိုးစားနေတဲ့ကာလ ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေး

📌 ၃။ "ပြည်သူကို ပြည်ပရန်က ကာကွယ်ပေးမယ်ဆိုတဲ့အကြမ်းဖက်တပ်က ပြည်သူလူထုရဲ့ တွန်းလှန်တိုက်ခိုက်မှုကြောင့် ပြည်ပနိုင်ငံတွေကိုထွက်ပြေးနေရပြီ"လို့ဆို

📌 ၄။ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အထောက်အထားတွေကို စုဆောင်းပြီး စိစစ်သုံးသပ်နေတယ်လို့ IIMMအသိပေးဆို

📌 ၅။ တနင်္သာရီမြို့နယ် အတွင်း NUGကြားကာလ ပြည်သူ့အခြေပြုစာသင်ကျောင်း မူဆင့် ဆရာ၊ ဆရာမများမွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားခဲ့

📌 ၆။ ကလေးဒေသတွင် သုံးလအတွင်းအကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သား၈၀ဦး သေဆုံးခဲ့ရ

📌 ၇။ မြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိခိုက်သေဆုံးသူ လူဦးရေတထောင်ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်


၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီမြို့မှာ KNLA ပူးပေါင်းတပ်ဖွဲ့များ မြို့အတွင်း ကင်းလှည့်နေပြီး ထိုင်းက မြဝတီ-မဲဆောက်အမှတ် တံတားကို ယာယီပိတ်

🚩 ၂။ ကျိုက်မရောမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ချိန်မှာ ပြည်သူ့စစ် အားလုံး လက်နက်ချအညံ့ခံ၊ သေနတ် ၁၀ လက် သိမ်းဆည်းရရှိ

🚩 ၃။ ရွှေဘိုခရိုင်တန့်ဆည်မြို့နယ် ရွှေချောင်းဆုံအထိုင်တပ်မှကင်းပုန်းထွက်ဝပ်နေသော စကစနဲ့ပျူ (၁၀)ဦးကိုဒရုန်းနဲ့တိုက်ခိုက်

🚩 ၄။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ စစ်ဘေးရှောင်နေတဲ့ ဆီဆိုင်ဒေသခံအမျိုးသမီးတဦးကို ပစ်သတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အသက်အန္တရာယ် အခက်အခဲတွေကြားမှာ နေထိုင်နေရတဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဧပြီလ ၁၁ရက်။

အသက်အန္တရာယ် အခက်အခဲတွေကြားမှာ နေထိုင်နေရတဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဧပြီလ ၁၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"ကျွန်တော်တို့အစိုးရအပေါ် ယုံကြည် အားကိုးပြီး အခက်အခဲတွေကြားက စစ်ကောင်စီကို တောင့်ခံတွန်းလှန်နေကြတဲ့ ပြည်သူတွေအပေါ်ကို အစိုးရပီသစွာ ကာကွယ်ပေးကြဖို့နဲ့ လိုအပ်ချက်များကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးကြဖို့ အစိုးရ တာဝန်ရှိသူအဆင့်ဆင့်ကို မှာကြားလိုပါကြောင်း၊ တချို့လိုအပ်ချက်တွေကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့လိုမှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေရရှိမှု အခက်အခဲတွေကြား စီမံဆောင်ရွက်ရတာ ဖြစ်လို့ ဝန်ကြီးဌာနတွေအနေနဲ့လည်း ချင့်ချင့်ချိန်ချိန် စီမံဆောင်ရွက်နေကြရတာကို ကောင်းစွာနားလည်ပေမယ့် အသက်အန္တရာယ် အခက်အခဲတွေကြားမှာ နေထိုင်နေရတဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကိုတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြရမှာပဲ ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၃/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ရာနဲ့ချီသေဆုံးခဲ့တဲ့ ပဇီကြီးဖြစ်ရပ်တရားရုံးတခုခုမှာစွဲဆိုနိုင်ဖို့အတွက် ကြိုးစားနေတဲ့ကာလ ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေး


ဧပြီလ ၁၁ရက်။

ရာနဲ့ချီသေဆုံးခဲ့တဲ့ ပဇီကြီးဖြစ်ရပ်တရားရုံးတခုခုမှာစွဲဆိုနိုင်ဖို့အတွက် ကြိုးစားနေတဲ့ကာလ ဖြစ်တယ်လို့လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။


ဧပြီလ ၁၁ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။


"စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၁၅၀) ကျော်သေဆုံးခဲ့ရတာ ဧပြီလ (၁၁) ရက်ဆို တနှစ်ပတ်လည်ခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အချက်အလက်တွေ စုဆောင်းတာတွေ၊  ကြုံတွေ့ရတဲ့သူတွေကို တိုက်ရိုက်မေးမြန်းတာတွေ၊ ဖြစ်စဥ်အတိအကျ ဖော်ပြတဲ့ သက်သေခံဓါတ်ပုံတွေ ဗီဒီယိုတွေကို စုဆောင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စုဆောင်းရုံတင်မကပဲ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ၊ သံတမန်တွေ့ဆုံရှင်းလင်းပွဲတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိနဲ့ IIMM ယန္တရားတွေဆီ အစီရင်ခံစာပေးပို့တင်ပြခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနေ ပေးပို့ထားတဲ့အချက်အလက်တွေကတဆင့်၊ နိုင်ငံတကာခုံရုံးတွေမှာ ဆက်လက်တင်ပြနိုင်ဖို့အတွက်၊ အရေးယူတရားစွဲဆိုနိုင်ဖို့အတွက် ခိုင်လုံတဲ့ သက်သေအပြည့်အဝရှိခဲ့တာရှိပါပြီ။ တရားရုံးတခုခုမှာစွဲဆိုနိုင်ဖို့အတွက် ကြိုးစားနေတဲ့ကာလ ဖြစ်ပြီးတော့ တရားစွဲဆိုနိုင်တာနဲ့တပြိုင်တည်း တိကျခိုင်မာတဲ့သက်သေအထောက်အထားတွေနဲ့ တင်ပို့နိုင်တဲ့၊ ပြည့်စုံလုံလောက်သောအမှုအဖြစ် သတ်မှတ်ပြင်ဆင်ထားပြီးဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ပဇီကြီးတစ်နှစ်ပြည့်တဲ့နေ့မှာပဲ တရားဥပဒေဖော်ဆောင်နိုင်ဖို့အတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ့်အကြောင်းနဲ့ လေယာဥ်ဆီဖြတ်တောက်ရေး နိုင်ငံတကာကလုပ်ဆောင်လာနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ကတိသစ္စာပြုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ "ပြည်သူကို ပြည်ပရန်က ကာကွယ်ပေးမယ်ဆိုတဲ့အကြမ်းဖက်တပ်က ပြည်သူလူထုရဲ့ တွန်းလှန်တိုက်ခိုက်မှုကြောင့် ပြည်ပနိုင်ငံတွေကိုထွက်ပြေးနေရပြီ"လို့ဆို


ဧပြီလ ၁၁ရက်။


"ပြည်သူကို ပြည်ပရန်က ကာကွယ်ပေးမယ်ဆိုတဲ့အကြမ်းဖက်တပ်က ပြည်သူလူထုရဲ့ တွန်းလှန်တိုက်ခိုက်မှုကြောင့် ပြည်ပနိုင်ငံတွေကိုထွက်ပြေးနေရပြီ"လို့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီကဆိုပါတယ်။

"ပြည်သူကို ပြည်ပရန်က ကာကွယ်ပေးမယ်ဆိုတဲ့ တပ်မတော်ဆိုတာကြီးက ပြည်သူလူထုရဲ့ တွန်းလှန်တိုက်ခိုက်မှုကြောင့် ပြည်ပနိုင်ငံတွေဆီ ခိုလှုံခွင့်တောင်းရတာနဲ့ ထွက်ပြေးရတာနဲ့"လို့ဆိုပါတယ်။


မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ၂၇၅ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြဝတီတံတားအမှတ် () မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဧပြီလ ၁၁ရက်မှာ ခိုလှုံထွက်ပြေးသွားခဲ့ပါတယ်။


========================


📌📌 ၄။ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အထောက်အထားတွေကို စုဆောင်းပြီး စိစစ်သုံးသပ်နေတယ်လို့ IIMMအသိပေးဆို


ဧပြီလ ၁၁ရက်။


ပဇီကြီးလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အထောက်အထားတွေကို စုဆောင်းပြီး စိစစ်သုံးသပ်နေတယ်လို့ ဧပြီလ ၁၁ရက်မှာ မြန်မာနိုင်ငံလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားIIMMက အသိပေးဆိုပါတယ်။


"၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဇီကြီးကျေးရွာမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့အမှတ်ရပါတယ်။ ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၁၅၅ ဦး သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများမှာလည်း ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဥ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တည်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအနက် အသက်ဆုံးရှုံးမှု အများဆုံးဖြစ်စဥ်တစ်ခုလို့ ယုံကြည်ရပါတယ်။ မြန်မာယန္တရားက ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို စုဆောင်းပြီး စိစစ်သုံးသပ်နေပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင် အကြမ်းစစ်တပ်ရဲ့ အာဏာပိုင်တွေကိုလည်း လိုအပ်တဲ့အချက်အလက်တွေ မျှဝေပေးဖို့ တောင်းခံထားပေမယ့် ၎င်းတို့ဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ဖော်ပြပါတယ်။


အရပ်သားများကို ထိခိုက်သေကြေစေတဲ့ တိုက်ခိုက်မှုတွေ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေကာ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိရှိထားပါက မည်သူမဆို လုံခြုံတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုပြီး ယန္တရားထံ ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ တနင်္သာရီမြို့နယ် အတွင်း NUGကြားကာလ ပြည်သူ့အခြေပြုစာသင်ကျောင်း မူဆင့် ဆရာ၊ ဆရာမများမွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားခဲ့


ဧပြီလ ၁၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန၊ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကဦးစီး၍ မြို့နယ်တွင်း ကြားကာလပြည်သူ့အခြေပြုစာသင်ကျောင်းများမှ ဆရာ၊ ဆရာမ များ၏ သင်ကြားသင်ယူမှု အရည်အသွေးတိုးတက်မြင့်မားစေရန်ရည်ရွယ်လျက် မူဆင့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းကို ဧပြီလ ၅ရက်မှ ၉ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။


အဆိုပါသင်တန်းတွင်  နည်းပြ ဆရာ၊ ဆရာမ (၂၈) ဦးက ဘာသာရပ်အလိုက် သင်ခန်းစာများကို သင်ပြဆွေးနွေးခဲ့ကြပြီး ပြည်သူ့အခြေပြုကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၁၅၀) ဦးတို့က တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


သင်တန်းကာလအတွင်း အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပညာရေးကိုရည်မှန်း၍  ကျောင်းသား၊ ကျောင်းသူများ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ လွတ်လပ်စွာတွေးခေါ် မြော်မြင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းများကို အားပေးအားမြောက်ပြုသည့် ပညာရေးစနစ် ဖြစ်ထွန်းလာစေရန်  သင်နည်း၊ သင်ယူမှုနယ်ပယ်အလိုက် သက်ဆိုင်ရာဘာသာရပ်များကို ပူးပေါင်းဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၆။ ကလေးဒေသတွင် သုံးလအတွင်းအကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သား၈၀ဦး သေဆုံးခဲ့ရ


ဧပြီလ ၁၁ရက်။

ကလေးဒေသတွင် သုံးလအတွင်းအကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သား၈၀ဦး သေဆုံးခဲ့ရပါတယ်။


ဧပြီလ ၁၁ရက် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကအသိပေးဖော်ပြပါတယ်။


စစ်ကောင်စီအဖွဲ့ဝင်များမှ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ အရပ်သားပစ်မှတ်ထား တိုက်ခိုက်လာသည်ကို ပိုမိုတွေ့ရှိရတယ်လို့လည်းဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်(ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ)အတွင်း အရပ်သား၈၀ဦး စကစကြောင့်သေဆုံးခဲ့ရပြီး ထိုအထဲတွင်ဖမ်းဆီးသတ်ဖြတ်ခံရသူအချို့လည်း ပါဝင်တယ်လို့သိရပါတယ်။


သို့ဖြစ်၍ပြည်သူများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်သည့် ပန်ကြားချက်များအား လိုက်နာပြီး ဘေးကင်းကြစေရန် နှိုးဆော်အပ်တယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၇။ မြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိခိုက်သေဆုံးသူ လူဦးရေတထောင်ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်


ဧပြီလ ၁၁ရက်။


မြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိခိုက်သေဆုံးသူ လူဦးရေတထောင်ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။

ဧပြီလအတွင်း UN OCHA Myanmarက အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို တရားဝင်အသိပေးဖော်ပြပါတယ်။


"မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ အခြားစစ်လက်နက်အကြွင်းအကျန် ပျံ့နှံ့မှုတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း စိုးရိမ်ဖွယ်အဆင့်ရောက်လာခဲ့ပြီး အရပ်သားတွေအတွက် ဆိုးရွားတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံးမှုတွေ သိသိသာသာမြင့်တက်ခဲ့ရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ထိခိုက်သေဆုံးသူ စုစုပေါင်း ,၀၅၂ ဦးထိရှိကြောင်း သိရပါတယ်။ ဒါဟာ မှတ်တမ်းတွေ စတင်ကတည်းက အမြင့်ဆုံးဖြစ်ပြီးသား ၂၀၂၂ ခုနှစ် ထိခိုက်သေဆုံးသူအရေအတွက် ၃၉၀ ဦးနဲ့ နှိုင်းယှဥ်ပါက ၂၇၀ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးမြင့်လာတာ ဖြစ်တယ်"လို့ဖော်ပြပါတယ်။


သေဆုံးသူများထဲတွင်တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နေရပ်စွန့်ခွာသူဦးရေအများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ထိခိုက်သေဆုံးမှုအများဆုံး (၃၅ ရာခိုင်နှုန်း) ဖြစ်ပြီး၊ ရှမ်းပြည်နယ် (၁၂ ရာခိုင်နှုန်း) နဲ့ ပဲခူးတိုင်းဒေသကြီး ရာခိုင်နှုန်း) တို့မှာလည်း များပြားခဲ့ပါတယ်။


ကလေးသူငယ်တွေဟာ စုစုပေါင်း ထိခိုက်သေဆုံးနှုန်းရဲ့ လေးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်းနီးပါး) ရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြဝတီမြို့မှာ KNLA ပူးပေါင်းတပ်ဖွဲ့များ မြို့အတွင်း ကင်းလှည့်နေပြီး ထိုင်းက မြဝတီ-မဲဆောက်အမှတ် တံတားကို ယာယီပိတ်


ဧပြီလ ၁၁ရက်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြဝတီမြို့ကို သိမ်းပိုက်ပြီးတဲ့နေ့မှာပဲ မြို့တွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေသလို ထိုင်းအစိုးရက မြဝတီ-မဲဆောက် အမှတ် တံတားကို ယာယီပိတ်လိုက်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

မြဝတီမြို့စောင့်တပ်လို့ခေါ်တဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ဧပြီ ၁၁ ရက်နေ့မနက်ပိုင်းမှာသိမ်းပိုက်လိုက်တာဖြစ်ပါတယ် 

မြို့ထဲမှာ KNA လို့ခေါ်တဲ့ ယခင်က BGFတွေနဲ့ PDF တပ်ဖွဲ့တွေ မြဝတီမြို့တဝိုက်တွင် ကင်းလှည့်မောင်းနှင်နေပြီး လက်မောင်းတံဆိပ်အမျိုးမျိုးဝတ်ဆင်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး စစ်သား ၂မျိုးစလုံးကို တွေ့ရတယ်လို့ The Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ 

The Reporter သတင်းဌာနရဲ့ ဖော်ပြထားချက်အရ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်- တံတားပိတ်ဖို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြီးနောက် မြို့တွင်းမှာရှိနေတဲ့ ဒေသခံပြည်သူအချို့ မဲဆောက်မြို့ဘက် ထွက်လာကြတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ ကျိုက်မရောမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ချိန်မှာ ပြည်သူ့စစ် အားလုံး လက်နက်ချအညံ့ခံ၊ သေနတ် ၁၀ လက် သိမ်းဆည်းရရှိ


ဧပြီလ ၁၁ရက်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပြည်သူ့စစ်အားလုံး လက်နက်ချအညံ့ခံခဲ့တာကြောင့် သေနတ် ၁၀ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကျိုက်မရောမြို့နယ် ကော့ဝမ်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဧပြီလ ရက်နေ့ မွန်းလွဲ နာရီခန့်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

မွန်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ စီးနင်းတိုက်ခိုက်ချိန်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံး လက်နက်ချ အညံ့ခံခဲ့တာကြောင့် သေနတ် ၁၀ လက်နဲ့ ကျည် ၅၄၃ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုကို BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SG_Production အဖွဲ့နဲ့ မွန်ပြည်သစ် ပါတီ -စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရွှေဘိုခရိုင်တန့်ဆည်မြို့နယ် ရွှေချောင်းဆုံအထိုင်တပ်မှကင်းပုန်းထွက်ဝပ်နေသော စကစနဲ့ပျူ (၁၀)ဦးကိုဒရုန်းနဲ့တိုက်ခိုက်


ဧပြီလ ၁၁ရက်။

ရွှေဘိုခရိုင်တန့်ဆည်မြို့နယ် ရွှေချောင်းဆုံအထိုင်တပ်မှ ကင်းပုန်းထွက်ဝပ်နေသော စကစနဲ့ပျူ (၁၀)ဦးကိုဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။


ဧပြီလ ၁၁ရက်မှာ စစ်ရေးသတင်းကို တန့်ဆည်TRFကဖော်ပြပါတယ်။


"ဧပြီ၁၀ရက် ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ရွှေချောင်းဆုံအထိုင်တပ်မှ ကင်းပုန်းထွက်ဝပ်နေသော စကစတပ်နဲ့ပျူ (၁၀)ဦးကိုစစ်ကြောင်းမှူး ကိုငြိမ်းမောင် ဦးဆောင်သော ဗျူဟာ (၅၂)စစ်ကြောင်းမှ အင်အား (၁၀) ဦးတို့မှ Drone ဗုံးသီး ()လုံး ဖြင့် တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့်စကစဘက်က ရန်သူ()ဦးထိခိုက်ကြောင်းမျက်မြင်တွေ့ရှိခဲ့တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ စစ်ဘေးရှောင်နေတဲ့ ဆီဆိုင်ဒေသခံအမျိုးသမီးတဦးကို ပစ်သတ်


ဧပြီလ ၁၁ရက်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က စစ်ဘေးရှောင်နေရတဲ့ ဆီဆိုင်မြိုနယ် နောင်သိမ်ကျေးရွာ သူတဦးကို ပစ်သတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLAက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧပြီလ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး နောင်သိမ်ကျေးရွာအတွင်း ဝင်ရောက်လာတာကြောင့် ဒေသခံတွေဟာ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေ ဧပြီလ ၁၀ ရက်နေ့မှာ ၎င်းတို့နေအိမ်တွေကို ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။ 

အခုလိုထွက်းတိမ်းရှောင်နေရာကနေ ပြန်လာတဲ့သူတွေထဲက အသက် ၃၇ နှစ်အရွယ်အမျိုးသမီးနဲ့ ၎င်းရဲ့ခင်ပွန်းတို့ဟာ ဧပြီလ ၁ဝ ရက် မနက် ၆နာရီခန့်အချိန်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့နဲ့တိုးပြီး ပစ်သတ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

PNO ပြည်သူ့စစ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ဒေါ်မူ သေဆုံးခဲ့ရပြီး ၎င်းရဲ့အမျိုးသားဖြစ်သူကတော့ PNO ပြည်သူ့စစ်တွေ ပစ်ခတ်နေတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ PNLAက အသိပေးထားပါတယ်။ 

ဒေသခံ ဒေါ်မူကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ လွယ်တွန်တောင်ပေါ်မှာ အခြေချ တပ်စွဲနေတဲ့တပ်ဖွဲ့ကဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဆီဆိုင်မြိုနယ် တွေပူးကျေးရွာက ကျောင်သူတဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment