12th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အပါအဝင် အစိုးရအဖွဲ့တို့တွေ့ဆုံဆွေးနွေး

📌 ၂။ NUGဝန်ကြီးများ လစာသိန်းရာနှင့်ချီရနေခြင်းမှာ မဟုတ်မမှန်‌ကြောင်း ဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား

📌 ၃။ အကြမ်းဖက်စကစဟာ မတ်လအတွင်းအတင်းအဓမ္မစစ်သားစုဆောင်းတာတွေအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း ၄၀၈မှု"ကိုကျူးလွန်ခဲ့

📌 ၄။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့  ပြုပြင်ပြောင်းလဲရေး ဖြစ်စဥ်ကို ကူညီဖို့သာ နိူင်ငံတကာသံတမာန်များကိုပြောကြားခဲ့တယ်လို့ဆို

📌 ၅။ လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာရှိတဲ့ သပိတ်ရဲဘော်တချို့မှ အကြမ်းဖက်စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့ရောင်းချမှုပိတ်ပင်ပေးရန်တောင်းဆိုဆန္ဒပြ


၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကိုင်း တပ်မ ၃၃ ကထွက်လာတဲ့ ဘီးတပ်ကားနဲ့ ၁၂ ဘီးကားကို တော်လှန်ရေးအင်အားစုများ မိုင်းဆွဲတိုက်ခိုက်  

🚩 ၂။ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃ဦးသေဆုံးကာ ၅ဦးဒဏ်ရာရ 

🚩 ၃။ ပလမြို့ရဲစခန်းအား T2 Special Drone Force မှ ဒရုန်းဖြင့် ဗုံးသီး()လုံး ကြဲချ တိုက်ခိုက်ခဲ့

🚩 ၄။ စစ်ရေးပြင်းထန်နေဆဲကာလဖြစ်တဲ့အတွက် လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲမလုပ်ဖို့ ရခိုင်ပြည်သူများကို AA သတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အပါအဝင် အစိုးရအဖွဲ့တို့တွေ့ဆုံဆွေးနွေး


ဧပြီ၁၂


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အပါအဝင်အစိုးရအဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


အဆိုပါတွေ့ဆုံမှုကို ဧပြီလ ၁၁ ရက် က တွေ့ဆုံခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။


တွေ့ဆုံမှုမှာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer တို့ပါဝင်ခဲ့တယ်လို့ဖော်ပြပါတယ်။


ဆွေးနွေးရာမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ ဒေသန္တရ စီမံခန့်ခွဲရေး စွမ်းရည်တွေတည်ဆောက်ဖို့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Cholletကပြောကြားခဲ့ပါတယ်။


အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ယခင်လကလည်း  K3C တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့နဲ့တွေ့ဆုံခဲ့ပါသေးတယ်။


========================


📌📌 ၂။ NUGဝန်ကြီးများ လစာသိန်းရာနှင့်ချီရနေခြင်းမှာ မဟုတ်မမှန်‌ကြောင်း ဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား


ဧပြီ၁၂ရက်


NUGဝန်ကြီးများ လစာသိန်းရာနှင့်ချီရနေတယ်လို့ပြောနေကြတဲ့အပေါ် ဧပြီ၁၂ရက်မှာ ဝန်ကြီးဒေါက်တာတူးခေါင်က ၎င်း၏ဆိုရှယ်မီဒီယာမှ တစ်ဆင့် အခုလိုအသိပေးဆိုထားပါတယ်။


"တော်လှန်ရေးရဲ့ ဆူးညှောင့်ခလုတ် အများကြီးထဲမှ ဥပမာ တချို့ အကြောင်းပြောပြချင်တာပါ။ NUG ဝန်ကြီးတွေ လစာ တယောက် သိန်း ၁၅၀ ရနေကြောင်း၊ ဝန်ကြီး ဒုဝန်ကြီးအားလုံးပေါင်း ဘယ်လောက်ဆိုရင် တလကို ဘယ်လောက်ကုန်ကြောင်း တွက်ပြပြီးလူတယောက်က အံ့ဩလေသံနဲ့ဖွတယ်။ အမှန်က ဝန်ကြီးဌာန တခုလုံးရဲ့ ရုံး အသုံးစရိတ် ဆိုတာ သူသိသိ နဲ့ အဲ့လိုတွေရေးတယ်။ ကောမ်မန့်ပေးနေသူ တချို့လဲ မဟုတ်မှန်းသိသိ နဲ့ ဟုတ်လား ဘာညာ ဆိုပြီး ရိသလိုလို အံ့ဩလေသံနဲ့ မန့်တယ် ရှဲတယ်။ အနဲဆုံးတော့ သူတို့ ဘာရေးရေး Cheer လုပ်တဲ့အဖွဲ့ကရှိနေပြန်တော့ ပွဲဆူတာပေါ့။ NUCC မှာ အဲ့လိုတွေ မဆွေးနွေးခဲ့ဘူး ဆိုတာလဲ သူတို့သိနေတာပဲ။ ဒီလို မမှန်ကန်တဲ့ အကြောင်းအရာကို ဘာဖြစ်လို့ ရေးသလဲ ဆိုတဲ့ ရည်ရွယ်ချက်က သူတို့ပဲသိပါလိမ့်မယ်။ ကျနော်တို့မှာ လုပ်နေရတဲ့ အကန့်အသတ်မျိုးစုံကြားမှာ ဒီလို ဆူးညှောင့်ခလုတ်တွေလဲ ရှင်းနေရတော့ PR အချိန်ပိုကုန်တာပေါ့"လို့ဝန်ကြီးကဆိုပါတယ်။


NUGအစိုးရအဖွဲ့ဟာ အတိုက်အခိုက်များကြားထဲမှအလုပ်လုပ်နေရပြီး တော်လှန်ရေးအတွက်လုပ်စရာအလုပ်များကို ဆက်လက်လုပ်ကိုင်နေကြောင်းလည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စကစဟာ မတ်လအတွင်းအတင်းအဓမ္မစစ်သားစုဆောင်းတာတွေအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း ၄၀၈မှု"ကိုကျူးလွန်ခဲ့


ဧပြီ၁၂ရက်


"အကြမ်းဖက်စကစဟာ မတ်လအတွင်းအတင်းအဓမ္မစစ်သားစုဆောင်းတာတွေအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း ၄၀၈မှု"ကိုကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်က ပြောကြားလိုက်ပါတယ်။


"အကြမ်းဖက်စကစဟာ မတ်လအတွင်းအတင်းအဓမ္မစစ်သားစုဆောင်းတာတွေအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း ၄၀၈မှုမှတ်တမ်းတင်ကောက်ယူခဲ့ရပါတယ်။ဒီအမှုတွေထဲမှာတရားလက်လွတ်သတ်ဖြတ်ခဲ့မှု ၁၂၄မှု၊နေအိမ်နှင့်ကိုယ်ပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုပေါင်း၉၆မှု၊မတရားဖမ်းဆီးခဲ့မှုပေါင်း၄၁မှုနဲ့အခြားပြစ်မှုတွေဖြစ်တဲ့လူ့အခွင့်ရေးချိုးဖောက်မှု၂၂၈မှုကိုမှတ်တမ်းတင်နိူင်ခဲ့တယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်းနှင့်ပြည်နယ်အလိုက်ပြုစုရာတွင် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းတို့တွင်အများဆုံးကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့  ပြုပြင်ပြောင်းလဲရေး ဖြစ်စဥ်ကို ကူညီဖို့သာ နိူင်ငံတကာသံတမာန်များကိုပြောကြားခဲ့တယ်လို့ဆို


ဧပြီ၁၂


မြန်မာ့နွေဦးတော်လှန်ရေးရဲ့  ပြုပြင်ပြောင်းလဲရေး ဖြစ်စဥ်ကို ကူညီဖို့သာ နိူင်ငံတကာသံတမာန်များကိုပြောကြားခဲ့တယ်လို့ NUGသြစတြေးလျနိူင်ငံကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဧပြီလ ၁၂ရက်‌နေ့မှာ ဆိုရှယ်မီဒီယာမှ တစ်ဆင့်အသိပေးဆိုထားပါတယ်။


"Acceptance, Support & Recognition, ဘယ် Diplomat နဲ့တွေ့တွေ့ ဒီအထိုင်ကနေပဲ စကားပြောပါတယ်။ ဒီ့အပြင် မြန်မာပြည် ငြိမ်းချမ်းသွားတာကို လိုလားသူတိုင်းအတွက် ဒီနေ့ အချိန်အခါထက် ပိုကောင်း တဲ့ အခွင့်အလမ်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ဒီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဥ်ကြီးကို ကူညီပါလို့ ပြောပါတယ်။ ကူညီပေးမှုတွေလည်း တစထက်တစ ပိုမြင်လာရလို့ ၀မ်းသာနေရတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေးကို  အသွင်ပြောင်းလဲရေး လှုပ်ရှားမှုဆိုတာကို မြင်ပြီး လက်ခံဖို့လိုကာ ဒီအပေါ်မှာ စကားပြောနိုင်ဖို့ လိုအပ်တယ်လို့လည်း ၄င်းကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာရှိတဲ့ သပိတ်ရဲဘော်တချို့မှ အကြမ်းဖက်စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့ရောင်းချမှုပိတ်ပင်ပေးရန်တောင်းဆိုဆန္ဒပြ


ဧပြီ၁၂ ရက်


လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာရှိတဲ့ သပိတ်ရဲဘော်တချို့မှ အကြမ်းဖက်စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့ရောင်းချမှုပိတ်ပင်ပေးရန်တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။


ဧပြီ၁၂ရက်မှာ မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပေးရန်တောင်းဆိုခဲ့ကြပါတယ်။


လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာရှိတဲ့ သပိတ်ရဲဘော်တချို့မှ အကြမ်းဖက်စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့ရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကို ပိတ်ပင်တားဆီးပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဧပြီလ ၁၂ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့တယ်လို့အသိပေးဆိုပါတယ်။


အဲဒီလှုပ်ရှားမှုကို ' USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar' ဆိုတဲ့ ခေါင်းစဥ်နဲ့  လုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်ကိုင်း တပ်မ ၃၃ ကထွက်လာတဲ့ ဘီးတပ်ကားနဲ့ ၁၂ ဘီးကားကို တော်လှန်ရေးအင်အားစုများ မိုင်းဆွဲတိုက်ခိုက်   


စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ကနေ စစ်သားတွေတင်‌ပြီးထွက်လာတဲ့ ဘီးတပ်ကုန်ကားနဲ့ ၁၂ ဘီးတပ် ကုန်ကားကို တော်လှန်ရေးအင်အားစုတွေက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  

မနေ့ ဧပြီလ ၁ဝ ရက်နေ့ ညနေ နာရီဝန်းကျင်အချိန်မှာ စစ်သားတွေတင်‌လာတဲ့ ဘီးတပ်ကုန်ကားကို BRAVE HEART ARMY -BHA ကဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG ဗန္ဒုလနှင့်အဖွဲ့သားများက ပဒေသာမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ BHA က ဆိုပါတယ်။ 

မိုင်းဆွဲခံလိုက်ရတဲ့ အဆိုပါ ဘီးတပ်ကားဟာ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ တနာရီခွဲနီးပါးထိုးရပ်ခဲ့ပြီး စစ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီနောက် ၁၂ ဘီးကားကို မိုင်းဆွဲတိုက်ခိုက်ဖို့စောင့်နေချိန်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တောပုပျူစောထီးရွာက ပျူစောထီးတွေ တော်လှန်ရေးအင်အားစုတွေရှိရာ ဆင်ခံဘုရားအနီးကိုရောက်ရှိလာပြီး မိုင်းရှင်းနေချိန်မှာ တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ပျူစောထီးနဲ့ဒဏ်ရာရသူတွေကို လိုက်ထရပ်ကားတစီးနဲ့ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို သယ်သွားတယ်လို့ သိရပါတယ်။    

အလားတူ စစ်ကိုင်း တပ်မ ၃၃ ကနေ‌ စစ်သားများတင်ဆောင်ပြီး မုံရွာဘက်သို့ထွက်လာတဲ့ ၁၂ ဘီးကားကို ဧပြီလ ၁၁ ရက် ညနေ နာရီခွဲခန့်အချိန်မှာ Area71 PDF Monywa အဖွဲ့နဲ့ ANYAR DFEFENCE FORCE -ADF အဖွဲ့တို့က ချောင်းဦး-မုံရွာ လမ်းပိုင်း တနေရာမှာပဲ လုံးတွဲ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တယ်လို့ သိရပါတယ်။

မိုင်းထိသွားတဲ့ ၁၂ဘီးကားဟာ အပြင်းမောင်းရင်း ကားပေါ်ပါလာတဲ့ စစ်သားတွေက လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ် ကာ ဆက်လက်ထွက်ခွာသွားပေမယ့် ကားပေါ်ပါစစ်သားတွေ အသေအပျောက်ရှိနိုင်တယ်လို့ Area71 PDF Monywa က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ညနေ နာရီခန့်အချိန်မှာ တောပုရွာက ပျူစောထီးတွေနဲ့ စွမ်းရည်ထက် စစ်တပ်ဂိတ်က စစ်သားနဲ့ပျူတွေက မုံရွာ-ချောင်းဦး ကားလမ်းဘေးမှာရှိတဲ့ ပုရစ်ကုန်းတောင်ရွာက အပြစ်မဲ့ အရပ်သားနေအိမ်များကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ထိုသို့ မီးရှို့ဖျက်ဆီးနေချိန်မှာ Area 71 PDF Monywa အဖွဲ့ရဲ့ တိုက်ခိုက်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ စစ်သားနဲ့ ပျူများကို အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်းအချိန်မှာပဲ စစ်အုပ်စုကမုံရွာ-ချောင်းဦးကားလမ်း ဘေးက ကြေးမုံရွာ အနောက်ဘက်မှာရှိတဲ့ ပြည်သူပိုင်နေအိမ်များကို မီးလောင်ဗုံးတွေနဲ့အတူ ၆ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတာကို စိတ်မကောင်းဖြစ်ရတယ်လို့  Area 71 PDF Monywa က ထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၂။ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၃ဦးသေဆုံးကာ ၅ဦးဒဏ်ရာရ 

 

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့-KNHRG က ယနေ့ ဧပြီ ၁၂ မှာ ထုတ်ပြန်ပါတယ်။


မနေ့ ဧပြီလ ၁၁ ရက်နေ့ ၁၀ နာရီခန့်မှာ ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီက လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက် ခိုက်တာဖြစ်ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


KNHRG အနေနဲ့ လတ်တလောရရှိထားစာရင်းတွေအရ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတဦး၊ ၁၂ နှစ်အရွယ် စစ်ဘေးရှောင် မိန်းကလေးတဦးနဲ့ နှစ်အရွယ် ယောက်ကျားတဦးဖြစ်တယ်လို့ သိရပါတယ်။


အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦး၊ ၃၄နှစ်အရွယ် အမျိုးသမီးတဦး၊ ၁၃ နှစ်အရွယ် မိန်းကလေးတဦး၊ နှစ်အရွယ် မိန်းကလေးတဦးနဲ့ ၁၅ နှစ်အရွယ် မိန်းကလေးတဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။


ယခုလဆန်းပိုင်းကလည်း ဖယ်ခုံနဲ့ဖားဆောင်းမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။


စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၄၈၁ ဦးရှိပြီး စစ်ရှောင်စဥ်သေဆုံးသူ ၁၅၁ ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF-ရဲ့ မတ်လကုန်အထိ စာရင်း တွေအရ သိရပါတယ်။


========================


🚩🚩 ၃။ ပလမြို့ရဲစခန်းအား T2 Special Drone Force မှ ဒရုန်းဖြင့် ဗုံးသီး()လုံး ကြဲချ တိုက်ခိုက်ခဲ့


ဧပြီ၁၂ရက်


ဧပြီလ (၁၁)ရက်၊ ညနေ ()နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ပလမြို့ရဲစခန်းအား T2 Special Drone Force မှ ဒရုန်းဖြင့် ဗုံးသီး()လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


 အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်သား ()ဦး သေဆုံးခဲ့ပြီး အခြားထိခိုက်မှု အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။


 ပုလောမြို့နယ်အတွင်းရှိ အကြမ်းဖက် ဖက်ဆစ်တပ်များကို မြိတ်ခရိုင်အမှတ်()တပ်ရင်းအနေဖြင့် အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ဖက်ဆစ်စစ်သားများ၊ ၎င်းတို့တပ်စွဲရာနေရာများနှင့် အနီးကပ် နေထိုင်ခြင်း မပြုရန် အထူးမေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ စစ်ရေးပြင်းထန်နေဆဲကာလဖြစ်တဲ့အတွက် လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲမလုပ်ဖို့ ရခိုင်ပြည်သူများကို AA သတိပေး 


လက်ရှိအချိန်ဟာ စစ်ရေးပြင်းထန်နေတဲ့ ကာလဖြစ်တဲ့အပြင် သင်္ကြန်ကာလရောက်တော့မှာဖြစ်တဲ့အတွက် လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ ရခိုင်ပြည်သူတွေကို ရခိုင့်တပ်တော် AA က သတိပေးပြောကြား လိုက်ပါတယ်။ 

ရခိုင်ဒေသအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်နေတာ ကြောင့် AA က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ဒေသတွေ တင်မဟုတ်ဘဲ ရခိုင့်တပ်တော်က နောက်ထပ်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့နေရာတွေက လူစုလူဝေးလို့ယူဆရတဲ့ နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေပြုလုပ်ဖို့ နေ့စဉ်ရက်ဆက်ကြိုးပမ်းနေတယ်လို့လည်း အသိပေးထားပါတယ်။ 


ဒါ့ကြောင့် သင်္ကြန်ကာလအတွင်းမှာ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ လူစုလူဝေးပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ ရခိုင့်တပ်တော် AA က မေတ္တာရပ်ခံထားပါတယ်။ 

ထို့အပြင် လူအများအပြား စီးနင်းလိုက်ပါနိုင်တဲ့ကားတွေနဲ့ မြို့ပြဒေသတွေမှာ လှည့်ပတ်‌ပြီး ရေကစားတာ၊ တမြို့နဲ့ တမြို့၊ တရွာနဲ့တရွာကြား လှည့်ပတ်ရေကစားတာတွေမလုပ်ဖို့၊ လူစုလူဝေးဖြစ်စေတဲ့ သင်္ကြန်မဏ္ဍပ်များ၊ Show ပွဲပြုလုပ်တာ၊ ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်သီလဆောက်တည်တာ၊ အလှူအတန်းပြုလုပ် တာတွေလည်း လုံးဝ မလုပ်ကြ ဖို့လည်း ထပ်မံပြီး မေတ္တာရပ်ခံထားပါတယ်။


စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ပွဲနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို အလစ်အငိုက် ချောင်းပြီး ဦးတည်တိုက်ခိုက်တတ်တဲ့အကျင့်ရှိတာကြောင့် သင်္ကြန်ကာလအတွင်းမှာ အစုလိုက်အပြုံလိုက် သေဆုံးမှု ထိခိုက်ဒဏ်ရာ ရမှုတွေကနေ ကြိုတင်ကာကွယ်နိုင်ရေး ရခိုင့်တပ်တော် AA ရဲ့ မေတ္တာရပ်ခံချက်ကို တိကျစွာလိုက်နာပေကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်ကလည်း တိုက်တွန်းထားပါတယ်။

ထို့အတူ မဟာသင်္ကြန်ကာလအတွင်း ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမယ့်စည်းကမ်းတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment