14th APR 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဧပြီလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲပြီး ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ

🚩 ၂။ ချင်းပြည်နယ်စစ်ကောင်စီ ဝန်ကြီး ဦး လိုက်ပါတဲ့ယာဉ်တန်း ဟားခါးမြို့ပေါ်ပစ်ခတ်ခံရပြီး ဝန်ကြီးတွေအပါအဝင် ဦး ဒဏ်ရာရ 

🚩 ၃။ စိန်လုံတောင်စခန်းကထွက်ပြေးနေတဲ့ စစ်ဗျူဟာမှူးကို KIA လက်ရဖမ်းမိထားတဲ့ရုပ်သံ လူမှုကွန်ယက်မှာပျံနှံ့

🚩 ၄။ မြင်းခြံနယ်က စစ်တပ်ယာယီစခန်းကို တိုက်ခိုက်ပြီး ဓားစာခံအဖြစ်ဖမ်းထားတဲ့ အရပ်သားပြည်သူ ဦးကိုကယ်ထုတ် 

🚩 ၅။ အရာတော် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ကျောင်းကိုသွားတဲ့ ကား စီးကို တိုက်ခိုက်ရာ အရာရှိ အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

🚩 ၆။ ကြို့ပင်ကောက်မှာ စစ်တပ်နဲ့ပျူစောထီးများကို ထောက်ပံ့နေတဲ့သစ်ကုန်သည်၏ ဘီးဆိုင်ကယ်ကို PDF များ ဖမ်းဆီးကာ မီးရှို့ဖျက်ဆီး 

🚩 ၇။ဆားလင်းကြီးမြို့ပေါ်က ရဲစခန်းနဲ့ထွေအုပ်ရုံးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ဦးဒဏ်ရာရ

🚩 ၈။ မင်းတပ်မှာ စစ်ကောင်စီလက်ချက်ကြောင့် ၃လအတွင်း အရပ်သား ၁ဝ ဦးသေဆုံးကာ ၃၀ ခန့် ဒဏ်ရာရပြီး အိမ် အလုံး ၅၀ ကျော်ပျက်စီး


========================


🚩🚩 ၁။ မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲပြီး ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ


 မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်က မန္တလေးမြို့တော်ဝန်ဗဟို မဟာသင်္ကြန်မဏ္ဍပ်အနီးတဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ လုံခြုံရေးထူထပ်စွာချထားတဲ့ကြားကနေ ဗုံးပေါက်ကွဲပြီး ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ သွားတယ်လို့ မန္တလေးကလာတဲ့ သတင်းတွေအရ သိရပါတယ်။ 

သင်္ကြန်အကျနေ့ဖြစ်တဲ့ ဒီနေ့မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာ်လို့ ရဲသတင်းရင်းမြစ်တွေကလည်း အတည်ပြုထားတာရှိ ပါတယ်။

ယနေ့ ဧပြီလ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ ချမ်းအေးသာစံမြို့နယ် စည်ပင်ရုံးဘေး ၇၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားက မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီး ဆိုင်ကယ်ရပ်နားရာနေရာမှာ ဗုံးပေါက်ကွဲတာလို့ သိရပါတယ်။  

မန်းလေးမြို့တော်ဝန်မဏ္ဍပ်အနီးမှာ ဒီမနက် ၁၀ နာရီပတ်ချာလည်လောက်က ဗုံးပေါက်ကွဲတာဖြစ်ပြီး မိနစ်ခန့်ခြားကာ ဗုံး လုံးပေါက်တာလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။  

လက်ရှိမှာ စစ်ကောင်စီက မန္တလေးမြို့ကို ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်နေပြီး အနီးအနားမှာရှိတဲ့ CCTVတွေကို လိုက်လံ စစ်ဆေးနေသလို တဖက်မှာလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး ငွေညှစ်တာ၊ စစ်ဆေးတာ လက်နက်ပြပြီး မိုက်ကြေးခွဲတာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စုက PDF တွေက ဖောက်ခွဲတာလို့ သတင်းဖြန့်နေပါတာတွေလည်း တွေ့နေရပါတယ်။   


========================


🚩🚩 ၂။ ချင်းပြည်နယ်စစ်ကောင်စီ ဝန်ကြီး ဦး လိုက်ပါတဲ့ယာဉ်တန်း ဟားခါးမြို့ပေါ်ပစ်ခတ်ခံရပြီး ဝန်ကြီးတွေအပါအဝင် ဦး ဒဏ်ရာရ 


ဟားခါးမြို့ပေါ်မှာ ချင်းပြည်နယ်စစ်ကောင်စီ ပြည်နယ်ဝန်ကြီးတွေလိုက်ပါလာတဲ့ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ ဝန်ကြီးတွေအပါအဝင် ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ CDF – Hakha က ထုတ်ပြန်ပါတယ်။ 

ဧပြီလ ၁၂ ရက်နေ့မနက် နာရီခွဲခန့်က ဟားခါးမြို့တွင်းမှာရှိတဲ့ ဝန်ကြီးအိမ်ရာကနေ ရုံးတက်ဖို့ထွက်လာတဲ့ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနဲ့ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းတို့ လိုက်ပါတဲ့ ယာဉ် စီးကို ဟားခါးမြို့ မြို့သစ်ရပ်ကွက် လမ်းဆုံအရောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့တဲ့တိုက်ခိုက်မှုအတွင်း စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနဲ့ ၎င်းရဲ့ဇနီး၊ နယ်လုံဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိတို့အပါအဝင် ဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF – Hakha က အသိပေးထားပါတယ်။

အဆိုပါယာဉ်တန်း ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် CDF Hakha ဘက်က တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ပြည်နယ်အဆင့်ဝန်ကြီးတွေ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဟားခါးမြို့ပေါ်မှာနေထိုင်ကြတဲ့ အခြားသော ပြည်နယ်ဝန်ကြီးတွေလည်း ကြောက်ရွံ့ ထိတ်လန့်နေပြီး မြို့တွင်းမှာ လုံခြုံရေးအင်အား တိုးမြှင့်ထားတဲ့အပြင် လူမှုရေး ဝန်ကြီးနဲ့၎င်းရဲ့အမျိုသမီးတို့ ဆေးကုသမှုခံယူနေတဲ့ ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံဝန်းကျင်ကိုလည်း လုံခြုံရေး အပြည့်ချထားတယ်လို့ CDF Hakha ထံကနေ သိရပါတယ်။


========================


🚩🚩 ၃။ စိန်လုံတောင်စခန်းကထွက်ပြေးနေတဲ့ စစ်ဗျူဟာမှူးကို KIA လက်ရဖမ်းမိထားတဲ့ရုပ်သံ လူမှုကွန်ယက်မှာပျံနှံ့


ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စိန်လုံဗျူဟာတပ်စခန်းကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ စစ်ဗျူဟာမှူးကို KIA ကဖမ်းဆီးရမိခဲ့တဲ့ရုပ်သံဖိုင်တခု ဧပြီ ၁၃ ရက် ညပိုင်းကစပြီး လူမှုကွန်ယက်မှာ ပြန့်နှံလာပါတယ်။ 

စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်ဆိုသူကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲဝင်တွေက လက်နောက်ပြန်ကြိုးတုတ်ကာ ဖွက်ထားတဲ့သေနတ်ကိုထုတ်ပေးဖို့ ပြောနေတာ ကို တွေ့ရပါတယ်။  

အဆိုပါရုပ်သံဖိုင်မှာတွေ့ရတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးဟာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မျက်နှာအမူအရာနဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲဝင်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားနေတာပါ။

စောစောကတည်းက ကောင်းကောင်းမွန်မွန်ထွက်လာရင် ဘာမှမလုပ်ဘူး ပြောနေတာကိုလို့ KIA ရဲဘော်က ပြောရာမှာ "ငါကြောင်နေပြီ"လို့ ဗိုလ်မှူးကြီး ဟိန်းထက်အောင်က ပြန်ပြောရာမှာ KIA ရဲ ဘော်က "လက်နက်ချရင် ငါတို့ဘာမှ မလုပ်ဘူး"လို့ ပြောထားတာကိုလည်း တွေ့ရပါတယ်။

ဗန်းမော်-လွယ်ဂျယ်လမ်းမှာရှိတဲ့ စိန်လုံဗျူဟာတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စိန်လုံဗျူဟာကို ဧပြီ ရက်နေ့ မနက်မှာသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

စိန်လုံဗျူဟာကို သိမ်းပိုက်ချိန်မှာ ထွက်ပြေးသွားတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် စစ်သုံ့ပန်း ၂၉ ဦးကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဧပြီလ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ 

ထို့အတူ ကချင်ပြည်နယ် ဖားကန့်မြိုနယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတခုမှာ စစ်ကောင်စီတပ်ဖွဲဝင်တွေကို ဖမ်းဆီးရရှိခဲ့တဲ့ရုပ်သံမှတ်တမ်းတခုလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ 

ဒီရုပ်သံမှတ်တမ်းဟာ ဖေဖော်ဝါရီလအတွင်းကရိုက်ကူးထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ တာမခန်စခန်းနဲ့ ကသိုဏ်းတောင် စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၄။ မြင်းခြံနယ်က စစ်တပ်ယာယီစခန်းကို တိုက်ခိုက်ပြီး ဓားစာခံအဖြစ်ဖမ်းထားတဲ့ အရပ်သားပြည်သူ ဦးကိုကယ်ထုတ် 


မန္တလေးတိုင်း မြင်းခြံမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့တွေ ယာယီစခန်းချနေတဲ့ဘုန်းကြီးကျောင်းကို ဝင်ရောက်တိုက်ခိုက်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ Myingyan Black Tigrer – MBT က ဧ‌ပြီ ၁၄ မှာထုတ်ပြန်ပါတယ်။   

မြင်းခြံမြို့နယ် ကန်တောကျေးရွာနဲ့ ရွာရှည်ရွာအကြားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ယာယီစခန်းချနေတဲ့ အကြမ်းဖက် စစ်သားတွေနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၃၀ ခန့်ကို Myingyan Black Tiger (MBT) တပ်ဖွဲ့က ဧပြီလ ၁၀ ရက်နေ့မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ဦး သေဆုံးပြီး ဦးဒဏ်ရာရသွား တယ်လို့ ဆိုပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ ခုခံစစ်ကနေ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေဟာ ဓားစားခံအဖြစ်ဖမ်းဆီးထားတဲ့ အရပ်သား ဦးကိုထားခဲ့ပြီး ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။  

အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်အုပ်စုက ဓားစာခံဖမ်းဆီးလာတဲ့ တောပုကျေးရွာက အရပ်သားပြည်သူ ဦး ကယ်ထုတ်နိုင်ခဲ့တဲ့အပြင် အကြမ်းဖက်စစ်သားတွေအသုံးပြုတဲ့ ၆၀ မမ တာဝေးပစ် ပို့ယမ်း ထုပ်ကိုလည်း သိမ်းဆည်း နိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ အရာတော် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ကျောင်းကိုသွားတဲ့ ကား စီးကို တိုက်ခိုက်ရာ အရာရှိ အပါအဝင် စစ်သား ၂၀ ဦးသေဆုံး


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိမှာရှိတဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ကျောင်းကို သင်တန်းသားတွေလာပို့တဲ့ ကား စီးပါ ယာဉ်တန်းကို တိုက်ခိုက်ရာ ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ၂၀ ဦးသေဆုံးသွားတယ် လို့ အမှတ် စစ်ဒေသက ထုတ်ပြန်ပါတယ်။ 

ဧပြီလ ၁၂ ရက်နေ့ က မုံရွာမှာရှိတဲ့ အမှတ် ၉၂၉ ထောက်ပို့ရေးတပ်ကနေ အရာတော်မြို့နယ်မှာရှိတဲ့ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သင်တန်းသားအသစ် ၂၅၀ ဦး တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို ကမ်းဖြူကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့် တဦးအပါအဝင် သင်တန်းသား ၂၀ ခန့်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရသွား တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ယာဉ်တန်းမှာပါတဲ့ ကား စီးပျက်စီးကာ ဒု-အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီးတဦး၊ တပ်ကြပ်တဦး၊ အားကစား သိပ္ပံက တဦးနဲ့ သင်တန်းသားအသစ် ၄၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေနဲ့ လက်နက်ငယ် လက်၊ ကျည်မျိုးစုံ ၅၅၀၀ ခန့်၊ ဗုံးသီးမျိုးစုံ ၈၀ ခန့်၊ RPG-7 ဒုံးသီး ၁၀ လုံး၊ မိုင်းမျိုးစုံ ၇၀ ခန့်၊ Jammer စက်အကြီးတလုံး၊ ကျည်အိမ် ခု၊ Detonator ၅၀ ချောင်း၊ ကျည်ကာဦးထုပ် လုံး၊ စစ်ဖိနပ်အရံ ၂၀၊ Equipment တခု၊ ကျောပိုးအိတ်တလုံး၊ ဖိုင်တွဲ ၈၈ ခု သိမ်းဆည်းရမိ ခဲ့တယ်လို့ အမှတ် စစ်ဒေသက ထုတ်ပြန်ထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆၊ တပ်ရင်း ၁၉ တပ်ရင်း ၂၄ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF ကျားသစ်နက် LPDF နဲ့ Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 


========================


🚩🚩 ၆။ ကြို့ပင်ကောက်မှာ စစ်တပ်နဲ့ပျူစောထီးများကို ထောက်ပံ့နေတဲ့သစ်ကုန်သည်၏ ဘီးဆိုင်ကယ်ကို PDF များ ဖမ်းဆီးကာ မီးရှို့ဖျက်ဆီး 


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် ကြိုပင်ကောက်မြိုနယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေကို ထောက်ပံ့ပေးနေတဲ့ သစ်ကုန်သည်တွေရဲ့ ဘီးဆိုင်ကယ်ကို ဖမ်းဆီးရမိခဲ့ရာမှာ ဘီးဆိုင်ကယ်နဲ့ သစ်တွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ BTZM GBK-PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 ကြိုပင်ကောက်မြိုနယ်အရှေ့ဘက် ပဲခူးရိုးမအစပ်မှာရှိတဲ့ သခွတ်ပင်ရွာနဲ့ ဘော်ဘင်ဆည်ဘောင်ကြားမှာ ကျွန်းသစ်တွေ သယ်ဆောင်လာတဲ့ တုပ်တုပ်လို့ခေါ်တဲ့ ၃ဘီးဆိုင်ကယ်တစီးကို ဧပြီလ ၁၁ ရက်နေ့ နာရီခွဲခန့်မှာ လုံခြုံရေးကင်းလှည့် နေတဲ့ BTZM GBK-PDF တပ်ဖွဲကတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်တွေအရ ဇီးကုန်းမြိုနယ် ဘော်ဘင်ကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဆက်ကြေးပေး ပြီး သယ်လာတဲ့ သစ်တွေဖြစ်နေတာကိုသိခဲ့ရတယ်လို့ BTZM GBK-PDF တပ်ဖွဲ့က အသိပေးထားပါတယ်။

သစ်ပိုင်ရှင်ဟာ ဘော်ဘင်ရွာက သစ်ကုန်သည် ပေါက်စလေးဆိုသူဖြစ်ပြီး သစ်တင်ဆိုင်ကယ်ကိုတော့ ကြိုပင်ကောက် မြိုနယ် ဘုတလက်ကုန်းရွာက အငြိမ်းစား ယာဥ်ထိန်းရဲ ကျော်စိုးလင်းဆိုသူပိုင်တာလို့ သိရပါတယ်။ 


ဇီးကုန်းနဲ့ကြိုပင်ကောက်မြိုနယ်အပိုင်ထဲမှာရှိတဲ့ ပဲခူးရိုးမအတွင်းက စစ်ကောင်စီ တပ်နဲ့ ပျူစောထီးတွေကို ဆက်ကြေးပေးပြီး သစ်ခိုးထုတ်နေသူတွေကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ BTZM GBK-PDF (ပဲခူးရိုးမ) တပ်ဖွဲက  သတိပေးထားပါတယ်။  


========================


🚩🚩 ၇။ဆားလင်းကြီးမြို့ပေါ်က ရဲစခန်းနဲ့ထွေအုပ်ရုံးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ဦးဒဏ်ရာရ


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေ အထိုင်ချတပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေး မှူးရုံးနဲ့ ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး ဒဏ်ရာရသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်သား အင်အား ၂၀၀ ကျော် အထိုင်ချတပ်စွဲနေတဲ့ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေး မှူးရုံးတို့ကို သင်္ကြန်အကြိုနေ့ စစ်ဆင်ရေးအဖြစ် ဧပြီလ ၁၃ ရက်နေ့ မနက် နာရီခန့်အချိန်မှာ လက်နက်ကြီးတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးအလုံးရေ ၅ဝ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ နဲ့ ယင်းမာပင်ခရိုင်လက်နက်ကြီး တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 


========================


🚩🚩 ၈။ မင်းတပ်မှာ စစ်ကောင်စီလက်ချက်ကြောင့် ၃လအတွင်း အရပ်သား ၁ဝ ဦးသေဆုံးကာ ၃၀ ခန့် ဒဏ်ရာရပြီး အိမ် အလုံး ၅၀ ကျော်ပျက်စီး


ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ယခုနှစ် ပထမ လအတွင်း စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ဝ ဦးသေဆုံးကာ ၃ဝ ခန့်ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ် အလုံး ၅ဝ ကျော် ပျက်စီးခဲ့ရတယ်လို့ CDF မင်းတပ်က ဧ‌ပြီလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ 

ယခုနှစ် ဇန်နဝါရီကနေ မတ်လကုန်အထိ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ဝဦးနဲ့ ရဲဘော် တဦးသေဆုံးကာ အရပ်သားပြည်သူ ၁၁ ဦးနဲ့ ရဲဘော် ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှာဆိုရင် မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာ ပလက်၀ မြို့နယ် နှုမ်းရွာက ဆိုင်ကယ် ကယ်ရီသမား ဦး အသက်ဆုံးရှုံးခဲ့ရလို့ အသိပေးထားပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ် ၃၉ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘုရားကျောင်း ဆောင်၊ စာသင်ကျောင်း ၂ဆောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ လအတွင်း လက်နက်ကြီးပစ်ခတ်မှု အကြိမ်များစွာပြုလပ်ခဲ့ပြီး အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရကာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အများပြည်သူသွားရာလမ်းတွေမှာ မိုင်းထောင်ထားခဲ့တာကြောင့် လအတွင်း အရပ်သားပြည်သူ ဦး ဒဏ်ရာရခဲ့တဲ့အနက် ၂ဦးက ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ယခုနှစ်အတွင်း အရပ်သားပြည်သူ ၃၀ ဦးကို ဖမ်းဆီးခဲ့ရာမှာလည်း ၁၀ ဦးကို လက်ရှိအချိန်အထိ ပြန်လွှတ် ပေးတာမရှိသေးဘူးလို့ မင်းတပ် CDF က ထုတ်ပြန်ထားပါ။

CDF မင်းတပ်ရဲ့ ထုတ်ပြန်ချက်မှာ မပါသေးပေမယ့် ဧပြီလဆန်းပိုင်းမှာ ရက်ဆက်လေကြောင်း တိုက်ခိုက်ခဲ့တာရှိ‌ခဲ့ပြီး ဧပြီ  ရက်ကဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာအတွင်းကို ပေါင် ၅၀၀ ဗုံးနဲ့ မီးလောင်ဗုံး အပါအဝင် ဗုံး ၁၀ လုံးခန့် ကြဲချခဲ့တာကြောင့် အရပ်သားထိခိုက်မှုရှိခဲ့တယ်လလို့ သိရပါတယ်။  


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment