14th APR 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ ဧပြီα€œ ( ၁၄ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ချင်းα€Šီα€”ောင်α€”ဲ့ ပူးပေါင်းα€€ြောင်း CDF မတူပီ (တပ်α€™α€Ÿာ - ၁) α€€ြေα€Šာ၊ချင်းα€Šီα€”ောင်α€€ ၁၅ α€”ှα€…်α€™ြောα€€် α€›α€€္ခိုင့်တပ်တော် (AA) α€”ေ့α€™ှာ α€žα€α€်α€œွှာ တစောင်ပေးပို့

 

CDF မတူပီ (တပ်α€™α€Ÿာ - ၁) ကချင်းα€Šီα€”ောင်α€”ဲ့ ပူးပေါင်းα€™α€š်α€œို့ α€”ှα€…်α€–α€€်α€œုံးα€€ တရားဝင် α€€ြေα€Šာα€œိုα€€်ပါα€α€š်။

 

(ဧပြီ ၁၀) α€€ျα€›ောα€€်တဲ့ ချင်းα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မတူပီ) α€›ဲ့ တော်α€œှα€”်α€›ေး ၃ α€”ှα€…်ပြα€Š့်α€™ှာ ထခုα€œို α€€ြေα€Šာα€œာα€€ြတာပါ။

 

ချင်းα€Šီα€”ောင်α€”ဲ့ ပူးပေါင်းပြီး α€…α€…်α€›ေး၊ α€”ိုင်ငံα€›ေးထရှိα€”်α€‘α€Ÿုα€”်α€™ြှင့်α€žွားα€™α€š်α€œို့ CDF မတူပီ၊ တပ်α€™α€Ÿာ - ၁ α€€ ပြောပါα€α€š်။

 

ပြα€Š်တွင်းပြα€Š်ပရှိ ပြα€Š်α€žူတွေထနေα€”ဲ့ ဆက်α€œα€€်ဝိုင်းဝန်းα€€ူα€Šီပံ့ပိုးပေးα€€ြα€–ို့α€œα€Š်း တိုα€€်တွα€”်းထားပါα€α€š်။

 

ချင်းα€Šီα€”ောင်α€€ို ချင်းပြα€Š်ထတွင်း α€…α€…်α€›ေး၊ α€”ိုင်ငံα€›ေး ထရပ်ရပ်ပူးပေါင်းဆောင်α€›ွα€€်α€–ို့ CNO/CNDF, ZFU/PDF – Zoland α€”ဲ့ CNC – Mindat/CDF – Mindat တို့α€€ ၂၀၂၃ α€’ီဇင်α€˜ာ ၃၀ α€™ှာ α€–ွဲ့α€…α€Š်းα€€ြောင်း α€€ြေα€Šာခဲ့α€€ြတာပါ။

 

α€‘α€œားတူ Maraland Territorial Council/MDF ကချင်းα€Šီα€”ောင်α€™ှာ ပူးပေါင်းပါဝင်တဲ့ α€€ြေα€Šာချα€€်α€€ို ၂၀၂၄ ဇန်နဝါα€›ီ ၃၁ α€›α€€်α€”ေ့α€€ ထုတ်ပြα€”်ခဲ့α€žα€œို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) α€€α€œα€Š်းချင်းα€Šီα€”ောင်α€”ဲ့ ထတူ ပူးပေါင်းα€œα€€်တွဲα€™α€š်α€œို့ ၂၀၂၄ မတ် ၆ α€›α€€်α€”ေ့ ထုတ်ပြα€”်ခဲ့ပါα€α€š်။

 

ချင်းα€Šီα€”ောင်α€™ှာ CDF မတူပီ (တပ်α€™α€Ÿာ - ၁) α€€ α€œα€€်တွဲပူးပေါင်းα€™α€š်α€œို့ တရားဝင် α€žα€α€„်းထုတ်ပြα€”်α€œာα€œို့ CNO/CNDF, ZFU/PDF – Zoland, CNC – Mindat/CDF – Mindat, Maraland Territorial Council/MDF, ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) တို့ပါဝင်တဲ့ ထဖွဲ့ ၆ α€–ွဲ့ α€›ှိα€œာα€™ှာ α€–ြα€…်ပါα€α€š်။

 

တဖက်α€™ှာချင်းα€Šီα€”ောင်ထနေα€”ဲ့ ထမျိုးα€žားတန်းတူα€Šီα€›ေး၊ α€€ိုα€š့်α€€ြα€™္α€™ာα€€ိုα€š်α€–α€”်တီးα€›ေး၊ ရခိုင်α€œူထုα€”ဲ့ ချင်းα€œူထုထကျိုးα€…ီးပွား α€€ူα€Šီα€›ိုင်းပင်းα€›ေးα€™ှာ α€›α€€္ခိုင့်တပ်တော်α€”ဲ့ α€œα€€်တွဲα€™α€š်α€œို့ α€’ီα€€α€”ေ့ α€€ျα€›ောα€€်တဲ့ ၁၅ α€”ှα€…်α€™ြောα€€် α€›α€€္ခိုင့်တပ်တော် (AA) α€”ေ့α€™ှာ α€žα€α€်α€œွှာတစောင် ပေးပို့ထားတာα€œα€Š်း တွေ့ရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ Little Vakoks Project α€™ှ α€›α€›ှိα€™ှု α€€ျပ်α€žိα€”်း တထောင်α€€ျော်α€€ို CDF မင်းတပ်ထံ ပံ့ပိုး

 

Little Vakoks Project α€™ှ α€›α€›ှိα€™ှု α€€ျပ်α€žိα€”်း တထောင်α€€ျော်α€€ို CDF မင်းတပ်ထံ ပံ့ပိုးပေးခဲ့α€€ြောင်း Dr. Aye Nyein Thu (ထငြိα€™်း) α€€ α€žူ့α€œူα€™ှုα€€ွα€”်α€›α€€်α€…ာα€™ျα€€်α€”ှာပေါ်α€€α€”ေ α€‘α€žိပေးပါα€α€š်။

 

၁၀၆၂ α€žိα€”်း α€€ို Projectα€›ဲ့ α€›α€Š်α€›ွα€š်ချα€€်ထတိုင်း α€€ျဆုံး α€’ါဏ်α€›ာα€› α€›ဲα€˜ော်ဂုဏ်ပြုခြင်းα€”ှင့် ထခြေခံ α€…ားနပ်α€›ိα€€္ခာα€α€š်α€šူα€›ေးတွေα€™ှာ ထပြα€Š့်ထဝ α€‘α€žုံးပြုα€›α€”် α€œှူα€’ါα€”်းခဲ့ပါα€α€š်။α€œို့ α€–ော်ပြထားပါα€α€š်။

 

α€œှူα€’ါα€”်းပေးα€€ြတဲ့ α€‘α€œှူα€›ှင်α€™ျား α€€ြα€Š့်α€›ှုထားပေးဝန်းα€›ံα€€ြα€žူထားα€œုံးα€€ို α€€ျေးဇူးထများα€€ြီးတင်α€›ှိα€€ြောင်းα€œα€Š်း α€–ော်ပြထားပါα€α€š်။

 

Little Vakoks Project ဆိုတာကတော့ Dr. Aye Nyein Thu (ထငြိα€™်း) α€€ိုα€š်တိုင်ထပါထဝင် α€€α€œေးα€„α€š်တွေα€€ တေးα€žီချင်းတွေα€€ို α€€ာα€—ာα€žီဆိုပြီး α€œူα€™ှုα€€ွα€”်α€›α€€်ပေါ်ပြα€”်α€œα€Š်α€–ော်ပြတဲ့ ထစီထစဉ်α€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ UFC 302 α€™ှာ ထပ်တွေ့α€›α€™α€š့် ချင်းα€œူα€„α€š်α€–ိုα€€်တာ Joshua Van

 

UFC α€™ှာ α€žုံးပွဲဆက်ထနိုင်ရထားတဲ့ ချင်းα€œူα€„α€š် α€–ိုα€€်တာ Joshua Van α€α€šောα€€် စတုတ္ထမြောα€€်ပွဲ ဆက်ထိုးα€žွားα€™α€š်α€œို့ α€žူα€€ိုα€š်တိုင်α€€ ထရိပ်ထမြွပ်ပေးထားပါα€α€š်။

 

α€œာα€™α€š့် ဇွα€”်α€œα€•α€‘α€™α€•α€်ထဲ ပြုα€œုပ်α€™α€š့် UFC 302 α€™ှာ Joshua Van α€›ဲ့ ထိုးα€ž၊တ်ပွဲα€€ို ထပ်တွေ့α€›α€–ွα€š်α€›ှိα€”ေတာပါ။

 

α€žူ့ပြိုင်α€˜α€€်ကတော့ α€‘α€žα€€် α‚αˆ α€”ှα€…်ထရွα€š် တရု၊တ်α€–ိုα€€်တာ Sumudaerji α€œို့ α€žα€α€„်းထွα€€်α€”ေပါα€α€š်။

 

α€‘α€žα€€် ၂၃ α€”ှα€…်ထရွα€š် Joshua Van α€Ÿာ ၂၀၂၃ ဇွα€”်α€œα€€ UFC α€™ှာ ပထမα€₯ီးဆုံး α€šှဉ်ပြိုင်ထိုးα€ž၊တ် ထနိုင်ရတဲ့ α€™ြα€”်α€™ာα€”ိုင်ငံα€–ွား ချင်းတိုင်းရင်းα€žားထဖြα€…် α€™ှတ်တမ်းဝင်ထားα€žူ α€–ြα€…်ပါα€α€š်။

 

၂၀၂၄ ဇန်နဝါα€›ီ ၁၄ α€›α€€် UFC Fight Night 234 ပြိုင်ပွဲα€™ှာ ပြိုင်α€˜α€€် α€˜α€›ာဇီးα€”ိုင်ငံα€žား Felipe Bunes α€€ို α€’ုတိα€šα€‘α€ျီထဲ ထနိုင်α€šူပြခဲ့ပြီး ၃ ပွဲထိုး၊ ၃ ပွဲ α€œုံး ထနိုင်ရထားတဲ့ α€…ံချိα€”်α€€ောင်းα€€ိုα€œα€Š်း Joshua Van α€€ ပိုင်ဆိုင်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ မင်းတပ်α€™ြို့ပေါ်α€™ှာ ထိα€™်ခြေ ၂၀ ဝန်းα€€ျင် α€™ီးα€œောင်

 

မင်းတပ်α€™ြို့ ထရှေ့ပြင်ရပ်α€€ွα€€်α€™ှာ ဧပြီ ၁၁ α€›α€€်α€”ေ့ α€”ေ့α€œα€š်ပိုင်းα€€ α€”ေထိα€™် ၂၀ ဝန်းα€€ျင် α€™ီးα€œောင်ပြာα€€ျα€žွားပါα€α€š်။

 

α€˜ာα€€ြောင့်α€œဲ ထတိထကျα€™α€žိα€›α€žေးα€˜ူး၊ α€…α€œောင်α€€α€α€Š်းα€€ ငြိα€™်းα€™α€š့်α€žူα€™α€›ှိတော့ ဆက်တိုα€€်α€œောင်တာပဲ။α€œို့ ထရှေ့ပြင်ရပ်α€€ွα€€်α€™ှာ α€”ေထိုင်α€žူα€€ ပြောပါα€α€š်။

 

α€’ေα€žα€ံတချို့ကတော့ α€›ှို့α€™ီးα€–ြα€…်α€”ိုင်α€α€š်α€œို့ ခန့်α€™ှα€”်းα€€ြပြီး α€™ီးα€œောင်α€™ှုα€€ြောင့် α€”ေထိα€™် α€‘α€œုံး ၂၀ ဝန်းα€€ျင် ပြာချα€œုα€”ီးပါး ပျα€€်α€…ီးα€žွားα€α€š်α€œို့ ဆိုα€€ြပါα€α€š်။

 

ထခု ဧပြီထစောပိုင်းα€€α€œα€Š်း ထရှေ့ပြင်ရပ်α€€ွα€€်α€”ဲ့ α€˜α€α€žα€…်ရပ်α€€ွα€€်ထခြα€™်းα€™ှာ α€”ေထိα€™် ၈ α€œုံးခန့်ပြာα€€ျတဲ့ α€™ီးα€œောင်α€™ှုα€–ြα€…်စဉ် α€–ြα€…်ပွားခဲ့ပါα€α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment