14th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူထုတရပ်လုံး လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ခြေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ မနှေးအမြန် ရောက်ရှိစေရန် ဆထက်တိုး ကြိုးပမ်း အားထုတ်သွားမယ်လို့ ယာယီသမ္မတကတိစကားဆို

📌 ၂။ ယာယီသမ္မတဒူဝါလရှီးလနှင့် အမေရိကန်နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer တို့ တွေ့ဆုံခဲ့မှုကို NUGနိုင်ငံခြားရေးဝန်ကြီးအသိပေး

📌 ၃။ ဘေးဒုက္ခအပေါင်းကိုကြံ့ကြံ့ခိုင်ရင်ဆိုင်ကျော်ဖြတ်ရင်း အောင်မြင်မှုအပေါင်းကိုရယူနိုင်မည့်နှစ်သစ်ဖြစ်ပါစေကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် နှစ်သစ်ဆုတောင်းစကားဆို

📌 ၄။ နှစ်ဖက်စွန်း လွတ်တဲ့မှတ်တမ်းတွေ ပြည်သူကို သက်သေခံဖို့တနေ့မှာ အရေး တကြီး လိုအပ်လာလိမ့်မယ်လို့ပြည်ထဲရေးဝန်ကြီးအသိပေး

📌 ၅။ ပြည်သူ့ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးမှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၆။ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအား နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးတွင်ရှင်းလင်းတင်ပြခဲ့

📌 ၇။ NUGအစိုးရကို စစ်ကြောဆန်းစစ်တာတွေက စိုးရိမ်စရာ မရှိဘူးလို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြော


၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမျိုးသမီး ဒရုန်းအဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံး

🚩 ၂။ မြဝတီမြို့သို့ တင့်ကားများ၊ ဖောကားများဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်တပ်များ သုံးဆယ်နီးပါး သေဆုံးပြီး ဖောကား စီးပျက်စီး

🚩 ၃။ မုံရွာမြို့တော်ခန်းမမှာတပ်စွဲနေတဲ့ စစ်အုပ်စုကို သင်္ကြန်အကြိုနေ့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်

🚩 ၄။ အရာတော်နယ် မလဲသာနဲ့ကန်ရင်းကျေးရွာအနီးတဝိုက်ကိုနမခကနေတက်လာတဲ့ ရဟတ်ယာဉ်နဲ့ပစ်ခတ်ပြီး စစ်အင်အားထပ်ချ  

🚩 ၅။ အိမ်စီးကားနဲ့ လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဦးသေဆုံး ဦး ဒဏ်ရာရ

🚩 ၆။ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူထုတရပ်လုံး လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ခြေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ မနှေးအမြန် ရောက်ရှိစေရန် ဆထက်တိုး ကြိုးပမ်း အားထုတ်သွားမယ်လို့ ယာယီသမ္မတကတိစကားဆို


ဧပြီလ ၁၃ရက်။

လူထုတရပ်လုံး လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ခြေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ မနှေးအမြန် ရောက်ရှိစေရန် ဆထက်တိုး ကြိုးပမ်း အားထုတ်သွားမယ်လို့ ယာယီသမ္မတဒူဝါလရှီးလက "မြန်မာ့ရိုးရာ အတာသင်္ကြန် ဆုတောင်းစကား"မှာ ဆိုထားပါတယ်။


မြန်မာ့ရိုးရာပြက္ခဒိန်အရ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းတော့မည့် အတာသင်္ကြန် အခါသမယတွင် မြန်မာနိုင်ငံတဝန်းရှိ လူမျိုးစုံ ပြည်သူလူထုတရပ်လုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့ဖြင့် ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်လို့ဆိုပါတယ်။


ထို့အပြင်လူထုတရပ်လုံး လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ခြေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ မနှေးအမြန် ရောက်ရှိစေရန် ဆထက်တိုး ကြိုးပမ်း အားထုတ်သွားမည့်အကြောင်း ဤအခါသမယတွင် ခိုင်ကျည်စွာ ထပ်လောင်း ကတိပြုအပ်တယ်လို့ယာယီသမ္မတဒူဝါလရှီးလကဆိုပါတယ်။


နွေဦးတော်လှန်ရေးတွင် လူမျိုးစုံ လူထုတရပ်လုံး၏ ကိုယ်ကျိုးစွန့် ပါဝင်လုပ်ဆောင်မှု၊ ထောက်ခံ အားပေး ပံ့ပိုးမှုများအတွက်လည်း အထူးပင် ကျေးဇူးတင် ဂုဏ်ပြုအပ်ပြီးဆက်လက်၍ ပါဝင်လုပ်ဆောင် ဝန်းရံ ပံ့ပိုး ထောက်ခံ အားပေးသွားကြရန်လည်း လေးမြတ်စွာ တိုက်တွန်း ပန်ကြားအပ်တယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၂။ ယာယီသမ္မတဒူဝါလရှီးလနှင့် အမေရိကန်နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer တို့ တွေ့ဆုံခဲ့မှုကို NUGနိုင်ငံခြားရေးဝန်ကြီးအသိပေး


ဧပြီလ ၁၃ရက်။

ယာယီသမ္မတဒူဝါလရှီးလနှင့် အမေရိကန်နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer တို့ တွေ့ဆုံခဲ့မှုကို NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Twitterမှာ ဧပြီ၁၂ရက်က ရေးသားဖော်ပြထားပါတယ်။


ယာယီသမ္မတ Duwa Lashi La နှင့် NUG ခေါင်းဆောင်များနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer တို့နှင့် တွေ့ဆုံခဲ့ပါတယ်လို့ဖော်ပြပါတယ်။


အဆိုပါတွေ့ဆုံမှုတွင် မြန်မာ့အရေးလက်ရှိအခြေအနေများကို ထပ်လောင်းပြောကြားပြီး အားလုံးပါဝင်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေး ထူထောင်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ ဘေးဒုက္ခအပေါင်းကိုကြံ့ကြံ့ခိုင်ရင်ဆိုင်ကျော်ဖြတ်ရင်း အောင်မြင်မှုအပေါင်းကိုရယူနိုင်မည့်နှစ်သစ်ဖြစ်ပါစေကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် နှစ်သစ်ဆုတောင်းစကားဆို


ဧပြီလ ၁၃ရက်။

ဘေးဒုက္ခအပေါင်းကိုကြံ့ကြံ့ခိုင်ရင်ဆိုင်ကျော်ဖြတ်ရင်း အောင်မြင်မှုအပေါင်းကိုရယူနိုင်မည့်နှစ်သစ်ဖြစ်ပါစေကြောင်း နိုင်ငံခြားရေးန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်မှ ဧပြီလ ၁၃ရက်မှာ နှစ်သစ်ဆုတောင်းစကားဆိုလိုက်ပါတယ်။


"မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ကာလတွင် မြန်မာပြည်သူပြည်သားအပေါင်းတို့ အေးချမ်းသာယာရှိကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကြုံတွေ့နေရသည့် ဘေးဒုက္ခအပေါင်းကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ကျော်ဖြတ်ရင်း အောင်မြင်မှုအပေါင်းကိုရယူနိုင်မည့်နှစ်သစ်ဖြစ်ပါစေကြောင်းနှစ်သစ်ဆုတောင်းစကားပါးအပ်ပါတယ်"လို့ဆိုထားပါတယ်။


ယခုနှစ်အတာသင်္ကြန်တွင် စကစ ကျင်းပသည့် ရေကစားမဏ္ဍပ်များသို့ ပြည်သူလူထုမှပူးပေါင်းပါဝင်ခြင်းမပြုသည်ကိုလည်းတွေ့ရှိရပါတယ်။


========================


📌📌 ၄။ နှစ်ဖက်စွန်း လွတ်တဲ့မှတ်တမ်းတွေ ပြည်သူကို သက်သေခံဖို့တနေ့မှာ အရေး တကြီး လိုအပ်လာလိမ့်မယ်လို့ပြည်ထဲရေးဝန်ကြီးအသိပေး


ဧပြီလ ၁၃ရက်။

နှစ်ဖက်စွန်း လွတ်တဲ့မှတ်တမ်းတွေ ပြည်သူကို သက်သေခံဖို့တနေ့မှာအရေး တကြီး လိုအပ်လာလိမ့်မယ်လို့ ဧပြီလ ၁၃ရက်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကအသိပေးပြောပါတယ်။


"ဒီတော်လှန်ရေးမှာ လူတစ်ဦးချင်းစီ အဖွဲ့အစည်းတစ်ခုချင်းစီပါဝင် တော်လှန်နေကြတယ်။ တစ်ချို့ပါဝင်မှုတွေက ပြည်သူကိုချက်ချင်းချပြလို့ရတယ်။ တစ်ချို့ပါဝင်မှုတွေက နောင်မှချပြလို့ရမယ်။ ဒီခေတ်ကြီးမှာ နောင်ဆိုတာ သိပ်တော့ဝေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ငါတို့ဘယ်လိုပါဝင်ခဲ့တယ် ဘယ်လိုပူပေါင်းခဲ့တယ် ဆိုတာကို တစ်ချိန်မှာ ပြည်သူတွေ မှန်မှန်ကန်ကန် သုံးသပ် ဆုံးဖြတ်မှုပေးနိုင်ဖို့ တိကျတဲ့ အထောက်အထားတွေနဲ့ မှတ်တမ်းတွေ ရှိကြရပါလိမ့်မယ်။ အစည်းအဝေးတစ်ခုချင်းကနေတိုက်ပွဲတစ်ခု ချင်းစီအထိပေါ့။ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေ၊ တိတိကျကျ ရှိဖို့လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။

အထောက်အထားခိုင်လုံတဲ့ မှတ်တမ်းတွေကတော့ သမိုင်းဖြစ်ရပ်တွေ ဖြစ်လိမ့်မယ်လို့လည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ ပြည်သူ့ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးမှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဧပြီလ ၁၃ရက်။

CDMer များ၏ အရေးကိစ္စများကို အဓိကဆောင်ရွက်ပေးလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် CDM Success Committee နှင့်အတူ မန္တလေးတိုင်းဒေသကြီးမှ CDM သူရဲကောင်းများနှင့် ဧပြီလ ၁၂ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့က တက်ရောက်လာသူ CDMer များအား အောင်ပွဲအလံစိုက်ထူနိုင်သည်အထိ  လုပ်နိုင်သမျှ အစွမ်းကုန် အတူတကွ ကြိုးစားကြရန် အဖွင့်နှုတ်ခွန်းဆက် အားပေးစကားများပြောကြားခဲ့ကြပြီး ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးက တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်၊ ကော်မတီ၏ CDM ကူညီပံ့ပိုးနေမှုများ၊  CDMer များအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေမှု လုပ်ငန်းများအား ပြောကြားခြင်းနှင့် CDM Success Committee မှ တာဝန်ရှိသူများက ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ Taskforce များ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြပါတယ်။


၎င်းနောက် မန္တလေးတိုင်းဒေသကြီးမှ တက်ရောက်လာကြသော CDMer များမှ  မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းနှင့် ရင်တွင်းခံစားချက်များ၊ မြေပြင်ကြုံတွေ့နေကြရသည့်အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးမှ CDM အရေး ဦးဆောင်သူများနှင့် CDMer များ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအား နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးတွင်ရှင်းလင်းတင်ပြခဲ့


ဧပြီလ ၁၃ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအား ရှင်းလင်း တင်ပြခြင်း အစီအစဉ် အပါအဝင် ရေးရာကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဧပြီလ ၁၂ ရက်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင် ကြိုးပမ်းဆောင်ရွက်နေမှုများ၊  စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအား နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။


ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ၁၉၈၂ နိုင်ငံသားဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲရေးနှင့် စပ်လျဉ်းသည့် ကိစ္စများ၊ ရခိုင်ပြည်နယ် စစ်ရှောင်စခန်းများရှိ ရိုဟင်ဂျာလူမျိုးများအား အကြမ်းဖက်စစ်ကောင်စီမှ စစ်မှုထမ်းစေခြင်းများအပါအဝင် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။


 ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေး၍ အကြံပြုခဲ့ကြပြီးNUCC ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။


========================


📌📌 ၇။ NUGအစိုးရကို စစ်ကြောဆန်းစစ်တာတွေက စိုးရိမ်စရာ မရှိဘူးလို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြော


ဧပြီလ ၁၃ရက်။

NUGအစိုးရကို စစ်ကြောဆန်းစစ်တာတွေကစိုးရိမ်စရာ မရှိဘူးလို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဧပြီလ ၁၃ရက်မှာ ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောပါတယ်။

"လက်ရှိ တော်လှန်ရေး အစိုးရ နေရာမှာ ရှိတဲ့ အန်ယူဂျီကို စစ်ကြောဆန်းစစ်တာတွေကလည်း စိုးရိမ်စရာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီ စံနှုန်း တွေက အန်ယူဂျီ တဦးတည်းကျင့်သုံးရမယ့် ပြည်ထောင်စုစံလို့ မယူဆလို့ပါ။ တော်လှန်ရေး အဖွဲ့အစည်းအားလုံးကလည်း ဒီစံ နဲ့ ပဲ တိုက်စစ်ကြမှာပါ။ အများတာဝန် ပေးထားသူ၊ နေရာယူထားသူတွေ အတွက် စံနှုန်းက ကြောက်စရာမဟုတ်ပါ"လို့ဆိုပါတယ်။


ဒါ့အပြင်နွေဦး တော်လှန်ရေးအတွင်းက ပြည်သူများဟာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပင် တော်လှန်ခဲ့ကြပြီးဖြစ်၍ အာဏာရှင်ဆန်ပြီး ပြည်သူ့ အခွင့်အရေးကိုဖိနှိပ်ချင်သူများအဖို့ ကြံမ္မာဆိုးနဲ့ တိုးမှာပဲ ဖြစ်တယ်လို့ ဒုဝန်ကြီးက ထပ်လောင်းဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အမျိုးသမီး ဒရုန်းအဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံး


ဧပြီလ ၁၃ရက်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်းကို မြိတ်ခရိုင် တပ်ရင်း () မှ အမျိုးသမီး ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ အမှတ် () တပ်ရင်းထံမှ သိရပါတယ်။


 ဧပြီလ ၁၁ ရက်နေ့ ညနေ နာရီခန့်က စစ်ကောင်စီတပ်သားများ တပ်စွဲထားတဲ့ ပလမြို့ ရဲစခန်းကို TZ Special Drone Force က ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကျဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ရပြီး အခြားထိခိုက်မှု အသေးစိတ်ကိုတော့ အတည်မပြု နိုင်သေးကြောင်း သိရပါတယ်။


 အဆိုပါ စစ်ဆင်ရေးတွင် မြိတ်ခရိုင်၊ တပ်ရင်း () ရှိ အမျိုးသမီး ရဲဘော် ဒရုန်း တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။


၎င်းရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး အင်အားစုများမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မြဝတီမြို့သို့ တင့်ကားများ၊ ဖောကားများဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်တပ်များ သုံးဆယ်နီးပါး သေဆုံးပြီး ဖောကား စီးပျက်စီး


ဧပြီလ ၁၃ရက်။

ကရင်ပြည်နယ်၊မြဝတီမြို့သို့ တင့်ကားများ၊ ဖောကားများဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်တပ်များ သုံးဆယ်နီးပါး သေဆုံးပြီး ဖောကား စီးပျက်စီးခဲ့ပါတယ်။


ဧပြီလ ၁၃ရက်မှာ စစ်ရေးသတင်းကို ကျားဖြူစစ်ကြောင်းကအတည်ပြုဖော်ပြပါတယ်။


"ကရင်ပြည်နယ်အတွင်း နေရာအနှံ့တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ မြဝတီမြို့သို့ တင့်ကားများ ဖောကားများဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီ လက်အောက်ခံတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ကျိုးဒိုး ချောင်းဖျား၊ မြပတိုင်၊ ကော့နွဲ့ နေရာများသို့ ဆက်တိုက်လိုက်လံသုတ်သင်ရာ အကြမ်းဖက်များ သုံးဆယ်နီးပါး သေဆုံးကာ ဖောကား စီးပျက်စီးပြီး အများအပြား ထွက်ပြေးသွားခဲ့တယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီမှ Y-12ဖြင့် လေကြောင်းမှ ကင်းထောက်ပေးလျက် လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျေးရွာများသို့ ကျရောက်ခဲ့ပြီး ပြည်သူအချို့ ဒဏ်ရာရရှိခဲ့တယ်လို့အတည်ပြုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်သူ၊ ရန်သူမခွဲခြားပဲ အကြမ်းဖက်လုပ်ငန်းစဉ်များအား ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များ၏ ခွင့်ပြုချက်မရှိသော နေရာများသို့ဖြတ်သန်းသွားလာမှုမပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၃။ မုံရွာမြို့တော်ခန်းမမှာတပ်စွဲနေတဲ့ စစ်အုပ်စုကို သင်္ကြန်အကြိုနေ့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်


ဧပြီလ ၁၃ရက်။

စစ်ကိုင်းတိုင်းက မုံရွာမြို့တော်ခန်းမမှာတပ်စွဲထားတဲ့ စစ်အုပ်စုကို သင်္ကြန်အကြိုနေ့မှာပဲ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့ မုံရွာခရိုင် အမှတ် တပ်ရင်း- Chindwin Attack Force က ထုတ်ပြန်ပါတယ်။

သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့ မနက် နာရီ ၄၅ မိနစ်ခန့်အချိန်ကစပြီး စစ်တပ် တပ်စွဲနေတဲ့ မြို့တော်ခန်းမ အထိုင်စခန်းကို Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခဲ့ရာ ဗုံးသီး လုံးဟာ ပစ်မှတ်အတိအကျ ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ ဆိုပါတယ်။

မုံရွာမြို့တော်ခန်းမကို လူနာတင်ကား စီး ဝင်သွားတယ်လို့ သတင်းရထားတဲ့အတွက် ထိခိုက်ကျဆုံးမှုတွေရှိနိုင်ပေမယ့် အတိအကျသိရအောင် စုံစမ်းနေတယ်လို့ Chindwin Attack Force က အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော်တွေအထိအခိုက်မရှိခဲ့ပေမယ့် ဒရုန်း ၄စင်း ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မုံရွာသင်္ကြန် စည်ကားစေဖို့ဆိုပြီး စစ်တပ်ထောက်ခံသူ အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ မေသဉ္ဇာဦး စတဲ့ သရုပ်ဆောင်တွေကို သီချင်းဆိုဖို့ငှားရမ်းထားပြီး မုံရွာမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော် တပ်ရင်း Chindwin Attack Force မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း- အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း- တပ်ခွဲ () 5/ Commando Force Special Guerillary Force Monywa မုံရွာခရိုင်တပ်ရင်း-  ၁၂ တပ်ခွဲ ()မီးတောက်တပ်ခွဲ မုံရွာခရိုင်တပ်ရင်း -၂၃ တပ်ခွဲ () Midlane New Generation Defence Force Monywa Brave Hearts (LPDF) Sun King Envoy Monywa (LPDF) Chindwin Fighter Group Chindwin Defense Force (CDF) Salingyi Revolution Army - SRA နဲ့ Fight For Freedom (F3) စတဲ့ တော်လှန်ရေး အင်အားစု တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ အရာတော်နယ် မလဲသာနဲ့ကန်ရင်းကျေးရွာအနီးတဝိုက်ကိုနမခကနေတက်လာတဲ့ ရဟတ်ယာဉ်နဲ့ပစ်ခတ်ပြီး စစ်အင်အားထပ်ချ  


ဧပြီလ ၁၃ရက်။

စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားကောင်းရာ မြို့နယ်တခုဖြစ်တဲ့ အရာတော်မြို့နယ်က မလဲသာနဲ့ကန်ရင်း ကျေးရွာအနီးတဝိုက်ကို နမခကနေတက်လာတဲ့ ရဟတ်ယာဉ်တစင်းက ပစ်ခတ်မှုတွေလုပ်ပြီး စစ်အင်အားတိုးချဲ့နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ညနေ ၄နာရီ ၂၀ ခွဲခန့်အချိန်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ ကနေ ပျံတက်လာတဲ့ Mi35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ Mi 17 ပို့ဆောင်ရေး ရဟတ်ယာဉ်တို့က အရာတော် မြို့နယ်တောင်ပိုင်းမှာရှိတဲ့ မလဲသာနဲ့ကန်ရင်းကျေးရွာအနီးသို့ ရောက်ရှိလာပြီး လေ‌ကြောင်းကနေ ပစ်ခတ်မှုတွေလုပ်ဆောင် ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချသွားခဲ့တယ်လို့ သတင်းရထားကြောင်း ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ အရာတော်ပို့စ်က အသိပေးထုတ်ပြန်ထားပါတယ်။

Mi35 ရဟတ်ယာဉ်က ပစ်ခတ်နေချိန်မှာ Mi17 ရဟတ်ယာဉ်က စစ်အင်အားချသွားပြီးနောက် Mi17 ဟာ အရာတော် မြို့ဘက်ကို ထွက်ခွာသွားပြီး ပြန်ပတ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အရာတော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် တကရ-၅၀၀၄ တပ်ရင်းက စစ်သားတွေကို Mi17 လေယာဉ်က အရာတော်မြို့နယ် တောင်ပိုင်းသို့ သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပြီး အရာတော်မြို့ပေါ်ကနေ ခေါက်တုံ့ခေါက်ပြန် ပျံဝဲသွားတယ်လို့လည်း သိရပါတယ်။ 

သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် မနက် နာရီဝန်းကျင်ခန့်ကလည်း အရာတော်မြို .. -၁၀ ကနေ စစ်ကား စီးနဲ့ အင်အားအပြည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ဖောက်ပြီး ဝါးတောမကျေးရွာအနီးရောက်ရှိလာတာကြောင့် ဝါးတောမရွာနဲ့ နီးစပ်ရာကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


========================


🚩🚩 ၅။ အိမ်စီးကားနဲ့ လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဦးသေဆုံး ဦး ဒဏ်ရာရ


ဧပြီလ ၁၃ ရက်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် မြို့မရဲစခန်းမှာ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အနီးကပ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ချောင်းဦးမြို့မရဲစခန်းမှ  နယ်ထိန်း ဝေဖြိုးထွန်းဦးစီးပြီး အိမ်စီးကားနဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲ ဦးကို ညနေ နာရီခန့်က မြို့တွင်းတနေရာမှာ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။


ကာကွယ်ရေး တပ်တွေဘက်က စတင် ပစ်ခတ်ချိန်မှာ နယ်ထိန်း ဝေဖြိုးထွန်းနဲ့ ရဲတပ်သား ဦးက ကားပေါ်မှ ဆင်းပြေးပြီး အနီးရှိ ပြည်သူ့ဆိုင်ကယ် တစီးကို လုယူ ထွက်ပြေးတဲ့အပြင် ကားပေါ်မှာ ကျန်ခဲ့တဲ့ ဦး စလုံးလည်း ဒဏ်ရာတွေနဲ့ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ အညာမိုင်းအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။


အဲ့ဒီနောက် ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဒဏ်ရာရခဲ့တဲ့ စစ်သား ဦးထဲက ဦးက သေဆုံးခဲ့တယ်လို့ သိရကြောင်း အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။ 


အဆိုပါပစ်ခတ်မှုမှ စစ်သားနဲ့ ရဲတွေ စီးလာတဲ့ Nissan Saloon ကား စီးအပြင် ဖုန်း လုံး၊ Tiger ဘီယာ ဖာ တို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၆။ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ


ဧပြီလ ၁၃ ရက်။


ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါက်ခေါင်း မြို့နယ်တွင် ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၁၀ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၂ ရက်နေ့ နာရီခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ တောင်ရွာနဲ့ ပါးပြင်ရွာကြားက စစ်ကောင်စီ တပ်သားတွေ ကင်းပုန်းဝတ်နေတဲ့ ဇရပ်မှာ ရောက်နေတဲ့ အင်အား ၁၀ ဦးခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို အဝေးထိန်း မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်သား ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး ညတွင်းချင်းဘဲ ပေါက်ခေါင်း ဆေးရုံကို ကားနဲ့ သယ်သွားခဲ့တယ်လို့ ၃၆၁၀ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


မိုင်းဆွဲအပြီးမှာ စစ်ကောင်စီ တပ်ဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့လို့ ကာကွယ်ရေး ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ - PPDF  တပ်ရင်း၊ တပ်ခွဲ   နွေဦးအဖွဲ့နဲ့ ပေါက်ခေါင်း ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment