16th APR 2024 - Evening Daily News by Radio NUG


၂၀၂၄ ဧပြီလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အုပ်စုပြုတ်ကျရေးအတွက် ဘုံရည်မှန်းချက်တူညီတဲ့တိုင်းရင်းသားမဟာမိတ်အားလုံးနဲ့ နီးကပ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး

📌 ၂။ အချိန်တန်ရင် အကြမ်းဖက်စစ်တပ် စေခိုင်းသမျှကိုယ်တိုင်ပါဝင်သူတွေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေ အားလုံး တရားဥပဒေအရ စီရင်မှုကို ခံရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးသတိပေး

📌 ၃။ အခုဆက်လက်ပြီး သတင်းထောက် ကိုမြင့်သူ ပေးပို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီက CCTVသကြန်ကို ဘုရားပိတ်ပြီးကျင်းပနေ ဆိုတဲ့ သတင်းကို တင်ပြပေးပါမယ်


၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆောထိ မြို့နယ်  ကောက်ကွေ့ကျေးရွာတွင် အပြစ်မဲ့ပြည်သူ တစ်ဦးအား အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ  ကောက်ကွေ့ရွာအနီးတွင် အကြောင်းမဲ့ ပစ်သတ်

🚩 ၂။ ပလမြို့ ရေနက်ဆိပ်ကမ်းမှ မြိတ်မြို့သို့ဒဏ်ရာရစကစတပ်ဖွဲ့များကို ပို့ဆောင်၍ကာကွယ်ရေးဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ()လုံး ကြဲချ တိုက်ခိုက်

🚩 ၃။ မြိတ်ထားဝယ်ခရိုင် အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ  ခလရ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရမိခဲ့

🚩 ၄။ မုံရွာမြို့ရှိ ကန်သာယာရေကစားမဏ္ဍပ်မှ အာဏာသိမ်းစစ်အုပ်စုအား ကာမီကာဆယ်တစ်စင်းဖြင့် တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အုပ်စုပြုတ်ကျရေးအတွက် ဘုံရည်မှန်းချက်တူညီတဲ့တိုင်းရင်းသားမဟာမိတ်အားလုံးနဲ့ နီးကပ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး


ဧပြီ၁၆ရက်


စစ်အုပ်စုပြုတ်ကျရေးအတွက်ဘုံရည်မှန်းချက်တူညီတဲ့တိုင်းရင်းသားမဟာမိတ်အားလုံးနဲ့နီးကပ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအသိပေးဆိုထားပါတယ်။


ဧပြီ၁၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း () နှစ်ပြည့် မိန့်ခွန်းပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


"မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက ရည်မှန်းချက်နှစ်ခုကိုအကောင်အထည်ဖော်လျက်ရှိပြီး အထူးသဖြင့်စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအကြမ်းဖက်စစ်အုပ်စုအားဖြုတ်ချပြီး၄င်းတို့ကျူးလွန်မှုတွေကို တရားဥပဒေနဲ့အညီ တရားစီရင်ကာပြည်သူ့အာဏာပြည်သူ့ထံပြန်လည်အပ်နှံရေးဟာ အမျိုးသားညီညွတ်ရေးရဲ့ အဓိကတာဝန်ကြီးတရပ်ဖြစ်တယ်လို့ကျနော်တို့ခံယူပါတယ်။ဒါကြောင့်မိမိတို့ပြည်သူ့အစိုးရအနေနဲ့လူထုကိုကိုယ်စားပြုကာစစ်အုပ်စုပြုတ်ကျရေးအတွက်ဘုံရည်မှန်းချက်တူညီတဲ့တိုင်းရင်းသားမဟာမိတ်အားလုံးနဲ့နီးကပ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရနှင့်KNUKIAစတဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ စစ်ရေး၊နိူင်ငံရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ အချိန်တန်ရင် အကြမ်းဖက်စစ်တပ် စေခိုင်းသမျှကိုယ်တိုင်ပါဝင်သူတွေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေ အားလုံး တရားဥပဒေအရ စီရင်မှုကို ခံရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးသတိပေး


ဧပြီ၁၆ရက်


အချိန်တန်ရင် အကြမ်းဖက်စစ်တပ် စေခိုင်းသမျှကိုယ်တိုင်ပါဝင်သူတွေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေ အားလုံး တရားဥပဒေအရ စီရင်မှုကို ခံရမယ်လို့လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကသတိပေးပြောပါတယ်။


ဧပြီ၁၆ရက်ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကပြောပါတယ်။


"စစ်တပ် ထောက်ခံသူတွေမှာ လူမျိုး ၊ဘာသာသာသနာဆိုတာ မရှိဘူး။ သူတို့မှာ ရှိနေတာက အကျိုးစီးပွားပဲ ရှိတယ်။ လုပ်ပိုင်ခွင့်တွေ မတရားနည်းနဲ့ ငွေတွေရဖို့ စစ်တပ်ခိုင်းသမျှ လုပ်သလို အကောင်သေးလေးတွေကလည်း နေ့စားစရိတ်ရအောင် အော်ဆိုအော် ချဆိုချနေကြတာပါ။ သူတို့က ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်ဘာသာဖြစ်ဖြစ် သူတို့ လူမျိုး၊ သူတို့ရဲ့ ဘာသာကို ကိုယ်စားမပြုဘူး။ သန်းချီတဲ့ ရိုဟင်ဂျာတွေရဲ့  စစ်တပ်အပေါ် ရှိနေတဲ့ နာကြည်းချက်နဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို အော့နှလုံးနာမှုတွေကို ရာဂဏန်းလောက် လက်ကိုင်တုတ်တွေ၊ ဒလန်တွေမွေးပြီး ဝါဒဖြန့် အကြမ်းဖက်နေတာတွေကြောင့် ပျောက်ပျက်မသွားဘူး။ အချိန်တန်ရင် ကိုယ်တိုင်ပါဝင်သူတွေ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေ အားလုံး တရားဥပဒေအရ စီရင်မှုကို ခံကို ခံစေရမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစများဟာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအချို့ကို သွေးခွဲ၊ဝါဒဖြန့်မှုများလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ အခုဆက်လက်ပြီး သတင်းထောက် ကိုမြင့်သူ ပေးပို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီက CCTVသကြန်ကို ဘုရားပိတ်ပြီးကျင်းပနေ ဆိုတဲ့ သတင်းကို တင်ပြပေးပါမယ်


ကိုမြင့်သူ (Radio NUG) ဧပြီ ၁၆၊ ၂၀၂၄


အင်အားလျော့ပါးလာတဲ့ အကြမ်းဖက်စစ်တပ်မှာ ရန်ကုန်သကြန်ကို အစဥ်လာမပျက် ကျင်းပလိုပေမယ့် လုံခြုံရေးအပြည့်အဝမချထားနိုင်တော့ပဲ CCTV အများအပြား တပ်ဆင် ပြီး သကြန်မဏ္ဍပ်အနီးက ဆူးလေ ဘုရားကိုလည်း ဘုရားဖူးခွင့်ပိတ်ပြီး ကျင်းပနေ တာဖြစ် ပါတယ်။ 

မြိုတော်ခန်မရှေ့က ဗဟိုမဏ္ဍပ်အနီးအနားမှာ CCTV ကင်မရာများအများအပြားတပ်ဆင် ထားသလို ဆူးလေဘုရားဝတ္တကမြေပလက်ဖောင်းအဝိုင်းတစ်လျှောက်မှာလည်း CCTV တွေကို တောက်လျှောက်တပ်ဆင်ထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်သူတွေက သကြန်ပွဲ တော်ကို ရိုးရာအတိုင်းပါဝင်ဆင်နွဲတာမရှိတော့ပေမယ့် မြိုတော်ခန်းမတဝိုက်နဲ့ ပြည်သူ့ရင် ပြင်မှာတော့ ဗဟိုမဏ္ဍပ်တွေတည်ဆောက်ပြီး ကျင်းပနေတာဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ သကြန်မှာ အကြမ်းဖက်မိသားစုဝင်တွေပဲ လာရောက်ဆင်နွဲကြတာဖြစ်ပေမယ့် အခုနှစ် သကြန်မှာတော့ အရင်နှစ်တွေလိုမဟုတ်ပဲ လာရောက်ဆင်နွဲမှုနည်းပါး တာကို တွေ့ရပါတယ်။

မဟာသကြန်ပွဲတော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ မဏ္ဍပ်တွေအနီးမှာပဲ ကွက်ပြီးစည်ကား နေပေမယ့် အဓိကလမ်းမကြီးများအပါအဝင် ရန်ကုန်သကြန်စည်ကားခဲ့ရာ အထင်ကရ နေရာတွေမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေတာကိုတွေ့မြင်ရပါတယ်။ 

အကြမ်းဖက်စစ်တပ်က ရန်ကုန်မြိုမှာ စစ်ကောင်စီလက်အောက်ခံ ကုမ္ပဏီသကြန် မဏ္ဍပ် ပေါင်း ရာနဲ့ချီတည်ဆောက်ပြီး ဆင်နွဲနေပေမယ့် ကုမ္ပဏီအမည်နဲ့ကြော်ငြာတွေမကပ်ရဲပဲ ကျင်းပနေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးကထဲက ၃နှစ်ကြာသကြန်ပွဲတော်ကို မဆင်နွဲခဲ့ကြပေမယ့် အခုနှစ်မှာတော့ ကျင်းပချိန်မှာ မြန်မာ့မြိုကြီးများ စံချိန်တင်အပူဆုံးမြိုတွေထဲမှာ ပါဝင်ခဲ့တဲ့အပြင် ရာသီဥတုပြောင်းလဲပြီး အပူချိန်ကို သိသိသာသာ ခံစားခဲ့ရပါတယ်။ ဒါကြောင့် ဆင်ခြေဖုံးရပ်ကွက်တွေအတွင်းမှာတော့ ခလေးငယ်များရေပြန်လည်ကစားနေကြ တာကိုတော့ တွေ့မြင်လာရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆောထိ မြို့နယ်  ကောက်ကွေ့ကျေးရွာတွင် အပြစ်မဲ့ပြည်သူ တစ်ဦးအား အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ  ကောက်ကွေ့ရွာအနီးတွင် အကြောင်းမဲ့ ပစ်သတ်


ဧပြီ၁၆


ဆောထိ မြို့နယ်  ကောက်ကွေ့ကျေးရွာတွင် အပြစ်မဲ့ပြည်သူ တစ်ဦးအား အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ  ကောက်ကွေ့ရွာအနီးတွင် အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။


ဧပြီ၁၆ရက်မှာ ဖြစ်စဥ်ကို KNUဗဟိုကအတည်ပြုဖော်ပြပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ၂၀၂၄ ခုနှစ် ဧပြီလ (၁၅)ရက်  နေ့တွင် ပစ်သတ်ခဲ့သော ကိုဇော်ဝင်းမြင့် အသက်(၃၃)နှစ် မှာ ဦးခေါင်းပွင့်ဒဏ်ရာနှင့် ဘယ်ဘက်ရင်အုံတွင် ကျည်ထိမှန်သေဆုံးသွားခဲ့ရတယ်လို့ဆိုပါတယ်။


ထိုသေဆုံးမှု့နှင့်ပတ်သက်ပြီး PDF တစ်ဦးဆိုကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်အား အားပေးထောက်ခံသော Telegram channel များတွင် နင်းမိုင်း ()လုံး MA 22 ကျည် (၁၆)တောင့် နှင့် ပျောက်ကျားဘောင်းဘီ ()ထည် ရရှိခဲ့ပြီး ၎င်းတို့အဖွဲ့မှ ထိခိုက်မှု့မရှိဘူးလို့ ဝါဒဖြန့်ထားသည်ကိုတွေ့ရှိရပါတယ်။


========================


🚩🚩 ၂။ ပလမြို့ ရေနက်ဆိပ်ကမ်းမှ မြိတ်မြို့သို့ဒဏ်ရာရစကစတပ်ဖွဲ့များကို ပို့ဆောင်၍ကာကွယ်ရေးဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ()လုံး ကြဲချ တိုက်ခိုက်


ဧပြီ၁၆


ပလမြို့ ရေနက်ဆိပ်ကမ်းမှ မြိတ်မြို့သို့ဒဏ်ရာရစကစတပ်ဖွဲ့များကို ပို့ဆောင်၍ကာကွယ်ရေးဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ()လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။


 ဧပြီလ (၁၄)ရက် နံနက်()နာရီဝန်းကျင်တွင် ပလမြို့အဝင် ဆိုင်းဘုတ်အနီး လှုပ်ရှားလာသည့် အင်အား(၅၀)ခန့်ပါ ဖက်ဆစ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင်အမှတ်()တပ်ရင်း မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။


အပြန်အလှန်ပစ်ခတ်မှု ()နာရီခန့် ဖြစ်ပွားပြီးနောက် တိုက်ပွဲမှာ ငြိမ်သက်သွားခဲ့ပြီး နံနက်(၁၁)နာရီ ဝန်းကျင်တွင် ဖက်ဆစ်တပ်သည် တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရှိသည့် စစ်သားများကို ပလမြို့ ရေနက်ဆိပ်ကမ်းမှ မြိတ်မြို့သို့ ပို့ဆောင်ရန် ကြိုးစားခဲ့သဖြင့်  ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ()လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း ဖက်ဆစ်စစ်တပ်၏ အထိအခိုက်ကို တိတိကျကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ကာကွယ်ရေးဘက်မှ ရဲဘော် ()ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ မြိတ်ထားဝယ်ခရိုင် အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ  ခလရ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရမိခဲ့


ဧပြီ၁၆ရက်


မြိတ်ထားဝယ်ခရိုင် အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ  ခလရ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရမိခဲ့ပါတယ်။


ဧပြီ၁၆ရက် မှာ KNUဗဟိုကစစ်ရေးသတင်းကိုအတည်ပြုထုတ်ပြန်ပါတယ်။


"ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်ထားဝယ်ခရိုင် အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ  ခလရ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရမိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ခလရ၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် () မှ ၂၀၂၄ ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ () ဦးခန့်သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက် ချအညံ့ခံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


လက်ရှိအချိန်တွင် လက်နက်ချအညံ့ခံလာသော ခလရ(၁၀၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး ကေအဲန်ယူဘိတ်ထားဝယ်ခရိုင် တာဝန်ရှိသူ များမှ နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်း စောင့်ရှောက် ထားတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ မုံရွာမြို့ရှိ ကန်သာယာရေကစားမဏ္ဍပ်မှ အာဏာသိမ်းစစ်အုပ်စုအား ကာမီကာဆယ်တစ်စင်းဖြင့် တိုက်ခိုက်


ဧပြီ ၁၆


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာရေကစားမဏ္ဍပ်မှ အာဏာသိမ်းစစ်အုပ်စုအား ကာမီကာဆယ်တစ်စင်းဖြင့် ဧပြီလ ၁၅ရက်နေ့ နံနက်ကိုးနာရီခွဲခန့်မှာ  ပြည်သူ့ကာကွယ်ရေးတပ်များက ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ တယ်လို့ ထုတ်ပြန်ထားပါသည်။


ယင်းတိုက်ခိုက်မှုတွင် မဏ္ဍပ်နောက်ကျောရှိ အာဏာသိမ်းစစ်အုပ်စုထံ ကျရောက်ခဲ့ပြီး ပေါက်ကွဲသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများမှတစ်ဆင့် သိရှိရသည်။


အဆိုပါမဏ္ဍပ်ရှိ အာဏာသိမ်းစစ်အုပ်စုက  ဂျန့်ဘာများဖြင့် အခိုင်အမာ အထိုင်ချတပ်စွဲထားသည်။


Fixed Wing Drone ဖြင့် ကာမီကာဆယ် တိုက်ခိုက်နိုင်ခဲ့ပါသည်။စစ်ဆင်ရေးအား

() Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF

() Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF

()Eagle Wing Drone Force

()ဗေဒါပျံ (Drone Team)ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 

()Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့

()"ငါတို့"ထောက်ပို့အဖွဲ့နှင့်

()ဒေသခံပကဖအဖွဲ့များနှင့်ဆားလင်းကြီးပလဖတပ်ရင်း၊တပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည် ရှိတဲ့ပစ္စည်းလေးတွေနဲ့ပူးပေါင်းပြီးရနိုင်သမျှတော်လှန်ရေးမှာစစ်အာဏာရှင်စနစ်ကိုအစွမ်းကုန်တွန်းလှန်တိုက်ခိုက်နေပါတယ်။မိဘပြည်သူများမှပိုမိုပူးပေါင်းပါ၀င်ပေးပါကဘDroneအစီးရေများများဖြင့်စွမ်းအားပြင်းယမ်းများကိုအသုံးပြုလျှက်ယခုထက်ပိုမိုထိရောက်အောင်မြင်အောင်တော်လှန်ရေးကိုဆောင်ရွက်နိုင်မှာဖြစ်ပါသဖြင့် စစ်အာဏာရှင်စနစ်အမြန်ဆုံးနိဂုံးချုပ်နိုင်ရေးအတွက်မိဘပြည်သူများအနေဖြင့် မလျော့သောဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားပါသည်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment