16th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ One Day Challenge မန်ဘာဝင်များပေးပို့တဲ့၂၄ကြိမ်မြောက် ဒေါ်လာ တစ်သိန်း ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ရေးထိုးပေးပို့

📌 ၂။ သင်္ကြန်သံချပ်နဲ့ NUG ကို ဝေဖန်ထောက်ပြမှုတွေကို မှတ်သားထားပြီး ပိုမိုလုပ်ဆောင်ရမယ့်အချက်တွေလို့ ယူဆကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၅။ CDM/NonCDM ကျောင်းသားမူဝါဒထွက်ပေါ်လာရေးအတွက် မူဝါဒရေးဆွဲနေတဲ့ NUCC, NUG-MOE တို့ကိုအပြုသဘောနဲ့ကူညီအကြံပြုပေးနိုင်တယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်အသိပေး

📌 ၆။ ဒုတိယအကြိမ် NUGကိုယ်စားလှယ်ဖလား တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဆုံဒိုစပို့စင်တာ ဘောလုံးကွင်းမှာကျင်းပမယ်

📌 ၇။ ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက ကမကထပြု၍ "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲကျင်းပ

📌 ၈။နွေဦးသင်္ကြန်" (တိုကျို-ဂျပန်)ပွဲအောင်မြင်စွာကျင်းပ


၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကံမမြို့နယ်တွင် စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၂။ ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၃။ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တွင် ကရင့်အမျိုးသားအလံတော်ကိုတော်လှန်ရေးတပ်ဖွဲ့များလွှင့်ထူ

🚩 ၄။ လောင်းလုံ၊ စမ်းလှန်ရွာမှ တုတ်၊ ဓားပြီးတယ်လို့ ကြွေးကြော်ထားတဲ့ ပျူခေါင်းဆောင် ပတ်ခတ်ခံရပြီး သေဆုံး

🚩 ၅။ အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း နေအိမ်ရှစ်သောင်းကျော် မီးရှိဖျက်စီးခံရ

🚩 ၆။ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မှ ဒုရဲအုပ် တစ်ဦး CDF - KKG ထံ သို့ လက်နက်နှင့်အတူအလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ One Day Challenge မန်ဘာဝင်များပေးပို့တဲ့၂၄ကြိမ်မြောက် ဒေါ်လာ တစ်သိန်း ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ရေးထိုးပေးပို့


ဧပြီလ ၁၅ရက်။

One Day Challenge မန်ဘာဝင်များပေးပို့တဲ့၂၄ကြိမ်မြောက် ဒေါ်လာ တစ်သိန်း ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ရေးထိုးပေးပို့ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၄ခုနှစ် ဧပြီလ ၁၃ရက်နေ့တွင် ၂၄ကြိမ်မြောက်  ပေးပို့ခဲ့ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)ကဖော်ပြပါတယ်။


စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၄ခုနှစ် ဧပြီလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၄ခုနှစ် ဧပြီလ ၁၃ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ .၄သန်းအား ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။


စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် One Day Challenge ထောက်ပံ့ငွေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ နယ်မြေစိုးမိုးရေး မဟာဗျူဟာ စီမံချက် အောင်မြင်နိုင်စေရေးအတွက် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းကနေ ဖိအားကောင်းစွာပေးကာ တော်လှန်တိုက်ပွဲဝင်နေသော တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ၃သောင်း (၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)အား ထောက်ပံ့ခဲ့ပြီး ဥကရစ်ထ စခမ်းသိမ်း တိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင်PDF,LPDF,UG အဖွဲ့ (၂၀၉)ဖွဲ့သို့ ကျပ်(၃၅၄၀)သိန်းအား NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ" အဖြစ် ထောက်ပံ့ပေးခဲ့ပါတယ်။


========================


📌📌 ၂။ သင်္ကြန်သံချပ်နဲ့ NUG ကို ဝေဖန်ထောက်ပြမှုတွေကို မှတ်သားထားပြီး ပိုမိုလုပ်ဆောင်ရမယ့်အချက်တွေလို့ ယူဆကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


ဧပြီလ ၁၅ရက်။


သင်္ကြန်သံချပ်နဲ့ NUG ကို ဝေဖန်ထောက်ပြမှုတွေကို မှတ်သားထားပြီး ပိုမိုလုပ်ဆောင်ရမယ့်အချက်တွေလို့ ယူဆကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


"သင်္ကြန်ပိုးက အရင်ကတည်းက ပါတယ်ဆိုတော့ ဒီနေ့ ၂၀၂၄ သံချပ်အဖွဲတွေကိုလေးလေးစားစားနဲ့ကြည့်ဖြစ်ပါတယ်။ အားပေးနေကျဒေါင်းတို့မျိုးဆက်၊ အညာမိုးတို့အပြင်သွေးပိတောက်၊ မဟာမိတ်အမျိုးသမီးအင်အားစု၊ လက်ပတောင်းတောင် ပင်မသပိတ်အဖွဲ့တွေနဲ့ တပ်ရင်းတွေက ရဲဘော်ရဲမေတွေရဲ့ သံချပ်တွေ အမျိုးမျိုးပေါ့။ ကျနော်ကျမတို့က ပြည့်ကိုယ်စားပြုသူတွေပါလို့ မကြွေးကြော်ဘဲ ပြည်သူ့အသံတွေကိုထင်ဟပ်စေတဲ့ သံချပ်စစ်သည်သူရဲကောင်းများအား လေးစားပါတယ်။ သံချပ်တွေရဲ့ထုံးစံအတိုင်း ခေတ်ကိုထင်ဟပ်တဲ့ စာသားတွေနဲ့ ထိထား ကလိထား ရိထားတာတွေက ချစ်စရာ။ NUG ကို ဝေဖန်ထောက်ပြမှုတွေကို မှတ်သားထားပါတယ်။  အားမလိုအားမရမှုတွေ ပြည်သူတွေဆီကို ဖိတ်ခေါ်သံတွေ၊ ထိမ်းကျောင်းဖို့ သတိပေးသံတွေကို အကုန်ကြားပါတယ်။ ပိုမိုလုပ်ဆောင်ရမယ့်အချက်တွေပါ။ သံချပ်ဆိုတာ ကြောက်စရာမဟုတ်ပါ။ ချစ်စရာကောင်းတဲ့ အနုပညာတရပ်ပါဘဲ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူလူထု၏ ဝေဖန်ထောက်ပြမှုများကိုနားထောင်လျက်ရှိပြီး ပြုပြင်ပြောင်းလဲရေးများကို ကြိုးစားအားထုတ်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဧပြီလ ၁၅ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၄/၂၀၂၄)ကို ဧပြီလ ၁၅ရက်နေ့မှာကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီလ ၁၅ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဧပြီလ ၁၄ ရက်နေ့ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်မှ တက်ရောက်အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ CDM/NonCDM ကျောင်းသားမူဝါဒထွက်ပေါ်လာရေးအတွက် မူဝါဒရေးဆွဲနေတဲ့ NUCC, NUG-MOE တို့ကိုအပြုသဘောနဲ့ကူညီအကြံပြုပေးနိုင်တယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်အသိပေး


ဧပြီလ ၁၅ရက်။


CDM/NonCDM ကျောင်းသားမူဝါဒထွက်ပေါ်လာရေးအတွက် မူဝါဒရေးဆွဲနေတဲ့ NUCC, NUG-MOE တို့ကိုအပြုသဘောနဲ့ကူညီအကြံပြုပေးနိုင်တယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က ဧပြီလ ၁၅ရက်မှာ အသိပေးဆိုပါတယ်။


"စကစကျောင်းတက်ခဲ့တဲ့ကျောင်းသားတွေကို ပြည်သူပညာရေးကျောင်းမှာလက်ခံရတဲ့ကိစ္စတွေ မြေပြင်ကျောင်းတွေမှာ ဖြစ်ပေါ်နေတာအတော်ကြာပါပြီ။ မြေပြင်မှာလုပ်နေရတဲ့ ပြည်သူ့ပညာရေးကျောင်းတွေ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေ အလုပ်လုပ်ရတာအဆင်ပြေစေဖို့ CDM/Nonကျောင်းသား ကိစ္စမူဝါဒပေါ်ပေါက်လာဖို့ ပညာရေးဝန်ကြီးဌာနက NUCC မှာ အာဂျင်ဒါတင်ဆွေးနွေးခဲ့ပါတယ်။ NUCC ထဲက JCC-CDM နဲ့ JCC- Education နှစ်ခုပေါင်းပြီး CDM/Non ကျောင်းသားမူဝါဒထွက်ပေါ်လာရေး ရေးဆွဲနေတာဖြစ်ပါတယ်။ အဲလိုဆွေးနွေးနေတုန်းမှာ မြေပြင်မှာတော့ စကစကျောင်းတက်ခဲ့တဲ့ကျောင်းသားတွေကို ပြန်လည်လက်ခံရေးကိစ္စကို နေ့စဉ်နေ့အမျှဆောင်ရွက်နေရတာဖြစ်တဲ့အတွက် မူဝါဒထွက်မလာနိုင်သေးခင်မှာ ဝန်ကြီးဌာနရဲ့ ယာယီလမ်းညွှန်ချက် အနေနဲ့ထွက်နိုင်အောင်ဆောင်ရွက်နေစဉ်မှာပဲ၊ မြို့နယ်ဘုတ်တွေက အခုလိုကိစ္စတွေစီမံခန့်ခွဲဖို့ ကိုယ့်အစီအစဉ်၊ ကိုယ့်နယ်မြေအလိုက်လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။ ဒီကိစ္စကြန့်ကြာသွားရခြင်းအတွက် ကျမတို့ရဲ့လိုအပ်ချက်ဖြစ်သွားကြောင်းဝန်ခံပါတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ဆက်လက်ပြီး CDM/NonCDM ကျောင်းသားမူဝါဒထွက်ပေါ်လာရေးအတွက်လည်း မူဝါဒရေးဆွဲနေတဲ့ NUCC, NUG-MOE တို့ကိုအပြုသဘောနဲ့ကူညီအကြံပြုပေးနိုင်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ကထပ်လောင်းပြောပါတယ်။


"ဒီအတောအတွင်းမှာ မြေပြင်မှာ အတန်ကြာပိတ်ထားရတဲ့ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း၊ ကျောင်းသားများလက်ခံခြင်းကိစ္စနဲ့ပတ်သက်ပြီး ပညာရပ်ပိုင်းဆိုင်ရာကိစ္စတွေကို ပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတာတွေရှိပါတယ်။ ပညာရေးကဏ္ဍမှာတော့ မြေပြင်တချို့ဒေသတွေမှာအသွင်ကူးပြောင်းရေးကာလကိုရောက်နေပြီဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့မူဝါဒတွေ အဆင်သင့်မဖြစ်ကြသေးပါဘူး။ တချို့ကိစ္စတွေက ဝန်ကြီးဌာနကပြင်ဆင်ဆောင်ရွက်ရမဲ့အရာတွေရှိသလို့ တချို့ကိစ္စတွေက သက်ဆိုင်ရာအစုအဖွဲ့တွေအားလုံးညှိနှိုင်းလုပ်ဆောင်ရမဲ့ကိစ္စတွေလည်းရှိပါတယ်။ တော်လှန်ရေးကာလ အလုပ်လုပ်ရတာ လိုအပ်ချက်တွေအများကြီးရှိနိုင်ပါတယ်။ ဒီအတွက် အပြုသဘောဝေဖန်အကြံပြုချက်တွေကြိုဆိုလက်ခံပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၆။ ဒုတိယအကြိမ် NUGကိုယ်စားလှယ်ဖလား တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဆုံဒိုစပို့စင်တာ ဘောလုံးကွင်းမှာကျင်းပမယ်


ဧပြီလ ၁၅ရက်။

ဒုတိယအကြိမ် NUGကိုယ်စားလှယ်ဖလား တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဆုံဒိုစပို့စင်တာ ဘောလုံးကွင်းမှာကျင်းပမယ်လို့သတင်းရရှိပါတယ်။


အဆိုပါ ဒုတိယအကြိမ် NUGကိုယ်စားလှယ်ဖလားတော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို၂၀၂၄ မေလ တနင်္ဂနွေနေ့ မနက် နာရီမှ ညနေ နာရီအထိ အင်ချွန်းမြို့ ဆုံဒိုစပို့စင်တာ ဘောလုံးကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။

ဒုတိယအကြိမ် NUGကိုယ်စားလှယ်ဖလား တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲအတွက် ဘောလုံးအသင်းများသို့ ဖြစ်စေ၊ ပြိုင်ပွဲကျင်းပရေးသို့ ဖြစ်စေ စပွန်ဆာပေးလိုသူ လုပ်ငန်းရှင်များ၊ အလှူငွေ ထည့်ဝင်လိုသူများ၊ ပြိုင်ပွဲတွင် အစားအသောက် ရောင်းချလိုသူများ၊ ရန်ပုံငွေကင်ပိန်း လုပ်လိုသည့် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးကို လေးစားစွာ ကြိုဆို ဖိတ်ခေါ်ထားပါတယ်။


တော်လှန်ရေးအတွက် တတပ်တအား ပါဝင်လိုသူများ အနေဖြင့် ကိုယ်စားလှယ်ရုံး၏ ရုံးဖုန်း 010-8227-4773 သို့ ဆက်သွယ်ပေးကြဖို့အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက ကမကထပြု၍ "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲကျင်းပ


ဧပြီလ ၁၅ရက်။

ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက ကမကထပြု၍ "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲကျင်းပခဲ့ပါတယ်။


ဧပြီလ ၁၄ရက်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီကိုရီးယားကအသိပေးဖော်ပြပါတယ်။


"ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက ကမကထပြု၍ "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲကို ကျင်းပရာ ရရှိသော ရန်ပုံငွေများကို စစ်ဘေးရှောင်ပြည်သူများသို့ ထောက်ပံ့သွားမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


မြန်မာမုန့် ၁၂ မျိုးခန့်ကို အလှူရှင်များနှင့် တော်လှန်ရေးအဖွဲ့များက ပြုလုပ်ပြီး၊ ရန်ပုံငွေအဖြစ် ရောင်းချရာ ဝမ်ငွေ သိန်း ၁၅၀ ခန့် ရောင်းချရပြီး ၎င်းရန်ပုံငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့သွားမှာဖြစ်ပါတယ်။


တော်လှန်သင်္ကြန်သို့ ကိုရီးယားရှိ မြန်မာ ၂၀၀၀ ကျော် လာရောက် အားပေးခဲ့ကြပါတယ်။


========================


📌📌 ၈။နွေဦးသင်္ကြန်" (တိုကျို-ဂျပန်)ပွဲအောင်မြင်စွာကျင်းပ


ဧပြီလ ၁၅ရက်။

ဧပြီလ ၁၄ရက်မှာ ဂျပန်နိုင်ငံ မြန်မာအင်အားစုများက စုပေါင်းကာ "နွေဦးသင်္ကြန်" (တိုကျို-ဂျပန်)ပွဲအောင်မြင်စွာကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားသို့ဂျပန်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ် စောဘလှသိန်းတက်ရောက်အားပေးခဲ့ပါတယ်။


ထို့နောက်သင်္ကြန်ယိမ်းအဖွဲ့များ၏အကအလှတို့နှင့်အတူ "နွေဦးသင်္ကြန်" (တိုကျို-ဂျပန်)ပွဲကိုကျင်းပခဲ့ပြီး ဂျပန်ရောက်မြန်မာအင်အားစုများတက်ရောက်ခဲ့ပါတယ်။


နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် တော်လှန် သင်္ကြန်ပွဲတော်များကို နိူင်ငံအသီးသီးတွင်လည်းကျင်းပခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကံမမြို့နယ်တွင် စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ


ဧပြီ ၁၅ ရက်။


Radio NUG

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တစ်စီးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် () စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ၁၄ ရက်နေ့ မနက် နာရီခန့်က ကံမမြို့မှ ကြို့ပင်ကျေးရွာဘက်ကို စစ်ကောင်စီ အင်အား ၁၆ ဦး ဖြင့် ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တစ်စီးကို လမ်းခုလတ် တစ်နေရာမှာ ပဒေသာမိုင်း လေးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဉ်မှာ နေရာမှာပင် ပျက်စီး ရပ်တန့်သွားခဲ့ပြီး စစ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ဘက်မှ ၄၀ မမ များ၊ လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် () တပ်ရင်း၊ ကျောင်းသားလက်ရုံး တပ်တော် (Student Armed Force - S.A.F) လွတ်မြောက်သော အင်အားစုစစ်သည်များ တပ်ဖွဲ့ (Warriors Of Liberation Force - W.O.L.F) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး


ဧပြီလ ၁၅ ရက်။


Radio NUG


 ပဲခူးတိုင်း၊ အနောက်ခြမ်း ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်များမှ ရဲဘော်နှစ်ဦးလည်း မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့  (၃၆၀၁) PPDF တပ်ရင်းထံက သိရပါတယ်။


 ဧပြီလ ၁၄ ရက်နေ့ မနက် နာရီခန့်မှာ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာကနေ ထွက်လာတဲ့ အင်အား ၄၈ ဦးပါ စစ်ကောင်စီ စစ်ကြောင်းကို ထန်းကုန်းရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ကစဉ့်ကလျား ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေက လက်နက်ငယ်များနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


 အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးမှာ လက်နဲ့ ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။


ယခု တိုက်ခိုက်မှုကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း  ၃၆၀၁ နဲ့ ၃၆၀၂ တပ်ခွဲ နဲ့ တပ်ခွဲ တပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တွင် ကရင့်အမျိုးသားအလံတော်ကိုတော်လှန်ရေးတပ်ဖွဲ့များလွှင့်ထူ


ဧပြီလ ၁၅ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တွင်ကရင့်အမျိုးသားအလံတော်ကိုတော်လှန်ရေးတပ်ဖွဲ့များလွှင့်ထူခဲ့ပါတယ်။


ဧပြီလ ၁၅ရက်မှာ ထိုင်းသတင်းဌာနက The Reporters က ရိုက်ကူးဖော်ပြခဲ့ပါတယ်။


မှတ်တမ်းဓာတ်ပုံအရ Cobra Column  စစ်ကြောင်း () စစ်ကြောင်းမှူးစောကော်က ကရင့်အမျိုးသားအလံတော်ကိုလွှင့်တင်ခဲ့ပါတယ်။


KNUဗဟို၏သတင်းထုတ်ပြန်ချက်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ခလရ၂၇၅ တပ်စခန်း အား ဧပြီလ () ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ (၁၁) ရက်နေ့ မနက် (၄း၂၀) မိနစ်တွင်  အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ လောင်းလုံ၊ စမ်းလှန်ရွာမှ တုတ်၊ ဓားပြီးတယ်လို့ ကြွေးကြော်ထားတဲ့ ပျူခေါင်းဆောင် ပတ်ခတ်ခံရပြီး သေဆုံး


ဧပြီလ ၁၅ ရက်။


Radio NUG


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှန်းရွာမှ တုတ်ဓားပြီးတယ်လို့ ကြွေးကြော်ထားတဲ့ ပျူစောထီး ခေါင်းဆောင်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ထံက သိရပါတယ်။


 ဧပြီလ ၁၄ ရက် နာရီခန့်က လောင်းလုံမြို့နယ်၊ စမ်းလှန်းရွာရှိ ပျူစောထီး ခေါင်းဆောင် အောင်ခင် ဆိုသူအား ၎င်းရဲ့ နေအိမ်မှာတင် LLPDF ရဲဘော်များက ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပျူခေါင်းဆောင် အောင်ခင်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းကာ ပင်လယ်ပြင်မှ ငါးဖမ်းလှေများအား ဆက်ကြေး ကောက်ပေးခြင်း၊ စစ်ကောင်စီ တပ်များကို ခေါ်လာပြီး စစ်ကြောင်းထိုးစေခြင်း၊ ပြည်သူများအား လက်ညှိုးထိုး ဖမ်းဆီးခိုင်းခြင်း စတာတွေကို လုပ်ဆောင်နေသူ ဖြစ်တယ်လို့ LLPDF က ဆိုပါတယ်။


 အောင်ခင်ဆိုသူကို ရှင်းလင်းနိုင်ဖို့ တော်လှန်ရေး ရဲဘော်များက အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး ၎င်းက တုတ်၊ ဓါး၊ သေနတ် ပြီးသူဖြစ်ကြောင်း ကြွေးကြော်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။


၎င်းနဲ့အတူ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ ဇနီးဖြစ်သူမှာ အောင်ခင်အား ဝင်ရောက်ရှင်းလင်းချိန်မှာ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ပျူစောထီး ဝတ်စုံတစ်စုံ၊ လက်ပစ်ဗုံး တစ် လုံး၊ ဓါးတို သုံးချောင်း၊ ပျူစောထီး ကဒ်ပြားများနဲ့ အဆောင်အယောင်များကို သိမ်းဆည်းရရှိခဲ့တယ်လို့ LLPDF က အသိပေးထားပါတယ်။


 ဆက်လက်ပြီး ပျူစောထီး စာရင်း၀င် သောင်းကျန်းသူများအား အလျဉ်းသင့်သလို တိုက်ခိုက်ရှင်းလင်း သွားမှာဖြစ်ပြီး အသက်မဆုံးရှုံးလိုပါက လက်နက်နဲ့တကွ လောင်းလုံ (ပကဖ) ထံကို အလင်းဝင်ရောက်ကြဖို့ကို LLPDF က အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း နေအိမ်ရှစ်သောင်းကျော် မီးရှိဖျက်စီးခံရ


ဧပြီလ ၁၅ ရက်။


Radio NUG


စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော် အတွင်း နိုင်ငံတစ်ဝှမ်းမှာ နေအိမ် ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့ က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


 စစ်တပ်အာဏာ သိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ မတ်လကုန် အထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝှမ်း နေအိမ် (၈၃,၇၄၆) လုံး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


 ယခုနှစ် (၂၀၂၄) မတ်လ တစ်လထဲမှာတင် နေအိမ် သုံးသောင်းနီးပါးထိ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် (၁၈၅၁) လုံးနဲ့ မန္တလေးတိုင်းမှာ (၆၂၈) လုံးအထိ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ Data For Myanmar က ဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ ဩဂုတ်လ အတွင်း နေအိမ် မီးရှို့ခံရမှုတွေ လျော့နည်းသွားခဲ့ပေမယ့် ဒီဇင်ဘာလ လောက်က စပြီး ဒီနေ့အထိ သိသိသာသာ ပြန်များလာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မှာလည်း စစ်ကိုင်းတိုင်း၊ အရာတော် မြို့နယ်ထဲက ရွာ ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံအမျိုးသား နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မှ ဒုရဲအုပ် တစ်ဦး CDF - KKG ထံ သို့ လက်နက်နှင့်အတူအလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်ခဲ့


ဧပြီလ ၁၅ရက်။

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မှ ဒုရဲအုပ် တစ်ဦး CDF - KKG ထံ သို့ လက်နက်နှင့်အတူအလင်းဝင်လာ၍ကျပ်သိန်း ၅၀ ဆု ချီးမြှင့်ခဲ့တယ်လို့ ဧပြီလ ၁၅ရက်မှာ  Chinland Defense Force - Kalay Kabaw Gangawက တရားဝင်အသိပေးဖော်ပြပါတယ်။


" စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မှ ဒုရဲအုပ် တစ်ဦး BA 94 လက်နက် အမျိုးစား လက် ကျည်ဘောက် ဘောက် ကျည်ဆံ အတောင့် ၂၀၀  နှင့် ခြောက်လုံးပြူး ၁လက် ကျည်၁၂တောင့် နှင့်အတူ   CDF - KKG အဖွဲ့အစည်းထံသို့ လာရောက်အလင်းဝင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


၄င်းကို CDF KKGအဖွဲ့မှ ဆုကြေးငွေအဖြင့် ကျပ်သိန်း ၅၀ ဆု ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment