17th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံတဝန်း လူမျိုးစုံ ပြည်သူလူထုတရပ်လုံး ငြိမ်းအေးမှုအပေါင်းနှင့် ပြည့်ဝနိုင်ကြပါစေကြောင်းနိုင်ငံတော် ယာယီသမ္မတဆုမွန်ကောင်းတောင်း

📌 ၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ နေရာပြောင်းရွှေ့

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၄။ မြန်မာပြည်သူပြည်သားများအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကနှစ်သစ်ဆုမွန်ကောင်းတောင်း

📌 ၅။ မြန်မာနှစ်ဆန်းတရက်မှာ အကျဉ်းထောင်များအရှေ့ အကျဉ်းသားမိသားစုဝင်များ စုဝေးရောက်ရှိ

📌 ၆။ နယူးဇီလန်သံရုံးရှေ့တွင် မြန်မာအင်အားစုများပူးပေါင်းဆန္ဒဖော်ထုတ်ခဲ့

📌 ၇။ မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတာတွေရပ်တန့်ဖို့ JFM က အိန္ဒိယထံတောင်းဆို

📌 ၈။ သြစတြေးလျနိူင်ငံမှာ ကျင်းပတဲ့တော်လှန်သင်္ကြန်မှာ ရံပုံငွေ ဩဆီ ,၀၀၀ ကျော်ရရှိခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း

ယာယီသမ္မတ ဒူဝါလရှီးလမှဂုဏ်ပြုသဝဏ်လွှာတွင်ထည့်သွင်းပြောကြား

🚩 ၂။ ဆီဆိုင်မြို့နယ်မှာ သင်္ကြန်ကာလအတွင်း တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်ဘက်က အရာရှိတွေအပါအဝင် ၂၅ ဦးသေဆုံး သေနတ် လက်နဲ့ ကားတစီး သိမ်းဆည်းရရှိ

🚩 ၃။ စစ်ရေးပစ်မှတ်တခုဖြစ်တဲ့ ကပစ ၂၁ ကို PDF များ ပူးပေါင်းတိုက်ခိုက် 

🚩 ၄။ ပေါင်းတည်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ၂ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံတဝန်း လူမျိုးစုံ ပြည်သူလူထုတရပ်လုံး ငြိမ်းအေးမှုအပေါင်းနှင့် ပြည့်ဝနိုင်ကြပါစေကြောင်းနိုင်ငံတော် ယာယီသမ္မတဆုမွန်ကောင်းတောင်း


ဧပြီလ ၁၇ ရက်


မြန်မာနိုင်ငံတဝန်း လူမျိုးစုံ ပြည်သူလူထုတရပ်လုံး ငြိမ်းအေးမှုအပေါင်းနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


ဧပြီ၁၇ရက် "မြန်မာ့ရိုးရာ နှစ်သစ် ဆုတောင်းလွှာ"မှာ ယာယီသမ္မတမှ အခုလိုဖော်ပြထားပါတယ်။


ယနေ့ကျရောက်သော မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် မြန်မာနိုင်ငံတဝန်း လူမျိုးစုံ ပြည်သူလူထုတရပ်လုံး ငြိမ်းအေးမှုအပေါင်းနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်က  ပြည်သူလူထုထံမှ မတရား အာဏာသိမ်းခဲ့သည်မှာ သုံးနှစ်ကျော်လာပြီဖြစ်ပြီး နိုင်ငံတဝန်းရှိ လူထုတရပ်လုံး ဘေးဒုက္ခ အကျပ်အတည်း အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရချိန် မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယ လေးကြိမ်မြောက် ကြုံကြရခြင်းလည်း ဖြစ်တယ်လို့ဆိုပါတယ်။


မြန်မာလူထုသည် မည်သို့သော အခက်အခဲ အကျပ်အတည်းများဖြင့် ရင်ဆိုင် ကြုံတွေ့ရသည်ဖြစ်စေ ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်ဖြတ်နိုင်စွမ်းရှိသည်ကို ကျော်ဖြတ်ခဲ့သည့် အချိန်ကာလများနှင့် ဖြစ်ရပ်များက အခိုင်အမာ သက်သေပြခဲ့ပြီးဖြစ်တယ်လို့ယာယီသမ္မတကဆိုပါတယ်။


နှစ်သစ်ကူး အခါသမယသည် ကျော်ဖြတ်ရမည့် တနှစ်တာအတွက် ခိုင်ကျည်သော သန္နိဋ္ဌာန်များ ချမှတ်လေ့ရှိသည့် အချိန်ကာလ ဖြစ်သည့်အားလျော်စွာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖျက်သိမ်းပြီး ငြိမ်းချမ်းသော၊ တန်းတူညီမျှမှု အပြည့်အဝရှိသော၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိပြီး လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် မနှေးအမြန် တည်ဆောက်နိုင်ရေး ယခင်ထက် သာလွန်အားကောင်းသော စုစည်းညီညွတ်မှုအင်အားဖြင့် ပိုမို အားထုတ် ကြိုးပမ်းသွားကြရန် အတူတကွ သန္နိဋ္ဌာန် ချမှတ်ကြပါစို့ဟု ပန်ကြားရင်း လူမျိုးစုံ လူထုတရပ်လုံးသို့ ဆုတောင်းလွှာကို ပေးပို့အပ်ပါတယ်လို့ ယာယီသမ္မတကဖော်ပြပါတယ်။


========================


📌📌 ၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ နေရာပြောင်းရွှေ့

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ နေရာပြောင်းရွှေ့ လိုက်တယ်လို့ အကြမ်းဖက် စစ်ကောင်စီက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိကာလဟာ ရာသီဥတုပူပြင်းပြီး အပူချိန်ပြင်းထန်တဲ့အတွက် သက်ကြီးအကျဉ်းသားတွေကို အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ပေးတာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ဆိုပါတယ်။

"ရာသီဥတုက အပူချိန်ပြင်းထန်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်မှမဟုတ်ဘူး။ ကျန်တဲ့ ကျန်းမာရေးအရ လိုအပ်တဲ့ အကျဥ်းသားတွေ ပြီးရင် အသက်ကြီးတဲ့ အကျဥ်းသားတွေကို အပူဒဏ်ကာကွယ်နိုင်ရေး အတွက် လိုအပ်တဲ့ကာကွယ်မှုတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်'' လို့ ဇော်မင်းထွန်းက နိုင်ငံတကာ သတင်းဌာနကြီး တွေကို ပြောပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် အကျဉ်းထောင်၊ သမ္မတ ဦးဝင်းမြင့်က တောင်ငူ အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတာဖြစ်ပြီး ဘယ်နေရာကို ပြောင်းရွှေ့ပေးထားတယ်ဆိုတာကိုတော့ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့တာမရှိပါဘူး။ 

အကြမ်းဖက်စစ်တပ်ရဲ့ ထပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုကာချုပ်စိုးဝင်းနဲ့ တပ်ချုပ် မင်းအောင်လှိုင်တို့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီး ရက်ပိုင်းမှာပဲ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက အခုလို ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒုကာချုပ်စိုးဝင်းဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာကို ရက်ဆက် ခံလိုက်ရပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ပြောက်ကွယ်နေတာ ၁ဝ ရက်ကျော်လာပြီဖြစ်သလို တပ်ချုပ်ဆိုရင်လဲ အပြင်မထွက်ရဲတော့တဲ့ အခြေအနေဖြစ်နေပါတယ်။

ဒါ့ကြောင့် ရာသီဥတုပူပြင်းတာကိုအကြောင်းပြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ နေရာပြောင်းရွှေ့လိုက်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။

မြန်မာနှစ်ဆန်း တရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်မနက်ပိုင်းအထိတော့ ရန်ကုန် မာရွတ်မြို့နယ်ထဲက တက္ကသိုလ် ရိပ်သာလမ်း အမှတ် ၅၄ ရှိ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်မရောက်သေးဘူးလို့သိရပါတယ်။ 


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်


 ဧပြီ   ၁၆ ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဧပြီ၁၆ရက်က ကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ 

တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား

ခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ မြန်မာပြည်သူပြည်သားများအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကနှစ်သစ်ဆုမွန်ကောင်းတောင်း


ဧပြီ၁၇ရက်


မြန်မာပြည်သူပြည်သားများအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ဧပြီ၁၇ရက်နေ့တွင် ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် နှစ်သစ်ဆုမွန်ကောင်းတောင်းဆို‌ပေးထားပါတယ်။


"မြန်မာပြည်သူအားလုံး နှစ်သစ်မှစ ကောင်းမွန်သောအပြောင်းအလဲများဖြင့် မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။ကုန်ဆုံးသွားသော အချိန်နှင့်တပါတည်း

မကောင်းတာညောင်းပြီး ကောင်းရာ လား ပါစေ။နှစ်သစ်မှာ ငြိမ်းချမ်းရာ အမှန်ဧကန် ရကြပါစေလို့ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာအရပ်သားများအပေါ် ဖမ်းဆီးသတ်ဖြတ်လျက်ရှိနေပြီးအရပ်သားနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုတို့လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာနှစ်ဆန်းတရက်မှာ အကျဉ်းထောင်များအရှေ့ အကျဉ်းသားမိသားစုဝင်များ စုဝေးရောက်ရှိ


ကိုမြင့်သူ (Radio NUG) ဧပြီ ၁၇၊ ၂၀၂၄


ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၃၀၃ ဦး ကို အပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပေးတယ်လို့ ထုတ်ပြန်လာပါတယ်။ ရန်ကုန်၊ အင်းစိန်အကျဥ်းထောင်ကနေ ဒီကနေ့ မွန်းတည့် ၁၂နာရီမှာ ၅၀၅(က) ပုဒ်မနဲ့ အကျဥ◌်းကျနေရတဲ့ နိုင်ငံရေးအကျဥ◌်းသူ နှစ်ဆယ်ကျော်အပါအဝင် လူငယ်များ လက်နက်ငယ်ကိုင်ဆိုင်မှု၊ အချိန်မတော်လမ်းလျှောက်မှု၊ ခိုးမှုအပါအဝင် ပုဒ်မအမျိုး မျိုးနဲ့ မတရားဖမ်းဆီးထောင်ချထားတဲ့ အကျဥ်းသား ၉၀၀ ကျော်ကို ပြန် လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီလိုပြန်လွှတ်ပေးရာမှာလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မ ခွဲ အရ နောက်တစ် ကြိမ်ပြစ်မှုထပ်မံကျုးလွန်ပါက ၄◌င်းပြစ်ဒဏ်အပါအဝင် ယခုကျခံရန်ရှိသော ပြစ်ဒဏ်များ ကိုပါဆက်လက်ကျခံပါမည် ဆိုတဲ့စည်းကမ်းချက်နဲ့ ပြန်လွတ်ပေးလိုက်တာဖြစ်ပါတယ်။ 

တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၂၁ ခုကျော်မှာ တိုက်ပွဲပေါင်း တစ်သောင်းသုံးထောင်ကျော် ဆင်နွဲနေပြီး မြန်မာ့အရင်းမြစ်ဖြစ်တဲ့ကျေး လက်ဒေသတွေကို လူသတ်၊ မီးရှို့ ဖျတ်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူ တွေ နှလုံးစိတ်ဝမ်းအေးချမ်းဖို့နဲ့ လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့် နိုင်ငံတစ် ဝှန်းရှိအကျဥ◌်းသူ၊ အကျဥ◌်းသား ၃၃၀၃ ဦး ကို ပြစ်ဒဏ်များကိုလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ အကြမ်းဖက်စစ်တပ်က ဆိုပါတယ်။

ဒီသတင်းကို သတင်းထောက် ကိုမြင့်သူက ပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌 ၆။ နယူးဇီလန်သံရုံးရှေ့တွင် မြန်မာအင်အားစုများပူးပေါင်းဆန္ဒဖော်ထုတ်ခဲ့


ဧပြီ၁၇ရက်



သြစတြေးလျနိုင်ငံ ကင်ဘာရာရှိ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများနှင့် သက်ဆိုင်ရာနိုင်ငံသားများသည် ဧပြီလ ၁၅ ရက်နေ့တွင် နယူးဇီလန်သံရုံးရှေ့တွင် ပူးပေါင်းဆန္ဒဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။


နယူးဇီလန်အာဆီယံဆွေးနွေးပွဲတွင် မြန်မာစကစ၏ အလားအလာကို ဆန့်ကျင်သည့်အနေဖြင့် ကင်ဘာရာရှိ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများနှင့် သက်ဆိုင်ရာနိုင်ငံသားများသည် ဧပြီလ ၁၅ ရက်နေ့တွင် နယူးဇီလန်သံရုံးရှေ့တွင် ပူးပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။


ဝန်ကြီးချုပ် Christopher Luxon နှင့် နိုင်ငံခြားရေးဝန်ကြီး Winston Peters ဦးဆောင်သော နယူးဇီလန်အစိုးရအား စကစ၏ ကိုယ်စားလှယ်အား နယူးဇီလန်မြေပေါ်သို့ ခွင့်မပြုရန် တောင်းဆိုမှုများပေါ်ထွက်ခဲ့တယ်လို့သိရပါတယ်။


နယူးဇီလန်ရှိ မြန်မာအသိုက်အဝန်းသည် တရားရုံးချုပ်သို့ တရားဥပဒေအရ စိန်ခေါ်ချက်ထုတ်ကာ စကစ၏ ကိုယ်စားလှယ်များကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ရန် တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၇။ မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတာတွေရပ်တန့်ဖို့ JFM က အိန္ဒိယထံတောင်းဆို


အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချနေတာတွေအားလုံး ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ကဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကိုလည်း ရပ်ဆိုင်းပေးဖို့ Justic For Myanmar JFM က ဧပြီလ ၁၅ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက် ပါတယ်။ 

မြန်မာပြည်သူတွေပေါ် လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေကိုသိရက်နဲ့ မြန်မာစစ်တပ်ကို နည်းဗျူဟာပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်နဲ့ တိကျမှုတွေ မြှင့်တင်ပေးနိုင်တဲ့ စက်ပစ္စည်းကိရိယာတွေ အိန္ဒိယက ရောင်းချပေးခဲ့ပြီး နည်းပညာ အကူအညီတွေကိုလည်း တိုက်ရိုက်ပေးအပ်နေတယ်လို့ JFM က ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက အိန္ဒိယလေတပ်ကနေ ရန်ကုန်မြို့မှာရှိတဲ့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် ပြုပြင်ထိန်းသိမ်းရေးဌာန ကို ကာကွယ်ရေးပစ္စည်းများလို့ အမည်တပ်ပြီး ပစ္စည်းအရေအတွက် ၅၂ မျိုး တင်ပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တင်ပို့ခဲ့တဲ့ပစ္စည်းတွေထဲမှာ အာရုံခံကိရိယာ၊ အပူချိန်တိုင်းကိရိယာ၊ တိုင်းတာရေးနဲ့ လေကြောင်းသွားလာမှု လမ်းညွှန်ကိရိယာ၊ သင်တန်းအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ အခြားပစ္စည်းတွေပါဝင်တယ်လို့ ဆိုပါတယ်။

ဒီပစ္စည်းတွေကို အရပ်ဘက်ကဏ္ဍတွေမှာ အသုံးပြုနိုင်ပေမယ့် တင်ပို့ကုန်တွေကို ကာကွယ်ရေးပစ္စည်းများလို့ အမည်တပ်ထားတာ တင်ပို့သူနဲ့လက်ခံသူ နှစ်ဘက်စလုံးဟာ စစ်တပ်တွေဖြစ်တဲ့အတွက် ဒီပစ္စည်းတွေကို စစ်တပ်ကပဲ အသုံးပြုလိမ့်မယ်လို့ JFM က ပြောပါတယ်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီလကတင်ပို့ခဲ့တဲ့ ကုန်ပစ္စည်း ၅၂ မျိုးမတိုင်ခင် ၂၀၂၃ ခုနှစ်တုန်းကလည်း မိုးလေဝသဆိုင်ရာ စက်ပစ္စည်း တွေတပ်ဆင်ဖို့အတွက် အိန္ဒိယလေတပ်က စစ်သည် ၁၅ ဦးစေလွှတ်ခဲ့တယ်လို့လည်း JFM က အသိပေးထားပါတယ်။

ဒါကြောင့် အိန္ဒိယစစ်တပ်၊ အိန္ဒိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဌာန စတာတွေနဲ့ စီးပွားရေးအရ ဆက်ဆံမှုရှိတဲ့ နိုင်ငံတကာအစိုးရတွေ ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်အုပ်စုထံ အိန္ဒိယကထောက်ပံ့နေမှုများအားလုံးကို ပိတ်ပင်နိုင်ဖို့အတွက် လည်း စည်းရုံးတိုက်တွန်းပေးကြဖို့ Justic For Myanmar -JFM က တိုက်တွန်းထားပါတယ်။ 


========================


📌📌 ၈။ သြစတြေးလျနိူင်ငံမှာ ကျင်းပတဲ့တော်လှန်သင်္ကြန်မှာ ရံပုံငွေ ဩဆီ ,၀၀၀ ကျော်ရရှိခဲ့


ဧပြီ၁၇ရက်


တနင်္ဂနွေနေ့ ဧပရယ် ၁၄ ရက်နေ့၌သြစတြေးလျနိူင်ငံမှာ ကျင်းပတဲ့ တော်လှန်သင်္ကြန်မှာမြန်မာအင်အားစုများက ရံပုံငွေရှာစျေး ရောင်းချခဲ့ပါတယ်။


" Myanmar Food Stall @ Leumeah ကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြသော အဖွဲ့သားများ၊ Volunteers များ၊ လာရောက်အားပေးသူများကြောင့် ရံပုံငွေ ဩဆီ ,၀၀၀ ကျော်ရရှိခဲ့ပါကြောင်း နှင့် အထူးသဖြင့် ဝက်သားလိပ် ကြော် Sponsor  ကိုကျော်ဇွာ မိသားစု၊ ကြာဇံကြော် လှူသော ကိုဒေးဗစ်၊ ဘိန်းမုန့် နှင့် မုနျု့လိပျပွာလှူသော ကိုဘဟိန်းရွှေ၊ လက်ဖက်သုပ် ငါးဖယ် သုပ် ထမင်း လှူသော မအိနု နှင့် အတူ အလှူ ရှင်များကို လည်း အထူး တလည်ကျေးဇူး တင်ရှိတယ်လို့ဆိုပါတယ်။


နိူင်ငံတကာတွင်လည်း တော်လှန်သင်္ကြန်များကျင်းပ၍ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာစျေးရောင်းပွဲတော်များကျင်းပခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း

ယာယီသမ္မတ ဒူဝါလရှီးလမှဂုဏ်ပြုသဝဏ်လွှာတွင်ထည့်သွင်းပြောကြား


ဧပြီ၁၇ရက်


ဧပြီ၁၇ရက်ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်ပြည့် အခါသမယသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။


၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်‌နေ့တွင် စတင်တည်ထောင်ခဲ့သော ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ယနေ့ကျရောက်သော (၃၅) နှစ်ပြည့် အခါသမယမှသည် နောင်လာမည့်နှစ်ပေါင်းများစွာ ဝအမျိုးသားခေါင်းဆောင်များနှင့် ဝပြည်နယ်ရှိ တိုင်းရင်းသားပြည်သူလူထုများ ကျန်းမာချမ်းသာကြ ပါစေကြောင်းနှင့် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်း ဆန္ဒပြုအပ်ပါတယ်လို့သဝဏ်လွှာတွင်ဖော်ပြပါတယ်။


ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် စတင်တည်ထောင်သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်း လာရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီပံ့ပိုးခဲ့ သည်များကိုလည်း ဂုဏ်ယူမိပါတယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိ ဝပြည်က ရရှိထားသည့် တည်ငြိမ်အေးချမ်းမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တရားဥပဒေစိုးမိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်နှင့် ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြည်သူ့အစိုးရနှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့က ဆက်လက် ဦးဆောင်ကြိုးပမ်းဆောင်ရွက်နိုင်ပါ စေကြောင်း ဆန္ဒပြုပါတယ်လို့ ယာယီသမ္မတကဆိုပါတယ်။


ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝပြည်ပြည်သူ့အစိုးရအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းသို့ ဝင်ရောက်စစ်ဘေးရှောင်လာကြသော ပြည်သူများကို ကာကွယ် စောင့်ရှောက်ပေးသည့်အပေါ်လည်း လေးစားဂုဏ်ယူကျေးဇူး ဥပကာရ တင်ရှိပါတယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ ဝတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများ လိုလားသည့် အမျိုးသားတန်းတူညီမျှမှု အပြည့်အဝရှိသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပြီး  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဆန္ဒပြုအပ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလကဂုဏ်ပြုသဝဏ်လွှာတွင်ဆိုထားပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်မြို့နယ်မှာ သင်္ကြန်ကာလအတွင်း တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်ဘက်က အရာရှိတွေအပါအဝင် ၂၅ ဦးသေဆုံး သေနတ် လက်နဲ့ ကားတစီး သိမ်းဆည်းရရှိ


သင်္ကြန်ကာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိတွေ အပါအဝင် ၂၅ ဦး သေဆုံးပြီး သေနတ် လက်နဲ့ ကားတစီး သိမ်းဆည်းရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PNLAက ပြောပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အနောက်တောင်ဘက်တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး သေနတ် လက်နဲ့ မော်တော်ယာဉ်တစီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၆ ရက်နေ့က ဆီဆိုင်မြို့နယ်တနေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PNLA တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့လည်း အသိပေးထားပါ တယ်။

ထို့ပြင် ဧပြီလ ၁၅ ရက်နေ့ ဖြစ်ခဲ့သောတိုက်ပွဲအတွင်းမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ အမတ-၅၀၇ တပ်ရင်းနဲ့ ခမရ ၅၀၉ တပ်ရင်းတို့က ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်းနဲ့ ဒုတပ်ကြပ် အောင်မျိုးထွန်းအပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ဧပြီလ ၁၄ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း အကြမ်းဖက်စစ်တပ်ဘက်က အရာရှိ ၁၁ ဦး ပြင်းထန် ဒဏ်ရာရ ခဲ့ပြီး ဦးက အောင်ပန်းမှာရှိတဲ့ ခုတင် ၇၀၀ ဆေးရုံမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။  


========================


🚩🚩 ၃။ စစ်ရေးပစ်မှတ်တခုဖြစ်တဲ့ ကပစ ၂၁ ကို PDF များ ပူးပေါင်းတိုက်ခိုက် 


မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ထဲက စစ်ရေးပစ်မှတ်တခုဖြစ်တဲ့ စစ်ကောင်စီရဲ့ အမှတ် -၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကို PDF များ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်‌ကြီးဌာနက ဒီနေ့ ဧပြီ ၁၇ မှာ ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အမှတ် -၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ရဲ့ စစ်ဆင်ရေးပစ်မှတ်နေရာ ၂၀ကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) အမှတ် () စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံးအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဧပြီလ ၁၆ ရက် မနက် နာရီမှာ တပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဆိုပါတယ်။ 

စစ်ဆင်ရေးရည်မှန်းချက်တွေ အောင်မြင်ခဲ့ပြီး အမှတ်-၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံရဲ့ ထိခိုက်ပျက်စီးမှုတွေကို အသေးစိတ် စုံစမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ကနဦးအနေနဲ့ အသိပေးထားပါတယ်။ 

အဆိုပါစစ်ဆင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် () စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉ တပ်ရင်းများ၊ ဂန့်ဂေါခရိုင်ထဲက အမှတ် ၃၊ ၅၊ ၆၊ ၁၃ တပ်ရင်းများ၊ မကွေးခရိုင် အမှတ် () တပ်ရင်းနဲ့ သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင်ရာ စစ်ဆင်ရေးပစ်မှတ်နေရာတွေ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗဟိုကွပ်ကဲရေးနဲ့ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C က ဆုံးဖြတ်သတ်မှတ်ပေးထားတဲ့ စစ်မဟာဗျုဟာ ပစ်မှတ်တွေထဲက တခုဖြစ်တဲ့ ကပစ ၂၁ ကို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပေါင်းတည်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ၂ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး ပြီး များစွာဒဏ်ရာရသွားတယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF -၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။ 

ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာက ပြည်သူတွေကို မတရားဖမ်းဆီးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီလ ၁၄ ရက်နေ့ မနက် ၆နာရီခွဲခန့်အချိန်က သစ်ပုတ်ရွာအနီးမှာ ပဒေသာမိုင်း လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးပြီး ဦး ပြင်ထန်ဒဏ်ရာရသွားရာ သေဆုံးသူတွေနဲ ဒဏ်ရာရသူတွေကို သစ်ပုတ် တာဝါတိုင်စခန်းကို သယ်သွားပြီး အဲဒီကနေမှတဆင့် ပေါင်းတည်မြို့ဘက်ကို နာရီအချိန်မှာ ထပ်မံ သယ်ယူသွားတယ် လို့ သိရပါတယ်။ 

ထို့အတူ ဧ‌ပြီလ ၁၄ ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာလည်း အင်အား ၄၈ ဦးနဲ့ ထန်းကုန်းဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ရာ အနည်းဆုံး စစ်သား ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF -၃၆၀၁၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၂ တပ်ရင်း၊ တပ်ခွဲ နဲ့ တပ်ခွဲ ၄တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်စစ်ကြောင်းတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကရဲဘော် ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ PPDF က အသိပေးပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment