17th APR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဧပြီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေး အစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၃။ ကျစ်လစ်ထိရောက်တဲ့ အစိုးရတစ်ရပ်ဖြစ်စေဖို့ ပြုပြင်ပြောင်းလဲမှုများကို အလေးနက်ထား လုပ်ဆောင်ရန် NUG ကို NUCC တိုက်တွန်း

📌 ၄။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး ဆုံးခန်းတိုင် တွန်းလှန်သွားမယ်လို့ မန္တလေး ဗဟိုအကျဥ်းထောင်မှ အမှန်တရား ဘက်တော်သားများ အသိပေး

📌 ၅။ သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် Liberal National Party မှ Senator Paul Scarr နှင့်မြန်မာ့အရေးဆွေးနွေး

📌 ၆။ ပုလဲမြို့နယ်၊ အိုင်ရောင်း ကျေးရွာတွင် မတော်တဆမီးလောင်ကာ  ပြည်သူနေအိမ် အိမ်ခြေ (၁၁၅)အိမ် မီးလောင်ပျက်စီးသွားခဲ့ရပြီးအကူအညီများစွာလိုအပ်နေ

📌 ၇။ နွေဦးရဲ့ထူးမယ့်အတာ၊ တော်လှန်သင်္ကြန်ပွဲတော်ကို Reggio Emilia ပြည်နယ်ရှိ အီတလီတော်လှန်ရေးသမိုင်း အထင်ကရ နေရာတစ်ခုတွင်ကျင်းပခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကံမမြို့နယ်တွင် စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၂။ ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၃။ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တွင် ကရင့်အမျိုးသားအလံတော်ကိုတော်လှန်ရေးတပ်ဖွဲ့များလွှင့်ထူ

🚩 ၄။ လောင်းလုံ၊ စမ်းလှန်ရွာမှ တုတ်၊ ဓားပြီးတယ်လို့ ကြွေးကြော်ထားတဲ့ ပျူခေါင်းဆောင် ပတ်ခတ်ခံရပြီး သေဆုံး

🚩 ၅။ အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း နေအိမ်ရှစ်သောင်းကျော် မီးရှိဖျက်စီးခံရ

🚩 ၆။ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မှ ဒုရဲအုပ် တစ်ဦး CDF - KKG ထံ သို့ လက်နက်နှင့်အတူအလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေး အစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေတယ်လို့ ယာယီသမ္မတပြောကြား


ဧပြီလ ၁၆ရက်။

အမျိုးသားညီညွတ်ရေး အစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


ဧပြီလ ၁၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ယနေ့ အချိန်ဟာ မြန်မာရိုးရာဓလေ့ အစဉ်အလာ နေ့ကောင်းနေ့မြတ် အခါသမယဖြစ်သလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ အပ်နှင်းထားတဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းရွက်ခြင်း () နှစ်ပြည့် အချိန်အခါတစ်ခုလည်း ဖြစ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုနဲ့အတူ ဖြတ်သန်းခဲ့တဲ့ () နှစ်တာ ကာလအတွင်းမှာ၊ ထိုက်သင့်တဲ့ တော်လှန်ရေး အောင်ပွဲတွေကို ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ကျော်ကာလအထိ ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တဖြည်းဖြည်း ယိုယွင်းချိနဲ့လာတာကိုလည်း ပြည်သူတစ်ရပ်လုံး မျက်ဝါး ထင်ထင် တွေ့မြင်ရပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေကြောင်း တင်ပြချင်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်သူရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ရာမှာမယောင်ရာ ဆီလူးနေလို့ မရဘဲ ထိထိရောက်ရောက်နဲ့ လက်တွေ့ကျကျ ဖြစ်ရမယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


ဧပြီလ ၁၆ရက်။

တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။


"ကျွန်တော်တို့အစိုးရအနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ ဥာဏ် ပညာနဲ့ စိတ်ခွန်အားအပြည့် အသုံးပြုပြီး တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခက်အခဲတွေကြားက လုပ်ငန်းတွေဆောင်ရွက်နိုင်အောင် ယနေ့အချိန်ထိ ယုံယုံ ကြည်ကြည်နဲ့ ပူးပေါင်းပါဝင်ပြီး ပံ့ပိုးကူညီနေတဲ့ ပြည်သူတစ်ယောက်ချင်းစီကိုလည်း အထူး ကျေးဇူးတင်ကြောင်းကိုလည်း ဒီနေရာကနေ လေးလေးစားစား ပြောကြားလိုပါတယ်။ နောင် မကြာခင်မှာ အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ရပ်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေးနိုင်တဲ့ အခြေအနေထိဖြစ်အောင် ဆက်လက် ကြိုးစားပေးကြဖို့တိုက်တွန်းအပ်တယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် အကန့်အသတ်ရှိတဲ့ အရင်းအမြစ်များနဲ့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးအစီအမံများနဲ့ ရှေ့ဆက်ကြဖို့လည်း ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ ကျစ်လစ်ထိရောက်တဲ့ အစိုးရတစ်ရပ်ဖြစ်စေဖို့ ပြုပြင်ပြောင်းလဲမှုများကို အလေးနက်ထား လုပ်ဆောင်ရန် NUG ကို NUCC တိုက်တွန်း


ဧပြီလ ၁၆ ရက်။

Radio NUG


ပိုမိုအားကောင်းပြီး ကျစ်လစ်ထိရောက်တဲ့ အစိုးရတရပ် ဖြစ်စေနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုများကို အလေးနက်ထား လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်တွင် အမျိုးသား ညီညွတ်‌‌ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က တိုက်တွန်းလိုက်ပါတယ်။


ဧပြီလ ၁၆ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အစိုးရ ဖွဲ့စည်းခြင်း နှစ် ပြည့်တွင် NUCC က ပေးပို့ခဲ့တဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ အခုလို တိုက်တွန်းခဲ့တာပါ။


NUG ရဲ့ သက်တမ်းသုံးနှစ်အတွင်း ဝန်ကြီးဌာနတစ်ခုတိုးချဲ့ဖွဲ့စည်းခြင်း၊ ဒုတိယဝန်ကြီး တချို့ အပြောင်း အလဲပြုလုပ်ခြင်းတို့မှအပ တည်ငြိမ်စွာရပ်တည်နိုင်ခဲ့ပြီး တော်လှန်ရေးကာလ အစိုးရတရပ်အဖြစ် တော်လှန်ရေး မိတ်ဖက်အင်အားစုများ၊ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရများနဲ့၊ ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့တာကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။


တချိန်ထဲမှာပဲ လူ့စွမ်းအား အရင်းအမြစ် အကန့်အသတ်များကြောင့် အားနည်းချက်၊ လိုအပ်ချက်များရှိနေတာကိုလည်း အမြဲမပြတ် သတိချပ်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ထိုပြင် ပြည်သူလူထုနဲ့ အနီးဆုံးမှာရှိနေရေး၊ လုပ်ငန်းယန္တရားများကို ယခုထက်ပိုပြီး စနစ်တကျ အုပ်ချုပ် လည်ပတ်နိုင်ရေး၊ မြေပြင်အခြေအနေများကို ယခုထက်ပိုပြီး ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရေး၊ ပြည်သူလူထုကို အခြေခံဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနိုင်ရေးနဲ့ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို ဦးထိပ်ထားတဲ့ ကောင်းမွန်သောအစိုးရတရပ် ဖြစ်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း NUCC က ထောက်ပြထားပါတယ်။


ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သုံးနှစ်ပြည့်မြောက်တဲ့ အခါသမယမှာ နိုင်ငံတော် ယာယီသမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ဝန်ထမ်းအဖွဲ့အစည်း အားလုံးရဲ့ ခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓါတ်၊ ပေးဆပ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က လေးလေးနက်နက် ဂုဏ်ပြုပါကြောင်းနဲ့ တော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတွက်လည်း လက်တွဲကြိုးပမ်းနိုင်ပါစေကြောင်း NUCC က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး ဆုံးခန်းတိုင် တွန်းလှန်သွားမယ်လို့ မန္တလေး ဗဟိုအကျဥ်းထောင်မှ အမှန်တရား ဘက်တော်သားများ အသိပေး


ဧပြီလ ၁၆ ရက်။


Radio NUG


မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ဆုံးခန်းတိုင် တွန်းလှန်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားများ အားလုံးအနေနဲ့ ကျရာတာဝန်ကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားကြဖို့ မန္တလေး ဗဟိုအကျဉ်းထောင်မှာ မတရား ချုပ်နှောင်ခံထားရတဲ့ အမှန်တရား ဘက်တော်သားများက ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ငါတိုရဲ့ ရုပ်ခန္ဓာကို သံတိုင်အထပ်ထပ်ခတ်၍ ပိတ်လှောင်ချုပ်နှောင် ထားစေကာမူ ငါတိုရဲ့ စိတ်ဓါတ်ကား အစဥ်ထာဝရ လွတ်လပ်လျက် ခံယူချက်နှင့် ယုံကြည်ချက်တို့မှာလည်း တရွေးသားမျှ လျော့နည်းအားပျော့သွားခြင်း မရှိကြောင်း၊ အခက်အခဲ အကျပ်အတည်း မှန်သမျှကို ကြံ့ကြံ့ခံ အန်တုရင်ဆိုင်ရင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် နိုင်ငံသူနိုင်ငံသား အားလုံးနှင့်အတူ ဆုံးခန်းတိုင် တွန်းလှန်သွားမှာ ဖြစ်ကြောင်း နှစ်သစ်ကူး ဆုတောင်းအဖြစ် ထုတ်ပြန်ကြေညာခဲ့တာပါ။


ပြည်သူ့ တော်လှန်ရေးမှာ တာဝန်ကိုယ်စီ ထမ်းနေကြတဲ့ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစု အသီးသီး အပါအဝင် မြန်မာနိုင်ငံသားအားလုံး တမျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့  စစ်တပ်နှင့် လက်ဝေခံများရဲ့ မတရား ဖိနှိပ်ချုပ်ချယ်မှု၊ ရက်စက်ကြမ်းကြုတ်မှု ဟူသမျှကို ဒူးမညွှတ် ဦးမညွှတ်စတမ်း ရင်ဆိုင်ကျော်လွှားကာ ဘုံရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်သော၊ ခွင့်တူညီမျှသော၊ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီးကို ရုပ်လုံးဖော် အသက်သွင်းနိုင်ရန်အတွက် အမြော်အမြင်ကြီးကြီး၊ သဘောထား ကြီးကြီးနှင့် သတိတရား လက်ကိုင်ထားပြီး တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်စွာ  ကျရာတာဝန် ကျေပွန်စွာ ဆက်လက် ထမ်းဆောင်သွားကြရန် အလေးအနက် တိုက်တွန်းကြောင်း ပြောဆိုထားပါတယ်။


ထို့ပြင် မြန်မာနိုင်ငံသူ၊နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး အကြောက်တရားမှ လွတ်မြောက်ပြီး ကပ်ကြီးသုံးပါး အမြန်ဆုံး ကျော်လွှားကာ အေးချမ်းတည်ငြိမ်သော လူမှုဘဝ၊ မိသားစုဘဝများကို ပိုင်ဆိုင်နိုင် ကြပါစေကြောင်း မန္တလေး ဗဟိုအကျဥ်းထောင်ရှိ အမှန်တရား ဘက်တော်သားများက နှစ်သစ်ကူးဆုတောင်းပေးထားပါတယ်။


========================


📌📌 ၅။ သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် Liberal National Party မှ Senator Paul Scarr နှင့်မြန်မာ့အရေးဆွေးနွေး


ဧပြီလ ၁၆ရက်။

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် Liberal National Party မှ Senator Paul Scarrနှင့်မြန်မာအရေးတွေ့ဆုံဆွေးနွေးမှုကို ဧပြီ ၁၆ရက်က ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီလ ၁၆ရက်ကွင်းစလန်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ကြသော, Australian Karen Organization INC, Chin community, Queensland Kachin Community  နှင့် CRPH/NUG  Support Group (QLD) အဖွဲ့အစည်း အသီးသီးမှ တာ၀န်ရှိသူများသည်  Liberal National Party မှ Senator Paul Scarr နှင့် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။

တွေ့ဆုံရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၂၆၆၉)၊လက်ရှိမြန်မာ့နိုင်ငံရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များအရေး၊ စစ်ကောင်စီ၏ တရားမ၀င်ပြဌာန်းလိုက်သည့် စစ်မှုထမ်း ဉပဒေများ နှင့်ပတ်သက်၍ သြစတေးလျနိုင်ငံအတွင်းရှိ ကျောင်းသားလူငယ်များ၏အရေးများကို ဆွေးနွေးညှိနှိုင်း အကြံပြုခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၆။ ပုလဲမြို့နယ်၊ အိုင်ရောင်း ကျေးရွာတွင် မတော်တဆမီးလောင်ကာ  ပြည်သူနေအိမ် အိမ်ခြေ (၁၁၅)အိမ် မီးလောင်ပျက်စီးသွားခဲ့ရပြီးအကူအညီများစွာလိုအပ်နေ


ဧပြီလ ၁၆ရက်။

ပုလဲမြို့နယ်၊ အိုင်ရောင်း ကျေးရွာတွင် မတော်တဆမီးလောင်ကာ  ပြည်သူနေအိမ် အိမ်ခြေ (၁၁၅)အိမ် မီးလောင်ပျက်စီးသွားခဲ့ရပြီးအကူအညီများစွာလိုအပ်နေတယ်လို့ ဧပြီ၁၆ရက်မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုထားပါတယ်။


"ဧပြီ၁၃ရက် ပုလဲမြို့နယ်၊ အိုင်ရောင်း ကျေးရွာတွင် မတော်တဆမီးလောင်ကာ နေ့လည် (၁၂)နာရီ ဝန်းကျင်မှ ညနေ()နာရီခန့်အထိ မီးကိုနိုင်နင်းအောင် မသတ်နိုင်သဖြင့် အိုင်ရောင်းကျေးရွာမှ ပြည်သူနေအိမ် အိမ်ခြေ (၁၁၅)အိမ် မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ သီးနှံများဆုံးရှုံးမှုအနေဖြင့် စပါး၊ ပဲ၊ ဂျုံ၊ ကြက်သွန်များ အများအပြားဆုံးရှူံးသွားခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။


ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းခေါင်၊ မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ် ပလဖ နှင့် မြို့နယ်ပအဖ အဖွဲ့ဝင်တို့ မီးလောင်သွားခဲ့သော အိုင်ရောင်းကျေးရွာသို့သွားရောက်ကာ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ လက်တလော စားနပ်ရိက္ခာအတွက်အဆင်ပြေနိုင်စေရန် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံမှ မြို့နယ်အခွန်ခွဲတမ်းရငွေမှ ကျပ်သိန်း(၂၀)ကျပ်ကို လှူဒါန်းထောက်ပံ့ပေးခဲ့ပါတယ်။


ယခုအချိန်တွင် အိုင်ရောင်းကျေးရွာ မီးဘေးသင့်ပြည်သူများအနေဖြင့် အဝတ်အထည်၊နေထိုင်ရေး၊ စားသောက်ရေးတို့ အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် အိုင်းရောင်းကျေးရွာမီးဘေးသင့်ပြည်သူများအတွက် တတ်နိုင်သည့်အထောက်အကူများ ထောက်ပံ့လှူဒါန်းပေးနိုင်ကြပါရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၇။ နွေဦးရဲ့ထူးမယ့်အတာ၊ တော်လှန်သင်္ကြန်ပွဲတော်ကို Reggio Emilia ပြည်နယ်ရှိ အီတလီတော်လှန်ရေးသမိုင်း အထင်ကရ နေရာတစ်ခုတွင်ကျင်းပခဲ့


ဧပြီလ ၁၆ရက်။

နွေဦးရဲ့ထူးမယ့်အတာ၊ တော်လှန်သင်္ကြန်ပွဲတော်ကို Reggio Emilia ပြည်နယ်ရှိ အီတလီတော်လှန်ရေးသမိုင်း အထင်ကရ နေရာတစ်ခုတွင်ကျင်းပခဲ့ပါတယ်။


ဧပြီလ ၁၄ ရက်နေ့၊ တနင်္ဂနွေနေ့တွင် နွေဦးရဲ့ထူးမယ့်အတာ၊ တော်လှန်သင်္ကြန်ပွဲတော်ကို Reggio Emilia ပြည်နယ်ရှိ အီတလီတော်လှန်ရေးသမိုင်း အထင်ကရ နေရာတစ်ခုဖြစ်သော Casa Cervi တွင် Myanmar Community in Italy Alcide Cervi Institute နှင့် ပါးမါးမြို့ရှိ Italy - Myanmar Friendship Association ( Giuseppe Malpeli ) တို့ ပူးပေါင်းစီစဥ်ကျင်းပခဲ့ပါတယ်။


အီတလီရောက်မြန်မာများ၊ ဘာသာရေးမိသားစုဝင်များ၊ ကျောင်းသူကျောင်းသားများ၊ မြန်မာ့အရေးအတွက် အစဥ်မပြတ် ကြိုးပမ်းလျက်ရှိသော အဖွဲ့အစည်းများ၊ မိတ်ဆွေအီတလီများ တက်ရောက်လာကြကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ Cervi Institute ဥက္ကဋ္ဌ Albertina Soliani Italy - Myanmar Friendship Association ဥက္ကဋ္ဌ Rossana Ricc ဒုဥက္ကဋ္ဌ Alberto Botto Myanmar Community in Italy မှ Ma Thuzar Lin တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။


 တွေ့ဆုံမှုအပြီး Religions For Peace အဖွဲ့ ဥက္ကဋ္ဌ Luigi De Salvia မှ မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေးအတွက် ဘာသာစုံဆုတောင်းခြင်းအစီအစဥ်ကို ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။


ထို့နောက် ရန်ပုံငွေနေ့လယ်စာ အစားအသောက်များရောင်းချရာ လူဦးရေ ၂၀၀ အတွက် ခန့်မှန်းပြင်ဆင်ထားသော်လည်း ခန့်မှန်းဦးရေထက် ပိုမိုများပြားလှသော တက်ရောက်သူများရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးက ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။  Federal Wings ဒရုန်းတပ်ဖွဲ့မှ ကိုယ်ပိုင်ဒီဇိုင်းသစ်ဒရုန်းနဲ့ ကိုယ်တိုင်ထုတ် ကျည်ကာ Helmet/ body-armor  တွေနဲ့ တိုက်ပွဲဝင်နေပြီလို့အသိပေး


ဧပြီလ ၁၆ရက်။

Federal Wings ဒရုန်းတပ်ဖွဲ့မှကိုယ်ပိုင်ဒီဇိုင်းသစ်ဒရုန်းနဲ့ ကိုယ်တိုင်ထုတ် ကျည်ကာ Helmet/ body-armor  တွေနဲ့ တိုက်ပွဲဝင်နေပြီလို့ ဧပြီ၁၆ရက်မှာ Federal Wings ဒရုန်းတပ်ဖွဲ့မှတရားဝင်ဖော်ပြပါတယ်။


"Federal Wingsက အကြွားသန်တယ်လို့တော့ အထင်မမှားကြပါနဲ့။ ခေတ်ကာလအနေအထားအရ မကြွားရင် အလုပ်မလုပ်ဘူးလို့ထင်တတ်ကြတာမို့ မတတ်သာဘဲ ကြွားစရာရှိတာ ထုတ်ကြွားနေရတာပါ။ ပြည်သူလူထုကို အခြေပြုထားတဲ့အတွက် Federal Wings ဟာ တစ်ဦးတစ်ဖွဲ့ထဲရဲ့လောင်းရိပ်အောက်မှာ ဘယ်သောအခါမှ ရပ်တည်မှာမဟုတ်ပါ။ ပြည်သူလူထုကို မျက်နှာမူတဲ့အဖွဲ့တိုင်းနဲ့ လက်တွဲဆောင်ရွက်ဖို့ အမြဲအသင့်ရှိပါတယ်"လို့ဆိုပါတယ်။


Federal Wingsရဲ့ ကိုယ်ပိုင်ဒီဇိုင်းသစ်ဒရုန်းနဲ့ ကိုယ်တိုင်ထုတ် ကျည်ကာ Helmet/ body-armor  တွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းတစ်နေရာက (ABSDF ကျောင်းသားတပ်တော် + Federal Wings) ဒရုန်းတပ်ဖွဲ့ပါလို့အသိပေးဖော်ပြပါတယ်။


Federal Wings ​မှ၂၀၂၃ ခုနှစ် ပထမ () လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုအမြောက်အများရှိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး(၂၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အတည်ပြု


ဧပြီလ ၁၆ရက်။


ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး(၂၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဧပြီလ ၂၆ရက်မှာ အတည်ပြုပါတယ်။


"ဧပြီလ(၁၄)ရက်နေ့ (:၀၀)အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး(၂၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မိမိတို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံးများသည် DSA ကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရန်သူ့၏ထိခိုက်မှုအခြေအနေများကိုလည်း စုံစမ်းလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


ရှော့တိုက်ဒုံးပစ်ခတ်မှုအပြီးတွင် ရန်သူ့ဘက်မှလက်နက်ကြီးများဖြင့် တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။


ထို့ပြင် ၂၀၂၄ခုနှစ် ဧပြီလ(၁၅)ရက်နေ့ မနက်(:၃၀)ခန့်တွင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေ (:၄၅)ဝန်းကျင်ခန့်တွင် အပြီးသတ် သိမ်းဆည်းရမိခဲ့ပါတယ်။ 


သရက်ကုန်းတိုက်ပွဲအတွင်း ရန်သူ့ဘက်သို့ စစ်ကူလာသော စစ်ကူစစ်ကြောင်း()ကြောင်းအား ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ပြီးသရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၆၀မမ ()လတ် Drone Jammar ()ခု  ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း (၂၁)လောင်း သိမ်းဆည်းရမိခဲ့ပါတယ်။


အဆိုပါတိုက်ပွဲအတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ပေးဆပ်မှုအချို့ ရှိခဲ့တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၃။ ပုလောမြို့နယ်၊ ပုလောက်မြို့ခွဲ၊ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစားစစ်ဆေးရေးဂိတ်ကို ဧပြီလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ကျော်ချ တိုက်ခိုက်ခဲ့


ဧပြီလ ၁၆ရက်။


ပုလောမြို့နယ်၊ ပုလောက်မြို့ခွဲ၊ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်း မစားစစ်ဆေးရေးဂိတ်ကို ဧပြီလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ကျော်ချ တိုက်ခိုက်ခဲ့ပါတယ်။


ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)က  အကြမ်းဖက် စစ်တပ်ရဲ့ ပုလောမြို့နယ်၊ ပုလောက်မြို့ခွဲ၊ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်း မစားစစ်ဆေးရေးဂိတ်ကို ဧပြီလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ကျော်ချ တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


ပုလောမြို့နယ်၊ ပုလောက်မြို့ခွဲ၊ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းသည် လက်ရှိစစ်မှုထမ်းဥပဒေအရ အကြမ်းဖက်စစ်တပ်က တနင်္သာရီတိုင်းမှာရှိတဲ့ တပ်သားသစ်တွေကို စုဆောင်းပြီး စစ်သင်တန်းပေးနေသည့်နေရာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်မှ တိုက်ခိုက်ခံရပြီးတဲ့နောက် အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၁ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရကာ စဖိုဆောင်တခု ပျက်စီးခဲ့ပါတယ်။


ထမင်းမစားစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ အနည်းဆုံး ၁၀ဦးထိခိုက်သေဆုံးပြီး အတိအကျကိုတော့စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၄။ ရေစကြို ထွေအုပ်ရုံးရှေ့ ရေကစားနေတဲ့ စစ်ကောင်စီ တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ


ဧပြီ ၁၆ ရက်။

Radio NUG

မကွေးတိုင်း၊ ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရေကစားနေတဲ့ စစ်ကောင်စီတပ်သားများ ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရပါတယ်။


 ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ ညနေ နာရီခွဲခန့်က ရေစကြိုမြို့ရှိ စစ်ကောင်စီ အထိုင်ချ တပ်စွဲထားတဲ့ စုပေါင်းရုံး(ထွေအုပ်ရုံး)ရှေ့မှာ စစ်ကောင်စီတပ်သားများ ရေကစားနေချိန် အခုလိုပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။


 ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ MBT တပ်ဖွဲ့က ပြောဆိုထား ပါတယ်။


တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားများက ရေစကြိုမြို့ ကမ်းနားလမ်းရှိ နေအိမ် လုံး၊ အိမ်စီးကား စီးနဲ့ ဆိုင်ကယ် စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဝင်ငြိမ်းသူများကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ ရေစကြို သတင်းအချက်အလက် ကော်မတီ (Info Committee Yesagyo) မှ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို  Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် YSO - TPG ပြောက်ကြား တပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ နေပြည်တော်မှာ ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဦးသေဆုံး


ဧပြီ ၁၆ ရက်။

Radio NUG


နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မှာ လုံခြုံရေး တာဝန်ကျနေတဲ့ အမှတ် (၁၇) ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင် အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ရဲ ဦး သေဆုံးခဲ့တယ်လို့ People Spring သတင်း ဌာနက ဖော်ပြပါတယ်။


ဧပြီလ ၁၅ ရက်နေ့ နာရီခန့်က လွတ်တော်အမှတ် () ဂိတ်ပေါက်မှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်များ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ဦးသေဆုံးခဲ့ရပြီး ၎င်းပစ်ခတ်သူကလည်း သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ ဆိုပါတယ်။


ရဲတပ်ရင်း (၁၇) မှ ရဲတပ်သား ပိုင်စိုးဦးက ကင်းမှူး ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦး နှင့် အလှည့်ကျကင်းသမား ရဲတပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကိုယ့်ကိုကိုယ်လည်း သေနတ်ဖြင့် ပြန်ပစ်ကာ အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။


ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရုံးထိုင်ရာ လွတ်တော်အမှတ် () ဂိတ်ပေါက်မှာ ဖြစ်ပြီး ယင်းနေရာ အပါအဝင် လွှတ်တော်တစ်ခုလုံးကို ရဲတပ်ရင်း ၁၇ မှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူထားတယ်လို့ သိရပါတယ်။


စစ်ကောင်စီက သင်္ကြန်ကာလ အတွင်း နေပြည်တော်ကို လုံခြုံရေး အထူးတိုးမြှင့်ထားပြီး အခြားတိုင်းနဲ့ ပြည်နယ်များမှ ရဲတပ်ဖွဲ့ဝင် တချို့ကိုလည်း နေပြည်တော်ကို ခေါ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment