18th APR 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဧပြီလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။"အကြမ်းဖက်စကစရဲ့ဝင်ငွေလမ်းကြောင်းနဲ့လက်နက်လမ်းကြောင်းကိုဖျက်ဆီးပစ်ခဲ့တယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား

📌 ၂။ အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်တွေဖန်တီးတဲ့ ဘာသာရေး လူမျိုးရေး မုန်းတီးရေးမှိုင်းတွေကိုလဲ ဖယ်ရှားနိုင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးသတိပေးဆို

📌 ၃။ စကစဟာ နေပြည်တော်မှာ ဒရုန်းရန်ကာကွယ်ဖို့ လူသားဒိုင်း အသုံးပြုနိူင်

📌 ၄။ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီ ပြန်ဖမ်း

📌 ၅။ The Way မိသားစု"မှထောက်ပံ့ရရှိသောအလှူငွေဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးဒေသအတွင်းရှိ အရေးပေါ်စစ်ရှောင်များကို ထောက်ပံ့ကူညီ


၂၀၂၄ ခုနှစ် ဧပြီလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီမြို့ပြန်ရရေး ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း စစ်သား ရာချီသေဆုံးလို့ KNU အသိပေး

🚩 ၂။ ရွှေဘိုနယ် ညောင်ကိုင်းပျူရွာမှာ ပူခေါင်းဆောင်တွေ စုဝေးနေချိန် ဒရုန်းနဲ့ဗုံးသီချတိုက်ခိုက်မှု ပျူ ဦးသေဆုံး

🚩 ၃။ ပုလဲနယ် အိုင်ရောင်းရွာမှာ မီးလောင်မှုကြောင့် အိမ်ခြေ တရာကျော်ဆုံးဆုံးရှုံး

🚩 ၄။ စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သုံးနှစ်ကျော်ကာလအတွင်း ပြည်သူနေအိမ်ပေါင်း ရှစ်သောင်းကျော် ဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာအများဆုံးပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။"အကြမ်းဖက်စကစရဲ့ဝင်ငွေလမ်းကြောင်းနဲ့လက်နက်လမ်းကြောင်းကိုဖျက်ဆီးပစ်ခဲ့တယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား


ဧပြီ၁၈


"အကြမ်းဖက်စကစရဲ့ဝင်ငွေလမ်းကြောင်းနဲ့လက်နက်လမ်းကြောင်းကိုဖျက်ဆီးပစ်ခဲ့တယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြားလိုက်ပါတယ်။


ဧပြီလအတွင်း မြန်မာပြည်သူလူထုဆီသို့ လုပ်ငန်းများနောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဥ်များကို အချက် () ချက်ဖြင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကရှင်းပြရာမှာ ထည့်သွင်းဆိုခဲ့တာဖြစ်ပါတယ်။


"အကြမ်းဖက်စကစကိုသူတို့ဝင်ငွေလမ်းကြောင်း၊လက်နက်လမ်းကြောင်း၊သူတို့အသိအမှတ်ပြုလမ်းကြောင်းကိုဖျက်ဆီးရေးကို လုပ်ဆောင်ခဲ့တာနံပါတ်တစ်ဖြစ်ပါတယ်။နံပါတ်နှစ်လုပ်ဆောင်ချက်ကတော့ နိူင်ငံတကာမှာအကြမ်းဖက်စကစကိုရှုတ်ချပြီးတော့မှNUGနဲ့မဟာမိတ်အင်အားစုများကိုအသိအမှတ်ပြုခြင်းတို့ကိုလုပ်ဆောင်ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်စကစရဲ့ ဝင်ငွေရလမ်းကြောင်းဖြစ်တဲ့စီးပွားရေးလုပ်ငန်းများကိုလည်းပိတ်ဆို့အရေးယူနိူင်ရေးရှေ့လုပ်ငန်းစဥ်အဖြစ်ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကဆိုပါတယ်။


========================


📌📌 ၂။ အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်တွေဖန်တီးတဲ့ ဘာသာရေး လူမျိုးရေး မုန်းတီးရေးမှိုင်းတွေကိုလဲ ဖယ်ရှားနိုင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးသတိပေးဆို


ဧပြီ၁၈ရက်


အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်တွေဖန်တီးတဲ့ ဘာသာရေး လူမျိုးရေး မုန်းတီးရေးမှိုင်းတွေကိုလဲ ဖယ်ရှားနိုင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဧပြီ၁၈ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"အကြပ်ရိုက်လာတိုင်းလူမျိုးရေး ဘာသာရေးမီးကို လှည့်မွှေးတတ်တဲ့ စစ်တပ်ရဲ့အကျင့်ကို သဘောပေါက်ပြီး သဘောပေါက်ကြတဲ့သူတွေရှိသလို ဒီအခင်းအကျဥ်းထဲ ထိုးဆင်းနေတဲ့သူတွေလဲ ရှိတုန်းဘဲ။အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်တွေဖန်တီးတဲ့ ဘာသာရေး လူမျိုးရေး မုန်းတီးရေးမှိုင်းတွေကိုလဲ ဖယ်ရှားနိုင်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစတပ်များဟာ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ကရင်နီပြည်နယ်တို့တွင် အကြီးအကျယ်အထိနာကျရှုံးနေပြီး နိူင်ငံရေးထွက်ပေါက်အဖြစ် လူမျိုးရေး၊ဘာသာရေးကိုအသုံးချရန်လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ စကစဟာ နေပြည်တော်မှာ ဒရုန်းရန်ကာကွယ်ဖို့ လူသားဒိုင်း အသုံးပြုနိူင်


ဧပြီ၁၈ရက်


စကစဟာ နေပြည်တော်မှာ ဒရုန်းရန်ကာကွယ်ဖို့ လူသားဒိုင်း အသုံးပြုနိူင်တယ်လို့ ချက်နိူင်ငံ NUGကိုယ်စားလှယ်ဦးလင်းသန့်ကဆိုပါတယ်။


ဧပြီလအတွင်း ဆိုရှယ်မီဒီယာမှာ ချက်နိူင်ငံ NUGကိုယ်စားလှယ်ဦးလင်းသန့်ကသုံးသပ်ပြောကြားထားပါတယ်။


"နေပြည်တော် ဒရုန်းရန်ကာကွယ်ဖို့ လူသားဒိုင်းတွေသုံးကြစို့တဲ့"ဒီလောက်ရက်စက်လူမဆန်သူတွေရဲ့ လုပ်ရပ်၊ ဘာမှ အကောင်းမှတ် မနေကြနဲ့"လို့ဆိုထားပါတယ်။


၂၀၂၄ ခုနစ်၊ ဧပြီလ ရက်နေ့မှာ  နေပြည်တော်မှာရှိတဲ့ စစ်ရုံးချုပ်၊ စစ်အာဏာရှင် မင်းအောင်လှိုင် နေအိမ်၊ အေလာ လေတပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ Shar Htoo Waw ဒရုန်းအဖွဲ့တို့က တိုက်ခိုက်နိုင်ခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုမှာ အသေခံဒရုန်း  ကာမီကာဇေ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


========================


📌📌 ၄။ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီ ပြန်ဖမ်း



မြန်မာ့နှစ်ဆန်းတရက်နေ့မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကချင်ဘာသာရေးခေါင်း ဆောင်တဦးဖြစ်သူ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

မြစ်ကြီးနားအကျဉ်းထောင်ကနေ မနေ့ ဧ‌ပြီ ၁၇ ရက် မွန်းလွှဲ နာရီခန့်မှာ လွတ်မြောက်လာတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အဲဒီနေ့ညအချိန်မှာပဲ နေအိမ်ကနေ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ The 74 Media က ဖော်ပြပါတယ်။ 

အသက်အန္တရာယ်အတွက်စိုးရိမ်ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ကလွတ်ပြီး နာရီပိုင်းအတွင်းမှာပဲ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို အကျဉ်းဦးစီးဌာနက စီစဉ်ပေးထားတဲ့နေရာမှာ ထားရှိတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဒေါက်တာခလမ်ဆမ်ဆွန်တို့မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။ 

ဒေါက်တာခလမ်ဆမ်ဆွန်ကိုဖမ်းဆီးချိန်မှာ အမျိုးသမီးဖြစ်သူကိုလည်း ခေါ်ဆောင်သွားသည်ဟု သတင်းထွက်နေပေမယ့် အတည်မပြုနိုင်သေးဘူးလို့ The 74 Media ကဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆေးကုသမှုခံယူဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိနေချိန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး မတရားအသင်းအက်ဥပဒေ ၁၇ ()   ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) တို့နဲ့ တရားစွဲဆိုကာ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။


သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်-KBC အတွင်‌ရေးမှူးအဖြစ် နှစ်၊ ဥက္ကဋ္ဌ အဖြစ် နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံထားရသူလို့ သိရပါတယ်။ 


========================


📌📌 ၅။ The Way မိသားစု"မှထောက်ပံ့ရရှိသောအလှူငွေဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးဒေသအတွင်းရှိ အရေးပေါ်စစ်ရှောင်များကို ထောက်ပံ့ကူညီ


ဧပြီ၁၈ရက်


The Way မိသားစု"မှထောက်ပံ့ရရှိသောအလှူငွေဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးဒေသအတွင်းရှိ အရေးပေါ်စစ်ရှောင်များကို ထောက်ပံ့ကူညီခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီလအတွင်း The Way မိသားစုမှတရားဝင်အသိပေးဖော်ပြပါတယ်။


"The Way မိသားစု"မှထောက်ပံ့ရရှိသောအလှူငွေဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးဒေသအတွင်းရှိ အရေးပေါ်စစ်ရှောင်ဦးရေ - ၁၀၀ ကျော် တကြိမ်, ၂၄၅ဦီးအတွက် တကြိမ်,

စားရေးသောက်ရေးအတွက်ထမင်း တရက်စာကို ၎င်း "The Way မိသားစု"မှထောက်ပံ့ရရှိသောအလှူငွေဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးဒေသအတွင်းရှိအရေးပေါ်စစ်ရှောင်ဦးရေ - ၉၄ဦးတကြိမ်,၂၄၅ ဦး ကိုတစ်ကြိမ်, ၆၀၀ဦးကိုတကြိမ်, People's Healthcare Network မှကျန်းမာရေးရဲဘော်များနှင့်အတူအခြေခံကျန်းမာရေးစောင့်ရှောက်မှုများကိုပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။

 

 The Way ရုပ်ရှင် ချစ်ပြည်သူတို့၏ စီးဆင်းငွေများအားထိရောက်စွာ ဖြန့်ဝေ အသုံးပြုပေးပါသော ကလေးဒေသ၏သက်ဆိုင်ရာ သပိတ်ခေါင်းဆောင်အဖွဲ့များ၊ ကျန်းမာရေး သူရဲကောင်းများ အား အထူးပဲကျေးဇူးတင်ရှိတယ်လို့လည်းအသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြဝတီမြို့ပြန်ရရေး ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း စစ်သား ရာချီသေဆုံးလို့ KNU အသိပေး


မြဝတီမြို့ပြန်လည်းရရှိရေး ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်တိုက်ခိုက်နေရာမှာ စစ်သား ရာချီသေဆုံးထားပြီဖြစ်တာကြောင့် ရှေ့မတိုးနိုင်ဘဲ ဒေါနတောင်ခြေမှာ ရပ်တန့်နေတယ်လို့ KNU က ဒီနေ့ ဧပြီ ၁၈ မှာ အသိပေးထုတ်ပြန်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး-KNU ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြ၀တီမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် တွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် အဆက်မပြတ် ဖြတ်တောက်တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ KNU ဗဟိုက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြ၀တီမြို့မှာ နောက်ဆုံးကျန်နေတဲ့ ခလရ-၂၇၅ တပ်ကို KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီက မြဝတီမြို့ ပြန်ရဖို့ အောင်ဇေယျ အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတရပ်အားဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။

အခုလို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို KNLA ဦးဆောင်ပြီး KNDO နဲ့ PDF တို့က ၎င်းတို့လာရာ လမ်းတလျှောက်မှာ အဆတ်မပြတ် ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့် သံချပ်ကာ ကား အပါအဝင် စစ်သုံးကားအချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော် ထိခိုက်သေးဆုံးခဲ့ရပြီး ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဖက်မှာရှိတဲ့ တောင်ခြေမှာ ရပ်တန့်နေတယ်လို့ လည်း KNU ဗဟိုက အသိပေးထားပါတယ်။ 

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ၎င်းတို့လာရာလမ်းတလျှောက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာဒေသတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

ဒီလို တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ဒဏ်ရာသူတွေရှိတဲ့အပြင် ပြည်သူလူထု ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်ကူလာတဲ့စစ်ကြောင်းကို ဖြတ်တောက်ထားနိုင်သလို ကော့ကရိတ်မြို့ စစ်ကောင်စီလက်ထဲ ပြန်မရောက်ရေး ကြိုးပမ်းနေ တာကြောင့် တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေပြီး ကျည်ဆန်လိုအပ်ချက်ဖြည့်တင်းနိုင်ရေး ပြည်သူလူထုဘက်က ဝိုင်းဝန်း ကူညီပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ 


========================


🚩🚩 ၂။ ရွှေဘိုနယ် ညောင်ကိုင်းပျူရွာမှာ ပူခေါင်းဆောင်တွေ စုဝေးနေချိန် ဒရုန်းနဲ့ဗုံးသီချတိုက်ခိုက်မှု ပျူ ဦးသေဆုံး


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ညောင်ကိုင်းပျူရွာမှာ ပျူခေါင်းဆောင်တွေ စုဝေးနေချိန် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ ပျူ ဦး သေဆုံးသွားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရွှေဘို က ထုတ်ပြန်ပါတယ်။  

ရွှေဘိုနယ်အနောက်ခြမ်းက ညောင်ကိုင်းပျူရွာမှာ တည်သီးတော၊ မြင်းစီး၊ကုတိုးဆိပ်ရွာတို့က ပျူခေါင်းဆောင်တွေနဲ့ ပျူစောထီးတွေ စုဝေးရောက်ရှိနေတယ်လို့သတင်းရတဲ့အတွက် ဧပြီလ ၁၆ ရက်နေ့ မနက် နာရီ မိနစ် ၂ဝခန့် မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Fixed Wings နည်းပညာသုံး ဒရုန်း ၂စင်း၊ Multirotorဒရုန်း၂စင်းသုံးပြီး ဗုံးသီး ၇လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ ညောင်ကိုင်း ပျူရွာက ပျူစောထီး ထွန်းဝေနဲ့ကွမ်တီညိုတို့ သေဆုံးသွားပြီး တည်သီးတောပျူရွာက ပျူစောထီး တဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်နေချိန်မှာ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီး တွေက အပေါ်စီးကနေ စက်ကလေးနဲ့ ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရွှေဘို က အသိပေးပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight (Fight for Democracy) ဒရုန်းတပ်ဖွဲ့ SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop For Justice -DFJ မတစ်ထောင်(တစ်ကောင်ဘွား) - ဒီပဲယင်းအဖွဲ့၊ Young Ni - SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Fight for Freedom အဖွဲ့၊ ဗိုလ်ဂျပန်ကြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ Buffalo Soilders Freedom Force Magic Dragon တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပုလဲနယ် အိုင်ရောင်းရွာမှာ မီးလောင်မှုကြောင့် အိမ်ခြေ တရာကျော်ဆုံးဆုံးရှုံး


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက အိုင်းရောင်းကျေးရွာမှာ မီးမတော်တဆဖြစ်ရာကနေ မီးလောင်မှုကြောင့် အိမ်ခြေ တရာကျော် ဆုံးရှုံးခဲ့ရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။   


ဧပြီလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်က အိုင်ရောင်းကျေးရွာမှာ မီးလောင်မှုဖြစ်ခဲ့ရာမှာ ညနေ နာရီခန့်အထိ နိုင်နင်းအောင်မငြှိမ်းသတ်နိုင်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၁၁၅ လုံး မီးလောင်ပျက်စီးသွား ခဲ့ရတယ်လို့ဆိုပါတယ်။


မီးလောင်မှုကြောင့် ပြည်သူတွေပိုင်ဆိုင်တဲ့ စပါး၊ ပဲ၊ ဂျုံ၊ ကြက်သွန်စတဲ့ စားသောက်ကုန်စည် အများအပြား ဆုံးရှုံးခဲ့ရတယ် လို့လည်း ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

 

ဒါ့ကြောင့် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်လူသားစာနာတာဝန်ခံ၊မြို့နယ် ပလဖ နဲ့ မြို့နယ် ပအဖ အဖွဲ့ဝင်တွေ မီးလောင်ပြင်ဖြစ်ရာ အိုင်ရောင်းကျေးရွာသို့သွားရောက်ပြီး မီးဘေးသင့်ပြည်သူတွေနဲ့တွေ့ဆုံကာ အားပေး စကားများပြောကြားခဲ့တဲ့အပြင် လက်တလော စားနပ်ရိက္ခာအတွက်အဆင်ပြေစေရေးအတွက် ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံက မြို့နယ်အခွန်ခွဲတမ်းရငွေထဲက ကျပ်သိန်း ၂၀ ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။


လက်ရှိအချိန်မှာ အိုင်ရောင်းကျေးရွာက မီးဘေးသင့်ပြည်သူတွေအနေနဲ့ အဝတ်အထည်၊ နေထိုင်ရေး၊ စားသောက်ရေးတို့ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရတဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မေတ္တာရပ်ခံထားပါတယ်။


အိုင်ရောင်းကျေးရွာက မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းထောက်ပံ့လိုသူတွေအနေနဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတဆင့် လှူဒါန်းနိုင်သလို အိုင်ရောင်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ဖွဲ့စည်းပေးထားတဲ့ အထောက်အကူပြု ကော်မတီကိုဆက်သွယ်ပြီး လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သုံးနှစ်ကျော်ကာလအတွင်း ပြည်သူနေအိမ်ပေါင်း ရှစ်သောင်းကျော် ဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာအများဆုံးပါဝင်


ဧပြီ၁၈


စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သုံးနှစ်ကျော်ကာလအတွင်း ပြည်သူနေအိမ်ပေါင်း ရှစ်သောင်းကျော် ဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာအများဆုံးပါဝင်တယ်လို့သိရပါတယ်။


ဧပြီလအတွင်း Data for Myanmarကအသိပေးထုတ်ပြန်ပါတယ်။


၂၀၂၄ မတ်လကုန်အထိ စုစည်းထားတဲ့ အချက်အလက်များအရ စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း နှစ်ကျော်ကာလအတွင်း ပြည်သူနေအိမ်ပေါင်း ၈၃,၇၄၆ လုံး ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။


၂၀၂၃ ခုနှစ် ဩဂုတ်လမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်က ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ပေမယ့် ၂၀၂၃ ဒီဇင်ဘာလနေ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ပါတယ်။


 ပြီးခဲ့တဲ့ မတ်လအတွင်း နေအိမ်ပေါင်း ,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး အဲဒိအထဲမှာ စစ်ကိုင်းတိုင်းထဲ ,၈၅၁ လုံးနဲ့ မန္တလေးတိုင်းထဲက ၆၂၈ လုံးပါဝင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment