18th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာန မှ နှစ်သစ်ဆုမွန်ကောင်းတောင်း

📌 ၂။ခွဲခြားငြင်းပယ်ခံရမှု၊ နိုင်ငံရေးအရ နိုင်လိုမင်းထက် ဗိုလ်ကျခံရမှု၊ စစ်ကျွန်စနစ်မှာ အတင်းသွတ်သွင်း ခံနေရမှုတွေကနေ လွတ်မြောက်စေဖို့" လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး နှစ်သစ်ဆုမွန်ကောင်းတောင်း

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၄။ ကချင်ပြည်နယ်မှ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်ထဲက ခေါင်းဆောင် ဦး ပြန်လည်လွတ်မြောက်လာ

📌 ၅။ ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ပြုလုပ်ခဲ့သော "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲမှ ရရှိသော ရန်ပုံငွေစုစုပေါင်း ကျပ်သိန်း-၅၀၀ ကို စစ်ဘေးရှောင်ပြည်သူများသို့ ထောက်ပံ့ရန်NUGသို့ပေးပို့

📌 ၆။ လေကြောင်းဒဏ် ခံနေရတဲ့ ပြည်သူများအတွက် စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့

📌 ၇။ မြန်မာနှစ်သစ်ကူးမှာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား၂၀ ကျော် လွတ်မြောက်လာ

ကိုမြင့်သူ (Radio NUG) ဧပြီ ၁၈၊ ၂၀၂၄


၂၀၂၄ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း ()နှစ်ပြည့်အခမ်းအနား ကျင်းပ

🚩 ၂။ ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထား သည့် အကြမ်းဖက် စစ်ကောင်စီ၏ အင်အား(၃၀)ခန့်ရှိ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့

🚩 ၃။ ပေါင်းတည်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ၂ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၄။ မရမ်းကုန်းမြို့နယ် () ရပ်ကွက်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ

🚩 ၅။ သင်္ကြန်ကာလအတွင်း ဆီဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများတွင် အရာရှိများ အပါအဝင် စစ်သား ၁၅ ဦး သေဆုံး

🚩 ၆။ ဟားခါးမြို့က စကစတပ်ဖွဲ့ဝင်()ဦးလက်နက်များနဲ့အတူအလင်းဝင်၍ ချင်းပြည်ကာကွယ်ရေးတပ် ဟားခါးက ဆုငွေကျပ်သိန်း(၅၀)အသီးသီး ချီးမြှင့်ပေးအပ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာန မှ နှစ်သစ်ဆုမွန်ကောင်းတောင်း


ဧပြီလ ၁၇ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဧပြီလ၁၇ ရက်မှာ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


ခုခံတွန်းလှန်စစ် အရှိန်အဟုန် မြင့်တက်လာတာနဲ့အမျှ မိဘပြည်သူတို့နဲ့အတူ စုစည်းညီညွတ်မှုအပြည့်နဲ့ မဆုတ်မနစ် အားစိုက်လျှောက်လှမ်းခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ခရီးလမ်းဟာ အောင်ပွဲအလီလီနဲ့ ပိုပြီး ထင်လင်းတောက်ပလာပြီ ဖြစ်ပါတယ်။

မြန်မာနှစ်သစ် ၁၃၈၆ ခုနှစ်ဟာ မိဘပြည်သူတို့ မျှော်ရည်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တော်လှန်ရေးအောင်ပွဲသို့ အရောက်လှမ်းနိုင်တဲ့ နှစ်တနှစ်ဖြစ်စေဖို့ ကျနော်၊ ကျမတို့ ပြည်သူ့ကာကွယ်ရေးတပ််မတော်သားတွေက ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ဆက်လက် ကြိုးပမ်းအားထုတ်သွားပါ့မယ်လို့ ကတိသစ္စာပြုရင်း ဘေးကင်းလုံခြုံပြီး ကိုယ်စိတ်ကျန်းမာတဲ့ နှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ခွဲခြားငြင်းပယ်ခံရမှု၊ နိုင်ငံရေးအရ နိုင်လိုမင်းထက် ဗိုလ်ကျခံရမှု၊ စစ်ကျွန်စနစ်မှာ အတင်းသွတ်သွင်း ခံနေရမှုတွေကနေ လွတ်မြောက်စေဖို့" လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး နှစ်သစ်ဆုမွန်ကောင်းတောင်း


ဧပြီလ ၁၇ရက်။

"ခွဲခြားငြင်းပယ်ခံရမှု၊ နိုင်ငံရေးအရ နိုင်လိုမင်းထက် ဗိုလ်ကျခံရမှု၊ စစ်ကျွန်စနစ်မှာ အတင်းသွတ်သွင်း ခံနေရမှုတွေကနေ လွတ်မြောက်စေဖို့" လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးမှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


ဧပြီလ ၁၇ရက်မှာ တော်လှန်နှစ်သစ် ဆုတောင်းကို လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆုတောင်းစကားဆိုပါတယ်။


"ခွဲခြားငြင်းပယ်ခံရမှု၊ နိုင်ငံရေးအရ နိုင်လိုမင်းထက် ဗိုလ်ကျခံရမှု၊ စစ်ကျွန်စနစ်မှာ အတင်းသွတ်သွင်း ခံနေရမှုတွေကနေ လွတ်မြောက်ပြီး တန်းတူညီမျှမှုကို အာမခံသည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာအောင် အသက်၊ သွေး၊ ချွေးစတေးပြီး တော်လှန်တိုက်ပွဲဝင်နေသူတွေ အားလုံး၊ ပေးဆပ်အနစ်နာခံကြသူတွေ အားလုံး တော်လှန် နှစ်သစ် မင်္ဂလာအပေါင်းနဲ့အတူ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေး လမ်းခရီးတစ်လျှောက် အောင်အောင်မြင်မြင် ဆက်လက် အောင်ပွဲခံနိုင်ပါစေ"လို့ဆိုပါတယ်။


လက်ရှိမှာ စကစဟာ ခွဲခြားဆက်ဆံမှုများအပါအဝင် သွေးခွဲအုပ်ချုပ်၍ စစ်ဝါဒမှိုင်းများဖြန့်ချီလျက်ရှိပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဧပြီလ ၁၇ရက်၊


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၆/၂၀၂၄)ကို ဧပြီလ ၁၇ရက်နမှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အတွင်းရေးမှူးအဖွဲ့ဝင်၊  စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကချင်ပြည်နယ်မှ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်ထဲက ခေါင်းဆောင် ဦး ပြန်လည်လွတ်မြောက်လာ


ဧပြီလ ၁၇ ရက်။

ကချင်ပြည်နယ်က နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မှ ခေါင်းဆောင် ဦး မြစ်ကြီးနား အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။


ဧပြီ ၁၇ ရက် (နှစ်ဆန်း ရက်) နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန် (Rev. Dr Hkalam Sam Sun) ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဟောင်း ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဟောင်း ဦးဇော်ဝင်းတို့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။


သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန် (Rev. Dr Hkalam Sam Sun) ဟာ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး လက်ရှိ အကြံပေးပုဂ္ဂိုလ် ဖြစ်ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဟောင်းများဖြစ်ကြတဲ့ ဦးနေဝင်းနဲ့ ဦးဇော်ဝင်းတို့မှာ NLD ပါတီဝင်များ ဖြစ်ကြပြီး ပြည်နယ်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်အာဏာသိမ်းပြီးနောက် ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။


ကချင်နှစ်ခြင်း အဖွဲ့ချုပ်မှ သိက္ခာတော်ရ ဆရာတော် ခလမ်ဆမ်ဆွန် ကိုတော့ ၂၀၂၂ ဒီဇင်ဘာလ ရက် က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ပြုလုပ်ခဲ့သော "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲမှ ရရှိသော ရန်ပုံငွေစုစုပေါင်း ကျပ်သိန်း-၅၀၀ ကို စစ်ဘေးရှောင်ပြည်သူများသို့ ထောက်ပံ့ရန်NUGသို့ပေးပို့


ဧပြီလ ၁၇ရက်။

ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ပြုလုပ်ခဲ့သော "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲမှ ရရှိသော ရန်ပုံငွေစုစုပေါင်း ကျပ်သိန်း-၅၀၀ ကို စစ်ဘေးရှောင်ပြည်သူများသို့ ထောက်ပံ့ရန်NUGသို့ပေးပို့ခဲ့ပါတယ်။


ဧပြီလ ၁၇ရက်မှာ  စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီကအသိပေးဖော်ပြပါတယ်။


"စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီက ကမကထပြု၍  ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ပြုလုပ်ခဲ့သော "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်"ပွဲမှ ရရှိသော ရန်ပုံငွေစုစုပေါင်း ကျပ်သိန်း-၅၀၀ (ဝမ် ၁၇,၉၈၅,၆၁၁)ကို စစ်ဘေးရှောင်ပြည်သူများသို့ ထောက်ပံ့ရန် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနသို့ နှစ်ဆန်းတရက်နေ့တွင် ပေးပို့လိုက်ပြီး ဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။


အဆိုပါ ရန်ပုံငွေကို ကျောက်ကြီး၊ ရွှေကျင်၊ နတ္တလင်း၊ ထန်းတပင် ဒေသများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အမိုးအကာနှင့် စားနပ်ရိက္ခာများ ထောက်ပံ့သွားမယ်လို့သိရပါတယ်။


========================


📌📌 ၆။ လေကြောင်းဒဏ် ခံနေရတဲ့ ပြည်သူများအတွက် စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့


ဧပြီလ ၁၇ ရက်။


မြန်မာနိုင်ငံတစ်ဝှမ်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေ နှင့်အတူ ရပ်တည်ကြောင်းနဲ့ အသက်ဆုံးရှုံးသွားသူများအား အောင့်မေ့ဖွယ် လှုပ်ရှားမှုတခုအဖြစ် စက္ကူလေယာဉ် သပိတ်ကို မြန်မာနှစ်ဆန်း ရက်ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။


 အဆိုပါ လှုပ်ရှားမှုကို သွေးစွန်းငွေ ဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က ဦးဆောင် ပြုလုပ်နေတာ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူတွေကို ဆုတောင်းမေတ္တာ ပို့သတာ၊ လေကြောင်း တိုက်ခိုက်မှုကို ဆန့်ကျင်တာတွေအပြင် စစ်ကောင်စီကို လေယာဉ်ဆီ ပိတ်ဆို့ပေးဖို့ နိုင်ငံတကာကို တောင်းဆိုတာတွေ လည်းပါဝင်ပါတယ်။


 စက္ကူလေယာဉ်တွေကို ခေါက်တာ၊ စက္ကူလေယာဉ်တွေ ပေါ်မှာ ဆုတောင်းစကားတွေ၊ တောင်းဆိုမှုတွေ ကိုရေးသားပြီး လေထဲလွှတ်တင်တာ၊ အွန်လိုင်းမှာ ဓါတ်ပုံရိုက်တင်တာတွေကို လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေက တပြိုင်နက်ထဲ ပြုလုပ်ခဲ့ကြတာပါ။


ထို့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကို အရေးယူဖိုနဲ့ အသက်သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေနဲ့ ပြည်သူတွေအတွက် ဆုတောင်း မေတ္တာပို့သတဲ့ စာသားတွေကို လူမှုကွန်ရက်ပေါ်မှာ ရေးတင် တာမျိုးတွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ 


အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုတွေ အများအပြားရှိနေခဲ့ပြီး လူနေအိမ်၊ စာသင်ကျောင်း နဲ့ ဘာသာရေး အဆောက်အအုံတွေပါ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၇။ မြန်မာနှစ်သစ်ကူးမှာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား၂၀ ကျော် လွတ်မြောက်လာ

ကိုမြင့်သူ (Radio NUG) ဧပြီ ၁၈၊ ၂၀၂၄


ရန်ကုန်၊ အင်းစိန်အကျဥ်းထောင်ကနေ ဒီကနေ့ မွန်းတည့် ၁၂နာရီမှာ ၅၀၅(က) ပုဒ်မနဲ့ အကျဥ်းကျနေရတဲ့ နိုင်ငံရေးအကျဥ်းသား နှစ်ဆယ်ကျော်အပါအဝင် လူငယ်များ လက်နက်ငယ်ကိုင်ဆိုင်မှု၊ အချိန်မတော်လမ်းလျှောက်မှု၊ ခိုးမှုအပါအဝင် ပုဒ်မအမျိုး မျိုးနဲ့ မတရားဖမ်းဆီးထောင်ချထားတဲ့ အကျဥ်းသား ၉၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီလိုပြန်လွှတ်ပေးရာမှာလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မ ခွဲ အရ နောက်တစ် ကြိမ်ပြစ်မှုထပ်မံကျုးလွန်ပါက ၄င်းပြစ်ဒဏ်အပါအဝင် ယခုကျခံရန်ရှိသော ပြစ်ဒဏ်များ ကိုပါဆက်လက်ကျခံပါမည် ဆိုတဲ့စည်းကမ်းချက်နဲ့ ပြန်လွတ်ပေးလိုက်တာဖြစ်ပါတယ်။ 


တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၂၁ ခုကျော်မှာ တိုက်ပွဲပေါင်း တစ်သောင်းသုံးထောင်ကျော် ဖြစ်ပွားနေပြီး မြန်မာ့အရင်းမြစ်ဖြစ်တဲ့ကျေး လက်ဒေသတွေကို လူသတ်၊ မီးရှို့ ဖျတ်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝှမ်းရှိ အကျဥ်းကျ ဖမ်းဆီးခံနေရသူ ၃၃၀၃ ဦးကို ပြစ်ဒဏ်များကို လျှော့ပေါ့ပြီး လွှတ်ပေးလိုက်တယ်လို့  ထုတ်ပြန်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း ()နှစ်ပြည့်အခမ်းအနား ကျင်းပ


ဧပြီလ(၁၇)ရက်


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း ()နှစ်ပြည့်အခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသတွင် ဧပြီလ(၁၇)ရက်မှာ ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့BPLA တပ်မှုးများ၊ ရဲဘော်များ၊ အပတ်စဥ်() စုဆောင်းရေးရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနားတွင် တပ်တော်၏ကွပ်ကဲရေးမှုး ကိုဆောင်းခမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် မဟာမိတ်ခေါင်းဆောင်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီး ကျော်ဇံတို့က အားပေးမိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။


နွေဦးတော်လှန်ရေးအရှိန်အဟုန် မြင့်မားလာသည့်နှင့်အမျှ တပ်တော်၏ ရဲဘော်အများစုသည် ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြရသည့်အတွက် ယနေ့အခမ်းအနားသို့ မတက်ရောက်နိုင်ကြဘဲ အပတ်စဥ်() သင်တန်းဆင်း ရဲဘော်များနှင့် အပတ်စဥ်() စုဆောင်းရေး သင်တန်းသားများသာ အဓိက တက်ရောက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထား သည့် အကြမ်းဖက် စစ်ကောင်စီ၏ အင်အား(၃၀)ခန့်ရှိ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့


ဧပြီလ ၁၇။

ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထား သည့် အကြမ်းဖက် စစ်ကောင်စီ၏ အင်အား(၃၀)ခန့်ရှိ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီလ(၁၆)ရက် မွန်းလွဲ (၁၂)နာရီ (၅၀)မိနစ်ဝန်းကျင်တွင် ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ အင်အား(၃၀)ခန့်ရှိ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင် အမှတ်()တပ်ရင်းနှင့် ပုလောစစ်ကြောင်း-၁၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။


လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဖက်ဆစ်စစ်တပ်ဘက်မှ အနည်းဆုံး()ဦးထက် မနည်း (မျက်မြင်)ထိခိုက်သေဆုံးခဲ့ပြီး လက်တွေ့တွင် ပိုမို ထိခိုက်သေဆုံးနိုင်တယ်လို့ဆိုပါတယ်။


ထို့နောက် ဖက်ဆစ် စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာသဖြင့် မိမိတို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် ဖက်ဆစ်တပ်များ တပ်စွဲလေ့ရှိသည့် ပလောက်မြို့ အနောက်ကမ်း အုပ်ချုပ်ရေးမှူးစုကန်း၏ နေအိမ်အား မီးရှို့ ဖျက်ဆီးပစ်ခဲ့ပြီး မွန်းလွဲ()နာရီဝန်းကျင်တွင် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

မြိတ်ခရိုင်အမှတ်()တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည် ပုလောမြို့နယ်အတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ဖက်ဆစ်တပ်များနှင့် ၎င်းတို့ လက်ဝေခံ ပျူစောထီးတပ်ဖွဲ့တို့ကို အရှိန်အဟုန်မြင့် တိုက်ခိုက်လျက်ရှိတယ်လို့လည်း အသိပေးဆိုထားပါတယ်။


========================


🚩🚩 ၃။ ပေါင်းတည်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ၂ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဧပြီလ ၁၇ရက်။

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး များစွာဒဏ်ရာရသွားတယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF -၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။ 

ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာက ပြည်သူတွေကို မတရားဖမ်းဆီးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီလ ၁၄ ရက်နေ့ မနက် ၆နာရီခွဲခန့်အချိန်က သစ်ပုတ်ရွာအနီးမှာ ပဒေသာမိုင်း လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးပြီး ဦး ပြင်ထန်ဒဏ်ရာရသွားရာ သေဆုံးသူတွေနဲ ဒဏ်ရာရသူတွေကို သစ်ပုတ် တာဝါတိုင်စခန်းကို သယ်သွားပြီး အဲဒီကနေမှတဆင့် ပေါင်းတည်မြို့ဘက်ကို နာရီအချိန်မှာ ထပ်မံ သယ်ယူသွားတယ်လို့ သိရပါတယ်။ 

ထို့အတူ ဧ‌ပြီလ ၁၄ ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာလည်း အင်အား ၄၈ ဦးနဲ့ ထန်းကုန်းဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ရာ အနည်းဆုံး စစ်သား ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF -၃၆၀၁၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၂ တပ်ရင်း၊ တပ်ခွဲ နဲ့ တပ်ခွဲ ၄တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်စစ်ကြောင်းတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကရဲဘော် ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ PPDF က အသိပေးပါတယ်။


========================


🚩🚩 ၄။ မရမ်းကုန်းမြို့နယ် () ရပ်ကွက်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ


ဧပြီလ ၁၇ ရက်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအတွက် လူစုပေးနေတဲ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ () ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Together Urban Force အဖွဲ့ထံမှ သိရပါတယ်။


ဧပြီလ ၁၇ ရက်မှာ အဆိုပါ ရုံးကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် လက်ပစ်ဗုံးဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ Together Urban Force အဖွဲ့က ဆိုပါတယ်။


စစ်ကောင်စီရဲ့ မတရားတဲ့ စစ်မှုထမ်း ဥပဒေအတွက် အလုပ်လုပ်ပေး နေမယ်ဆိုရင် ထိရောက်စွာ အရေးယူမယ်လို့ အကြိမ်ကြိမ် သတိပေးထားတာကို မလိုက်နာဘဲ ပြည်သူတွေကို ပိုက်ဆံကောက်၊ စစ်ထဲအတင်းထည့်တာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ ၎င်းအဖွဲ့က ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Together Urban Force အဖွဲ့နှင့် Yangon Underground Revolutionary Team (YURT) ပူးပေါင်းမဟာမိတ် အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဆင်‌ရေး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့သားများ အားလုံး ဘေးကင်းတယ်လို့ သိရပါတယ်။


Together Urban Force အနေဖြင့် ဧပြီလ ၁၆ ရက်နေ့ ညနေကလည်း အင်းစိန်မြိုနယ်ရှိ စစ်ကောင်စီရဲ့ စီးပွား‌ရေး ထောက်တိုင် က.. ရုံးကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ သင်္ကြန်ကာလအတွင်း ဆီဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများတွင် အရာရှိများ အပါအဝင် စစ်သား ၁၅ ဦး သေဆုံး


ဧပြီလ ၁၇ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) မှ ထုတ်ပြန်ပါတယ်။


ဧပြီလ ၁၅ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အမတ (၅၀၇) တပ်နှင့် ခမရ (၅၀၉) တပ်တို့မှ  ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ် အောင်ကျော်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်းအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။


ထို့ပြင် ဧပြီလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်မှ အရာရှိ ၁၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ဦးမှာ အောင်ပန်း ကုတင် ၇၀၀ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် ဒေသခံများ ထိခိုက်သေဆုံးနေပြီး ပအိုဝ်းလူမျိုးများ အထွဋ်မြတ်ထားရာ ဘာသာရေးအဆောက်အအုံများကိုလည်း စစ်ကောင်စီက ပစ်မှတ်ထား ဖျက်ဆီးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ဟားခါးမြို့က စကစတပ်ဖွဲ့ဝင်()ဦးလက်နက်များနဲ့အတူအလင်းဝင်၍ ချင်းပြည်ကာကွယ်ရေးတပ် ဟားခါးက ဆုငွေကျပ်သိန်း(၅၀)အသီးသီး ချီးမြှင့်ပေးအပ်ခဲ့


ဧပြီလ ၁၇ရက်။

ဟားခါးမြို့က စကစတပ်ဖွဲ့ဝင်()ဦးလက်နက်များနဲ့အတူအလင်းဝင်၍ ချင်းပြည်ကာကွယ်ရေးတပ် ဟားခါးက ဆုငွေကျပ်သိန်း(၅၀)အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


ချင်းပြည်နယ် ဟားခါးမြို့ Rungတောင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား()ဦးသည် ချင်းပြည်ကာကွယ်ရေးတပ် ဟားခါးထံသို့ လက်နက်များနဲ့အတူခိုလှုံအလင်းဝင်လာတယ်လို့CDFဟားခါးကအတည်ပြုပါတယ်။


အလင်းဝင်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်()ဦးသည် စစ်ကောင်စီလက်အောက်တွင်ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် ၎င်းတို့၏လက်နက်ကိုယ်စီနဲ့အတူခိုလှုံခဲ့တာလို့သိရပါတယ်။


၄င်းတို့အား ချင်းပြည်ကာကွယ်ရေးတပ် ဟားခါးက ဆုငွေကျပ်သိန်း(၅၀)အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment