19th APR 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဧပြီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူကို နိုင့်ထက်စီးနင်း မဆက်ဆံမိဖို့၊ အာဏာပါဝါလက်ကိုင်ထားပြီး ဦးဆောင်မှုတွေ မမှားယွင်းကြဖို့ အင်မတန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာလူငယ်များ၏ မျှော်မှန်းချက်များကို မမေ့လျော့သင့်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌 ၃။ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားမှာ UWSA က NUG ကပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြား

📌 ၄။ စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ စစ်အုပ်စုထိန်းချုပ်ထားသည့် မြို့နယ်များတွင်ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေ

📌 ၅။ နှစ်ဆန်းတစ်ရက်နေ့ အကြမ်းဖက်စစ်ကောင်စီပေးသည့် လွတ်ငြိမ်း(၃၃၀၃)ဦးတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ရာခိုင်နှုန်းသာ ပါဝင်ခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြို့သိမ်းတိုက်ပွဲများအတွက် Drone တပ်ဖွဲ့ဝင် အသစ်များကို စဥ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးနေပြီလို့ သထုံTPDFအသိပေး

🚩 ၂။  ဖားကန့် လွယ်ဆိုင်တပ်စခန်းက စစ်သားတွေ စခန်းစွန့်သွားတဲ့အတွက် KIA က ရှင်းလင်းရာ ခဲယမ်းနဲ့ကျည် ကား ၂စီးတိုက်စာရရှိ

🚩 ၃။ နတ်မောက်အရှေ့ခြမ်းက ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းရာမှ သေနတ်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိ

🚩 ၄။ ချောင်းဦး ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၅။ မုပွန်နယ်မြေ ရဲစခန်းမှ အချုပ်သား တချို့ သေနတ်လုယူ ထွက်ပြေး

🚩 ၆။ ပြည်သူတစ်ဦးကို ရှေ့မှထွန်စက်မောင်းခိုင်းကာ လူသားဒိုင်းကာအသုံးပြု ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ခန့် သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူကို နိုင့်ထက်စီးနင်း မဆက်ဆံမိဖို့၊ အာဏာပါဝါလက်ကိုင်ထားပြီး ဦးဆောင်မှုတွေ မမှားယွင်းကြဖို့ အင်မတန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဧပြီလ ၁၈ရက်။

ပြည်သူကို နိုင့်ထက်စီးနင်း မဆက်ဆံမိဖို့၊ အာဏာပါဝါလက်ကိုင်ထားပြီး ဦးဆောင်မှုတွေ မမှားယွင်းကြဖို့ အင်မတန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီလ ၁၈ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောကြားပါတယ်။


"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ကတော့ သူတို့ ရဲ့နောက်ဆုံး ထွက်သက်အထိ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်လို့ရနိုင်တဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ရင်း ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေအုံးမှာ ဖြစ်ပါကြောင်း၊ ဒီလိုအချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာပဲဖြစ်စေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာပင်ဖြစ်စေ အသေးအဖွဲ့ကိစ္စကစလို့ ကြီးမားတဲ့  ပြဿနာမျိုးတွေ မဖြစ်ကြဖို့ အင်မတန် အရေးကြီးပါကြောင်း၊ မြို့နယ်အဆင့်မှာ တာဝန်ယူထားရတဲ့ သူတွေဆိုရင် ပြည်သူများနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေကြရတာမို့ အထူးသတိထားကြဖို့ လိုမှာ ဖြစ်ပါကြောင်း၊ ပြည်သူကို နိုင်ထက်စီးနင်း မဆက်ဆံမိဖို့၊ အာဏာပါဝါလက်ကိုင်ထားပြီး ဦးဆောင်မှုတွေ မမှားယွင်းကြဖို့ အင်မတန် အရေးကြီးပါကြောင်း၊ အခွန်ကောက်ခံမှုလုပ်ငန်းတွေဟာ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး အထူးသတိပြုရန်လိုကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၄/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာလူငယ်များ၏ မျှော်မှန်းချက်များကို မမေ့လျော့သင့်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


ဧပြီလ ၁၈ရက်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့်လူမှုရေးကောင်စီအောက်မှ ၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများကျင်းပရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်ဆွေးနွေးပြောကြားခဲ့ပါတယ်။


"စစ်တပ်၏ တရားမဝင်သော အတင်းအကြပ် စစ်သားစုဆောင်းရေးကြောင့်လည်း ပြည်သူများ ကြုံတွေ့နေသော ဒုက္ခကို ပိုမိုဆိုးရွားစေကြောင်း၊ လူငယ်အချို့မှာ ပုန်းရှောင်နေရပြီး အချို့မှာ ပြည်ပနိုင်ငံများကို ထွက်ပြေးကြရကြောင်း၊ မိမိတို့အနေဖြင့် လူငယ်များအား အနာဂတ်မဲ့စေသည့် ထိုသို့သော အခြေအနေဆိုး တစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ လူငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာလူငယ်များ၏ မျှော်မှန်းချက်များကို မမေ့လျော့သင့်ပါကြောင်း၊ ထို့အတူ 2030 Agenda ကို ဗဟိုပြုလျက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မချန်လှပ်ရေး မူနှင့်အညီ လိုအပ်သော ထိရောက်သောအရေးယူမှုများကို အလျင်အမြန် ဆောင်ရွက်သင့်ပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


UNDP စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်အတွင်းမြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ် ဦးရေ ထက်ဝက်ကျော်မှာ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ကျရောက်နေပြီး ၁၂. သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကာ ၁၈. သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားမှာ UWSA က NUG ကပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြား


ဧပြီလ ၁၈ရက်။

ပန်ဆန်းမြို့မှာ ကျင်းပတဲ့ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့်အခမ်းအနားမှာပြည် သွေးစည်းညီညွတ် ရေးပါတီ UWSP/UWSA က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့်အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းမြို့မှာ အကြီးအကျယ် ကျင်းပခဲ့တာဖြစ်ပါတယ်။ 

 

ဒီအခမ်းအနားမှာ ထုတ်ပြန်ချက်နဲ့ အဖွဲ့အစည်းအသီးသီးကပေးပို့တဲ့ သဝဏ်လွှာတွေထဲက အချို့ကို ဖတ်ကြားသွားခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပေးပို့လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားသွားခဲ့တာလို့ အခမ်းအနားတက်ရောက်သူတွေဆီက သိရတဲ့အကြောင်း ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ ရွှေဖီမြေ သတင်းဌာနကလည်း ဖော်ပြထားပါတယ်။


NUG က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို စစ်အဏာရှင်စနစ်ကနေ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို ဦးဆောင်ပြီး ကူညီပံ့ပို့းခဲ့တာကို ဂုဏ်ယူတယ်လို့ ပါရှိပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဏာရှင်စနစ်အမြစ်ဖြုတ်ချရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


နှစ်စဉ်ကျင်းပတဲ့ ဒီအခမ်းအနားမှာ အစိုးရဘက်က ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပေမယ့် အခုနှစ်ကျင်းပတဲ့ အခမ်းအနားမှာတော့ NUG ကပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။


ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု-၃၅ နှစ်ပြည်အခမ်းအနားကို ညီနောင်- ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက် လာတာကိုတွေ့ရပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တာဝန်ရှိသူလည်း တက်ရောက်ခဲ့ကြပါတယ်။


ရှမ်းပြည်နယ်မှာရှိတဲ့ "" ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံဟာ တိုင်းရင်းသားတွေကြားမှာ စံပြနမူနာဖြစ်တယ်လို့ UWSA ထံပေးပို့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ရဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ စစ်အုပ်စုထိန်းချုပ်ထားသည့် မြို့နယ်များတွင်ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေ


ဧပြီလ ၁၈ရက်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ စစ်အုပ်စုထိန်းချုပ်ထားသည့် မြို့နယ်များတွင်ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။


ဧပြီလ ၁၈ရက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကဖော်ပြပါတယ်။


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့်သုတေသနဌာနမှ လေ့လာစောင့်ကြည့်မှုအရ စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ စစ်အုပ်စုထိန်းချုပ်ထားသည့် မြို့နယ်များတွင်ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေလျက်ရှိရာ ဒေသခံပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများလက်လှမ်းမမှီသည့်အပြင် ငတ်မွတ်မှုဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိတယ်လို့ဖော်ပြပါတယ်။


အဆုံးအဖြတ် တိုက်ပွဲများအတွက် စစ်တွေနဲ့ ကျောက်ဖြူက ပြည်သူတွေ အဆင်ပြေတဲ့ နည်းလမ်းနဲ့ ထွက်ခွာပြီး လွတ်မြောက်နယ်မြေမှာ လာရောက်နေထိုင်ဖို့ အာရက္ခတပ်တော် (ရခိုင်တပ်တော်) နေ့သဝဏ်လွှာမှာ  စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကလည်းဆိုထားပါတယ်။


========================


📌📌 ၅။ နှစ်ဆန်းတစ်ရက်နေ့ အကြမ်းဖက်စစ်ကောင်စီပေးသည့် လွတ်ငြိမ်း(၃၃၀၃)ဦးတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ရာခိုင်နှုန်းသာ ပါဝင်ခဲ့


ဧပြီလ ၁၈ရက်။

နှစ်ဆန်းတစ်ရက်နေ့ အကြမ်းဖက်စစ်ကောင်စီပေးသည့် လွတ်ငြိမ်း(၃၃၀၃)ဦးတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ရာခိုင်နှုန်းသာ ပါဝင်ခဲ့တယ်လို့ ဧပြီ ၁၈ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဖော်ပြပါတယ်။


"နှစ်ဆန်းတစ်ရက်နေ့ အကြမ်းဖက်စစ်ကောင်စီပေးသည့် လွတ်ငြိမ်း(၃၃၀၃)ဦးတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ရာခိုင်နှုန်းသာ ပါဝင်ခဲ့ပါတယ်။ လက်ရှိ ကောက်ယူထားမှုတွင် နိုင်ငံရေးအကျဉ်းသား(၁၀၁)ဦးလွတ်မြောက်ခဲ့ပြီး မြစ်ကြီးနားအကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။ (မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်စစ်ကောင်စီမှ ၁၇ ရက်နေ့ ညပိုင်းတွင် ပြန်လည်ခေါ်ဆောင်သွားပြီး ယခုထုတ်ပြန်သည့်အချိန်အထိ နေရပ်အိမ်သို့ပြန်လည်ပို့ဆောင် ပေးခြင်းမရှိသေးပါ"လို့ဖော်ပြပါတယ်။


စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုအကျဉ်းထောင်၊ကသာထောင်၊မုံရွာအကျဉ်းထောင်၊ ကလေးအကျဉ်းထောင်များတွင် စစ်ကောင်စီ ပြန်လွှတ်ပေးသည့်အထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မှ မပါဝင်ကြောင်း စီစစ်တွေ့ရှိရတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မြို့သိမ်းတိုက်ပွဲများအတွက် Drone တပ်ဖွဲ့ဝင် အသစ်များကို စဥ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးနေပြီလို့ သထုံTPDFအသိပေး


ဧပြီလ ၁၈ရက်။

မြို့သိမ်းတိုက်ပွဲများအတွက် Drone တပ်ဖွဲ့ဝင် အသစ်များကို စဥ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးနေပြီလို့ သထုံTPDFအသိပေးဆိုပါတယ်။


ဧပြီလ၁၈ရက်မှာ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးတပ်ဖွဲ့ TPDFကတရားဝင်အသိပေးဆိုပါတယ်။


"ကျွန်တော်တို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးတပ်ဖွဲ့ TPDF အနေဖြင့် မြို့သိမ်းတိုက်ပွဲများအတွက် Drone တပ်ဖွဲ့ဝင် အသစ်များကို စဥ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးနေပါတယ်"လို့ဖော်ပြပါတယ်။

လက်ရှိမှာမွန်ပြည်နယ်အတွင်းရှိ စကစတပ်ဖွဲ့များကိုလည်း မကြာခဏ ဒရုန်းများနဲ့စစ်ဆင်ရေးကို တော်လှန်ရေးတပ်ဖွဲ့များကဆင်နွှဲလေ့ရှိပါတယ်။


========================


🚩🚩 ၂။  ဖားကန့် လွယ်ဆိုင်တပ်စခန်းက စစ်သားတွေ စခန်းစွန့်သွားတဲ့အတွက် KIA က ရှင်းလင်းရာ ခဲယမ်းနဲ့ကျည် ကား ၂စီးတိုက်စာရရှိ


ဧပြီလ ၁၈ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လွယ်ဆိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားတာ ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ရှင်းလင်းသိမ်းပိုက်ခဲ့ရာမှာ ခဲယမ်းနဲ့ ကျည် ကား ၂စီး တိုက်စာ ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

လွယ်ဆိုင်တာဝါတိုင်စခန်းက စစ်ကောင်စီတပ်သားတွေ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စခန်းကို စွန့်ခွာသွားပြီး ကာမိုင်းဗျူဟာတပ်စခန်းမှာ သွားရောက်ပူးပေါင်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်သားတွေက လက်နက်တွေကို သယ်ဆောင်သွားခဲ့ကြပေမယ့် ခဲယမ်းတွေကို သယ်ယူနိုင်ခြင်း မရှိတာကြောင့် ခဲယမ်းတွေ အမြောက်အများရရှိခဲ့တာလို့ သိရပါတယ်။  

KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေချိန်မှာ လွယ်ဆိုင်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်တာမရှိဘဲ စခန်းစွန့်သွားတာလည်းဖြစ်ပါတယ်။

ဖားကန့်မြိုနယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအများစုကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားပြီး ကျန်နေတဲ့စစ်စခန်းတွေကိုလည်း ထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် မကြာမီကာလမှာ ဖားကန့်မြိုနယ်တခုလုံးကို KIA က ထိန်းချုပ်နိုင်တော့မယ်လို့ မျှော်လင့်ရတယ်လို့ သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။


========================


🚩🚩 ၃။ နတ်မောက်အရှေ့ခြမ်းက ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းရာမှ သေနတ်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိ


ဧပြီလ ၁၈ရက်။

မကွေးတိုင်း နတ်မောက်မြို့နယ်ထဲက ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်း လင်းခဲ့ရာမှာ သေနတ်တလက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ဂွေးချိုကျေးရွာအုပ်စု ဖုန်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်လည်းဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ အသက် ၆၀ နှစ် ဝန်းကျင်အရွယ် ခင်မောင်အေးကို ဧပြီ ၁၇ ရက် ညနေ နာရီ ဝန်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့က ရဲဘော်တွေ ရွာထဲဝင်ပြီး အုပ်ချုပ်ရေးမှူးကို ရှာဖွေနေချိန်မှာ ပျူခေါင်းဆောင် ခင်မောင်အေးက ၎င်းကိုင်ထားတဲ့ ကာဘိုင်သေနတ်နဲ့ စတင်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဟာ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောင်မြင်စွာ ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့လည်း အသိပေးပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ ခင်မောင်အေးဆီက ကာဘိုင်သေနတ်တလက်၊ ကာဘိုင်ကျည် ၁၉ တောင့် သိမ်းဆည်းနိုင်ခဲ့သလို ၎င်းရဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာက ပစ္စတိုအတုတလက်၊ လက်ပစ်ဗုံး လုံး၊ မမကျည် တောင့်၊ စစ်ဝတ်စုံ ၁၁ စုံ၊ အီကွေးမန့် စုံ၊ စစ်ဖိနပ် ရံနဲ့ ကျောပိုးအိတ်တလုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ကြိုးကြာနီတပ်ဖွဲ့၊ နတ်မောက် ပကဖ၊ မြို့သစ် ပကဖ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ နဲ့ Aung San’s Land တပ်ရင်း ၉၀၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဗိဿနိုးလက်အောက်ခံပူးပေါင်းတပ်ဖွဲ့တွေဟာ ဧပြီလ ၁၄ ရက်ညကလည်း နတ်‌မောက်မြို့နယ် လက္ခုပ္ပင်အုပ်စု အုပ်ချုပ်ရေးမှူး ဘိုထွန်း ကိုလည်း ပစ်သတ်ရှင်းလင်းခဲ့ပြီး ပွိုင့်တူးတူး လက်လုပ်သေနတ်တလက်နဲ့ ကျည်အချို့ သိမ်းဆည်းနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ချောင်းဦး ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဦး သေဆုံး


ဧပြီလ ၁၈ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ရဲစခန်းအား တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တယ်လို့  မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ () လျှပ်စီးတပ်ခွဲ က သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ၁၇ ရက်နေ့၊ ၁၀ နာရီ ၁၉ မိနစ်ခန့် အချိန်မှာ ချောင်းဦး ရဲစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း () စီး အသုံးပြုပြီး ဗုံးသီး ၁၁ လုံးဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချောင်းဦးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိ အတည်ပြုနိုင်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲက ပြောပါတယ်။

 

 အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ- (လျှပ်စီးတပ်ခွဲ) ရန်ရှင်းဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်- တပ်ရင်း၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ- (မီးတောက်တပ်ခွဲ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ မုပွန်နယ်မြေ ရဲစခန်းမှ အချုပ်သား တချို့ သေနတ်လုယူ ထွက်ပြေး


ဧပြီလ ၁၈ ရက်။

Radio NUG


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သားတချို့ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်ကို လုယူပြီး အချုပ်ခန်းဖောက် ထွက်ပြေးသွားခဲ့တယ်လို့ မွန်ဒေသတွင်းက သတင်းဌာန တစ်ခုဖြစ်တဲ့ Rehmonnya FM မှာ ဖော်ပြထားပါတယ်။


ဧပြီလ ၁၇ ရက်နေ့ နေ့လည် နာရီ ခွဲခန့်မှာ မုပွန်ရဲစခန်းမှ အချုပ်သား () ဦးဟာ အချုပ်ခန်းဖောက်ပြီး ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်ထံက သေနတ်လုယူ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။


ထိုသို့ လက်နက်လုယူ အချုပ်ဖောက် ပစ်ခတ်မှုအတွင်း ကင်းတာဝန်ကျ ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။


ဒေသခံတွေရဲ့ ပြောကြားချက်အရ ပစ်ခတ်မှု ဖြစ်ပွားအပြီးမှာ ဒေသတွင်းက နာရေးကူညီမှု အသင်းကားတွေ ရဲစခန်းထဲ ဝင်သွားတာတွေ ရှိတာကြောင့် ထိခိုက်ဒဏ်ရာ ရတာတွေတော့ ရှိနိုင်တယ်လို့ သိရပါတယ်။


အဆိုပါ အချုပ်သား ဦးဟာ မည်သူမည်ဝါဖြစ်ပြီး မည်သည့် စွပ်စွဲချက်နဲ့ အချုပ်ကျနေတယ် ဆိုတာကို မသိရသေးဘဲ အချုပ်ဖောက် ထွက်ပြေးသွားသူတွေထဲက တစ်ဦးကိုတော့ စစ်ကောင်စီ အဖွဲ့ဝင်တွေက ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


လွတ်မြောက် နေသေးတဲ့ အချုပ်သားတွေကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အပူတပြင်း လိုက်ရှာ နေပြီး မြို့နယ်အတွင်းမှာ ပိတ်ဆို့စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။


========================


🚩🚩 ၆။ ပြည်သူတစ်ဦးကို ရှေ့မှထွန်စက်မောင်းခိုင်းကာ လူသားဒိုင်းကာအသုံးပြု ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ခန့် သေဆုံး


ဧပြီလ ၁၈ ရက်။

Radio NUG


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီး ရွာဘက်ကို ပြည်သူ တစ်ဦးအား ရှေ့ကနေ ထွန်စက်မောင်းခိုင်းကာ ချီတပ်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် အယောက် (၂၀) ဝန်းကျင် သေဆုံးသွားခဲ့တယ်လို့ အလည်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော်တိုင်း စစ်ဌာန၊ တပ်ရင်း (၉၀၁) မှ သတင်း ထုတ်ပြန်ထားပါတယ်။


မိုင်းကြောက်လို့ ပြည်သူတစ်ဦးကို ရှေ့က ထွန်စက်မောင်းခိုင်းကာ ချီတက်လာတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဧပြီလ ၁၇ ရက် နေ့လည် ၁၂ နာရီခန့်က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


တစ်နာရီခန့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စနိုက်ပါ ထိမှန်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့သလို နောက်ထပ် ၁၀ ဦး ကျော်ခန့်လည်း သေဆုံးခဲ့တယ်လို့ နေပြည်တော် တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။


ထို့နောက် အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ချိန်မှာ ပိတ်မိပြီး ကျန်ခဲ့တဲ့ စစ်သား ဦးကို လက်နက်ချရန် ပြောဆိုခဲ့ပေမယ့် ပြန်လည်ခုခံ ပစ်ခတ်ခဲ့တာကြောင့် ပစ်သတ်ခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။


ထို့ပြင် ၎င်းစစ်ကြောင်း နောက်ပြန်ဆုတ်ချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့ ပေါ်တာဆွဲလာတဲ့ ထွန်စက်မောင်းသူ အမျိုးသား တစ်ဦးအား ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ တပ်ခွဲမှူး တစ်ဦးနဲ့ စနိုက်ဘာကိုင်တဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ၎င်း တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူက ပြောပြပါတယ်။


၎င်းစစ်ဆင်ရေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ (၉၀၁) တပ်ရင်း၊ တပ်ရင်း (၃၅၀၁) တပ်ခွဲ () တပ်ရင်း (၈၀၄) နဲ့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ (နေပြည်တော်) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment