19th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara  ကတောင်းဆိုထုတ်ပြန်

📌 ၂။ မီရှီဂန်ပြည်နယ်၊ မြန်မာလူထုနှင့် တွေ့ဆုံ ဆွေးနွေးပွဲ (Townhall Meeting) သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့်အတူ"သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်တို့တက်ရောက်"

📌 ၃။ ပြင်ပလူနာ တသိန်းနီးပါး၊အတွင်းလူနာ သုံးသောင်းနှစ်ထောင်နီးပါးကို NUGကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများပေးနိူင်ခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူလူထုအနေနဲ့ KNLA KNDO PDF မဟာမိတ်ပူးပေါင်းတပ်တွေကို ယုံကြည်ဖို့ ပဒိုစောတောနီး တိုက်တွန်း

🚩 ၂။ စစ်ကောင်စီတပ်ဖွဲ့က ပအိုဝ်းဒေသခံ ဦးကို ပစ်ခတ်ရာမှတဦးသေဆုံး

🚩 ၃။ တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက် လေယာဉ် ဂိုထောင်ထိမှန်ပျက်စီး

🚩 ၄။ မြစ်ကြီးနား မြို့မှအကြမ်းဖက် နမ့်ပေါင်လေတပ်အား ၁၀၇မမနဲ့ယနေ့မနက်ပစ်ခတ်ခဲ့တယ်လို့NBPDF တပ်ဖွဲ့ မှ အတည်ပြုဖော်ပြ

🚩 ၅။ အကြမ်းဖက်စစ်တပ်အနေနဲ့၂၀၂၄ ခုနစ် ပထမ () ပတ်တွင်း စုစုပေါင်း စခန်း နဲ့ မြို့ (၂၇၈) ခု လက်လွတ်ရပြီး ဖြစ်တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara  ကတောင်းဆိုထုတ်ပြန်


ဧပြီ၁၉


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara  ကတောင်းဆိုခဲ့‌တယ်လို့  ဧပြီ ၁၇ ရက်နေ့မှာ ထိုင်းအစိုးရကိုယ်စား ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


အဲဒီကြေညာချက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို အပြည့်အဝ ပြန်လွှတ်ပေးဖို့ ထိုင်းအစိုးရ က တောင်းဆိုကြောင်းဖော်ပြထားပါတယ်။


ယင်းကဲ့သို့ လွှတ်ပေးခြင်းအားဖြင့် အာဆီယံဘုံသဘောတူညီချက် ရပ်ကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ကြေညာချက်မှာပါရှိပါတယ်။


အကြမ်းဖက်စကစဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို အကျဥ်းထောင်ကနေ နေရာပြောင်းရွှေ့လိုက်ကြောင်းသတင်းထုတ်ပြန်ခဲ့ပြီး နေရာအတိအကျကိုမူထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။


========================


📌📌 ၂။ မီရှီဂန်ပြည်နယ်၊ မြန်မာလူထုနှင့် တွေ့ဆုံ ဆွေးနွေးပွဲ (Townhall Meeting) သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့်အတူ"သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်တို့တက်ရောက်"


 ဧပြီလ ၁၉ ရက်


ဧပြီလ ၁၃ ရက်၊ မဟာသင်္ကြန် အကြိုနေ့တွင်ကျင်းပသည့် အမေရိကန်ပြည်ထောင်စု၊ မီရှီဂန်ပြည်နယ်၊ မြန်မာလူထုနှင့် တွေ့ဆုံ ဆွေးနွေးပွဲ (Townhall Meeting) သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်လည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။


တွေ့ဆုံပွဲအတွင်း စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးဆိုင်ရာ အခြေအနေမှန်များကို တင်ပြ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ မေးမြန်းချက်များကိုလည်း ပွင့်ပွင့်လင်းလင်း ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။


မြန်မာနွယ်ဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းညီညွတ်စွာဖြင့် တော်လှန်ရေးအတွက် အတူတကွ ပံ့ပိုး ကူညီနေကြသည်ကို တွေ့ရသည့်အပေါ် အထူး ဝမ်းအားရဖြစ်မိကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ US Congressional Burma Caucus တွဲဘက်ဥက္ကဋ္ဌ၊ မီရှီဂန်မဲဆန္ဒနယ်မြေ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် Bill Huizenga က ဗွီဒီယိုဖြင့် အမှာစကား ပေးပို့ ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ ပြင်ပလူနာ တသိန်းနီးပါး၊အတွင်းလူနာ သုံးသောင်းနှစ်ထောင်နီးပါးကို NUGကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများပေးနိူင်ခဲ့


ဧပြီ၁၉ရက်


ပြင်ပလူနာ တသိန်းနီးပါး၊အတွင်းလူနာ သုံးသောင်းနှစ်ထောင်နီးပါးကို NUGကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများပေးနိူင်ခဲ့တယ်လို့ 

ဧပြီလအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း () နှစ်ပြည့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူသို့ အစီရင်ခံရာမှာ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံကပြောကြားခဲ့ပါတယ်။


"ပြီးခဲ့တဲ့နှစ်ကုန်အထိ ဆေးရုံဆေးခန်း၂၀၃ခုကနေရရှိတဲ့အချက်အလက်တွေအရ ပြင်ပလူနာ တသိန်းနီးပါး၊အတွင်းလူနာ သုံးသောင်းနှစ်ထောင်နီးပါး၊အသေးစားနှင့်အကြီးစားခွဲစိပ်မှုပေါင်းသုံးသိန်းသုံးသောင်းကျော်၊လူနာလွှဲပြောင်းပို့ဆောင်မှုသုံးထောင့်ရှစ်ရာနီးပါးရှိခဲ့ပါတယ်။ပြင်ပလူနာစောင့်ရှောက်တဲ့ဟာက သုံးနှစ်အတွင်းလေးဆခန့်ပိုမိုများပြားလာပါတယ်"လို့ဆိုပါတယ်။


ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု နှစ်သောင်းတထောင်ကျော်၊ရိုးရိုးမွေးဖွားမှုသုံးသောင်းငါးထောင်နီးပါး၊ခွဲစိပ်မွေးဖွားမှု၃၉၉၇ဦးကိုဆောင်ရွက်ပေးနိူင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပြည်သူလူထုအနေနဲ့ KNLA KNDO PDF မဟာမိတ်ပူးပေါင်းတပ်တွေကို ယုံကြည်ဖို့ ပဒိုစောတောနီး တိုက်တွန်း


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေအပေါ် ယုံကြည်မှုရှိကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြည်သူလူထုကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

ထိုင်းအခြေစိုက် မီဒီယာတခုဖြစ်တဲ့The Reporters နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပဒိုစောတောနီးက အခုလိုပြောဆိုလိုက် တာဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ မရှိဘူးလို့လည်း ပြောပါတယ်။

မြ၀တီမြို့ အခြေအနေနဲ့ပတ်သက်လို့  လတ်တလောမှာ စစ်ဆင်ရေးတွေ မပြီးဆုံးသေးတဲ့အတွက် တရားဝင် အုပ်ချုပ်မှု မြ၀တီမြို့မှာ မစတင်သေးကြောင်းနဲ့ စစ်ဆင်ရေးပြီးဆုံးအောင် ဦးစွာလုပ်ဆောင်ရမယ်လို့လည်း အသိပေးထားပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေကို ကော့ကရိတ်မြို့အနီးမှာ ဖြတ်တောက်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးကာ စစ်တပ် သံချပ်ကာတင့်ကား စီး (သို့မဟုတ်) စီးကို ဖျက်ဆီးနိုင်ခဲ့တာကြောင့် စစ်ကောင်စီအနေနဲ့ မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ဆိုရင် အရင်ကလို လွယ်ကူမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ 

"ကျနော်တို့အနေနဲ့ ပြောချင်တာက ရှေ့တန်းမှာရှိတဲ့ KNLA KNDO PDF မဟာမိတ်ပူးပေါင်းတပ်တွေအပေါ်မှာ ယုံကြည်မှု ရှိပါ။ မြ၀တီမြို့ကို စစ်တပ်က အရင်လို လွယ်လွယ်နဲ့ ပြန်သိမ်းလို့မရပါဘူး။ ကျနော်တို့အနေနဲ့ လက်ရှိမှာ စစ်ဆင်ရေး အဆုံးသတ်နိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ ပြီးရင်တော့ မြို့ပြအုပ်ချုပ်ရေးတွေ ကျနော်တို့ လုပ်ပါ့မယ်။ လက်ရှိမှာတော့ မြ၀တီမှာ နိုင်ငံရေးအရအုပ်ချုပ်မှု ကင်းလွတ်နေတာမျိုးရှိပါတယ်။ အရင်ကရှိနေတဲ့ ယန္တရားကပဲ ဆက်သွားနေတာဖြစ် ပါတယ်" လို့ ပဒိုစောတောနီးက ပြောပါတယ်။ 

လက်ရှိမှာ အခြေအနေတည်ငြိမ်မှုမရှိသေးတာကြောင့် တိုက်ခိုက်ရေးလုပ်ငန်းကို ဦးစားပေးလုပ်ဆောင်မှာဖြစ်ပြီး  ပြည်သူ လူထုအတွက် အကောင်းဆုံးဖြစ်အောင် လူထုနဲ့အတူ လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။  

နိုင်ငံရေးအရလည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး NUG KNPP CNF KIO တို့နဲ့ ဘုံပန်းတိုင်သို့ ချီတက်နေကြောင်းနဲ့ အနာဂတ်ဒီမိုကရက်တစ် ဖက်ဒရယ်အစိုးရမှာ စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ ပူးတွဲလုပ်ဆောင်နေတယ်လို့လည်း ရှင်းပြထားပါတယ်။ 

KNU အနေနဲ့ ကော်သူလေးပြည် တည်ထောင်သွားမှာဖြစ်ပြီး ကော်သူလေးပြည်ဟာ ကရင်တိုင်းရင်းသားတွေအတွက်သာ မက တိုင်းရင်းသားအားလုံးနဲ့အတူ လက်တွဲနေထိုင်သွားမယ်လို့လည်း အသိပေးပြောကြားထားပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီတပ်ဖွဲ့က ပအိုဝ်းဒေသခံ ဦးကို ပစ်ခတ်ရာမှတဦးသေဆုံး


ရှမ်းပြည်တေင်ပိုင်း ပအိုဝ်းဒေသမှာရှိတဲ့ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးတနေရာမှာ အကြမ်းဖက်စစ်တပ်က ပအိုဝ်းဒေသခံ ဦးကို ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PNLA က ပြောပါတယ်။

မနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ နာရီခန့်အချိန်က ဆီဆိုင်မြို့နယ် ဖြီတခေါ့ကျေးရွာကဒေသခံ ၂ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွား ရာ ပုံလောင်းကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပစ်ခတ်ခဲ့တာကြောင့် ရွာသားတဦး ပစ်ခတ်မှုဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်နေတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ အသိပေးပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်ခံမငကြောင့် သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို လက်ရှိ ဧပြီ ၁၉ မနက်ပိုင်းအချိန်ထိ စစ်ကောင်စီတပ်က ပြန်လည်သယ်ယူခွင့်မပြုသေးဘူးလို့ PNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက် လေယာဉ် ဂိုထောင်ထိမှန်ပျက်စီး


မန္တလေးတိုင်း တံတားဦးမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်ကို ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ လေယာဉ်ထားတဲ့ဂိုထောင် ထိမှန်ပျက်စီးသွားတယ်လို့ Freedom Revolution Force – FRF က ပြောပါတယ်။ 

မြန်မာနိုင်ငံအနှံ့က ပြည်သူတွေကို လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ တံတားဦးမြို့က စစ်ကောင်စီလေတပ် ကို ဧပြီလ ၁၇ ရက်နေ့ မနက် နာရီခန့်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ ၉၀ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ရှော့တိုက်ဒုံး ၁၂ လုံးခန့် ပစ်မှတ်ကိုထိမှန်ပေါက်ကွဲခဲ့တဲ့အတွက် လေယာဥ်ဂိုထောင် ပျက်စီးသွားတယ်လို့ FRF က ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ရာမှာ ၉၀ မမ ဒုံးသီးအားလုံး ပစ်မှတ်ကိုထိမှန်ခဲ့ပြီး ၁၀၇ မမ ဒုံးသီးအချို့ကတော့ ပစ်မှတ်ကို မရောက်ခဲ့ဘူး လို့ သိရပါတယ်။

တံတားဦးလေတပ်စခန်းမှာရှိတဲ့ လေယာဥ်ဂိုထောင်တလုံး ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေကလည်း အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ လေတပ်ဘက်အခြမ်းကိုပိတ်ထားပြီး ထိခိုက်ပျက်စီးမှုအခြေအကိုသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ FRF က ပြောပါတယ်။ 

 ဧပြီ ၁၇ ရက်နေ့မနက်က တံတားဦးလေတပ်စခန်းအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရှော့တိုက်ဒုံး လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံတယ်လီဂရန်ချန်နယ်တွေကလည်း ဖော်ပြနေတာရှိပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရှော့တိုက်ဒုံးထိတဲ့ လေယာဉ်ထားရာဂိုထောင်ထဲက တိုက်လေယာဉ်အချို့ ထိခိုက်ပျက်စီးမှုတွေရှိတယ် ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို Freedom Revolution Force - FRF အထူးတာဝန်တပ်ဖွဲ့- Kyaukse Revolution Army – KRA နဲ့ စဥ့်ကိုင်မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက လေတပ်အတွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၄။ မြစ်ကြီးနား မြို့မှအကြမ်းဖက် နမ့်ပေါင်လေတပ်အား ၁၀၇မမနဲ့ယနေ့မနက်ပစ်ခတ်ခဲ့တယ်လို့NBPDF တပ်ဖွဲ့ မှ အတည်ပြုဖော်ပြ


ဧပြီ၁၉


ကချင်ပြည်နယ်၊မြစ်ကြီးနား မြို့မှအကြမ်းဖက် နမ့်ပေါင်လေတပ်အား ၁၀၇မမနဲ့ယနေ့မနက်ပစ်ခတ်ခဲ့တယ်လို့NBPDF တပ်ဖွဲ့ မှ အတည်ပြုဖော်ပြပါတယ်။


စစ်ဆင်ရေးကို ဧပြီ၁၉ရက် 9 နာရီ 55မိနစ် တွင်ဆင်နွှဲခဲ့ကြောင်းဖော်ပြပါတယ်။


တိုက်လေယာဉ်အားကိုးပြီး အပြစ်မဲ့ ပြည်သူများပါမကျန်အပေါ်စီးကနေ အနိုင်ကျင့်ဗုံးကျဲ တိုက်ခိုက်သတ်ဖြတ်နေသောမြစ်ကြီးနား မြို့မှအကြမ်းဖက် နမ့်ပေါင်လေတပ်အားNBPDF တပ်ဖွဲ့ မှ ဧပြီ၁၉ရက်မနက်9 နာရီ 55မိနစ် တွင်(မပခ)စစ်ဌါနချုပ်(စစ်ကောင်စီ)တပ်နယ်မြေအတွင်းထိ ( ဒုတိယအကြိမ် )မြှောက်၁၀၇ မမ (၁၀) လုံး ဖြင့် ခက်ခဲသည့်ကြားမှအနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


စစ်ဆင်ရေးတွင်NBPDF ရဲဘော်များအားလုံး ဘေးကင်းစွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၅။ အကြမ်းဖက်စစ်တပ်အနေနဲ့၂၀၂၄ ခုနစ် ပထမ () ပတ်တွင်း စုစုပေါင်း စခန်း နဲ့ မြို့ (၂၇၈) ခု လက်လွတ်ရပြီး ဖြစ်တယ်လို့ဆို


ဧပြီ၁၉ရက်


အကြမ်းဖက်စစ်တပ်အနေနဲ့၂၀၂၄ ခုနစ် ပထမ () ပတ်တွင်း စုစုပေါင်း စခန်း နဲ့ မြို့ (၂၇၈) ခု လက်လွတ်ရပြီး ဖြစ်တယ်လို့ ဧပြီ၁၉ရက်မှာ စစ်ရေးသုံးသပ်ချက်များကိုဖော်ပြတဲ့ PDFInsightကဖော်ပြထားပါတယ်။


"အကြမ်းဖက်စစ်တပ်အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာ ဝန်းရံတိုက်ခိုက်မှု ကြုံတွေ့နေရပြီး နိုင်ငံရဲ့ ဒေသ အများစု မှာ စစ်ရေး အရှုံးကြီးတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီလို ရှုံးဆုံးမှုတွေထဲမှာ မြို့တွေ၊ ဗျူဟာမြောက် စစ်စခန်းတွေ၊ တပ်ရင်းဌာနချုပ်တွေ၊ ရှေ့တန်း စခန်းတွေ ပါဝင်ပြီး ၂၀၂၄ ခုနစ် ပထမ () ပတ်တွင်း စုစုပေါင်း စခန်း နဲ့ မြို့ (၂၇၈) ခု လက်လွတ်ရပြီး ဖြစ်ပါတယ်။ အဓိကအားဖြင့် ကချင်၊ ရခိုင် နဲ့ ရှမ်း ပြည်နယ်တွေမှာ စခန်းဆုံးရှုံးမှုများနေပါတယ်"လို့ဖော်ပြပါတယ်။


ထို့အပြင်စကစရဲ့တပ်ရင်း၊ အမြောက်တပ်ရင်း၊ စကခ ဌာနချုပ် စုစုပေါင်း (၃၆) ခု သိမ်းပိုက်ရရှိထားပါတယ်။


 သိန္နီမြို့ စကခ (၁၆) ဌာနချုပ်၊ ပလက်ဝ စကခ (၁၉) ရှေ့တန်း ဌာနချုပ်၊ ကျောက်တော် စကခ () ဌာနချုပ်၊ မိုးမောက် အမှတ် (၆၁၆) ဒုံးတပ်ရင်း၊ မိုးမောက် အမှတ် (၃၇၀) အမြောက် တပ်ရင်း၊ ကျောက်တော် အမှတ် (၃၇၇) အမြောက်တပ်ရင်း တို့ပါဝင်ပြီး လွယ်ဂျယ်မြို့ အပါအဝင် စုစုပေါင်းမြို့ (၃၂) မြို့ကို ပထမ () တာ ကာလအတွင်း သိမ်းပိုက်ထားပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment