1st MAY 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၁၅ /၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ နိုင်ငံတဝှမ်းက နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်ကြောင်း NUG ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောဆို

📌 ၄။ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီမှ ရန်ကုန်အတွင်းစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KNDF ဗျူဟာ အမှတ် ရဲ့ အပတ်စဉ် စစ်‌သင်တန်းဆင်းပွဲပြုလုပ်

🚩 ၂။ မန္တလေး ပီဒီအက်ဖ် က ၂၀၂၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှာ တိုက်ပွဲသတင်း ထုတ်ပြန်ပါတယ်။

🚩 ၃။ တောင်သာမြို့နယ်က ပြည်သူ့နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ဦး ဒဏ်ရာရ

🚩 ၄။ ပေါက်မြို့နယ်၊ တပ်ကုန်းပျူရွာအား PDF များ ဝင်တိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၁၅ /၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်


ဧပြီလ ၃၀ရက်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၅ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဧပြီလ ၃၀ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။


ယာယီသမ္မတ ဒူဝါလရှီးလကတော်လှန်ရေးဖြစ်စဉ်မှာ ကျွန်တော်တို့ဟာ အနိမ့်အမြင့် အတက်အကျတွေကိုလည်း ကြုံတွေ့ နိုင်သလို၊ တစ်ဆစ်ချိုး အကွေ့အကောက်တွေကိုလည်း ဖြတ်သန်းလာရတဲ့ သဘောရှိပါတယ်။ ကြမ်းတမ်းခက်ခဲတဲ့ လူထုတော်လှန်ရေးခရီးတိုင်းဟာ အမြဲတမ်းလိုလို တစ်ဖြောင့်တည်း ဖြောင့်ဖြူးနေတာမျိုးတော့ မဟုတ်ဘူးဆိုတာ သတိချပ်ဖို့လိုပါတယ်။ ယခု ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ခုခံတော်လှန်စစ်ကာလ () နှစ်ကျော်၊ () နှစ်ကာလမှာ ကျွန်တော်တို့ဟာ အောင်ပွဲတွေကိုလည်း ရရှိခဲ့သလို တခါတရံ လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေလည်း ရှိခဲ့တာတွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ မျက်မှောက်ကာလမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးရာသီဥတုကိုလည်း သေချာ အကဲခတ်ပြီး ခုခံတော်လှန်စစ်မှာ အမှားအယွင်း နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေး ဖြစ်သလို၊ လူတန်းစားအားလုံးနဲ့ လူမျိုးအားလုံး ပါဝင်ကြတဲ့ စစ်အာဏာရှင်စနစ် တော်လှန်ရေးကြီးဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုပေါင်းများစွာနဲ့ စုပေါင်းချီတက်ကြတဲ့ တော်လှန်ရေးကြီးတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွင်းက diversity ဖြစ်တဲ့ ဓလေ့ယဉ်ကျေးမှုကို မီးမောင်းထိုးပြနေတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။လို့ ပြောကြားပါတယ်။


ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ဟာ ဘယ်လိုပဲ မတူကွဲပြားတဲ့ နည်းနာ တွေကို ပြောင်းလဲ ကျင့်သုံးရသည် ဖြစ်စေ၊ ဦးတည်လျှောက်လှမ်းတဲ့ ပန်းတိုင်ကတော့ အတူတူပဲဖြစ်ကြောင်း သတိရဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နိုင်ချိန်ကျမှ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သက်ဆိုင်တာမျိုး မဟုတ်ပါဘူး။ လက်ရှိ တော်လှန်ရေး ကာလအတွင်း မှာ လည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာကို ကျင့်သုံးလို့ ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိ ခုခံ တော်လှန်စစ်ကာလအတွင်းမှာ၊ စစ်ရေးအရ လွတ်မြောက်ဒေသနဲ့ စစ်ရေးအရ ထိန်းချုပ်ဧရိယာတွေ အမြောက်အမြား ပေါ်လာပြီး ဖြစ်ပါတယ်။ အဲသည့်လို ဒေသတွေမှာ ကျွန်တော်တို့ဟာ လက်တွေ့ ကျတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တော်လှန်ရေးအခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ကျင့်သုံး နိုင်ကြဖို့ အားပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖြစ်တန်ချေ ရှိတဲ့ တော်လှန်ရေး အလား အလာနဲ့ ဖြစ်နိုင်ချေရှိတဲ့ နိုင်ငံရေး အလားအလာတွေကို မျှခြေညီညီ ကြည့်မြင်ပြီး အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖြစ်ပေါ် တိုးတက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး ရာသီဥတု အကူးအပြောင်းမှာလည်း အဖျားအနာ ကင်းကင်းနဲ့ ကျန်းမာစွာ ဆက်လက် လျှောက်လှမ်းနိုင် မှသာ တော်လှန်ရေးခရီးကို ဆုံးခန်းတိုင်သည်အထိ ရောက်ရှိမှာ ဖြစ်ကြောင်း ပြောကြားအပ် ပါတယ်။လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှလည်းခေတ်စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းဖို့ ကြိုးစား ဆောင်ရွက်ရတဲ့အခါ အမြဲတမ်း အခက်အခဲတွေနဲ့ ကြုံတွေ့ရစမြဲပဲ ဖြစ်ပါတယ်။ တော်လှန်ရေး ကာလ စတင်စဉ်တုန်းကလည်း စတင်စဉ်အချိန်မို့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရသလို အခုလို တဆင့်ပြီး တဆင့် ကြိုးစားပြီး အောင်မြင်မှုဆီ ရောက်ခါနီးတဲ့အချိန်မျိုးမှာ ဆိုရင်လည်း တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ ဝေဝါးသွားစေမယ့် သတင်း စကားတွေနဲ့ သွေးခွဲ၊ သပ်လျှိုမှုတွေကလည်း များသထက် များလာနေတာကို အားလုံးလည်း သတိထားမိမယ်လို့ မျှော်လင့်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ကတော့ သူတို့ရဲ့နောက်ဆုံး ထွက်သက်အထိ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်လို့ရနိုင်တဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ရင်း ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေအုံးမှာ ဖြစ်ပါတယ်။လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်းဒီလိုအချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ ဖြစ်စေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားမှာပင်ဖြစ်စေ အသေးအဖွဲကိစ္စကစလို့ ကြီးမားတဲ့ ပြဿနာမျိုးတွေ မဖြစ်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့ တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် တာဝန်ယူ ထားရ တာကြောင့် အင်အားစုတွေ အချင်းချင်းကြားက အခက်အခဲတွေ၊ မပြေလည်မှုတွေကို ဝိုင်းဝန်း ကူညီဖြေရှင်းပေးနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တော်လှန်ရေးအင်အားစု တွေနဲ့ ပြည်သူတွေကြားကပြဿနာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အစိုးရရဲ့ ယန္တရားအဆင့်ဆင့်ကနေ စီမံကြရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကို မဖြေရှင်းနိုင်ရင် ကျွန်တော်တို့ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုအပေါ် အများကြီး ထိခိုက်လာနိုင်တာမို့ ဝန်ကြီးများအားလုံး ဂရုပြု အားစိုက် ကြရမယ့် ကိစ္စပဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အစိုးရအတွက် အကန့်အသတ်ရှိနေတဲ့ အချိန် ကာလအတွင်းမှာ အကန့် အသတ်ရှိနေတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ၊ ဘဏ္ဍာငွေ အရင်းအမြစ်တွေကို ကောင်းစွာ စီမံ ခန့်ခွဲနိုင်မှသာ တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် အောင်ပွဲတွေ ရရှိနိုင်မှာဖြစ် တဲ့အတွက် ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


အစည်းအဝေးမှာ Strategic Communication & Public Relations Unit (SCPRU) အတွင်းရေးမှူးအဖွဲ့က စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။


အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဧပြီလ ၃၀ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဧပြီလ ၃၀ရက် နေ့လယ် (:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို နေ့လယ် (:၀၀) နာရီအချိန်တွင်‌ ရပ်နားခဲ့သည်။


========================


📌📌 ၃။ နိုင်ငံတဝှမ်းက နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်ကြောင်း NUG ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောဆို


ဧပြီလ ၃၀ ရက်။

Radio NUG

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တွေက နယ်စပ်ကုန်သွယ်ရေးမြို့ () မြို့ အပါအဝင် နိုင်ငံတဝှမ်းက နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က အခုလို ပြောဆိုခဲ့တာပါ။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေဖွဲ့ပြီး စစ်ရေး မဟာဗျူဟာတွေ ဖော်ဆောင်နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း ဆက်ပြောပြပါတယ်။


လက်ရှိမှာ စစ်ကောင်စီရဲ့ အဓိကကျတဲ့ စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ နေပြည်တော်၊ ပြင်ဦးလွင်နဲ့ က.. လက်နက်စက်ရုံ စတာတွေကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ပြီး ဆက်ပြီးတိုက်ခိုက်နိုင်တဲ့ အနေအထားလည်း ရှိတယ်လို့ ဆိုပါတယ်။


ဒါ့ပြင် NUG အစိုးရ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပအဖ၊ ပကဖ နဲ့ ပလဖတွေကို အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် နေတယ်လို့ ဦးနေဘုန်းလက်က ပြောပါတယ်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း ၎င်းတို့ ဖော်ဆောင်နေတဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကော်မတီတစ်ရပ် ဖွဲ့ပြီးလုပ်ဆောင်နေတာတွေ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီမှ ရန်ကုန်အတွင်းစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်


ဧပြီ ၃၀ရက်

Radio NUG 

ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ(SPTSC ) က ဦးဆောင်ပြီး  ဒီနေ့ ဧပြီလ ၃၀ရက်နေ့မှာ  ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ 

လျှပ်စစ်မီးပြတ်တောက်နေမှုနဲ့ လူထုနေ့စဥ် တွေ့ကြုံနေရတဲ့ အခက်ခဲတွေကီု စာနာနားလည်တဲ့အနေနဲ့ ဒီစစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်မြို့ နေရာအချို့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ(SPTSC) မှ ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးပြတ်တောက်နေမှုနဲ့ လူထုနေ့စဥ် တွေ့ကြုံနေသည့် အခက်ခဲအား ဦးတည်၍စစ်အာဏာရှင်ဆန့်ရေးလှုပ်ရှားမှုတစ်ခုအားပြုခဲ့သည့် လူထုလှုပ်ရှားမှုအား ရန်ကုန်မြို့တွင်းနေရာအချို့တွင်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်မင်းနွေဦး၊ ခါးရှယ်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ KNDF ဗျူဟာ အမှတ် ရဲ့ အပတ်စဉ် စစ်‌သင်တန်းဆင်းပွဲပြုလုပ်


 ဧပြီလ ၃၀ ရက်

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းတစ်နေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စတင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ဗျူဟာအမှတ် () ရဲ့ အပတ်စဉ် () အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီကနေ့ ဧပြီ(၃၀)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်လို့ ဖက်ဒရယ်FMက ဖော်ပြထားပါတယ်။


အခမ်းအနားမှာ နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ စစ်ရေးပြခြင်း၊ တက်ရောက်လာကြတဲ့ တပ်ခေါင်းဆောင်အကြီးအကဲက မိန့်ခွန်းစကားပြောကြားခြင်း အစီအစဉ်တွေနဲ့ ပွဲကိုစတင်ခဲ့ကြပါတယ်။

"ကျွန်တော်တို့အားလုံးသင်တန်းဆင်းပြီ၊ ရဲဘော်ပီသဖို့အချိန်ရောက်ပြီ။ ရှေ့မှာဆရာတွေပြောသွားတဲ့အတိုင်းပဲ လက်လုံးရည်၊ နှလုံးရည်၊ စည်းကမ်းလိုက်နာဖို့၊ လူထုအပေါ်မှာ ကာကွယ်မှု၊ စောင့်ရှောက်မှု၊ မေ့တ္တာထားမှုနဲ့ ကျွန်‌တော်တို့ရဲဘော် စစ်ကြောင်းပြရမယ်။ ရန်သူကိုရန်ငါပြတ်ပြီးတော့ ချေမှုန်းတိုက်ဖျက်ရမယ်၊ စစ်အာဏာရှင်ပြုတ်ကျတဲ့ထိ တိုက်ပွဲဝင်ဖို့ စတဲ့အချက်တွေနဲ့ ရဲဘော်စစ်ကြောင်း သက်သေပြရ‌တော့မှာ ဖြစ်တယ်လို့" KNDF ဒုစစ်ဦးစီးချုပ်မာဝီက သင်တန်းဆင်းပွဲမှာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်ဟု ဖက်ဒရယ်FMက ဖော်ပြထားပါတယ်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် () ဟာ လွိုင်ကော်မြို့တိုက်ပွဲ ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းမှ စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံစစ်သင်တန်းအပတ်စဉ်()ကို ()လထဲ ပို့ချသင်ကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ (KNDF) ဗျူဟာအမှတ်() ‌အခြေခံစစ်သင်တန်း အပတ်စဉ်() သင်တန်းမှာ လွိုင်ကော်မြို့တိုက်ပွဲ (၁၁၁၁) နောက်ပိုင်းမှ စတင်ဝင်ရောက်လာတဲ့လူငယ်တွေဖြစ်ကြပြီး ရှမ်းတောင်က(၁၅၀)ဦး အပါအဝင် သင်တန်းသူ/သား(၅၀၀)ဦးကျော် တက်ရောက်ပြီးစီးခဲ့တယ်လို့ ဖက်ဒရယ်FMမှာ ဖော်ပြထားပါတယ်။


လက်ရှိ မိုးဗြဲနဲ့ ဖားဆောင်းမြို့နယ်‌‌တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းနဲ့အဆမတန် တိုက်ခိုက်အသုံးပြုနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မန္တလေး ပီဒီအက်ဖ် က ၂၀၂၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှာ တိုက်ပွဲသတင်း ထုတ်ပြန်ပါတယ်။


ဧပြီလ ၃၀ရက်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စစ်ကောင်စီ၏ အရေးပါသော စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူလျက်ရှိရာ ဧပြီလ (၂၈) ရက်နေ့ မနက်ခင်းပိုင်းတွင် စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံး၊ စစ်ကောင်စီတပ်သား (၁၅) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် (၁၉) လက် ၆၀ မမ စိန်ပြောင်း ()လက် အပါအဝင် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။


ဆက်လက်ပြီး စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာတိုက်ပွဲတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပဲ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခြားစခန်းငယ်တစ်ခုအားလည်း သိမ်းပိုက်ရရှိပြီးကြောင်းဖော်ပြထားပါတယ်။


ဒါ့အပြင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်တွင်လည်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ တောင်သာမြို့နယ်က ပြည်သူ့နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ဦး ဒဏ်ရာရ


ဧပြီလ ၃၀ ရက်။

Radio NUG

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီး ရွာထဲက ပြည်သူပိုင် နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် () တပ်ရင်းက သတင်း ထုတ်ပြန်ပါတယ်။


ဧပြီလ ၂၉ ရက် ညနေ နာရီ ၁၅ မိနစ်ခန့်မှာ ဇရပ်ကြီး ရွာထဲက ပြည်သူနေအိမ်မှာ တပ်စွဲ နေထိုင်နေတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး လုံး ကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အဆိုပါ နေအိမ်မှာ အမိုးပွင့်ထွက် ပျက်စီးသွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အခြားနေအိမ်ကို ပြောင်းရွှေ့တပ်စွဲသွားကြတယ်လို့ မြင်းခြံခရိုင် အမှတ် () တပ်ရင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရ စစ်သားများကို တောင်သာ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရကြောင်း ဆက်ပြောပါတယ်။


ထို့အပြင် နာရီခန့်မှာလည်း မြင်းခြံမြို့နယ်၊ လေးဆုံရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားများ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရှိရပါတယ်

အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း (Natogyi Regional Defence Force) နှင့် တောင်သာမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပေါက်မြို့နယ်၊ တပ်ကုန်းပျူရွာအား PDF များ ဝင်တိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ


ဧပြီလ ၃၀ ရက်။

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ တပ်ကုန်း ပျူရွာမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီ နဲ့ ပျူစောထီးများကို သွားရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ Chauk Guerrilla Force (CGF) အဖွဲ့ထံမှ သိရပါတယ်။


ဧပြီလ ၂၉ ရက်နေ့ မနက် နာရီခန့်မှာ တပ်ကုန်း ပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရွာအတွင်းက စစ်ကောင်စီ အထိုင်ချထားတဲ့ ဘန်ကာ ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ CGF အဖွဲ့်ခေါင်းဆောင် ဗိုလ်ပေတ က ပြောပါတယ်။


နောက်ဆုံးကျန်တဲ့ ဘန်ကာကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေစဉ် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှာ ရဲဘော် ဦး လက်နက်ကြီးစ ထိမှန်ခဲ့တာကြောင့် မနက် နာရီခန့်မှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီးများ ထိခိုက်မှုများခဲ့ပြီး ဝမ်းဗိုက် ကျည်ထိမှန်တဲ့ ပျူစောထီး ခေါင်းဆောင်ကတော့ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (CGF) ချောက်မြို့နယ် ပြောက်ကျား တပ်ဖွဲ့၊ ချောက် (ပကဖ) တိုက်ခိုက်ရေး ပြောက်ကျား တပ်ဖွဲ၊ Young Revolution Force (နားပေါက် ပေါက်တောင်ပိုင်း တပ်ဖွဲ့) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းနွေဦး၊ ခါးရှယ်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment