1st MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ ကြားတွင်သာ ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း

📌 ၂။ အပူချိန် အလွန်အမင်းမြင့်တက်ခြင်းနှင့်စပ်လျဉ်းသည့် သတိပေးချက် NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌ရေးဝန်ကြီးဌာန ထုတ်ပြန် 

📌 ၃။ NUG အလုပ်သမားဝန်ကြီးဌာနမှ မေဒေး ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

📌 ၄။ ကိုင်းသီးနှံတွေ စစ်ကောင်စီ၏ ပိတ်ဆို့ခံထားရလို့ အဆုံးအရှုံးများ ရင်ဆိုင်နေရ


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေဦးမြို့အထွက် စစ်တပ်စစ်ဆေးရေးဂိတ်ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ဦး သေဆုံး 

🚩 ၂။ ဆိပ်ဖြူမြို့နယ်တွင် စစ်ကား စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ဦးသေဆုံး 

🚩 ၃။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို လေနက်စွာအသိအမှတ်ပြုကြောင်း ချင်းညီနောင် တပ်ဖွဲ့ အသိပေး

🚩 ၄။ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆီဆိုင်မြို့နယ်က ဒေသခံပြည်သူများကို ဓားစာခံပြုလုပ်

🚩 ၅။ ရေစကြိုနယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ဦး သေဆုံးပြီး တဦး ပစ်ခတ်သတ်ဖြတ်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ ကြားတွင်သာ ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း


Radio NUG မေ ၁၊ ၂၀၂၄


စစ်ကောင်စီက တော်လှန်ရေးကိုပုံဖျက်လို၍ လက်ရှိဖြစ်နေသည့် အခြေအနေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် စစ်ကောင်စီအကြားဖြစ်နေသည့် ပြဿနာဟု လှုံ့ဆော်မှုများရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြောင်း People Spring သတင်းဌာနက ရေးသားလိုက်ပါတယ်။


ဧပြီ ၃၀ရက်က ကျင်းပသည့် NUG သတင်းစာရှင်းလင်းပွဲမှာ ယခုကဲ့သို့ ရှင်းပြလိုက်တာ ဖြစ်ပါတယ်။


တော်လှန်ရေးစတင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မြေပြင်၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များကို လူထုကိုအခြေခံပြီး ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းပအဖများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း NUG ပေါ်ပေါက် လာချိန်၌ ကြားကာလ အုပ်ချုပ်မှု ဖော်ဆောင်ရေးလက်စွဲကို ပြဌာန်းပြီး ပအဖများကို ဗဟိုနှင့် ကိုက်ညီသည့် ဖွဲ့စည်းမှု ပုံစံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။


" ပအဖ ဖွဲ့စည်းတဲ့ မူမှာဆိုရင် NLD ကိုယ်စားလှယ်တွေ NLD ပါတီဝင်ရယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ မြေပြင်မှာရှိနေတဲ့ သက်ဆိုင်ရာ မြို့နယ်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစု အသီးသီးကနေ ကိုယ်စားလှယ်ပေးပြီး စုဖွဲ့ထားတဲ့ ပုံစံမျိုးနဲ့ သွားတယ်။ အဲဒီအထဲမှာ မဖြစ်မနေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ NLD ပါတီဝင်တွေဟာ ပါပါတယ်။ ဘာကြောင့် ပါလာလဲဆိုရင် တော်လှန်ရေးမှာ ပါလာလို့ကို သူတို့ ပါလာတာ ဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကနေ ပအဖ ခေါင်းဆောင်ကို NLD ဖြစ်ရမယ် တို့ ဘာတို့ ဘာမှ သတ်မှတ်ထားတာ ရွေးချယ်ထားတာမရှိဘဲနဲ့ မြို့နယ်မှာ ညှိနှိုင်းပေါင်းစပ်ပြီး ဒီ ပအဖတွေကို ဖွဲ့စည်းတာဖြစ်တယ်ဟု ဦးလွင်ကိုလတ်က ပြောသည်။


" စစ်ကောင်စီက ဖြစ်နေတဲ့ တော်လှန်ရေးကို ပုံဖျက်ချင်တော့ ဒါက စစ်ကောင်စီနဲ့ NLD ကြားထဲမှာ ဖြစ်သယောင် သွေးထိုး လှုံ့ဆော်နေတာဖြစ်ပေမယ့် တကယ့်မြေပြင်မှာ ရှိနေတဲ့ စုဖွဲ့မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနီးကပ်ရှိနေတဲ့ ပြည်သူလူထုက ဒီပုံစံမျိုးမဟုတ်ဘူးဆိုတာ သိပါလိမ့်မယ်ဟုလည်း ဦးလွင်ကိုလတ်က ပြောသည်။ မြို့နယ်အဆင့် စုဖွဲ့မှုများ၌ NUGက မည်သူ့ကို တာဝန်ပေးရမည်ဟု တိုက်ရိုက်ဆောင်ရွက်နေခြင်းမရှိဘဲ မြို့နယ်တွင်းရှိ တော်လှန်ရေးဦးဆောင်အင်အားစုများ၏ ပေါင်းစပ်ဖွဲ့စည်းမှုဖြင့် သွားနေခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။


========================


📌📌 ၂။ အပူချိန် အလွန်အမင်းမြင့်တက်ခြင်းနှင့်စပ်လျဉ်းသည့် သတိပေးချက် NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌ရေးဝန်ကြီးဌာန ထုတ်ပြန် 


မေလ ၁ရက်


ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ပြင်းထန်သည့် အပူလှိုင်းဖြတ်ခြင်းအပါအဝင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များသည် ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိပါသည်။ ၂၁ရာစု အစောပိုင်းကတည်းကပင် ကမ္ဘာကြီးသည် ဒီဂရီ ဆဲလ်စီယပ်ခန့် ပိုမိုပူနွေးလာကြောင်း သုတေသန လေ့လာမှုများအရ တွေ့ရှိရပါသည်။ ယခု ၂၀၂၄ ခုနှစ်တွင် အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံ အများစုနှင့် အာရှနိုင်ငံအများစုသည် အပူချိန်ပြင်းထန်မှု၏ သက်ရောက်မှုများကို သိသိသာသာ ကြုံတွေ့ခံစားရလျှက်ရှိပြီး အာရှနိုင်ငံအချို့တွင် အချိန်အခါမဟုတ်မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်း ဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိသည်။

 

 ထိုကဲ့သို့ အပူချိန်အလွန်အမင်း မြင့်တက်မှုများကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ အပူချိန် အလွန်အမင်းမြင့်တက်ခြင်းကြောင့် အရေပြားနေလောင်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အပူလွန်၍ သတိလစ်ခြင်းတို့အပြင် ပိုမိုပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ 


 မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့အများစုသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်လျက်ရှိပြီး အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များမှာ မြို့ကြီးအများစုတွင် ဖြစ်ပွားလျက်ရှိသည်။ မိုးလေဝသ ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ လာမည့်ရက်သတ္တပတ် အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် အပူချိန် ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်ပါသည်။ 


အပူချိန်နှင့် စိုထိုင်းဆကို တိုင်းတာသည့် အညွှန်းကိန်းများအရ အပူချိန် ၄၀ ဒီဂရီဆဲလ်စီယပ်နှင့် အထက်သို့ရောက်ရှိနေပါက အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အောက်ပါတို့ကို သတိပြု နေထိုင်သင့်ပါသည်-


- နေ့လည်ခင်းအချိန်တွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားပါ။ အထူးသဖြင့် အပူချိန်အပြင်းထန်ဆုံးဖြစ်သည့် နေ့လည် ၁၂ နာရီမှ ညနေ နာရီအတွင်း နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့မှုမရှိအောင် နေထိုင်ရမည်။


-  လေဝင်လေထွက်ကောင်းပြီး အရိပ်ရသည့် နေရာများတွင် နေထိုင်ပါ။ 


-  ခန္ဓာကိုယ်၌ ရေဓါတ်အလုံအလောက် ရရှိစေရန်အတွက် ရေကို တတ်နိုင်သမျှ များများသောက်သုံးရမည်။ ရေဆာသည်အထိမစောင့်ဘဲ ရေကိုမကြာခဏ သောက်သုံးသင့်ပါသည်။


- မဖြစ်မနေအပြင်သို့ ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာကွယ်သည့် လိမ်းဆေးရည်များ လိမ်းပြီးမှ အပြင်သို့ထွက်ပါ။


-  ပြင်းထန်သည့် အားကစားလှုပ်ရှားမှုများနှင့် အရက်သေစာသောက်စားမှုများကို ရှောင်ကြဥ်ပါ။


- ပွပွချောင်ချောင် အရောင်ဖျော့သည့် အဝတ်အစားများကို ဝတ်ဆင်ပါ။ 


- ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များသည် အပူကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေးအန္တရာယ်များကို ပိုမိုခံစားရနိုင်သည့်အတွက် အထူးဂရုစိုက်စောင့်ရှောက် သင့်ပါသည်။


-  အပူချိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများ တွေ့ရှိပါက ရှေးဦးသူနာပြုစု ခြင်းကို အလျင်အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပိုမိုဆိုးဝါးသည့် အခြေအနေတွင် ပြုစုကုသမှုကို အမြန်ဆုံးခံယူပါ။ 


-  လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်းမှ အပူချိန်ပြင်းထန်သည့် ပြင်ပသို့ချက်ချင်းထွက်ခြင်း၊ ပြင်ပမှ လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်း ချက်ချင်းဝင်ခြင်းများကို သတိထားရှောင်ရှားပါ။


-  အပူချိန် မြင့်တက်နေချိန်အတွင် ယာဉ်ကားများထဲတွင် ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ကျန်ရစ်ခြင်းမရှိအောင် သတိပြုပါ။  


  မြန်မာနိုင်ငံအနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း အပူချိန်များ အနည်းငယ်ပြန်လည်ကျဆင်း နိုင်သော်လည်း အပူချိန် အလွန်အမင်းမြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို အထူးသတိပြု နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ  လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ NUG အလုပ်သမားဝန်ကြီးဌာနမှ မေဒေး ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


Radio NUG မေ ၁၊ ၂၀၂၄


အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက  ၂၀၂၄ ကမ္ဘာ့အလုပ်သမားနေ့ (2024 May Day) အခမ်းအနားကို 

မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ဝန်ကြီးဌာနမှ တာဝန်ရှိသူများအပြင် CDM ဝန်ထမ်းများကလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။


တစ်ဆက်တည်းမှာပဲ မေလ ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက်မြန်မာ‌ရွှေ့ပြောင်းလုပ်သားရာနဲ့ချီက အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရဖို့ ဘန်ကောက်မြို့လယ်ခေါင်အခြေခံဥပဒေကျောက်တိုင်ကနေ အစိုးရအဖွဲ့ဝန်ကြီးများရုံးအထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဘီဘီစီသတင်းဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။


ဒီနှစ် အလုပ်သမားနေ့တောင်းဆိုချက်တွေကတော့ မြန်မာနိုင်ငံကတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကိုကူညီစောင့်ရှောက်ပေးဖို့၊ အထောက်အထားမဲ့နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားလုပ်ပေးဖို့၊ MOUစနစ်အလုပ်သမားတွေ ကိုမြန်မာကိုပြန်မပို့ဘဲ ထိုင်းနိုင်ငံထဲမှာပဲအထောက်အထားသစ်ထုတ်ပေးဖို့အချက်တွေ တောင်းဆိုသွားမှာပါလို့ Labour Rights Foundation - အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းက ဦးဇော်ကပြောပါတယ်။


========================


📌📌 ၄။ ကိုင်းသီးနှံတွေ စစ်ကောင်စီ၏ ပိတ်ဆို့ခံထားရလို့ အဆုံးအရှုံးများ ရင်ဆိုင်နေရ


ကိုမြင့်သူ (Radio NUG) မေ ၁၊ ၂၀၂၄


အကြမ်းဖက်စစ်တပ်လမ်းပိတ်ထားလို ကိုင်းသီးနှံတွေမပို့နိုင်ဖြစ်နေပါတယ်။ သီးနှံတွေ နွားတွေကို ချကျွေးနေရပြီး အပျက်အစီးအဆုံးအရှုံးတွေ ဆက်တိုက်ဖြစ်လာနေကြောင်းကို သတင်းထောက်ကိုမြင့်သူက ပေးပို့ထားပါတယ်။


ပြည်မြိုနယ်တစ်ဝိုက် ဧရာဝတီမြေနုကျွန်းတွေကထွက်ရှိတဲ့ ခရမ်းသီး၊ ဗူးသီး၊ ကြက်ဟင်း ခါးသီးစတဲ့ ဟင်းသီးဟင်းရွက်တွေကို ပြည်အထက်ပိုင်း မကွေး၊ ကျောက်ပန်းတောင်းနဲ့ အောက်ဘက်က ရန်ကုန်‌ဈေးကွက်အပြင် အနောက်ဘက်ရခိုင်ပြည်နယ်ကိုလည်း တင်ပို့နေတာဖြစ်ပါတယ်။ ပြည်မြိုအနီးက ပန်းတောင်း -  တောင်ကုတ်လမ်းကို အကြမ်းဖက်စစ် တပ်က ပိတ်ဆိုထားတဲ့အတွက် ထွက်ရှိလာတဲ့ကိုင်းသီးနှံတွေကို အများဆုံးတင်ပိုနေတဲ့ ရခိုင်ဈေးကွက်ကို မတင်ပို့နိုင် တော့လို  သီးနှံ တွေက ဝယ်သူ မရှိပဲ အပင်မှာတင် အမှည့်လွန်ပြီး ဝါကုန်တာ၊ နွားကျွေးပစ် ရတာ တွေဖြစ် လာပြီး တောင်သူတွေ အထိခိုက်အဆုံးအရှုံးတွေဖြစ်လာပါတယ်။ ဒီအခြေ အနေကို ပြည်မြိုအနီးက ဧရာဝတီမြေနုကျွန်းပေါ်မှာ ကိုင်းသီးနှံစိုက်ပျိုးသူတစ်ဦးက အခုလို ပြောပါတယ်။ 

အခုဖြစ်တဲ့အခြေနေကတော့ အခုကိုင်းပေါ်တဲ့အချိန်မှာ လမ်းကြောတွေ ကပိတ်တယ်။ ပြီးတော့ နီးစပ်ရာမြိုတွေကိုသွား၊ မရ ရတဲ့ဈေးနဲ့ရောင်းရတဲ့အဆင့်ရှိပါတယ်။ အဲ့ဒီထိတောင် ဒုက္ခရောက်ပါတယ်။ ဒုက္ခရောက်တဲ့အပြင်ကို အခုထိ ကိုင်းထဲမှာ မဆွတ်ရတဲ့သီးနှံတွေ များတယ်။ ပြီးတော့ စားရေးသောက်ရေးလည်း တောင်သူတွေမှာ တော်တော် ဒုက္ခရောက်ပါတယ်

ပြည်မြိုအနီး ဧရာဝတီမြေနုကျွန်းတွေက ဧက နှစ်ထောင်ကျော်ရှည်လျားပြီး တောင်သူ ငါးဆယ်ဦးလောက်က အစဥ်အဆက် မိရိုးဖလာစိုက်ပျိုးကြတာဖြစ်ပါတယ်။ ကိုင်းကထွက် လာတဲ့ ဗူး၊ ဖရုံ၊ သခွား၊ ခရမ်းစတဲ့ဟင်းသီးဟင်းရွက်တွေအပြင် မြေပဲနဲ့ပဲမျိုးစုံကိုလည်း  စိုက်ပျိုးကြပါတယ်။ အခြားတောင်သူတွေလိုပဲ ကိုင်းတောင်သူတွေမှာလည်း စိုက်ပျိုး စရိတ် အလုံအလောက်မရှိကြလို ၅ကျပ်ကနေ ၂၀ တိုးအထိ ချေးငှားစိုက်ပျိုးကြရတာ ဖြစ်ပါ တယ်။ အခုလိုစိုက်ပျိုးထားသမျှသီးနှံတွေ မရောင်းရလို ပျက်စီးကုန်တဲ့အခါ စိုက်ပျိုးစရိတ် တွေအကြွေးတင်သလို လက်တလော စားဝတ်နေရေးအပြင် နောက်တစ်ရာသီစိုက်ပျိုးဖို့ကို လည်း အခက်အခဲဖြစ်ကြရပါတယ်။ 

စိတ်ထဲမှာကတော့ ပြေလည်ချင်တာပေါ့လေ။ ပြေလည်ချင်ပေမယ့်လည်း ဒီလိုပဲ ကိုယ့်ဘဝနဲ့ကိုယ် နှစ်သိမ့်နေရတာပေါ့။ ဒီလိုပဲ ရုန်းကန်ရတော့မှာပဲ။ အခုလည်း ဒီလိုပဲ မတတ် တတ်သရွေ့ ရုန်းကန်ချေးငှားနေရတယ် 

ကိုင်းပင်တွေကို ခက်ခက်ခဲခဲခုတ်ထွင်ရှင်းလင်းပြီး အမျိုးသားအဟာရပြည့်စုံဖို ဟင်းသီးဟင်းရွက်ကို အဓိကထားစိုက်ပျိုးကြတဲ့ မြန်မာ့ကိုင်းတောင်သူတွေဟာ စိုက်ပျိုးစရိတ်ချေးငွေအပြင် အခြားအကူညီတွေလည်း မရရှိကြပါဘူး။ အခုလို လမ်းတွေပိတ်ထားပြီး အခြား မြိုရွာကဈေး ကွက်တွေကို မတင်ပို့နိုင်လို သက်ဆိုင်ရာ မြိုရွာတွေမှာ အသီးအရွက် မစားကြရ သလို စိုက်ပျိုးသူတောင်သူတွေမှာလည်း လုပ်အားနဲ့ ငွေကြေးအ ရင်းအနှီးတွေ ဆုံးရှုံးကြရပြီး အကူအညီကင်းမဲ့နေကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းနွေဦးနှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်


မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်မှာရှိတဲ့ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲကစပြီး လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်မှာ ချင်းကာကွယ်ရေးတပ်များ၊ ရခိုင့်တပ်တော် AA နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။  

မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဆေးရုံနဲ့  ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က မြို့မကျစေဖို့ လေကြောင်းကနေ အပြင်းအထန်ခုခံတိုက်ခိုက်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက လပေါင်းများစွာ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းများဖမ်းမိခဲ့သလို လေကြောင်းကချပေးတဲ့ စစ်ကူများလည်း ချေမှုန်းခံရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ကျင်ဒွေး ရခဲ့ပါပြီ... အကောင် ၂၀ လည်း အရှင်ရလိုက်သေးတယ်နော်လို့ CDM စစ်ဗိုလ် ဇင်ယော်-ပြည်သူ့ စစ်သား ကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။


ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေး CDF တပ်ဖွဲ့တွေနဲ့ ယောဒေသမှာရှိတဲ့ PDF များက စတင်တိုက်ခိုက်ခဲ့တာဖြစ်‌ပြီး နောက်ပိုင်းမှာ ရခိုင့်တပ်တော် AA ပါ ပါဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။  


ကျင်ဒွေးမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းကို CDF ပူးပေါင်းတပ်တွေနဲ့ PDF တပ်တွေ ပူးပေါင်းပြီး ၂၀၂၃ ဒီဇင်ဘာမှာ စတင် တိုက်ခိုက်ခဲ့ရာ စခန်းရလုနီးချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကူအင်အားဖြည့်တင်းခဲ့တာကြောင့်  နောက်ဆုတ်ပေးခဲ့ရပေမယ့် ဒီနှစ် မတ်လ ရက်မှစပြီး ချင်းညီနောင်က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းများ ထောင်ထား


ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ အဝင်အထွက်နဲ့ စစ်ကောင်စီတပ်အနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ မြို့ပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သူတွေက ပြောပါတယ်။

စစ်တွေမြို့မှာရှိတဲ့ စစ်စခန်းတွေဟာ ရခိုင့်တပ်တော် AA က လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာနဲ့ မြို့ခံတွေ ထွက်သွားလို့ မရအောင် လုပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ စိုးမိုးထားနိုင်သေးတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့တွေမှာလည်း စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ ထောင်ထားတာတွေရှိတယ်လို့ တပ်တွင်းနေထိုင်သူထံက သိရတဲ့အကြောင်း ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Western News က ဖော်ပြပါတယ်။ 

စစ်တွေမြို့မှာဆိုရင် မြို့အဝင်အထွက် တပ်ထိန်းဂိတ်၊ စက်ရုံစုရပ်ကွက်က အမှတ် ၁၂ ရဲတပ်ရင်း၊ ဆပ်ရိုးကျ တံတားအနီးက ကျေးတောပိုက်ဆိပ်နဲ့ ရွှေပြည်သာရပ်ကွက်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းအနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဆိုပါတယ်။ 

ဒါဟာ စစ်တွေမြို့ အဝင်အထွက်ကို စစ်ကောင်စီက ပိတ်လိုက်တာဖြစ်တယ်လို့ မြို့ခံအချို့က ပြောပါတယ်။ 

မြို့ပတ်လည်မှာ မြေမြှုပ်မိုင်းတွေရှိတာကြောင့် မြို့ထဲကနေ ထွက်ခွာလိုသူတွေအနေနဲ့ မိုင်းထိတာနဲ့ အဖမ်းခံရတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ကျောက်ဖြူမြို့ ဧရိယာ အတွင်းစစ်ကောင်စီက ထောင်ထားသည့် မိုင်းကြောင့် သေဆုံးသူ ဦးထက်ရှိပြီး ဒဏ်ရာရရှိသူ ၂၀ ဝန်းအထိ ရှိကြောင်း စစ်တွေမြို့အတွင်းလည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိကြောင်း ရှိကြောင်း ပြောသည်။ 

စစ်တွေမြို့က ဒေသခံတွေအနေနဲ့ လုပ်နေကြအလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရတော့တာ၊ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်နေတာ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်နေတာကြောင့် ဒေသခံတွေဟာ မြို့တွင်းတိုက်ပွဲကြားမှာ ပိတ်မိမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မြို့ကိုစွန်ခွာတဲ့သူများလာတာကြောင့် စစ်ကောင်စီဟာ စစ်တွေမြို့ကနေထွက်ခွာနိုင်တဲ့ ထွက်ပေါက်အားလုံးကို ပိတ်လိုက်ပြီး ရေကြောင်းသွားလာရေးယာဥ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကူးတို့သဗ္ဗာန်များကို သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ Western News မှာ ဖော်ပြထားပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် မြို့တွင်းမှာပိတ်မိနေတဲ့ဒေသခံတွေဟာ မြို့ကထွက်ခွာနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြရာ စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံရမှုတွေရှိနေသလို ကျေးတောဘက်ကနေ ထွက်ခွာဖို့ကြိုးစားသူအချို့ စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ဧပြီလ ၂၀ ရက်နေ့က သက်ကြီးပိုင်းအမျိုးသမီး ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရွာစဉ်လှည့်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ ခံရပြီး ဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဧပြီလ ၂၉ ရက်။


Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုပ်ဖို့မြို့နယ်၊ သရက်နှစ်ဖျားလိမ် ကျေးရွာအုပ်စုမှာ ရွာစဉ်လှည့်လည်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ အုပ်ဖို့မြို့နယ် မြေအောက်ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၂၈ ရက်နေ့ ညနေ နာရီ မိနစ်ခန့်မှာ ဂွေးချိုကွင်း ရွာနဲ့ ကျွန်းလှကုန်း ရွာကို ဆက်သွယ်ထားတဲ့ တံတား အနီးမှာ အင်အား ၂၀ ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ပဒေသာမိုင်း လုံး ကွင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံကို သယ်ဆောင်သွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် မိုင်းဆွဲမှုအပြီး နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာ စစ်သုံးဦးထုတ် လုံး၊ MA3 ကျည်ဘောက် -ရှည် တစ်ခုနှင့် .၅၆ ကျည် ၃၂ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မိုးမိတ်-တွင်းငယ်လမ်းကို မနက် မှ ညနေ နာရီအတွင်းသာအသုံးပြုရန် ABSDF ထုတ်ပြန် 


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့နေတာကြောင့် မိုးမိတ် - တွင်းငယ်လမ်းပိုင်းကို မနက် ကနေ ညနေ နာရီအတွင်းသာအသုံးပြုကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF က ကန့်သတ်လိုက်ပါတယ်။

မိုးမိတ် - တွင်းငယ်လမ်းမကြီးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ချိတ်ဆက် ထားတဲ့ လမ်းပိုင်းဖြစ်တာကြောင့် မနက် နာရီကနေ ညနေ နာရီအတွင်းသာ ဖြတ်သန်းသွားလာဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင် သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေထံ သတင်းပေးကြဖို့ ABSDF က အသိပေးထားပါတယ်။ 

ကုန်တင်ကားများ၊ လိုင်းကားများနဲ့ အိမ်စီးကားများအနေနဲ့ မိုးကာဖုံးအုပ်ပြီး မောင်းနှင်တာ၊ မှန်ပိတ်မောင်းနှင်တာတွေနဲ့ အရှိန်ပြင်းစွာမောင်းနှင်တာတွေမပြုလုပ်ကြဖို့နဲ့ လုံခြုံရေးအရတားဆီး စစ်ဆေးမေးမြန်းတာတွေကို ကြည်ဖြူစွာလက်ခံ ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ 

ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်မရှိတာကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းလည်း ABSDF က အသိပေးထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ နည်းမျိုးစုံသုံးပြီး ABSDF အမှတ်- စစ်ကြောင်း လှုပ်ရှားနယ်မြေတွေကို ဖြတ်သန်းသွားလာတာ  စစ်အင်အားပေးပို့တာနဲ့ လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပို့တွေမှာ အရပ်သားပြည်သူအဖြစ်အသွင်ယူ ဆောင်ရွက်နေတဲ့ အပြင် ပြည်သူပိုင်နဲ့ ပရဟိတအသင်းပိုင် မော်တော်ယာဉ်တွေကို အသုံးပြုပြီး ဖြတ်သန်းသွားလာဖို့ ကြိုးစားနေတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို လမ်းအသုံးပြုခွင့် အချိန်အားကန့်သတ်လိုက်တာဟာ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေဖို့နဲ့ စစ်ကောင်စီတပ်များကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နိုင်ဖို့ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တို့မှာ စစ်ကောင်စီဘက်က စစ်လက်နက်အသုံး အဆောင်ပစ္စည်းတွေနဲ့ လူအင်အားအများအပြား ဖြည့်တင်းနေပြီး ဒေသခံပြည်သူတွေကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော်-TNLA ကလည်း ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment