22nd APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "ကိုယ့်ကိုယ်ကို "အထင်ကရ" ဆိုတဲ့စိတ်ထားဝင်လာရင် တော်လှန်ရေးအတွက် စိုးရိမ်စရာဖြစ်တယ်"လို့ လူ့အခွင့်ရေးဝန်ကြီးသတိပေး

📌 ၂။ မြဝတီမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ပံ့များကို ပေးအပ်ကူညီ

📌 ၃။ အကျိုးစီးပွားအတွက် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းနဲ့ လူထုအတွက်၊ နိုင်ငံအတွက် ယုံကြည်ချက်အရ လက်နက်ကိုင်ရတဲ့ အဖွဲ့အစည်းဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ဆို

📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်နယ် () ခုလုံးရဲ့ အဓိကအစိတ်အပိုင်းတွေဟာ လွတ်မြောက်တဲ့ အနေအထားကိုရောက်နေပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးဆို

🚩 ၂။ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊ကုန်းသာကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၃၀၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်

🚩 ၃။ မြင်းခြံမြို့နယ်မှာ ၄၅ရက်တာအတွင်း စကစတပ်များကအိမ်ခြေ(၁၈၀၀)နီးပါးမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သားပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့

🚩 ၄။ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်များတွင် တိုက်ပွဲများပြင်းထန်ခဲ့ရာ စကစမှ လေကြောင်းတိုက်ခိုက်မှု ()ကြိမ် ပြုလုပ်ခဲ့ပြီး ဘုန်ကြီးကျောင်းများသို့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်

🚩 ၅။ ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စကစတပ်ရဲ့သံချပ်ကာကား ထပ်မံဖျက်ဆီးနိူင်ခဲ့

🚩 ၆။ ရွှေဘို မြို့ပေါ်မှ ချီပါ ရွာသို့ စစ်ကြောင်းထိုးကာ  ပြည်သူ့ ပစ္စည်းများကို အကြမ်းဖက်သယ်ယူ နေသော စကစ၊ပျူ များကို ဒရုန်းနဲ့ဗုံးသီးများကြဲချ

🚩 ၇။ မုံရွာမြို့နယ် တောပုပျူရွာအတွင်းရှိ စကစနှင့်ရဲ ၊ပျူများ အခြေချနေထိုင်လျက်ရှိသော နေရာများအား တော်လှန်ရေးတပ်ဖွဲ့များက Fixed Wings Droneများဖြင့် ''Air Bomb'' (၁၀)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စကစဘက်က၂ဦးသေ၉ဦးထိခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "ကိုယ့်ကိုယ်ကို "အထင်ကရ" ဆိုတဲ့စိတ်ထားဝင်လာရင် တော်လှန်ရေးအတွက် စိုးရိမ်စရာဖြစ်တယ်"လို့ လူ့အခွင့်ရေးဝန်ကြီးသတိပေး


ဧပြီ၂၂


"ကိုယ့်ကိုယ်ကို "အထင်ကရ" ဆိုတဲ့စိတ်ထားဝင်လာရင် တော်လှန်ရေးအတွက် စိုးရိမ်စရာဖြစ်တယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဧပြီလအတွင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးရေးသားထားပါတယ်။


"ရှေ့တန်းကရဲဘော်တွေနဲ့စကားပြောဖြစ်တဲ့အခါ ရဲဘော်တယောက်က ပြောတယ်။"တော်လှန်ရေးပြီးတဲ့အခါ အညတရရဲဘော်တွေရဲ့ ပေးဆပ်စွန့်လွှတ်မှုကို အသိအမှတ်ပြုပေးပါ"တဲ့။ကျနော်စိတ်ထဲမှာ "အညတရ"လည်းမရှိဘူး။ "အထင်ကရ" လည်း မရှိဘူး။ အားလုံးဟာ တော်လှန်ရေးမှာ ကဏ္ဏအသီးသီးကနေပါဝင်နေကြတဲ့ရဲဘော်ရဲမေတွေဘဲ ဖြစ်တယ်။ ရောက်တဲ့နေရာမှာ ကျရာတာဝန်ကို အစွမ်းကုန်ထမ်းနေကြတဲ့သူတွေဘဲဖြစ်တယ်။ ကိုယ့်ကိုယ်ကို "အထင်ကရ" ဆိုတဲ့စိတ်ထားဝင်လာရင် တော်လှန်ရေးအတွက် စိုးရိမ်စရာဘဲ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထုကို မိဘသဖွယ်ပြုမူဆက်ဆံရန် အမျိုးသားညီညွတ်ရေးအစိုးရက ညွှန်ကြားချက်နှင့်လမ်းညွှန်မှုများအပြင် ရဲဘော်များလိုက်ရမည့်ကျင့်ဝတ်များကိုလည်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ မြဝတီမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ပံ့များကို ပေးအပ်ကူညီ


ဧပြီ၂၂


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဧပြီ၂၁ရက်

နံနက်ပိုင်းတွင် မြဝတီမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက်အရေးပေါ်လူသားချင်းစာနာထောက်ပံ့များကို ပေးအပ်ကူညီခဲ့ရာ  ၄င်းစစ်ဘေးရှောင် ပြည်သူများထဲမှ  အိမ်ထောင်စု (၂၅၀) အတွက် အရေးပေါ်လိုအပ်နေသည့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက်ကူညီခဲ့တယ်လို့သတင်းရရှိပါတယ်။


ထိုသို့ကူညီရာမှာ နှစ်ယောက်အိပ်ဖျာ (၁၀၀) ချပ်၊ ယပ်တောင် (၅၀) ခု၊ ကလေး Diaper (၁၀၀) ခု၊ ငါးသေတ္တာ၊ ပေါင်မုန့်၊ မုန့်၊ Tissue အမျိုးသမီး လစဉ်သုံးပစ္စည်း၊ ဆပ်ပြာနှင့် ခြင်ဆေးခွေ စသည်တို့ကို သွားရောက်ပံ့ပိုးခဲ့ကြောင်းသိရပါတယ်။


ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ၊ အသက်အိုးအိမ် စည်းစိမ်တို့အား ပစ်မှတ်ထားပြီး လေကြောင်းမှ စစ်လက်နက်ကြီးများဖြင့် နေ့ရောညပါ ဗုံးကျဲတိုက်ခိုက်ခြင်းများကြောင့် ဒေသခံပြည်သူများသည် တက်ခ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ စွန့်ခွာထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။


========================


📌📌 ၃။ အကျိုးစီးပွားအတွက် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းနဲ့ လူထုအတွက်၊ နိုင်ငံအတွက် ယုံကြည်ချက်အရ လက်နက်ကိုင်ရတဲ့ အဖွဲ့အစည်းဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ဆို


ဧပြီ၂၂


အကျိုးစီးပွားအတွက် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းနဲ့ လူထုအတွက်၊ နိုင်ငံအတွက် ယုံကြည်ချက်အရ လက်နက်ကိုင်ရတဲ့ အဖွဲ့အစည်းဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတယ်လို့ သြစတြေးလျNUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက ဧပြီလအတွင်း ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောကြားထားပါတယ်။


"အကျိုးစီးပွားအတွက် လက်နက်ကိုင်တဲ့ လူ/အဖွဲ့အစည်းနဲ့ လူထုအတွက်၊ နိုင်ငံအတွက် ယုံကြည်ချက်အရ လက်နက်ကိုင်ရတဲ့ လူ/အဖွဲ့အစည်းဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတယ်၊ ဒီ ခုဟာ ဘယ်တော့မှ ပေါင်းစပ်လို့ မရနိုင်ဘူး"လို့၄င်းကဆိုပါတယ်။


လက်ရှိမှာ စကစရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အများစုဟာလည်း စကစနဲ့ခွဲထွက်၍ တော်လှန်ရေးဘက်သို့ကူးပြောင်းလာမှုများရှိနေပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ  ၂၂  ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (/၂၀၂၄)ကို ယနေ့ မနက်(၁၀:၀၀) နာရီ အချိန်တွင် ကျင်းပခဲ့ပါတယ်။


 အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်စကားပြောကြားခဲ့ပြီး၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်၍မှာကြားဆောင်ရွက်ခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပြည်နယ် () ခုလုံးရဲ့ အဓိကအစိတ်အပိုင်းတွေဟာ လွတ်မြောက်တဲ့ အနေအထားကိုရောက်နေပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးဆို


ဧပြီ၂၂ရက်


ပြည်နယ် () ခုလုံးရဲ့ အဓိကအစိတ်အပိုင်းတွေဟာ လွတ်မြောက်နေပြီလို့ ပြောနိုင်တဲ့ အနေအထားရောက်နေ‌ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကအသိပေးဆိုပါတယ်။


ဝါရင့်သတင်းသမား ဦးခင်မောင်စိုးနှင့် မေးမြန်းသည့် တော်လှန်ရေးသမားများနှင့် စကားပြောခြင်း အစီအစဉ်တွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"စစ်ရေးရော နိုင်ငံရေးပါ အားကောင်းတဲ့ ပြည်နယ်တွေ ဒေသတွေကတော့ အရင်ဆုံး လွတ်မြောက် ကြမှာပါပဲ။ အခုကို ပြည်နယ် () ခုလုံးရဲ့ အဓိကအစိတ်အပိုင်းတွေဟာ လွတ်မြောက်နေပြီလို့ ပြောနိုင်တဲ့ အနေအထားပါ။ အလားတူ ပြည်မမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ကိုယ်ပိုင် လွတ်လပ်မှုနဲ့ နေထိုင် နေကြတဲ့ မြို့ရွာတွေ အမြောက်အမြား ရှိနေပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် PDF တပ်မတော်အနေနဲ့ထုအင်အားတည်ဆောက်ပြီး မဟာဗျုဟာထိုးစစ်ဆင်ဖို့ ပြင်ဆင် နေတဲ့ ကာလဖြစ်ကာ  ရန်သူစကစကို အနိုင်ယူနိုင်မယ့် နည်းလမ်းတွေ PDFရဲဘော်တွေဆီ ရှိနေပြီလို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


🚩🚩 ၂။ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊ကုန်းသာကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၃၀၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်


ဧပြီ၂၂ရက်


၂၀၂၄ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်၌ အကြမ်းဖက်စစ်အုပ်စုမှ  ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်အနောက်ဘက် ရှိကုန်းသာရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Su-30(ပြာစိမ်း)လေယာဉ်တစ်စီးဖြင့် ပေါင်(၃၀၀)ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။


 ထိုသို့အကြမ်းဖက်စစ်အုပ်စုမှ ဗုံးကြဲချမှုကြောင့် ကုန်းသာရွာ၏မြောက်ဘက်ရှိ ရပ်ကွက် အတွင်း နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးဆံကျရောက်သည့်နေအိမ် မှာ ကြေမွပျက်စီးကာ ကလေးငယ် () ဦးအပါအဝင်မိသားစု () ဦးသေဆုံးခဲ့ရပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့သတင်းထုတ်ပြန်ဖော်ပြပါတယ်။


========================


🚩🚩 ၃။ မြင်းခြံမြို့နယ်မှာ ၄၅ရက်တာအတွင်း စကစတပ်များကအိမ်ခြေ(၁၈၀၀)နီးပါးမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သားပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့


ဧပြီ၂၂ရက်


ဧပြီ၂၂ရက်မှာ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခုလိုတရားဝင်အသိပေးဖော်ပြပါတယ်။


"ကျနော်တို့မြင်းခြံမြို့နယ်အတွင်းမတ်လ၁၂၊၁၃ ရက်နေ့တွေမှာ ကျေးရွာ၆ရွာ အိမ်ခြေပေါင်း ၅၄၈အိမ်ကိုစစ်ခွေးများက နေအိမ်ကိုမီးရှို့ဖျက်ဆီး၊ ပစ္စည်းတွေလုယူသွားပြီး အပြစ်မဲ့ပြည်သူ ၉ဦးကိုပစ်သတ် အမျိုးသမီးငယ်တစ်ဦးကိုလည်း မုဒိမ်းကျင့်သတ်ဖြတ်သွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


၂၀၂၄ခုနှစ် ဧပြီလဆန်းမှာလည်း တောပု၊ရသာ ကျေးရွာနှစ်ရွာ အိမ်ခြေ ၈၀၀ကျော်မီးရှို့ဖျက်ဆီးကာပစ္စည်းများလုယူသွားခဲ့ပါတယ်။


ဧပြီလ၂၀၊၂၁ရက်နေ့တွေမှာ ဆင်ချောင်း၊ကိုင်း(မြောက်)၊ရန္တပို၊ဥဒယမှာရှိတဲ့ အိမ်ခြေ ၈၀၀ကျော်(အတည်မပြုရသေး)ကိုလည်းမီးရှို့ဖျက်ဆီးသွားပြီး ကိုင်းရွာမှ NLD မြို့နယ်အလုပ်မှုဆောင်ဟောင်းဦးကျော်မြင့်ရဲ့ဇနီးဒေါ်ညွန့်ဆွေ အသက်(၇၀)နှစ်ကိုလည်းပစ်သတ်သွားခဲ့ပါတယ်။


လောလောဆယ်၄၅ရက်အတွင်းစကစတပ်များဟာအိမ်ခြေ(၁၈၀၀)နီးပါးနဲ့ အပြစ်မဲ့ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 


========================


🚩🚩 ၄။ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်များတွင် တိုက်ပွဲများပြင်းထန်ခဲ့ရာ စကစမှ လေကြောင်းတိုက်ခိုက်မှု ()ကြိမ် ပြုလုပ်ခဲ့ပြီး ဘုန်ကြီးကျောင်းများသို့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်


 ဧပြီလ (၂၂)ရက် 


 ဧပြီလ (၂၁)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်များတွင် တိုက်ပွဲများပြင်းထန်ခဲ့ရာ စကစမှ လေကြောင်းတိုက်ခိုက်မှု ()ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကအတည်ပြုထားပါတယ်။


လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် မည်သည့်ရည်ရွယ်ချက်ကြောင့်ပြုလုပ်သည်ကို မသိရှိရသော်လည်း ကျေးရွာ ဘုန်းကြီးကျောင်းများသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။


 ဧပြီလ (၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်မှ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ()ကြိမ် ဇာလီကျေးရွာ ဘုန်းကြီးကျောင်းသို့ ()ကြိမ် နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ () ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ 


========================


🚩🚩 ၅။ ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စကစတပ်ရဲ့သံချပ်ကာကား ထပ်မံဖျက်ဆီးနိူင်ခဲ့


ဧပြီ၂၂ရက်


ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စကစတပ်ရဲ့သံချပ်ကာကား ထပ်မံဖျက်ဆီးနိူင်ခဲ့တယ်လို့ ဧပြီ၂၂ရက်မှာ ကော်ပရာစစ်ကြောင်း တပ်ခွဲ၄ကအသိပေးဆိုထားပါတယ်။


"မနေ့က မြေဟောက်အမျိုခံရလိုက်တဲ့နောက်ထပ်တစ်စီး"လို့ သံချပ်ကာကားအပျက်မှတ်တမ်းပုံနှင့်တကွအသိပေးဆိုထားပါတယ်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့မှ မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များအနေဖြင့် မြဝတီမြို့အား ပြန်လည်ရရှိရန်အောင်ဇေယျအမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်ခဲ့ပါတယ်။


ထိုးစစ်ဆင်လာသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများအား ပြုလုပ်ခဲ့ရာဖြတ်တောက်တိုက်ခိုက်မှုကြောင့် ၎င်းတို့ဘက်မှ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက်တောင်ချေ တွင်သာ ရပ်တန့် နေခဲ့ရတယ်လို့ KNUဗဟိုကလည်းသတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ရွှေဘို မြို့ပေါ်မှ ချီပါ ရွာသို့ စစ်ကြောင်းထိုးကာ  ပြည်သူ့ ပစ္စည်းများကို အကြမ်းဖက်သယ်ယူ နေသော စကစ၊ပျူ များကို ဒရုန်းနဲ့ဗုံးသီးများကြဲချ


ဧပြီ၂၂ရက်


ဧပြီ၂၂ရက်မှာ စစ်ရေးသတင်းများကို Northern Tigers Group (NTG)က အခုလိုအတည်ပြုဖော်ပြပါတယ်။


ရွှေဘို မြို့ပေါ်မှ ချီပါ ရွာသို့ စစ်ကြောင်းထိုးကာ ()ညအိပ် ယာယီတပ်စွဲနေပြီး ပြည်သူ့ ပစ္စည်းများကို အကြမ်းဖက်ကာ သယ်ယူ နေသော စကစ၊ပျူ များကို  မဟာမိတ် Drone Team မှ Fixed Wing Drones များဖြင့် ဗုံးသီး ()လုံး ကျဲချ ခဲ့တယ်လို့ဖော်ပြပါတယ်။


ဧပြီ၁၉ရက်နဲ့၂၀ရက်တွင်လည်းရွှေဘိုမြို့နယ်၊ ပလိုင်း ရွာထဲတွင် တပ်စွဲနေထိုင် နေသော စကစ များကို မဟာမိတ် Drone Team မှ ဗုံးသီး () လုံး ကျဲချတိုက်ခိုက်ခဲ့ပါတယ်။


စစ်ဆင်ရေးများတွင်စကစတပ်နဲ့ပျူများထိခိုက်မှုရှိနိူင်ပြီးအတိအကျကိုစုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့သိရပါတယ်။


၎င်း mission များကိုNorthern Tigers Group (NTG)Northern Tigers Group တပ်ခွဲ()၊ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ နယ်မြေခံ ကာကွယ်ရေးအဖွဲ့များ နှင့် ပူး ပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


🚩🚩 ၇။ မုံရွာမြို့နယ် တောပုပျူရွာအတွင်းရှိ စကစနှင့်ရဲ ၊ပျူများ အခြေချနေထိုင်လျက်ရှိသော နေရာများအား တော်လှန်ရေးတပ်ဖွဲ့များက Fixed Wings Droneများဖြင့် ''Air Bomb'' (၁၀)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စကစဘက်က၂ဦးသေ၉ဦးထိခိုက်


ဧပြီ၂၂ရက်


ဧပြီ၁၈ရက်မွန်းလွဲ၂ နာရီမိနစ်၃၀အချိန်ခန့်မှ နာရီအချိန်ခန့် အထိ မုံရွာမြို့နယ် တောပုပျူရွာအတွင်းရှိ စကစ၊ရဲ နှင့် ပျူများ အခြေချနေထိုင်လျက်ရှိသော နေရာများအား မြောင်မြို့နယ် ပြည့်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF/MSDFနှင့်အတူ ညီနောင်မဟာမိတ်များမှ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် ''Air Bomb'' (၁၀)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ၂ဦး သေဆုံးပြီး ( )ဦးမှာ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသွားသောကြောင့် ကားသုံးစီးဖြင့် မုံရွာ နမခ သို့ ပို့လိုက်ကြောင်းသိရပါတယ်။


တိုက်ခိုက်မှုတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့-MSPDF/MSDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော 

- စစ်ကိုင်းခရိုင် Droneတပ်ဖွဲ့

- မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ()

- URBAN HUNTER FORCE(UHF)

- SHINING STARS

- Meikhtila Special Force 

- မြင်းခြံခရိုင်အမှတ်()တပ်ရင်း-NRDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment