22nd APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းအစိုးရထံသို့ လူသားချင်းဆိုင်ရာအထောက်အပံ့များကူညီပေးနိုင်ရန်ပန်ကြား

📌 ၂။ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်  "Blue Shirt Campaign" လှုပ်ရှားမှုပြုလုပ်


၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီမြို့ အမှတ် တံတားမှာရှိတဲ့ စစ်ကောင်စီတပ်ကို ၃၆ နာရီကြာ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်တွေ ပြန်ဆုတ် 

🚩 ၂။ တံတားဦး လေတပ်စခန်းအနီး ကင်းပတ်နေတဲ့ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၃။ ရွာငံတွင် စစ်ကောင်စီ အဝေးပြေးလမ်းမ ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်သား ဦး သေဆုံးကာ ဦး အရှင် ဖမ်းမိ

🚩 ၄။ ထီးလင်းမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားရာ နေရာ ခုကို ရက်အတွင်း တိုက်ခိုက်ခဲ့

🚩 ၅။ မြင်းခြံ၊ ကိုင်းရွာတွင် စစ်ကောင်စီတပ်က အသက် ၇၀ ကျော် အဖွားအိုတစ်ဦးကို ပစ်သတ်ပြီး ရွာကို မီးရှို့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းအစိုးရထံသို့ လူသားချင်းဆိုင်ရာအထောက်အပံ့များကူညီပေးနိုင်ရန်ပန်ကြား


ဧပြီလ ၂၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းအစိုးရထံသို့ လူသားချင်းဆိုင်ရာအထောက်အပံ့များပေးနိုင်ရန်ပန်ကြားလွှာကို ဧပြီလ ၂၁ရက်တွင် ပေးပို့ခဲ့ပါတယ်။


အဆိုပါ ပန်ကြားလွှာတွင် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားပြည်သူများ၏ နေအိမ် အဆောက်အဦ အသက်အိုးအိမ်စည်းစိမ်တို့အား ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူများထောင်နှင့်ချီ တက်ခ်ခရိုင်နှင့် မဲဆောက်မြို့နှင့် ဒေသများသို့ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 ထိုသိုတိမ်းရှောင်ထွက်ပြေးလာသည့် စစ်ရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ကာ လိုအပ်သည့်ကယ်ဆယ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသော ထိုင်းအစိုးရ၊ ထိုင်းတော်ဝင်တပ်မတော် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  တက်ခ်ခရိုင်တာဝန်ရှိသူများအားလုံးကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူများကိုယ်စား အထူးပင်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်။ အိမ်နီးချင်းကောင်း ပီသသည့် အဆိုပါဆောင်ရွက်ချက်ကို မိမိတို့ မြန်မာပြည်သူများ အနေဖြင့် အမြဲ အမှတ်ရနေမည် ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံ များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလျက်ရှိရာ စစ်ဘေးရှောင် ပြည်သူဦးရေ ဆက်လက်များပြားလာနိုင်ကြောင်း မိမိတို့အနေဖြင့် မှန်းဆထားပါတယ်လို့ဖော်ပြထားပါတယ်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ နေရာထိုင်ခင်းများအား အရေးပေါ်လိုအပ်နေသည့် ပြည်သူများအတွက်  ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ထိုင်းအစိုးရ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း‌ ဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်  "Blue Shirt Campaign" လှုပ်ရှားမှုပြုလုပ်


ဧပြီလ ၂၁ရက်။

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်အဖြစ် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဧပြီလ ၂၁ရက်မှာ "Blue Shirt Campaign" လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဟံသာဝတီဦးဝင်းတင်ဟာတိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး" လို့ ပြတ်ပြတ်သားသား ရပ်တည်ရင်း နောက်ဆုံးအချိန်ထိ အပြာရောင် ထောင်ဝတ်စုံကို မချွတ်တမ်း ဝတ်ဆင်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့တဲ့ သံမဏိလူသား တစ်ယောက်ဖြစ်ပါတယ်။ 

 ဧပြီ ၂၁ ရက်နေ့ဟာ နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်

ခြင်း (၁၀)နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြဝတီမြို့ အမှတ် တံတားမှာရှိတဲ့ စစ်ကောင်စီတပ်ကို ၃၆ နာရီကြာ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်တွေ ပြန်ဆုတ် 


ဧပြီလ ၂၁ရက်။

မြဝတီမြို့ အမှတ်- ထိုင်း - မြန်မာချစ်ကြည်ရေးတံတားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်း တပ်တွေ ၃၆ နာရီကြာ တိုက်ခိုက်ပြီး ဧပြီ ၂၁ ရက် မနက် နာရီခန့်မှာ ပစ်ခတ်မှုတွေရပ်လိုက်ပြီး ပြန်လည် ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြို့ခံတွေဆီကသိရပါတယ်။

ဧပြီလ ၂၁ရက် နံနက် ၈နာရီအထိ ပစ်ခတ်သံတွေကြားရပြီး နောက်ထပ်ပစ်ခတ်သံများမကြားရတော့တာကြောင့် အမှတ် တံတား မဲဆောက်ဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က အင်အားအနည်ငယ်နဲ့သာ လုံခြုံရေးယူထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်ဆုတ်တာဟာ မြို့ခံလူထုအထိနာမှာစိုးတဲ့အတွက် ပြန်ဆုတ်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဧပြီလ ၂၁ ရက်နေ့ မနက် နာရီဝန်းကျင်မှာ စစ်တပ် တိုက်လေယာဉ်တွေက မြ၀တီမြိုအနီးထိ ဗုံးကြဲလာတဲ့အပြင် ဧပြီလ ၂၀ ညပိုင်းကနေ အမှတ် ချစ်ကြည်ရေးတံတားအနီးသာ ဗုံးကြဲခဲ့ပေမယ့် ၂၁ရက်နေ့မနက်ပိုင်းမှာ ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ဘက်ကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။ 

ဒါ့ကြောင့် အမှတ် ချစ်ကြည်ရေးတံတားကိုလည်း မြဝတီဘက်ခြမ်းကနေ ဧပြီ ၂၁ရက် မနက်ပိုင်းမှာ သော့ခတ်ပိတ် လိုက်တာကြောင့် မြဝတီဘက်ကနေ မဲဆောက်ဘက်သွားသူတွေ ပိတ်မိသွားတယ်လို့လည်း တံတားအနီးမှာ နေထိုင်သူတွေက ပြောပါတယ်။ 

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အမှတ်- တံတားအောက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီ ၁၉ ရက်ည နာရီခန့်ကစပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ယခုရက်ပိုင်းဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများစွာရှိခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ဦးထက်မနည်းသေဆုံးကာ မြဝတီမြို့ ရပ်ကွက် မှာရှိတဲ့ ပတ္တမြား ဓာတ်ဆီဆိုင်အနီးက နေအိမ်တွေ မီးလောင်ပျက်စီးပြီး ဘုန်းကြီးကျောင်းဆောင်တဆောင်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။  

လက်ရှိမှာ တိုက်ပွဲတွေကြောင့် မြန်မာဘက်က ဒုက္ခသည် ၃၀၀၀ ကျော်ဝင်ရောက်လာပြီး ဒီဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရာချထားပေးကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးထားသလို ဒဏ်ရာရ ပြည်သူတွေကို မဲဆောက်ဆေးရုံမှာ ကုသပေးနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်ထဲက မြ၀တီမြို့နယ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ် အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် Settha Thawisin ဟာ မဲဆောက်မြို့ကို ဧပြီလ ၂၃ ရက်နေ့မှာ လာရောက်မယ်လို့လည်း ထိုင်းသတင်းမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။ 

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ခလရ-၂၇၅ တပ်က စစ်ကောင်စီတပ်ဖွဲ့ဟာ ဧပြီ ၁၀ ရက်ညကတည်းက အမှတ်- တံတားဘက် ထွက်ပြေးလာပြီးခိုလှုံနေခဲ့တာပါ။ 

ဒီစစ်သားတွေဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခွင့်မတောင်းဘဲ နောက်ကလိုက်လာမယ့် စစ်ကူစစ်ကြောင်းကို စောင့်ဆိုင်းနေကြတာဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက ၁၀ ရက်အချိန်ပေးပြီးနောက် ဧပြီ ၁၉ ရက် ညမှာ ဒရုန်းနဲ့စတင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေဖြစ်လာခဲ့တာပါ။ 

တံတားအောက်မှာ ပုန်းခိုနေတဲ့စစ်သားတွေ စောင့်ဆိုင်းနေတဲ့ စစ်ကူစစ်ကြောင်းဟာလည်း တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဒေါနတောင်ခြေကနေ ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ တံတားဦး လေတပ်စခန်းအနီး ကင်းပတ်နေတဲ့ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦး သေဆုံး


ဧပြီလ ၂၁ ရက်။

Radio NUG

မန္တလေးတိုင်း၊ တံတားဦး လေတပ်စခန်းအနီးမှာ လုံခြုံရေး ကင်းပတ်နေတဲ့ စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့  Kyaukse Revolution Army (KRA) က သတင်းထုတ် ပြန်ထားပါတယ်။


ဧပြီလ ၂၁ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ခရိုင်ပတ်လမ်းအတိုင်း တံတားဦးလေတပ်ကို မောင်းနှင်လာတဲ့ အင်အား ဦးခန့်ပါ စစ်ကောင်စီတပ် ကင်းပတ်ကားကို ကားမိုင်းအကြီး နှစ်လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ KRA ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။


ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကားအနောက်ပိုင်း မြောက်တက်သွားပြီး ကားနောက်ခန်းမှာ ပါလာတဲ့ စစ်သား ဦး သေဆုံးသွားခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Kyaukse Revolution Army KRA Kyaukse District Defense Force KDDF နဲ့ စဥ့်ကိုင်မြိုနယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်က အဆိုပါ စစ်ကောင်စီရဲ့ တံတားဦးလေတပ်စခန်းကို တော်လှန်ရေး အင်အားစု များက ၁၀၇ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ဂိုထောင်နဲ့ ပြေးလမ်းတချို့ ပျက်ဆီးခဲ့ရပါသေးတယ်။


========================


🚩🚩 ၃။ ရွာငံတွင် စစ်ကောင်စီ အဝေးပြေးလမ်းမ ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်သား ဦး သေဆုံးကာ ဦး အရှင် ဖမ်းမိ


ဧပြီလ ၂၁ ရက်။

Radio NUG


ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ရွာငံ - မန္တလေး အဝေးပြေး လမ်းမပေါ်ရှိ မြင်းကျဒိုး ရဲစခန်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်ရရှိ ခဲ့တယ်လို့ Ywangan PDF-JPRF က သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ၂၁ ရက် မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီ အင်အား ၃၀ ခန့်ရှိ မြင်းကျဒိုး ရဲစခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် တစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး Ak 47 တစ်လက်၊ ရိုင်ဖယ် တစ်လက်နဲ့ ကျည် ၃၀၀ တို့ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။


 ထို့ပြင် စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပါတယ်။


 အဆိုပါ စစ်ဆင်ရေးကို Ywangan PDF - JPRF အဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၄။ ထီးလင်းမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားရာ နေရာ ခုကို ရက်အတွင်း တိုက်ခိုက်ခဲ့


ဧပြီလ ၂၁ ရက်။


Radio NUG


မကွေးတိုင်း၊ ထီးလင်း မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ခုကို ရက် အတွင်း တိုက်ခိုက်ခဲ့ တယ်လို့ Yaw Revolution Army-ထီးလင်း အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ သုံးရက်ဆက်တိုက် ထီးလင်းမြို့ ပေါ်က ထွေအုပ်ရုံး၊ တရားရုံး၊ မြို့မရဲစခန်း၊ ရုပ်သံရုံးနဲ့ ရေမျက်နီ ရဲစခန်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်း၊ ၄၀ မမ များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။


ဧပြီလ ၁၇ ရက်နေ့ ညနေ နာရီခွဲ ခန့်မှာ ထီးလင်း ထွေအုပ်ရုံးနဲ့ တရားရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့ကာ ရေမျက်နီ ရဲစခန်းကိုလည်း ၄၀ မမ နဲ့ ပစ်ခတ်ခဲ့ပြီး ၁၉ ရက် ညနေ နာရီမှာ မြို့မရဲစခန်းနဲ့ ရုပ်သံရုံး တို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။


အဆိုပါ သုံးရက်တာ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ဦး ဒဏ်ရာရရှိပြီး တစ်ဦးကတော့ သေဆုံးနိုင်တယ်လို့ Yaw Revolution Army-ထီးလင်း အဖွဲ့ တာဝန်ခံက ပြောပါတယ်။


ထီးလင်းမြိုနယ်ထဲမှာ တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ တို့က စစ်ကောင်စီ တပ်သားတွေ တပ်စွဲထားတာဖြစ်ပြီး မြိုပေါ်မှာတော့ ပျူစောထီး၊ စစ်သား နဲ့ ရဲအင်အား ၃၀၀ ကျော်ခန့် ရှိနေကြကာ စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြင်းခြံ၊ ကိုင်းရွာတွင် စစ်ကောင်စီတပ်က အသက် ၇၀ ကျော် အဖွားအိုတစ်ဦးကို ပစ်သတ်ပြီး ရွာကို မီးရှို့


ဧပြီလ ၂၁ ရက်။


Radio NUG


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အသက် ၇၀ ကျော်အရွယ် အဖွားအို တစ်ဦးကိုပါ ပစ်သတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ မြေလတ်အသံ က ဖော်ပြပါတယ်။


ဧပြီလ ၂၁ ရက်နေ့ မနက် နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ကိုင်းရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာကာ နေအိမ်တွေကို  မီးရှိ့ဖျက်ဆီးသွားခဲ့ပြီး PDF ခေါင်းဆောင်ရဲ့ မိခင် ဖြစ်သူဟု ဆိုတဲ့ အဖွားအို တစ်ဦးရဲ့ နားထင်ကို သေနတ်နဲ့ တေ့ပြီး ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ကိုင်းရွာဟာ အိမ်ခြေ ၁၀၀ ကျော် ရှိပြီး ပထမဆုံးအကြိမ် မီးရှို့ခံရတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ရွာသား တချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ကြားရပေမယ့် အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


ကိုင်းရွာကို မီးရှို့ပြီးနောက် နေ့လည် ၁၂ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက အဲ့ဒီရွာနဲ့ တစ်မိုင်ခန့် အကွာက ဥဒယရွာထဲကို ဆက်သွားခဲ့ပြီး ထပ်မံမီးရှို့ ဖျက်ဆီနေခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်‌ ကလည်း ဆင်ချောင်းရွာက အိမ်ခြေ ၁၅၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့သလို ရန္တပိုရွာက ဆေးခန်းကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment