26th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အစိုးရပီသစွာ ပြည်သူကိုအလုပ်အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး၏ဒေသတွင်းအစည်းအဝေးမှာ "အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့အသံကို နားထောင်ရန်ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးဆွေးနွေးပြောကြားခဲ့

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၄။ ဧပြီလ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၂၁) ဦး စုစုပေါင်း (၃၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအသက် နှစ်အရွယ် ကလေးငယ် () ဦး ပါဝင်

📌 ၅။ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် စံချိန်တင်ဆက်လက်မြင့်တက်နေပြီးလူဦးရေ ဒသမ သန်းနီးပါးရှိလာ

📌 ၆။လူထုအကြပ်အတည်းအရင်းခံ စစ်အာဏာရှင်စနစ်အမြစ်လှန်ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲမှာလူထုလှုပ်ရှားမှုလုပ်ဆောင်


၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို တိုက်ခိုက် စစ်သားတဦးသေဆုံးကာ သေနတ်တလက် သိမ်းဆည်းရရှိ 

🚩 ၂။ ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှာ တာဝန်ကျနေတဲ့စစ်သားကို ဝင်ဖမ်းချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး စရဖစစ်သား သေဆုံး 

🚩 ၃။ ကလေးတွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦး အပါအဝင် ဦး သေဆုံးခဲ့

🚩 ၄။ ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို ပြည့်သူကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းနှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းရမိခဲ့

🚩 ၅။ ထားဝယ်မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ မောထစခန်းကို နှစ်ပေါင်း ၂၇ နှစ်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟို တရားဝင်ထုတ်ပြန်လာ...

🚩 ၆။ ဖာပွန်မြို့သိမ်းတိုက်ပွဲတွင် တော်ဝင်ဒေါင်း မှ ရဲဘော်ကိုဘေကြီး နှင့် ရဲဘော်ကိုငှက်တို့ကျဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အစိုးရပီသစွာ ပြည်သူကိုအလုပ်အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဧပြီလ ၂၅ရက်။


အစိုးရပီသစွာ ပြည်သူကိုအလုပ်အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄) ကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။


"ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေမှာ ပြည်သူက ပေးတဲ့အခွင့်အာဏာကို လက်ခံပြီး ပြည်သူ့အရေးအတွက် တာဝန်ယူမှု/တာဝန်ခံမှုတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်ရတာတွေက အစိုးရ တစ်ရပ်ရဲ့တာဝန်ဖြစ်ပါကြောင်း၊ အစိုးရဆိုတဲ့ တာဝန်ကိုစတင်ယူလိုက်ပြီဆိုကတည်းက အစိုးရရဲ့ ယန္တရားအဆင့်ဆင့်ဟာ မူဝါဒ၊ စည်းဘောင်တွေနဲ့အညီ အလုပ်လုပ်ဆောင်ကြရပြီး ဆောင်ရွက်သမျှတိုင်းအတွက်လည်း တာဝန်ယူတာဝန်ခံမှုတွေ ပူးတွဲပါလာရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကိုယ့်ရဲ့ ဒေသန္တရအဆင့် အုပ်ချုပ်ရေးဖော်ဆောင်မှု တာဝန်ရှိသူအဆင့်ဆင့်ကို အာဏာရှင်မဆန်ဘဲ အစိုးရပီသစွာ ပြည်သူကိုအလုပ်အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့လိုမှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၂/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး၏ဒေသတွင်းအစည်းအဝေးမှာ "အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့အသံကို နားထောင်ရန်ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးဆွေးနွေးပြောကြားခဲ့


ဧပြီလ ၂၅ ရက်။


ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး၏ဒေသတွင်းအစည်းအဝေးမှာ "အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့အသံကို နားထောင်ရန်ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးဆွေးနွေးပြောကြားခဲ့ပါတယ်။


ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ တွင် ဧပြီလ ၂၄ ရက်နေ့၌ "ပထဝီဝင်နိုင်ငံရေးနှင့် ကျန်းမာရေး - ကွဲပြားသောကမ္ဘာတွင် သာတူညီမျှမှုရရှိရေး" "Geopolitics and Health: Achieving equity in a divided world" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး World Health Summit သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးနှင့် ပညာရေးဌာနဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။


ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက "အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့အသံကို နားထောင်ခြင်း၊ ရပ်ရွာထဲမှ အသံကို နားထောင်ခြင်း၊ နိုင်ငံ့အသံကို နားထောင်ခြင်း အစရှိသည်တို့ကို ကျင့်သုံးဖို့လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သူများတွင် နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အုပ်ချုပ်ရေးမှူးဟောင်း Helen Clark သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ ကျန်းမာရေးနှင့် လူသားလုံခြုံရေး ပိုင်းဆိုင်ရာ အကြီးအကဲ Esperanza Martinez တို့လည်း ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဧပြီလ ၂၅ ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၇/၂၀၂၄)ကို ဧပြီလ ၂၄ ရက်နေ့ ကျင်းပခဲ့ပါတယ်။


 အစည်းအဝေးမှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက် အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။

တွေ့ဆုံပွဲသို့   ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦး‌ဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ဧပြီလ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၂၁) ဦး စုစုပေါင်း (၃၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအသက် နှစ်အရွယ် ကလေးငယ် () ဦး ပါဝင်


ဧပြီလ ၂၅ ရက်။


ဧပြီလ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၂၁) ဦး စုစုပေါင်း (၃၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအသက် နှစ်အရွယ် ကလေးငယ် () ဦး ပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၂၁) ဦး စုစုပေါင်း (၃၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုအရေအတွက်တွင် အသက် နှစ်အရွယ် ကလေးငယ် () ဦး ပါဝင်ခဲ့ပါတယ်။ 


အဆိုပါ (၃၅) ဦးအနက် မွန်ပြည်နယ်မှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မ များဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး () ဦးနှင့် အမျိုးသား (၄၁) ဦး စုစုပေါင်း (၄၈) ဦး ရှိပြီး အဆိုပါ အရေအတွက်တွင် အသက် ၁၈ နှစ်အောက် ထောင်ဒဏ် ချမှတ်ခံရသူ () ဦး ပါဝင်ကာ စစ်ကိုင်းတိုင်းမှာ (၄၇) ဦးဖြင့် အများဆုံး ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။


၎င်း (၄၈) ဦးတွင် အများစုမှာ အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေပုဒ်မဖြင့် ချမှတ်ခံရကာ ထောင်ဒဏ် ၁၀ နှစ်နှင့် ၁၀ နှစ်အထက် ချမှတ်ခံထားရသူ (၁၃) ဦး ပါဝင်ပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် စံချိန်တင်ဆက်လက်မြင့်တက်နေပြီးလူဦးရေ ဒသမ သန်းနီးပါးရှိလာ


ဧပြီလ ၂၅ ရက်။


မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် စံချိန်တင်ဆက်လက်မြင့်တက်နေပြီးလူဦးရေ ဒသမ သန်းနီးပါးရှိလာတယ်လို့သိရပါတယ်။


ဧပြီ၂၅ရက်မှာ အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်ကို UN OCHR Myanmarက ထုတ်ပြန်ဖော်ပြပါတယ်။


"မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ စံချိန်တင်ဆက်လက်မြင့်တက်နေပြီး၊ လူဦးရေ ဒသမ သန်းနီးပါးရှိလာပါပြီ။ ဒီအထဲကမှ လူဦးရေ ဒသမ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


နိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး၊ ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ စစ်တပ်ကြားမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာရာမှာ ဖာပွန်နဲ့ မြဝတီမြို့နယ်တွေမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။


 ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေးတင်းမာမှုအပေါ်စိုးရိမ်စရာတွေမြင့်တက်လာတာတွေနဲ့အတူ အခြေအနေတွေက ရုတ်ချည်းဆိုးရွားလာနေကာ ကူညီထောက်ပံတာတွေဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ရုံးနဲ့ ဆေးပေးခန်းတစ်ခု ဧပြီလ (၁၅) ရက်နေ့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသလို အစောပိုင်းရက်ပိုင်းတုန်းကလည်း ဘူးသီးတောင်မြို့လယ်က အိမ်ခြေ ၅၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရပါတယ်။ 


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ခန့်မှန်းခြေ ၁၆၆,၀၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။လူထုအကြပ်အတည်းအရင်းခံ စစ်အာဏာရှင်စနစ်အမြစ်လှန်ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲမှာလူထုလှုပ်ရှားမှုလုပ်ဆောင်


ဧပြီလ ၂၅ ရက်။


လူထုအကြပ်အတည်းအရင်းခံ စစ်အာဏာရှင်စနစ်အမြစ်လှန်ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲမှာလူထုလှုပ်ရှားမှုလုပ်ဆောင်ခဲ့ပါတယ်။


ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ဧပြီလ ၂၅ ရက်က "လူထုအကြပ်အတည်း အရင်းခံ စစ်အာဏာရှင်စနစ် အမြစ်လှန်" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ 


လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီး လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်မှုနဲ့အတူ ချီတက်ခဲ့ကြပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို တောက်လျှောက်လှုပ်ရှားခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို တိုက်ခိုက် စစ်သားတဦးသေဆုံးကာ သေနတ်တလက် သိမ်းဆည်းရရှိ 


ဧပြီလ ၂၅ရက်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာရှိတဲ့ ကုက္ကဲရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၈၁၅ တပ်ဖွဲ့- PLA အနောက်မြောက်စစ်ဒေသကပြောပါတယ်။

ဧပြီ ၂၅ ရက် မနက် နာရီခွဲခန့်က ကုက္ကဲရဲစခန်းအတွင်း တပ်စွဲထားတဲ့ အင်အား ၃၀ ကျော်ရှိ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

 တိုက်ပွဲဖြစ်ချိန်အတွင်း ထိခိုက်မှုများသွားတဲ့ စစ်အုပ်စုဟာ ကုက္ကဲရွာကို အကာအကွယ်ယူပြီး မြင်းခြံဘက်မှာရှိတဲ့ အမှတ် တပ်မတော်အကြီးစားစက်ရုံဘက်သို့ ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် -PLA က အသိပေးပါတယ်။

အထိနာသွားတဲ့ စစ်အုပ်စုဟာ စခန်းစွန့်ခွာသွားတာကြောင့် စခန်းကို ယာယီသိမ်းနိုင်ခဲ့ပြီး MA-1 တလက်နဲ့ ကျည်ဘောက်တခုသိမ်းဆည်းနိုင်ခဲ့တယ်လို့ PLA က ထုတ်ပြန်ပါတယ်။

မြင်းခြံ ကပစ စက်ရုံဘက်ထွက်ပြေးသွားတဲ့ စစ်အုပ်စုက ရဲစခန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ရဲ့ အမှတ် ၈၁၅ တပ်ဖွဲ့- PLA အနောက်မြောက်စစ်ဒေသ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ - PLA စုပေါင်းအင်အား၊ မြင်းခြံ 35 တပ်ဖွဲ့ Burmese Guerrilla Force - BGF KG တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ဧပြီ ၂၄ ရက် မနက်ကလည်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကထွက်လာတဲ့ ရဲကား ၂စီး တိုက်ခိုက်ခံရပြီး သေနတ်တလက် သိမ်းဆည်းရမိကာ ကား ၂စီးလုံးကို တော်လှန်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှာ တာဝန်ကျနေတဲ့စစ်သားကို ဝင်ဖမ်းချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး စရဖစစ်သား သေဆုံး 


ဧပြီလ ၂၅ရက်။

မကွေးတိုင်း ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ဝင်စစ်သား ကျော်နိုင်ဝင်းကို ဖမ်းဆီးချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး စရဖစစ်သား သေဆုံးသွားတယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။ 

ပခုက္ကူနည်းပညာတက္ကသိုလ် GTC စစ်တပ်ဂိတ်စခန်းမှာ တာဝန်ကျနေတဲ့ ပခုက္ကူမြို့ အခြေစိုက်တပ် ခလရ ၂၅၂ က စစ်သား ကျော်နိုင်ဝင်းကို ဧပြီလ ၂၄ ရက်နေ့ မနက် နာရီခန့်အချိန်က လက်ဖက်ရည်ဆိုင်အတွင်း ဝင်ဖမ်းချိန်မှာ အဖမ်းမခံဘဲ ထွက်ပြေးဖို့ကြိုးစားခြင်း၊ ခုခံခြင်းတို့ကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ 

ပခုက္ကူနည်းပညာတက္ကသိုလ် GTC စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ ပခုက္ကူမြို့ အခြေစိုက်တပ် ခလရ ၂၅၂ က စရဖ စစ်သား ကျော်နိုင်ဝင်းဟာ ကျောက်လှေခါးဂိတ်နဲ့ GTC ဂိတ်မှာ နှစ်နီးပါးနေထိုင်ကာ ဂိတ်ပတ်လည်ကို မိုင်းဆင်ပေးရသူလည်း ဖြစ်တယ်လို့ Southern YSO PDF က အသိပေးထားပါတယ်။

ကင်းမှူးတာဝန်နဲ့ ဂိတ်ကင်းစောင့်တာဝန်တွေကို ထမ်းဆောင်နေတဲ့ စရဖ စစ်သား ကျော်နိုင်ဝင်းကို GTC ဂိတ်အနီးက လဘက်ရည်ဆိုင်ကနေ အရှင်ဖမ်းဆီးရမိခဲ့ပေမယ့် ထွက်ပြေးဖို့ကြိုးစားပြီး ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   

ကျော်နိုင်ဝင်းထံကနေ ဖုန်းတလုံးသိမ်းဆည်းရရှိခဲ့တာမှာ ဖုန်းအတွင်း PDF ထောက်ပို့နေအိမ် အချက်အလက် မြေပုံများ၊ PDF များတပ်ဆင်ထားတဲ့ မိုင်းပွိုင့်နေရာအချက်အလက်များနဲ့ ပျူ၊ ဒလန် အချက်အလက်များ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။ 

အခုလို စစ်ဆေးတွေ့ခဲ့တာကြောင့် သက်ဆိုင်ရာနယ်မြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို အကြောင်းကြားပြီး စစ်တပ် သတင်းပေး အမျိုးသားတဦးကို ဧ‌ပြီလ ၂၄ ရက်နေ့ ညနေ နာရီခန့်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ အဆိုပါသတင်းပေးကို စစ်ဆေးပြီး ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှုတွေလုပ်သွားမယ်လို့ Southern YSO PDF က ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးများကို   Southern YSO PDF နဲ့ ပြည်သူ့အားမာန် PDF တို့က နတ်မိချောင်း စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၃။ ကလေးတွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦး အပါအဝင် ဦး သေဆုံးခဲ့


ဧပြီလ ၂၅ ရက်။


Radio NUG


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းတော်ဦး ကျေးရွာတွင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။


ဧပြီလ ၂၄ ရက်က ပျဉ်တော်ဦး ကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ဦးရဲ့ နာရေး ပြုလုပ်နေချိန် (ဧပြီ ၂၅ ရက်) မှာ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့အပြင် ဧပြီ ၂၄ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ဒဏ်ရာရရှိထားတဲ့ အမျိုးသမီး တစ်ဦးလည်း ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း အရပ်သား ပြည်သူ ဦးအထိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။


ပထမရက်က သေဆုံးခဲ့သူ () ဦးတွင် အသက် (၁၀) နှစ် ဝန်းကျင်ရှိ ကလေးငယ် () ဦး ပါဝင်တယ်လို့ ဒေသခံများက ပြောပြပါတယ်။


 အရှေ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်‌‌ရေး တပ်များကြား နန်းချောင်းကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ပျဉ်းတောဦးရွာကို အခုလို လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ ဆိုပါတယ်။


ထို့အပြင် ကလေးမြို့ အနောက်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ တစ်သောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံက သိရပါတယ်။


========================


🚩🚩 ၄။ ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို ပြည့်သူကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းနှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းရမိခဲ့


ဧပြီလ ၂၅ရက်။


မွန်ပြည်နယ်၊ရေးမြို့နယ်၊ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို ပြည့်သူကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းနှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းရမိခဲ့ပါတယ်။


ဧပြီ၂၅ရက်မှာ ဒေါနစစ်ကြောင်းကဖြစ်စဥ်ကိုအသိပေးဖော်ပြပါတယ်။


အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်းနေသည့် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို ပြည့်သူကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းနှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြပါတယ်။


အာဏာသိမ်းစစ်ကောင်စီ၏ စစ်မှုထမ်းစနစ်အကောင်အထည်ဖော်ရေး တပ်သားစုဆောင်းရေးနှင့်အရပ်သားပြည်သူများအားလက်နက်ကိုင်ခြိမ်းခြောက်ခြင်းများပြုလုပ်နေသည့် ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန်အတွက် ပြည်သူများမှတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များထံသို့ တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ  ပြည်သူ့စစ်အဖွဲ့ဝင် ဦးအားတော်လှန်ရေးမဟာမိတ်တပ်များမှ (၂၃) ရက်နေ့နံနက် :၀၀ နာရီ)အချိန်တွင်ခေါ်ယူစစ်ဆေးခဲ့ပြီး ဦးအားပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့အား စစ်ဆေးမေးမြန်းနေစဉ် သိမ်းဆည်းထားသောလက်နက်များကို လုယူကာပစ်ခတ်သဖြင့် မိမိတို့ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့ကိုပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့သတင်းထုတ်ပြန်ပါတယ်။


ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ထံမှ M4 Carbine ၂လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂လက်၊ 380 ပစ္စတို ၂လက် ကိုးလုံးအတို ၁လက်၊ .32 အတို ၁လက်၊ တူမီး ၁လက်၊ လက်ပစ်ဗုံး ၄လုံး 5.56 ကျည်ဘောက် ၄ခု 5.56 ကျည် ၃၈၅ တောင့် ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ .32 ကျည် ၄၁ တောင့် ဓါးတစ်လက် စကားပြောစက် ၃လုံး၊ စကားပြောစက် အားသွင်းခုံ ၂ခု၊ Equipment အီကွေးမင်း ၁ခု၊ ရေဗူးတစ်လုံး၊ မှန်ပြောင်းတစ်ခု တို့ကို ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းခဲ့ပါတယ်။


တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်( MSRF ) ၊ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ) ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) - ဒေါနတပ်ခွဲ() ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) - ဒေါနတပ်ခွဲ() တို့ပါဝင်တယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ ထားဝယ်မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ မောထစခန်းကို နှစ်ပေါင်း ၂၇ နှစ်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟို တရားဝင်ထုတ်ပြန်လာ...


ဧပြီလ ၂၅ရက်။


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က အကြမ်းဖက်စစ်တပ် ၁၉၉၇ ခုနှစ်မှာ လာရောက်အခြေချခဲ့တဲ့ မောထစစ်တပ်စခန်းကို ဧပြီလ ၂၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) က ဧပြီလ ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။ 


ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်က မောထစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ- နဲ့ တပ်မဟာ က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့အတူ စတင်တိုက်ခိုက်ခဲ့ရာက ဧပြီ ၂၄ ရက် က စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၃၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီစစ်တပ်စခန်းမှာ လာရောက်အခြေချနေတာက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ (၁၉) တပ်ရင်းဖြစ်ပြီး စစ်သားအင်အား ၄၀ ထက်မနည်းက တိုက်ခိုက်မှုတွေကြောင့် စခန်းကို စွန့်ခွာသွားပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဖာပွန်မြို့သိမ်းတိုက်ပွဲတွင် တော်ဝင်ဒေါင်း မှ ရဲဘော်ကိုဘေကြီး နှင့် ရဲဘော်ကိုငှက်တို့ကျဆုံး


ဧပြီလ ၂၅ရက်။

ဖာပွန်မြို့သိမ်းတိုက်ပွဲတွင် တော်ဝင်ဒေါင်းမှ ရဲဘော်ကိုဘေကြီးနှင့် ရဲဘော်ကိုငှက်တို့ကျဆုံးခဲ့ပါတယ်။


ဧပြီလ ၂၅ရက် တော်ဝင်ဒေါင်းစစ်ကြောင်းကတရားဝင်အသိပေးဖော်ပြပါတယ်။


ဖာပွန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၃၄၀) တပ်ရင်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေစဉ်အတွင်း ၂၀၂၄ ဧပြီလ ၂၄ ရက်နေ့တွင် တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်ကိုဘေကြီး နှင့် ရဲဘော်ကိုငှက် တို့သည် တော်လှန်ရေးနှင့် တိုင်းပြည်အတွက် ရဲရင့်စွာ တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲတွင် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ကျဆုံးသွားသည့် ရဲဘော် ကိုဘေကြီး နှင့် ရဲဘော်ကိုငှက် တို့ကို အာဇာနည်သူရဲကောင်းများအဖြစ် သတ်မှတ်ပြီး တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဦးညွှတ်ကာ ရဲဘော်တို့၏ သတ္တိကို အစဉ်အမြဲ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment