26th APR 2024 - Evening Daily News by Radio NUG


၂၀၂၄ ဧပြီလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "Tattoos Campaign မှရရှိအလှူငွေအချို့ကိုနိုင်ငံရေးအကျဥ်းသားများအား ထောက်ပံ့ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဆွေးနွေး

📌 ၂။ "အာဏာရှင်စနစ်ရှိနေသ၍ ဘယ်သူမှ၊ ဘယ်နေရာမှ မငြိမ်းချမ်းဘူး"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်သတိပေးဆို

📌 ၃။ ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးနေတဲ့ပြဿနာကိစ္စတွေကိုဖန်တီးပေးနေတာက အကြမ်းဖက်စစ်ကောင်စီပဲဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြောကြား

📌 ၄။ တော်လှန်ရေးအောင်မြင်ဖို့ကို ဦးမတည်ပဲ အချင်းချင်း ပြဿနာလုပ်နေသူတွေကိုတော့ လျှော့လည်း မတွက်၊ ပိုလည်း မတွက်ဘူးလို့ဆို

📌 ၅။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော လုပ်ဆောင်ရမည့်အချက်မှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းသာဖြစ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၆။ မြစ်ကြီးနားအကျဉ်းထောင်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရအကျဉ်းသားတဦး ထပ်မံသေဆုံးခဲ့ပြီး စစ်ကောင်စီက အကျဉ်းထောင် ဝန်ထမ်း ဦးကို ဖမ်းဆီး


၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မင်းတပ်မြို့နယ်၊တိုက်နယ် ()ရှိ ဝမ္မသူးဆေးရုံအားဂျက်ဖိုက်တာလေယာဥ်ဖြင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံး နှစ်ဦးထက်မနည်းရှိ

🚩 ၂။ ရေးမြို့နယ်မှာ စစ်သားစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်ခေါင်းဆောင်ထံကနေ လက်နက်များ သိမ်းဆည်းရရှိ

🚩 ၃။ TNLA အုပ်ချုပ်ပြီးနောက်ပိုင်း မိုင်းငေါ့မြို့နယ်မှာ မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၉၀ ရာခိုင်နှုန်းကင်းစင်

🚩 ၄။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)မှ သင်တန်းဆင်းရဲဘော်များ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရန်အသင့်ဖြစ်နေပြီလို့ဆို

🚩 ၅။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့မှု တိုင်းအဆင့်အရာရှိ ဦးအပါအဝင် များစွာသေဆုံး 

🚩 ၆။ ဓနုလူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတဲ့ စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့များကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ် ရေး တပ်မတော် ပြင်းပြင်းထန်ထန်ကန့်ကွက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "Tattoos Campaign မှရရှိအလှူငွေအချို့ကိုနိုင်ငံရေးအကျဥ်းသားများအား ထောက်ပံ့ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဆွေးနွေး


ဧပြီ၂၆ရက်


"Tattoos Campaign မှရရှိအလှူငွေအချို့ကိုနိုင်ငံရေးအကျဥ်းသားများအား ထောက်ပံ့ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဆွေးနွေးခဲ့တယ်လို့ဧပြီ၂၆ရက်တွင် ဆိုရှယ်မီဒီယာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမှ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကအသိပေးဆိုထားပါတယ်။


"Tattoos Campaign မှရရှိအလှူငွေအချို့ကိုNLDပါတီဝင်နိုင်ငံရေးအကျဥ်းသားများကိုထောက်ပံ့နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ ကြပါတယ်။ပါတီဝင်မဟုတ်သောနိုင်ငံရေးအကျဥ်းသားများကိုလည်းထောက်ပံလျှက်ရှိကြောင်းသိခဲ့ရပါတယ်။ ကင် ရဲ့သူ့မိခင်အပေါ်စိုးရိမ်ပူပန်မှုနဲ့မြန်မာနိုင်ငံသားတွေရဲ့ဘေးဒုက္ခတွေကိုစာနာနားလည်ပြီးအတတ်နိုင်ဆုံးကူညီဖို့ကြိုးစားနေတဲ့စေတနာကိုလည်းမြင်တွေ့ခဲ့ရပါတယ်"လို့ဆိုပါတယ်။


မြေပြင်တွင်ဒုက္ခရောက်နေသော  စစ်ဘေးရှောင်ပြည်သူများနှင့် မတရားဖမ်းစီးခံထားရသူများအား အကူအညီများ ပေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကင်မ် ဦးဆောင်သည့်Tattoos Campaignဟာအောင်မြင်စွာပြီးစီးခဲ့ပါတယ်။


========================


📌📌 ၂။ "အာဏာရှင်စနစ်ရှိနေသ၍ ဘယ်သူမှ၊ ဘယ်နေရာမှ မငြိမ်းချမ်းဘူး"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်သတိပေးဆို


ဧပြီ၂၆


"အာဏာရှင်စနစ်ရှိနေသ၍ ဘယ်သူမှ၊ ဘယ်နေရာမှ မငြိမ်းချမ်းဘူး"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဧပြီ၂၆ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"မြန်မာပြည်ဟာ ဘယ်သူမှ တစုတဖွဲ့တည်း ဒေသတခုခု စစ်နိုင်လို့ လွတ်လပ်ရေးရထားတာမဟုတ်၊ ပင်လုံစာချုပ်အရ ပေါင်းစည်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဒေသအလိုက် မူလဘုတ ပိုင်ရှင်ရှိပြီးသားပါ။ အခုပေါင်းတိုက်နေတာသည် ခေတ်စနစ်ပြောင်းဖို့ဖြစ်တယ်။ တနိုင်ငံလုံးကို ကိုယ့်သဘောနဲ့ကိုယ် အာဏာယူထားတဲ့ အာဏာရှင်စနစ်ကို တိုက်နေတာဖြစ်တယ်။ အာဏာလု၊ နယ်မြေချဲ့နေတာမျိုး မဖြစ်ရလေအောင် အားလုံးပေါင်းစည်း တိုက်ထုတ်ရမှာပါ။ တနေရာတည်းကွက်ပြီး လွတ်လပ်ရေးရလာမယ် လို့တော့ မည်သူမှ စိတ်ကူးမယဉ်တာ ကောင်းပါတယ်။ အာဏာရှင်စနစ်ရှိနေသ၍ ဘယ်သူမှ၊ ဘယ်နေရာမှ မငြိမ်းချမ်းဘူး။ လူမျိုးစုအားလုံးအတွက် စိတ်ချရတဲ့ နိုင်ငံရေးစနစ်တခု မတည်ဆောက်နိုင်သ၍ လက်နက်နဲ့ အာဏာတည်ဆောက်ထားတဲ့တဖွဲ့ဖွဲ့ဟာ ပြည်သူလူထုအပေါ် အမြဲအမိန့်ပေးနေမှာပါ"လို့ဆိုပါတယ်။


ဒါ့အပြင်လက်ရှိနွေဦးတော်လှန်ရေးဟာ ခေတ်စနစ်ကိုတိုက်နေတာဖြစ်ပြီး နယ်ချဲ့တိုက်ပွဲမဟုတ်ဘူးလို့ ဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၃။ ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးနေတဲ့ပြဿနာကိစ္စတွေကိုဖန်တီးပေးနေတာက အကြမ်းဖက်စစ်ကောင်စီပဲဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြောကြား


ဧပြီ၂၆


ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးနေတဲ့ပြဿနာကိစ္စတွေကိုဖန်တီးပေးနေတာက အကြမ်းဖက်စစ်ကောင်စီပဲဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဧပြီလအတွင်းမှာ သတင်းဌာနတခုသို့ မှတ်ချက်ပေးပြောကြားခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။


"ရခိုင်ပြည်နယ်မှာယခုဖြစ်နေတဲ့ ရိုဟင်ဂျာတွေကြုံတွေ့ရတဲ့ပြဿနာကတော့ အကြမ်းဖက်စစ်ကောင်စီက သူတို့ကိုအတင်းအကြပ်စစ်သားစုဆောင်းပြီးတော့ စစ်ဘောင်ကျယ်လာတဲ့ပတ်ဝန်းကျင်မှာ သူတို့ကိုအသုံးပြုနေကြတယ်။ တဘက်တည်းမှာလည်း ဒီလိုမျိုး ရိုဟင်ဂျာတွေကို တခြားသောအဖွဲ့တွေကလည်း

လူမျိုးရေး၊ ဘာသာရေးသွတ်သွင်းမှုနဲ့ သူတို့တပ်ထဲကိုဝင်ပြီးတော့ တိုက်ခိုက်ခိုင်းတာ၊ ဒေသတွင်းမှာရှိနေတဲ့တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဆန့်ကျင်ခိုင်းတဲ့အဖြစ်မျိုး ဖြစ်နေတာတွေ တွေ့ရပါတယ်။ အဲဒီတော့ အဲဒီနေရာမှာ ကျနော်တို့ ကြည့်လိုက်မယ်ဆိုတော့ ရှုပ်ထွေးတဲ့သဘောမျိုးရှိတယ်။ ဒါပေမဲ့ရှင်းရှင်းလေးတခုကတော့ ဒီကိစ္စတွေကိုဖန်တီးပေးနေတာက အကြမ်းဖက်စစ်ကောင်စီပဲဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စကစတပ်များဟာ ရခိုင်ပြည်နယ်အတွင်း အဓမ္မစစ်သားစုဆောင်းရုံသာမက အရပ်သားနေအိမ်များကိုပါမီးရှို့ဖျက်ဆီးမှုတို့လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးအောင်မြင်ဖို့ကို ဦးမတည်ပဲ အချင်းချင်း ပြဿနာလုပ်နေသူတွေကိုတော့ လျှော့လည်း မတွက်၊ ပိုလည်း မတွက်ဘူးလို့ဆို


ဧပြီ၂၆ရက်


တော်လှန်ရေးအောင်မြင်ဖို့ကို ဦးမတည်ပဲ အချင်းချင်း ပြဿနာလုပ်နေသူတွေကိုတော့ လျှော့လည်း မတွက်၊ ပိုလည်း မတွက်ဘူးလို့ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ဧပြီ၂၆ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် သုံးသပ်ပြောကြားထားပါတယ်။


"ကိုယ်တာဝန်ရှိရာမြို့က ညီလေး တဦး မနေ့က ကျဆုံးသွားတယ်။ အနာဂတ်မှာ အဲဒီမြို့ကို သူတို့ လိုလူမျိုး ခေါင်းဆောင်အဖြစ် ထားခဲ့နိုင်မယ်လို့အထိ မျှော်မှန်းထားခဲ့မိတာ။ ခုတော့ အာဇာနည်တွေ နေတဲ့ တိုင်းပြည်မှာ အာဇာနည်တဦး ထပ်တိုးရပြန်တာ။သူ့မိသားစုလုံခြုံရေးအတွက်ပုံတွေ အသေးစိတ်တွေ မတင်တော့ပါဘူး။ တနိုင်ငံလုံးက အခုလို နိုင်ငံ့ သားကောင်းတွေ အတွက် ကျွန်တော်တို့ အလုပ်ပိုပြီး လုပ်ဖို့ ဖြစ်တဲ့အတွက် အိပ်ချိန်နည်းလွန်းတဲ့ နေ့တွေ ညတွေလည်း များနေပါတယ်။ တနေ့ပြန်ဆုံကြမယ်လို့ ပြောနေရင်း ပြန်မဆုံနိုင်တော့တဲ့သူတွေကို လည်း ဘယ်တော့ မှ မမေ့ပါ။ ဒီအချိန်မှာ တော်လှန်ရေးအောင်မြင်ဖို့ကို ဦးမတည်ပဲ အချင်းချင်း ပြဿနာလုပ်နေသူတွေကိုတော့ လျှော့လည်း မတွက်၊ ပိုလည်း မတွက် သလို ထည့်လည်း မတွက်ပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းလျက်ရှိပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်းစစ်ရေး၊နိူင်ငံရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော လုပ်ဆောင်ရမည့်အချက်မှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းသာဖြစ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဧပြီ၂၆


ဧပြီ၂၅ရက်နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၂၄ခုနှစ်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးပံ့ပိုးမှုဆိုင်ရာဖိုရမ် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။


"စစ်တပ်မှ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်ခြင်းကြောင့် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်နေသည့်သူများ အပါအဝင် လူငယ်များစွာသည် တိုင်းပြည်မှထွက်ခွာရခြင်း၊ ပုံးခိုနေရခြင်းများ ဆောင်ရွက်နေကြရကြောင်း၊မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေ နေရပြီး၊ နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပဋိပက္ခထိခိုက်လွယ် မှုအချက်နှင့် မိမိတို့ ပြည်သူများ၏ လိုလားချက်ဆန္ဒ နှင့်‌ အညီ ဖြစ်ရန်လိုကြောင်း၊ Addis Ababa Action Agenda နှင့် ၂၀၃၀ အာဂျင်ဒါ တို့အား အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော လုပ်ဆောင်ရမည့်အချက်မှာ စစ်အာဏာရှင် စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်း  ဖြစ်သည်မှာ အထူးထင်ရှားနေပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင်   ပြည်တွင်းပြည်ပဆိုင်ရာ ပုဂ္ဂလိလုပ်ငန်းများနှင့် ငွေကြေးကဏ္ဍ နှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ စစ်တပ်မတရားအာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် ဘဏ္ဍာရေးကဏ္ဍပြောင်းလဲရေးမှာ ရပ်တန့်နေခဲ့ပြီး နောက်ပြန်လှည့်မည့် စိုးရိမ်ဖွယ် အခြေအနေ ရှိနေကြောင်း၊ ပြည်တွင်းဘဏ်လုပ်ငန်းများ အကျပ်အတည်းသည် အသေးစားငွေကြေး ပံ့ပိုးမှုအဖွဲ့အစည်းများအား ထိခိုက်စေခဲ့ကြောင်း၊ လုပ်ငန်း လုပ်ကိုင်သူ () သန်း အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သံအမတ်ကြီးကဖြည့်စွက်ပြောကြားခဲ့ပါတယ်။


========================


📌📌 ၆။ မြစ်ကြီးနားအကျဉ်းထောင်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရအကျဉ်းသားတဦး ထပ်မံသေဆုံးခဲ့ပြီး စစ်ကောင်စီက အကျဉ်းထောင် ဝန်ထမ်း ဦးကို ဖမ်းဆီး


ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ အကျဉ်းသားတွေထဲက တဦး ထပ်မံသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်-PPNM က ဒီနေ့ ဧပြီ ၂၆ မှာ ထုတ်ပြန်ပါတယ်။ 

မြစ်ကြီးနားအကျဉ်းထောင်တွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နောက်ဆက်တွဲအခြေအနေကို PPNM က အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်မှာ လွတ်ငြိမ်းခွင့်နဲ့ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်ရာမှာ စစ်တပ်ရဲ့ ပစ်ခတ်မှု ကြောင့် အသက် ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးဝင်း၊ အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်နိုင်ထွန်း၊ အသက် ၄၂ နှစ်အရွယ် အကျဉ်းသား ဦးညွန့်ဌေးနဲ့ အသက် ၄၃ နှစ်အရွယ် အကျဉ်းသား ဦးထွန်းဝင်းတို့ သေဆုံးခဲ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသူ အကျဉ်သား ကိုယိန်းဘောမ်ဟာ ဧပြီလ ၂၁ ရက်နေ့မှာ ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါဆန္ဒပြမှုမှာပါဝင်တယ်ဆိုသော အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်အမိန့်ချမှတ်ဖို့ ပြင်ဆင်နေပြီး အဆိုပါအကျဉ်းသားတွေအတွက် ပါဆယ်ပို့ခွင့် ပိတ်ခံထားရတယ်လို့ PPNM က အသိပေးထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧပြီလ ၂၄ ရက်နေ့ ထောင်ပိုင်လေး ကျော်မင်းဦး၊ ထောင်ဆေးရုံ ဆရာဝန် ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်း ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNMက ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မင်းတပ်မြို့နယ်၊တိုက်နယ် ()ရှိ ဝမ္မသူးဆေးရုံအားဂျက်ဖိုက်တာလေယာဥ်ဖြင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံး နှစ်ဦးထက်မနည်းရှိ


ဧပြီ၂၆


ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊တိုက်နယ် ()ရှိ ဝမ္မသူးဆေးရုံအားဂျက်ဖိုက်တာလေယာဥ်ဖြင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံး နှစ်ဦးထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။


ဧပြီ၂၅ရက် ည၈ နာရီအချိန်တွင် မင်းတပ်မြို့နယ်၊တိုက်နယ် ()ရှိ ဝမ္မသူးဆေးရုံအားဂျက်ဖိုက်တာလေယာဥ်ဖြင့် စကစတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ CDF-Mindatကအတည်ပြုပါတယ်။


ဧပြီ၂၅ရက်ည နာရီအချိန်တွင် မင်းတပ်မြို့နယ်၊တိုက်နယ် ()ရှိ ဝမ္မသူးဆေးရုံအားဂျက်ဖိုက်တာလေယာဥ်ဖြင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူလျက်ရှိသည့်အရပ်သား ပြည်သူများ ထိခိုက်မှုများစွာရှိပြီး သေဆုံးမှုများလည်း ဦးအထက်ရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။


 ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိသည့် အခြားနေရာများတွင်လည်းလေကြောင်းတိုက်ခိုက်မှုရှိနေပြီးထိခိုက်မှုအားအသေးစိပ်ကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရေးမြို့နယ်မှာ စစ်သားစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်ခေါင်းဆောင်ထံကနေ လက်နက်များ သိမ်းဆည်းရရှိ


မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်ခေါင်းဆောင်ထံ ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်-MSRF က ထုတ်ပြန်ပါတယ်။

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကျုံညှဲကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်း ဖို့နဲ့ အရေးယူပေးဖို့ ပြည်သူလူထုကတိုင်ကြားလာတာကြောင့် ဧပြီ ၂၃ရက်မှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျုံညှဲကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးကို တော်လှန်ရေးမဟာမိတ်တပ်တွေက ခေါ်ယူစစ်ဆေးခဲ့ပြီး ၃ဦးကို အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ အသိပေးပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ထိန်းသိမ်းထားရာမှာ ဧပြီ ၂၄ ရက် မနက်က သိမ်းဆည်းထားတဲ့ လက်နက်တွေ ကို လုယူပစ်ခတ်တာကြောင့် တော်လှန်ရေးရဲဘော်တဦး ဒဏ်ရာရခဲ့တဲ့အတွက် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ MSRF က ထုတ်ပြန်ပါတယ်။

ကျုံညှဲကျေးရွာ ပြည်သူ့စစ်အဖွဲ့ထံကနေ M4 Carbine လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂လက်၊ 380 ပစ္စတို ၂လက် ကိုးလုံးအတိုတလက်၊ ပွိုင့် 23 အတိုတလက်၊ တူမီးတလက်နဲ့ကျည်များ လက်ပစ်ဗုံးနဲ့စစ် အသုံးအဆောင်များ သိမ်းဆည်း ခဲ့တယ်လို့ MSRF က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

ထို့ပြင် ကျုံညှဲကျေးရွာ ပြည်သူ့စစ်ထံမှ သိမ်းဆည်းရရှိခဲ့တဲ့ စစ်သားစုဆောင်းမှု မှတ်တမ်းမှတ်ရာတွေကိုလည်း MSRF ရုပ်သံမှတ်တမ်းနဲ့တကွဖော်ပြကာ မှတ်တမ်းကိုလည်း တော်လှန်ရေးရဲဘော်တဦးက ဖတ်ပြထားပါတယ်။

ပြည်သူ့စစ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းစေခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှာ မွန်ပြည်တော်လှန်ရေးတပ်-MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက် -ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF - ဒေါနတပ်ခွဲ ၄၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT - ဒေါနတပ်ခွဲ တို့ပါဝင်တယ်လို့ သိရပါတယ်။ 

မွန်ပြည်တော်လှန်ရေးတပ်-MSRF အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ လက်နက်ကိုင်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရန်သူ အဖြစ်သတ်မှတ်ပြီး ရှင်းလင်းသွားမယ်လို့ ယခင်ကတည်းက အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၃။ TNLA အုပ်ချုပ်ပြီးနောက်ပိုင်း မိုင်းငေါ့မြို့နယ်မှာ မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၉၀ ရာခိုင်နှုန်းကင်းစင်


ရှမ်းပြည်မြောက်ပိုင်းက တအာင်းပြည် တပ်မဟာ- စစ်ဒေသ မိုင်းငေါ့မြို့နယ်အတွင်းမှာ PSLF/TNLA အုပ်ချုပ်ပြီး နောက်ပိုင်း မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၉၀ ရာခိုင်နှုန်းကင်းစင်‌နေပြီလို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ပြောပါတယ်။

 မိုင်းငေါ့မြို့နယ်မှာ တအာင်းတပ်မတော် TNLA အုပ်ချုပ်ပြီး လအတွင်းမှာ မူယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူ ၉၀ ရာခိုင်နှုန်း ကင်းစင်သွားပြီလို့ မြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။


အရင်တုန်းကဆို ပွဲတွေဘာတွေရှိရင် မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ လောင်းကစားဝိုင်းက မပါမဖြစ်၊ စျေးပွဲတန်းလိုပဲ ပေါ်တင် လုပ်နေကြတယ်။ ဘယ်သူမှ အရေးယူတာမရှိဘူးလည်း မြို့ခံ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လက မိုင်းငေါ့မြို့နယ်အတွင်း မူယစ်ဆေးရောင်းဝယ်သုံးစွဲသူ ဦးကို မိုင်းငေါ့မြို့နယ် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး မူယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူထားတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးပါတယ်။

ဖမ်းဆီးချုပ်နှောင်ထားသူ ဦးကို လအတွင်း မူးယစ်ဆေးဖြတ်ပေးမှာဖြစ်ပြီး နောက်ထပ် မူးယစ်ဆေးမသုံးစွဲပါဘူးဆိုတဲ့ ဝန်ခံကတိနဲ့ ပြန်လွှတ်ပေးမယ်လို့ မိုင်းငေါ့မြို့နယ်ရဲမှူးက ပြောပါတယ်။

တအာင်းတပ်မတော် TNLA အုပ်ချုပ်တဲ့ မိုင်းငေါ့မြို့နယ်အပြင် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းလုံမြို့နယ်တို့ မှာလည်း ဘိန်းစိုက်ပျိုးခြင်း၊ မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်း စတာတွေနဲ့ပတ်သက်ပြီး TNLA တာဝန်ရှိသူတွေက လိုက်လံတိုက်ဖျက် အရေးယူနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)မှ သင်တန်းဆင်းရဲဘော်များ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရန်အသင့်ဖြစ်နေပြီလို့ဆို


ဧပြီ၂၆


ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)(KNPLF)အဖွဲ့စည်း အနေဖြင့် နေရာအနှံ့တွင် တိုက်ပွဲဝင်ရောက်ဆင်နွဲနေသလို တိုက်ရေခိုက်ရေမြင့်မားပြီး စည်းကမ်းရှိသော ရဲဘော်ကောင်းများဖြစ်လာစေရန်အတွက် စစ်နည်းဗျူဟာမွမ်းမံသင်တန်းအား  ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ သင်တန်းအမှတ်စဥ်()ထိ သင်ကြားပို့ချခဲ့ပြီးသင်တန်းဆင်း ရဲဘော်များအနေဖြင့်ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရန်အသင့်ဖြစ်နေတယ်လို့  ဧပြီလအတွင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)မှအသိပေးဖော်ပြပါတယ်။


ကလလတဟာ စကစရဲ့လေကြောင်းတိုက်ခိုက်မှုကိုတွန်းလှန် ပစ်ချနိူင်ခဲ့ပြီး စကစတပ်များကိုအထိနာစေခဲ့သောတော်လှန်ရေးအင်အားစုတရပ်လည်းဖြစ်ပါတယ်။


========================


🚩🚩 ၅။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့မှု တိုင်းအဆင့်အရာရှိ ဦးအပါအဝင် များစွာသေဆုံး 


စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ ကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဧပြီလ ၂၄ ရက်နေ့ နာရီခန့်အချိန်မှာ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။


မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခကို ရော့ကတ် အလုံး ၂၀ အပါအဝင် ဒရုန်း စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။


တိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ ဇေယျာသီရိခန်းမမှာ အကြမ်းဖက်စစ်တပ်က အရာရှိကြီးတွေ အစည်းအဝေး ပြုလုပ်နေချိန် ရှော့တိုက်ရော့ကတ်ထိမှန်ခဲ့ရာ တိုင်းအဆင့်အရာရှိကြီး ဦးအပါအဝင် အများအပြား သေဆုံးခဲ့ တယ်လို့ KLG PDF က အသိပေးပါတယ်။


ဒါ့အပြင် ဗဟိုကင်းကိုလည်း ရှော့တိုက်ရော့ကတ်ထိမှန်ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲမှုကြောင့် ဗိုလ်မှူးတဦးအပါအဝင် စစ်သားများစွာ သေဆုံးပြီး ကတ္တရာလမ်းပေါ်က အသားစတွေကို ဂေါပြားတွေနဲ့ ကျုံးယူရတဲ့အထိဖြစ်ခဲ့ကာ တိုင်းရုံးကို ကင်းစောင့်ပေးနေတဲ့ ရဲ ဦးလည်း ကတုတ်ကျင်းအတွင်းမှာပဲ သေဆုံးသွားကြတယ်လို့ ဆိုပါတယ်။


အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး သန်းထိုက်နေထိုင်ရာ အိမ်ရာဝင်းအတွင်းကိုလည်း ရော့ကတ်များ၊ ဒရုန်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့သလို စစ်မြေပြင်ဆေးတပ်ရင်း - ဆမရ အရာရှိရိပ်သာ ထိမှန်ပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၂၃ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲနဲ့အတူ Chindwin Rocket Brothers -(C.R.B) Dragon Brothers Task Force-DBTF Advance- 47 Chindwin Brothers ချိုမိုင်မိုင်-ကနီ၊ ချိုမိုင်မိုင်-ယင်းမာပင်၊မုံရွာခရိုင် တပ်ရင်း ၁၃ စတဲ့ မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက်  Nationwide Air Scout-NAS -  လေကြောင်းကင်းထောက်အဖွဲ့က ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၆။ ဓနုလူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတဲ့ စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့များကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ် ရေး တပ်မတော် ပြင်းပြင်းထန်ထန်ကန့်ကွက် 

==============


အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေအရဟုဆိုကာ ဓနုလူငယ်တွေကို စစ်သားအဖြစ်စုဆောင်းနေတဲ့ စစ်တပ် လက်အောက်ခံ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ဓနုပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၁၀၀၃ က အသိပေးထုတ်ပြန်ပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ဓနုလူမျိုးအများစုနေထိုင်ရာ ရွာငံ၊ ကလော၊ ပင်းတယ၊ ရပ်စောက်နဲ့ နောင်ချိုမြို့နယ်တို့က ဓနုလူငယ်တွေကို စစ်တပ်ထောက်တိုင် လက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်သားသစ်များအဖြစ် အဓမ္မစုဆောင်းနေတယ် လို့ ဆိုပါတယ်။


လက်ရှိအချိန်ဟာ စစ်အာဏာရှင်ကို တွန်းလှန်ရင်း ဖက်ဒရယ်နိုင်ငံတော်ကိုတည်ဆောက်နေတဲ့အချိန်မှာ မတရားတဲ့နည်းနဲ့ တပ်သားသစ်တွေစုဆောင်းနေတဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ စစ်မှုထမ်း မယ့်အစား ဖက်ဒရယ်နိုင်ငံတော် တပ်ရင်းအဖြစ် ဖွဲ့စည်းထားတဲ့ ဓနုဒေသအခြေစိုက် P3-1003 တပ်ရင်းကို ဝင်ရောက်ပြီး တိုက်ပွဲဝင်သင့်တယ်လို့လည်း ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်တွန်းထားပါတယ်။ 

ဓနုဒေသအခြေစိုက်ကာကွယ်ရေးတပ်မတော်ဟာ ဓနုလူမျိုးကိုယ်စားပြု ဖွဲ့စည်းထားတာဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MOD အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ P3-1003 တပ်ရင်းအဖြစ် ရပ်တည်ကာ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပြီး အောင်ပွဲပေါင်းများစွာရရှိထားတဲ့တပ်ရင်းလို့ သိရပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment