2nd APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ၂၇၆၃ ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သဝဏ်လွှာပေးပို့

📌 ၂။ သတင်းတုတွေပုံစံမျိုးစုံနဲ့ပေါ်ထွက်လာတာကို သတိပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အသိပေး

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးတက်ရောက်

📌 ၅။ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူပြောကြားချက်ဟုဆိုကာ သတင်းတုဖြန့်ဝေနေ

📌 ၆။ စစ်ကောင်စီကို လူရာသွင်းဖို့ ကြိုးစားနေတဲ့သူတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးနေသူတွေလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ ချက်နိူင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်ပြောကြား

📌 ၇။ ပါမောက္ခဒေါ်မီမီဝင်းဘတ်နှင့် နော်ဝေးရောက်မြန်မာ မိသားစုများ တွေ့ဆုံ

📌 ၈။ ကယန်းဒေသမှ ဆရာဆရာမ (၂၁) ဦးနှင့် ဝေဖန်ပိုင်းခြားစဉ်းစားသောစာသင်ခန်းများတွင်သင်ကြားသောနည်းစနစ်များ (နည်းပြဆရာသင်တန်း) ကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စတင်ကျင်းပ

📌 ၉။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကြောင့် ပြည်သူတရပ်လုံး ဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်ဘေးရှောင်ဦးရေ မြင့်တက်လာ


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လေးကေ့ကော် ရေကန်ကုန်း စခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓါတ်ပုံများကို Federal Wings ထုတ်ပြန်

🚩 ၂။ ပခုက္ကူမြို့လဝကရုံးသို့လာရောက်တဲ့  လဝကဦးစီးအရာရှိနှင့်အတူ ၎င်းအားလုံခြုံရေးယူပေးသော စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးတပ်ဖွဲ့များဖောက်ခွဲတိုက်ခိုက်

🚩 ၃။ ထားဝယ်တွင် စစ်ကောင်စီ ကားနှစ်စီး တိုက်ခိုက်ခံရပြီး တစ်စီးတိမ်းမှောက်ကာ ထိခိုက်သေဆုံးသူ ၄၀ ခန့်ရှိ

🚩 ၄။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဒုတိယအကြိမ် အထွေထွေညီလာခံကို လေကြောင်းတိုက်ခိုက်မှုကြားမှ အောင်မြင်စွာကျင်းပနိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၂၇၆၃ ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သဝဏ်လွှာပေးပို့


ဧပြီလ ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဧပြီလ၁ရက်နေ့တွင် ကျရောက်သည့် (၂၇၆၃) ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ အခါ ကာလတွင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ကောင်းကျိုးအဖြာဖြာ ပြည့်ဝပါစေကြောင်း မေတ္တာပို့သလျက် ယခုနှစ်သည် မိမိတို့အားလုံး၏ နွေဦးတော်လှန်ရေး ရည်မှန်းချက်များ အပြည့်အဝ အောင်မြင်မှုရရှိလာမည့် ထူးမြတ်သည့် နှစ်သစ်ဖြစ်ပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ဖော်ပြပါတယ်။


ကရင်နီလူမျိုးတို့သည် ခေတ်အဆက်ဆက် သမိုင်းအစဥ်အလာကောင်းများအား လက်ဆင့်ကမ်းထိန်းသိမ်းလျက် စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ကြီးမြတ်ခမ်းနားသည့် လူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန် ဂုဏ်ရည်တို့အား တိုးမြှင့်စွမ်းဆောင်နိုင်သည့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးများအဖြစ် ယနေ့ထိတိုင် ထင်ပေါ်ကျော်ဇောလျက်ရှိသည်မှာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်တယ်လို့ဆိုပါတယ်။


ကရင်နီပြည်သူများသည် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ဤနွေဦးတော်လှန်ရေးကြီးတွင် တိုင်းရင်းသားများအားလုံးနှင့် အတူတကွ သက်စွန့်ကြိုးပမ်းတိုက်ပွဲ၀င်နေခြင်းများကြောင့် အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပြီး ဒေသခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်း၊ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထား၍ တိုက်ခိုက်ခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းများကြောင့် စစ်ရာဇ၀တ်မှု ကျူးလွန်ခံရခြင်းများအပါအ၀င် အခြေခံလူ့အခွင့်အရေးများကိုလည်း ဆုံးရှုံးနေရတယ်လို့ဆိုပါတယ်။


သို့ရာတွင် မည်မျှသော သာလွန်အင်အားလက်နက်များဖြင့် မြေပြင်ဝေဟင် အကြမ်းဖက်တိုက်ခိုက်ခံရသော်လည်း ကရင်နီတိုင်းရင်းသားတို့၏ ခုခံတော်လှန်လိုစိတ်၊ သွေးစည်း ညီညွတ်မှုခွန်အားနှင့် စုပေါင်းအားတို့အား စစ်ကောင်စီအနေဖြင့် ယှဥ်ပြိုင်နိုင်ခြင်းမရှိသည်မှာ လက်ရှိ တော်လှန်ရေးအောင်ပွဲများက သက်သေတည်လျက်ရှိတယ်လို့ဆိုပါတယ်။


နွေဦးတော်လှန်ရေး၏ အောင်မြင်မှု မှတ်တမ်းများသည် နောင်တချိန်တွင် ထည်ဝါစွာ သမိုင်းဝင်ကမ္ဗည်းတင်မည့် မှတ်ကျောက်များဖြစ်ကာ ကရင်နီတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်ကြီးများနှင့် သူရဲကောင်း အပေါင်းတို့၏ စွမ်းရည်သတ္တိ၊ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများ၊ စွန့်လွှတ်အနစ်နာခံမှု၊ ရင်းနှီးပေးဆပ်မှုများအတွက်လည်း လေးစားစွာ ဂုဏ်ပြုဦးညွှတ်လိုတယ်လို့ဖော်ပြပါတယ်။


ကရင်နီပြည်နယ်ဖွား သွေးချင်းများအနေဖြင့် မိမိတို့အပါအဝင် ပြည်ထောင်စုအတွင်းရှိ ညီနောင်တိုင်းရင်းသားအားလုံးတို့နှင့်အတူ ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် တသွေးတသားတည်း ရပ်တည်လျက် နွေဦးတော်လှန်ရေးအောင်ပွဲအလီလီကို ဖော်ဆောင်နိုင်ကြကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ကင်းစင်လျက် တန်းတူညီမျှမှု၊ တရားမျှတမှု၊ စည်းကမ်းပြည့်ဝမှုတို့ ထုံလွှမ်းသော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးအား အမြန်ဆုံးတည်ဆောက်သွားနိုင်ပါစေကြောင်း ၂၇၆၃ ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်အပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ သတင်းတုတွေပုံစံမျိုးစုံနဲ့ပေါ်ထွက်လာတာကို သတိပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အသိပေး


ဧပြီလ ၁ရက်။

သတင်းတုတွေပုံစံမျိုးစုံနဲ့ပေါ်ထွက်လာတာကို သတိပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဧပြီလ ၁ရက် ဆိုရှယ်မီဒီယာမှာ ရေးသားပြောကြားထားပါတယ်။


"သတင်းအတုတွေ ပုံစံမျိုးစုံနဲ့ စစ်ပွဲမျက်နှာစာတခုလို သိသိသာသာကို ဖြစ်လာနေတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဧပြီလ ၁ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရစာတံဆိပ်နှင့် ဒေါ်လာ၁ဘီလီယံ ပြန်လည်ရရှိကြောင်း အွန်လိုင်းတွင်ပြန့်နှံနေသည့်ကြေညာချက်မှာ အတုသာဖြစ်ကြောင်းသတင်းရရှိထားပါတယ်။


လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရတရားဝင်သတင်းထုတ်ပြန်ချက်များကို ဘလူးမတ်ပါဝင်သော ဆိုရှယ်မီဒီယာများမှ ဖော်ပြမှသာ ယုံကြည်စိတ်ချနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဧပြီ လ၁  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၂/၂၀၂၄)ကို ဧပြီလ ၁ရက်နေ့ကကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပညာရေး၊ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးတက်ရောက်


ဧပြီ ၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို မတ်လ၃၀ရက် မွန်းလွဲ(၀၁:၀၀)နာရီအချိန်တွင် Zoom Meetingဖြင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ဌာနမှတာဝန်ရှိသူများ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)မှ ဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။


ရှေးဦးစွာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ကောင်စီ၏ အထွေထွေအတွင်းရေးမှူးက မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြပါတယ်။ 


ဆက်လက်ပြီး ရှင်းလင်းတင်ပြမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်" မိမိအနေဖြင့် အဓိက အကြံပြုလိုသည်မှာ မွန်ပြည်နယ် CDMကောင်စီနှင့် အခြားပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များအကြား ကွန်ယက်ထူထောင်ထားနိုင်ရေးဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့အစည်းရဲ့ လိုအပ်ချက်များအပေါ် ဆန်းစစ်ပြီး အမြဲနိုးကြားတက်ကြွနေရမည်ဖြစ်ပါကြောင်း၊ အပြောင်းအလဲများတွင်လည်း အလိုက်သင့် လိုက်ပါပြောင်းလဲနိုင်ရန် လိုအပ်ပါကြောင်း၊ အနာဂတ်အတွက် မှတ်တိုင်များလည်း ချမှတ်ထားသင့်ပြီး အစုအဖွဲ့များအကြား ဘုံလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ယခုကတည်းက ကြိုတင်ညှိနှိုင်းပြင်ဆင်ထားသင့်ပါကြောင်း"ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူပြောကြားချက်ဟုဆိုကာ သတင်းတုဖြန့်ဝေနေ


ဧပြီလ ၁ရက်။

ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူပြောကြားချက်ဟုဆိုကာ သတင်းတုတရပ်ဖြန့်ဝေနေကြောင်းသိရပါတယ်။


ဧပြီလ ၁ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြန်လည်ရှင်းလင်းဆိုထားပါတယ်။


"ဘယ်ကမှန်းမသိတဲ့ account တစ်ခုက ကျွန်တော်က ပြောတယ်ဆိုပြီး သတင်းအတုတွေဖြန့်နေတာတွေ့ရပါတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အရှုံးကို လက်မခံဘဲ လွတ်ရာလွတ်ကြောင်းကို နည်းလမ်းပေါင်းစုံသုံးပြီး ရှာဖွေနေပုံပါပဲ။ သတိပြုကြဖို့ပါ"လို့ ရေးသားဆိုထားပါတယ်။


အဆိုပါ Ko Gyi Ko Gyiအကောင့်တွင် ဖော်ပြသောသတင်းတုမှာ စကစနှင့်NUG တွေ့ဆုံဆွေးနွေးပြီးဖြစ်ကာ ရွေးကောက်ပွဲတနှစ်အတွင်းပြန်လည်ကျင်းပရန်သဘောတူထားတယ်လို့ မဟုတ်မမှန်ဖော်ပြထားပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီကို လူရာသွင်းဖို့ ကြိုးစားနေတဲ့သူတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးနေသူတွေလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ ချက်နိူင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်ပြောကြား


ဧပြီလ ၁ရက်။

စစ်ကောင်စီကို လူရာသွင်းဖို့ ကြိုးစားနေတဲ့သူတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးနေသူတွေလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ ချက်နိူင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်ပြောကြားလိုက်ပါတယ်။

"လူမှာ မွေးလာကတည်းက ပါလာတဲ့ မွေးရာပါ လူအခွင့်အရေးရှိတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်။ မွေးလာကတည်းက ငါတော့ ဘယ်ဘာသာ၀င်ဖြစ်ရမယ်ဆိုပြီး ရွေးချယ်လာကြတဲ့ လူသားဆိုတာ မရှိကြဘူး။ အခုလို လူမဆန်စွာ ရက်စက်မှုတွေနဲ့အတူ လုယက်လူသတ်နေတဲ့ စစ်ကောင်စီကို လူရာသွင်းဖို့ ကြိုးစားနေတဲ့သူတွေဟာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးနေသူတွေလို့ သတ်မှတ်ရပါလိမ့်မယ်။ လူသတ်သမားတွေရဲ့ သွေးအလိမ်းလိမ်းပေကြံညစ်ပတ်နေတဲ့ လက်တွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့အဘိဓာန်မှာ မရှိပါဘူး" လို့ဆိုပါတယ်။

အကြမ်းဖက်စကစဟာ လက်တလောမှာ သံတမာန်အသိုင်းအဝိုင်းကို ပြန်လည်ဝင်ဆံနိုင်ရေး ပြည်ပနိုင်ငံများရှိ စကစသံရုံးများသို့ လူလွှတ်စေခိုင်းမှုများလည်းရှိနေပါတယ်။


========================


📌📌 ၇။ ပါမောက္ခဒေါ်မီမီဝင်းဘတ်နှင့် နော်ဝေးရောက်မြန်မာ မိသားစုများ တွေ့ဆုံ


ဧပြီလ ၁ရက်။

ဧပြီ၁ရက်နေ့မှာ ပါမောက္ခဒေါ်မီမီဝင်းဘတ်နှင့် နော်ဝေးရောက်မြန်မာ မိသားစုများ တွေ့ဆုံပွဲကို( အော်စလို)မှာ ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲမှာ ပါမောက္ခဒေါ်မီမီဝင်းဘတ်က တက်ရောက်လာသည့် မြန်မာအင်အားစုများအားသိရှိလိုသည်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။


မတ်လနောက်ဆုံးပတ် ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာ့တော်လှန်ရေးမိသားစုများ နှင့်တွေ့ဆုံခဲ့ပါသေးတယ်။


========================


📌📌 ၈။ ကယန်းဒေသမှ ဆရာဆရာမ (၂၁) ဦးနှင့် ဝေဖန်ပိုင်းခြားစဉ်းစားသောစာသင်ခန်းများတွင်သင်ကြားသောနည်းစနစ်များ (နည်းပြဆရာသင်တန်း) ကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စတင်ကျင်းပ


ဧပြီ၁ရက်

ကယန်းဒေသမှ ဆရာဆရာမ (၂၁) ဦးနှင့် ဝေဖန်ပိုင်းခြားစဉ်းစားသောစာသင်ခန်းများတွင်သင်ကြားသောနည်းစနစ်များ (နည်းပြဆရာသင်တန်း) ကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စတင်ကျင်းပခဲ့ပါတယ်။


ဧပြီလ ၁ရက်မှာ စဥ်းစားတွေးခေါ်သော စာသင်ခန်းဖောင်ဒေးရှင်းမှ ဒေါက်တာသိန်းလွင်ကအသိပေးဖော်ပြထားပါတယ်။


"ကယန်းဒေသမှ ဆရာဆရာမ (၂၁) ဦးနှင့် ဝေဖန်ပိုင်းခြားစဉ်းစားသော စာသင်ခန်းများတွင် သင်ကြားသောနည်းစနစ်များ (နည်းပြဆရာသင်တန်း) ကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဧပြီလ ၁ရက် စတင်ပါတယ်။ ၁၂ ရက်ကြာမြင့်ပါမယ်"လို့ဖော်ပြပါတယ်။


ကယန်းဒေသတွင် ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) က ဦးဆောင်၍ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို အကောင်အထည်ဖေါ်နေပြီ ဖြစ်ပါတယ်။


ရပ်ရွာအခြေပြုဖွင့်လှစ်သော မူလတန်းအဆင့် (၁၀၄) ကျောင်း၊ အလယ်တန်းအဆင့် (၁၇) ကျောင်း၊ အထက်တန်းအဆင့် () ကျောင်း၊ ဆရာဆရာမ (၈၅၀) ကျော် နှင့် ကျောင်းသားကျောင်းသူ (၁၁၀၀၀ ကျော်) ကိုတာဝန်ယူ အကောင်အထည်ဖေါ်လျှက်ရှိပါတယ်။ 


လာမည့်စာသင်နှစ်တွင် ကယန်းအမျိုးသားကောလိပ်ထူထောင်ဖွင့်လှစ်ရန်လည်း ဆောင်ရွက်လျှက်ရှိတယ်လို့လည်း ဒေါက်တာသိန်းလွင်ကဆိုပါတယ်။


========================


📌📌 ၉။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကြောင့် ပြည်သူတရပ်လုံး ဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်ဘေးရှောင်ဦးရေ မြင့်တက်လာ


ဧပြီလ ၁ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကြောင့် ပြည်သူတရပ်လုံး ဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်ဘေးရှောင်ဦးရေ မြင့်တက်လာကာ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိတယ်လို့ဆိုပါတယ်။

 

ပြီးခဲ့သည့် သတင်းပတ်အတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို ဂျိုင်းမြစ်ရှိ အကြမ်းဖက် စစ်အုပ်စု၏ စစ်သင်္ဘောမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများ တိမ်းရှောင်ထွက်ပြေးနေကြရကာ မီးဘေးသင့် ပြည်သူများနှင့် အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ခွင့်ကို စစ်အုပ်စု၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။ 


ထို့ပြင် တိုက်ပွဲမဖြစ်ပွားသည့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အချို့၌လည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ တိမ်းရှောင်နေကြရပါတယ်။


လက်ရှိ ကချင်ပြည်နယ်မှာတော့ မတ်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာကြောင့် မြို့နယ် ၁၀ ခုမှာ လူပေါင်း ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။ 


စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖေဖော်ဝါရီလနှောင်းပိုင်းကစတင်တဲ့ တိုက်ပွဲတွေကြောင့် မုံရွာမြို့နယ်မှာ အရပ်သား ၂၅,၀၀၀ ခန့်နဲ့ ကလေးမြို့နယ်မှာ လူပေါင်း ၂၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။


နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ဒသမ သန်း ကျော်လွန်လာနေပြီး ဒီအထဲကမှ လူဦးရေ ဒသမ သန်း‌ကျော်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ UN OCHA Myanmarကဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လေးကေ့ကော် ရေကန်ကုန်း စခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓါတ်ပုံများကို Federal Wings ထုတ်ပြန်


ဧပြီလ ရက်။

Radon NUG

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေကော်ဒေသရှိ စစ်ကောင်စီရဲ့ ရေကန်ကုန်း တပ်စခန်းသိမ်း တိုက်ပွဲမှ ဓါတ်ပုံမှတ်တမ်းများကို တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က ဧပြီ ရက်နေ့မှာ ထုတ်ပြန်ပြသ ခဲ့ပါတယ်။


အဆိုပါ ရေကန်ကုန်း တပ်စခန်းကို မတ်လ ၃၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။


၎င်းစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများအနေနဲ့ တော်လှန်ရေးတပ်များနဲ့ အေးဆေး ပူးပေါင်းခြင်း မရှိခဲ့တာကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်းကို Federal Wings ဒရုန်းအဖွဲ့ကငါတို ကော်ဘရာဗိုလ်ကြီးတွေ ဒီလောက်သဘောကောင်း နေတာတောင်မှ အေးဆေး မပူးပေါင်းချင်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံဟု ဆိုထားပြီး ရေကန်ကုန်း တပ်စခန်းရဲ့ ထိခိုက်ပျက်စီးမှု ဓါတ်ပုံများကို ပြသခဲ့ပါတယ်။


အဆိုပါ စစ်ဆင်ရေးကို Cobra Federal Wings KNDO Federal Wings နှင့် အခြားသော ဒရုန်း တပ်ဖွဲများ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ကရင်ပြည်နယ် KNU တပ်မဟာ ဒေသများတွင် ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်များက မြဝတီ၊ သင်္ကန်းညီနောင်၊ လေးကေကော်၊ ဖလူး၊ ဝေါလေ စတဲ့ ဒေသများမှာ စစ်ကောင်စီ တပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်နေကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူမြို့လဝကရုံးသို့လာရောက်တဲ့  လဝကဦးစီးအရာရှိနှင့်အတူ ၎င်းအားလုံခြုံရေးယူပေးသော စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးတပ်ဖွဲ့များဖောက်ခွဲတိုက်ခိုက်


ဧပြီလ ၁ရက်။

ဧပြီလ ၁ရက် မနက် ၈နာရီ ၂၆ မိနစ်အချိန်တွင် ပခုက္ကူမြို့ စစ်ကောင်စီလက်အောက်ခံ လဝကဦးစီးအရာရှိနှင့်အတူ ၎င်းအားလုံခြုံရေးယူပေးသော စစ်ကောင်စီတပ်သား၇ဦးခန့်မှ အိမ်စီးကား ၂စီးဖြင့် လဝကရုံးအတွင်းသို့လာရောက်ချိန်တွင် တပ်ဖွဲ့ဝင်များမှ မိုင်းပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုပါတယ်။


ပခုက္ကူမြို့လဝကရုံးသည် စစ်ကောင်စီလက်အောက်တွင် ပုံမှန်လည်ပတ်လျှက်ရှိပြီး လာဘ်ပေးလာဘ်ယူမှုများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အသက်အိုးအိမ်ကို အကျိုးယုတ်စေရန် အချက်အလက်များအား စစ်ကောင်စီတပ်သို့ ပေးပို့ကာကူညီလျှက်ရှိခြင်း စစ်ကောင်စီတပ်များ တပ်စွဲထားလျှက်ရှိခြင်းတို့ကြောင့်တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ မြိုင်ပက ကဖော်ပြပါတယ်။


ထိုတိုက်ခိုက်မှုတွင် လာဘ်ပေးလာဘ်ယူလုပ်နေသူဝန်ထမ်း၁ဦးသေဆုံးပြီး၊ လက်နက်ကိုင်ဆောင်ထားသော စစ်ကောင်စီတပ်သား၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သောရုံးများ တပ်စွဲထားသောနေရာများအား သွားလာခြင်းမပြုရန် တားမြစ်ထားပြီး  စစ်ကောင်စီတပ်၏ရုံးများ တပ်စွဲသွားသောနေရာများအား ပြောက်ကျားနည်းဖြင့်ဆက်လက်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုအား မြိုင်ပကဖ တပ်ရင်း၃ တပ်ခွဲ၄ နှင့် The Red Revolters -Pakokkuတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၃။ ထားဝယ်တွင် စစ်ကောင်စီ ကားနှစ်စီး တိုက်ခိုက်ခံရပြီး တစ်စီးတိမ်းမှောက်ကာ ထိခိုက်သေဆုံးသူ ၄၀ ခန့်ရှိ


ဧပြီလ ရက်။

Radon NUG

တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နယ်၊ ရေး-ထား၀ယ် ကားလမ်းမပေါ်မှာ အမတ (၃၀၂) တပ်ရင်းကို အင်အား ဖြည့်တင်းရန်လာတဲ့ စစ်ကောင်စီကား နှစ်စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကားတစီး တိမ်းမှောက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗထူးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။


မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှ ဇဟာကျေးရွာရှိ အမတ (၃၀၂) အမြှောက်တပ်ရင်းကို အင်အားဖြည့်တင်းရန် စစ်ကောင်စီတပ်သားများ လိုက်ပါလာတဲ့ မြေသယ်ကား နှစ်စီးကို တော်လှန်ရေး တပ်ဖွဲ့များမှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။


ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကားတစ်စီး တိမ်းမှောက်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော် သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


အဲ့ဒီနောက်မှာ စစ်ကောင်စီ ကားတစ်စီး ပြန်လှည့်လာပြီး လက်နက်ကြီး လက်နက်ငယ်များနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထိခိုက်သေဆုံးသွားကြတဲ့ စစ်ကောင်စီ တပ်သားများကို ပြန်လည်သယ်ယူသွားခဲ့ကြပြီး ပျက်စီးသွားတဲ့ ကားကိုတော့ စစ်ကောင်စီက ဧပြီလ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA) နှင့် KNLA တပ်မဟာ () တပ်ရင်း (၂၇) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန် တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဒုတိယအကြိမ် အထွေထွေညီလာခံကို လေကြောင်းတိုက်ခိုက်မှုကြားမှ အောင်မြင်စွာကျင်းပနိုင်ခဲ့


ဧပြီလ ၁ရက်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဒုတိယအကြိမ် အထွေထွေညီလာခံကို မတ်လ၃၁ရက်မှဧပြီလ၁ရက်နေ့ အထိလေကြောင်းတိုက်ခိုက်မှုကြားမှ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်လို့ ဧပြီလ ၁ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ကတရားဝင်အသိပေးဖော်ပြပါတယ်။


ထိုညီလာခံတွင် သဘာပတိ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ စီမံညွှန်ကြားရေးမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်း()ရင်းရှိ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများနှင့် ဗဟိုကာကွယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment