2nd APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသမီးတွေ နိူင်ငံရေးမှာ ဦးဆောင်မှုကိစ္စတွေဖန်တီးပေးဖို့ လူတိုင်းရဲ့တာဝန်ဖြစ်သလိုအစိုးရရဲ့ပေါ်လစီတရပ်ဖြစ်ဖို့လည်းလိုအပ်တယ်လို့ပြောကြား

📌 ၂။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ပြီး ဆောင်ရွက်နေတဲ့ အစိုးရကို  မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီက လုပ်နေကြဆိုတာ လူထုကသိနေပြီလို့လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို

📌 ၃။ အချိန်ကိုက် ရည်ရွယ်ချက် ရှိရှိ သတင်းတုများ အစုလိုက် အပြုံလိုက် ပေါ်ထွက်မှုကို ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ်သတိပေး

📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၈၁၀) ဦး ရှိခဲ့ပြီးအမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀)ဝန်းကျင်စာရင်းရှိ

📌 ၅။ အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KNDFစစ်ဗျူဟာအမှတ်၁မှအရေးပေါ်လိုအပ်နေသော ကျည်ကာဦးထုပ်နဲ့ ကျည်ကာအကျီ အစုံ(၃၀၀) တပ်ဆင်ပေးနိုင်ဖို့ နွေဦးဒိုင်းကာကမ်ပိန်းကိုပြုလုပ်နေ

🚩 ၂။ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ( ) စစ်ဒေသခွဲ ပဲခူးခရိုင် အမှတ် ( ) တပ်ရင်း P2-3702 တွင် တာဝန်ထမ်းဆောင်လိုသော တပ်ဖွဲ့ဝင်အသစ်များထဲမှ အချက်အလက် မှန်ကန်ပြည့်စုံသူများကို  လူတွေ့စစ်ဆေးမေးမြန်းမှုစတင်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသမီးတွေ နိူင်ငံရေးမှာ ဦးဆောင်မှုကိစ္စတွေဖန်တီးပေးဖို့ လူတိုင်းရဲ့တာဝန်ဖြစ်သလိုအစိုးရရဲ့ပေါ်လစီတရပ်ဖြစ်ဖို့လည်းလိုအပ်တယ်လို့ပြောကြား


ဧပြီ၂ရက်


အမျိုးသမီးတွေ နိူင်ငံရေးမှာ ဦးဆောင်မှုကိစ္စတွေဖန်တီးပေးဖို့ လူတိုင်းရဲ့တာဝန်ဖြစ်သလိုအစိုးရရဲ့ပေါ်လစီတရပ်ဖြစ်ဖို့လည်းလိုအပ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးကဆိုပါတယ်။


ဧပြီလအတွင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နိုင်ငံရေးမှာ အမျိုးသမီးများ ပါဝင်မှုနဲ့ပတ်သက်လို့ပြောကြားရာမှာ ထည့်သွင်းပြောပါတယ်။


"အမျိုးသမီးတွေနိူင်ငံရေးမှာပါဝင်ဖို့အတွက် နိူင်ငံရေးမှာပါဝင်ခွင့်ကို လမ်းဖွင့်ပေးနိူင်ရုံသာမဟုတ်ဘဲနဲ့လမ်းခင်းလျှောက်နိူင်ဖို့လက်တွဲလုပ်ဆောင်နိူင်တာ၊လက်တွဲလျှောက်ရုံတင်မကဘဲနဲ့ အရည်အချင်းရှိရင်ရှိသလို ဦးဆောင်မှုကိစ္စတွေဖန်တီးပေးဖို့ကတော့ လူတိုင်းရဲ့တာဝန်ဖြစ်သလိုအစိုးရရဲ့ပေါ်လစီတရပ်ဖြစ်ဖို့လိုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိ နွေဦးတော်လှန်ရေးတွင် လူထုသပိတ်နှင့်နိူင်ငံရေးကဏ္ဍတွင်ပါဝင်နေသော အမျိုးသမီးများစွာရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရကလေးစားအသိအမှတ်ပြု လျက်ရှိနေပါတယ်။


========================


📌📌 ၂။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ပြီး ဆောင်ရွက်နေတဲ့ အစိုးရကို  မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီက လုပ်နေကြဆိုတာ လူထုကသိနေပြီလို့လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို


ဧပြီ၂ရက်


ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ပြီး ဆောင်ရွက်နေတဲ့ အစိုးရကို  မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီက လုပ်နေကြဆိုတာ လူထုကသိနေပြီလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက စကစနဲ့ပတ်သက်လို့ ပြောကြားရာမှာ သတင်းဌာနတခုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။


"စကစဟာအဓိက နိုင်ငံရေးထွက်ပေါက်ရှာတာ။ နိုင်ငံရေးထွက်ပေါက်က သူတွက်ချက်ထားခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ သူကြုံတွေ့နေရတဲ့ နိုင်ငံရေးအခင်းအကျင်းက တခြားစီဖြစ်နေတယ်။ အာဏာသိမ်းဖို့ ကြိုးစားခဲ့စဉ်တုန်းက နိုင်ငံရေးတွက်ချက်မှုက အခုလိုအခင်းအကျင်းမျိုး ပြည်သူလူထုရဲ့ စုပေါင်းတန်ပြန်တွန်းလှန်မှု၊ အမြစ်ပြတ်ချေမှုန်းဖို့ကို ပေါ်လာမယ်လို့ သူမျှော်လင့်ထားခဲ့မှာ မဟုတ်ဘူး။ အဲဒီတော့ သူ့ရဲ့လက်ရှိ အခြေအနေက တွက်ခြေနဲ့ နှမ်းထွက် မကိုက်တာပေါ့။ အခုအခြေအနေမျိုးမှာ သူ့အနေနဲ့ ဇာတ်ကြောင်းတွေ ဖန်တီးရတာတွေ ရှိတယ်။ အဲဒီတော့ နိုင်ငံတကာကို ဒီလို Narrative တွေပြောရင် လက်ခံကောင်း လက်ခံလိမ့်မယ်။ သူတို့နဲ့ အဆင်ပြေတဲ့ နိုင်ငံတွေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ပြီး ဆောင်ရွက်နေတဲ့ အစိုးရကို နိုင်ငံရေးရေချိန်မြင့်နေတဲ့ ပြည်သူတွေကို ဒီလိုလိမ်ညာတဲ့ စကားတွေ၊ မှားယွင်းတဲ့ သတင်းစကားတွေ၊ မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီက လုပ်နေကြဆိုတာကို သိနေတဲ့အတွက်ကြောင့် ဒါတွေကို လူတွေက ယုံကြည်ကြမှာ မဟုတ်ဘူး။ ပြီးတော့ မှန်လည်းမှန်တာ မဟုတ်ဘူး"လို့ဆိုပါတယ်။


လက်ရှိမှာ စကစရဲ့လော်ဘီတွေဟာ သတင်းတုများကို တယ်လီဂရန်နှင့် လူမှုကွန်ရက်များမှာ ဖြန့်ဝေလျက်ရှိနေပါတယ်။


========================


📌📌 ၃။ အချိန်ကိုက် ရည်ရွယ်ချက် ရှိရှိ သတင်းတုများ အစုလိုက် အပြုံလိုက် ပေါ်ထွက်မှုကို ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ်သတိပေး


ဧပြီ၂ရက်


အချိန်ကိုက် ရည်ရွယ်ချက် ရှိရှိ သတင်းတုများ အစုလိုက် အပြုံလိုက် ပေါ်ထွက်မှုကို ချက်နိူင်ငံဆိုင်ရာNUG ကိုယ်စားလှယ်ဦးလင်းသန့်ကသတိပေးဆိုပါတယ်။


ဧပြီလအတွင်း ဆိုရှယ်မီဒီယာမှာ ချက်နိူင်ငံဆိုင်ရာNUG ကိုယ်စားလှယ်ဦးလင်းသန့်ကရေးသားဆိုထားပါတယ်။


"အချိန်ကိုက် ရည်ရွယ်ချက် ရှိရှိ သတင်းတုများ အစုလိုက် အပြုံလိုက် ပေါ်ထွက်လာနေတယ်"လို့၄င်းကဆိုပါတယ်။


ဧပြီ၁ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရစာတံဆိပ်နှင့်ဒေါ်လာ၁ဘီလီယံ ပြန်လည်ရရှိကြောင်း အွန်လိုင်းတွင်ပြန့်နှံနေသည့်ကြေညာချက်မှာ အတုသာဖြစ်ကြောင်းသတင်းရရှိထားပါတယ်။


လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရတရားဝင်သတင်းထုတ်ပြန်ချက်များကို ဘလူးမတ်ပါဝင်သောဆိုရှယ်မီဒီယာများမှဖော်ပြမှသာ ယုံကြည်စိတ်ချနိူင်မှာဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၈၁၀) ဦး ရှိခဲ့ပြီးအမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀)ဝန်းကျင်စာရင်းရှိ


ဧပြီ၂ရက်


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၈၁၀) ဦး ရှိခဲ့ပြီးအမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀)ဝန်းကျင်စာရင်းရှိပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဧပြီလ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၈၁၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPPကဖော်ပြပါတယ်။


ထို့အပြင် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။


 မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၆၈) ဦးရှိပြီး ထိုအထဲမှ (၂၀၂၉၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့


ဧပြီ၂ရက်


အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်းကို ဧပြီ၂ရက်မှာ ပညာရေးဝန်ကြီးဌာနက ရုပ်သံဖိုင်နှင့်တကွဖော်ပြအသိပေးပါတယ်။


"အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို အလိုမရှိဘဲ ကန့်ကွက်ကြောင်းလွတ်မြောက်နယ်မြေတနေရာမှာ  လက်သုံးချောင်းထောင်၍ ဆရာ၊ဆရာမများကဆန္ဒထုတ်ဖော်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ KNDFစစ်ဗျူဟာအမှတ်၁မှအရေးပေါ်လိုအပ်နေသော ကျည်ကာဦးထုပ်နဲ့ ကျည်ကာအကျီ အစုံ(၃၀၀) တပ်ဆင်ပေးနိုင်ဖို့ နွေဦးဒိုင်းကာကမ်ပိန်းကိုပြုလုပ်နေ


ဧပြီ၂ရက်နေ့


KNDFစစ်ဗျူဟာအမှတ်၁မှအရေးပေါ်လိုအပ်နေသော ကျည်ကာဦးထုပ်နဲ့ ကျည်ကာအကျီ အစုံ(၃၀၀) တပ်ဆင်ပေးနိုင်ဖို့ နွေဦးဒိုင်းကာကမ်ပိန်းကိုပြုလုပ်နေတယ်လို့ ဧပြီလအတွင်း KNDFစစ်ဗျူဟာအမှတ်၁မှအသိပေးဖော်ပြထားပါတယ်။


"ကျွန်တော်တို့ စစ်ဗျူဟာအမှတ် ()မှာရှိတဲ့တပ်ရင်း အမှတ်() တပ်ရင်းအမှတ် (၁၁)တပ်ရင်းအမှတ် (၂၂) ကရဲဘော်တွေအတွက် အရေးပေါ်လိုအပ်နေသော ကျည်ကာဦးထုပ်နဲ့ ကျည်ကာအကျီ အစုံ(၃၀၀) တပ်ဆင်ပေးနိုင်ဖို့ နွေဦးဒိုင်းကာကမ်ပိန်းကိုပြုလုပ်နေတာ ၁၀ရက်ကျော်နေပါပြီ။မျှော်မှန်းထားတဲ့ Targetထက် အများကြီးလိုအပ်နေသေးတာမို့ ပြည်တွင်းပြည်ပက အလှူရှင်များလည်း တတ်နိုင်သလောက် ပါဝင်ပေးကြဖို့ အကူအညီတောင်းခံပါတယ်ခင်ဗျ"လို့ဖော်ပြထားပါတယ်။


နွေဦးဒိုင်းကာကမ်ပိန်းကိုအလှူငွေသော်လည်းကောင်း၊ မဲများဝယ်ယူခြင်းဖြင့်သော်လည်းကောင်း ပါဝင်နိုင်ပြီးကံစမ်းမဲတစ်စောင်လျှင် မြန်မာငွေ ၁၅၀၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ( ) စစ်ဒေသခွဲ ပဲခူးခရိုင် အမှတ် ( ) တပ်ရင်း P2-3702 တွင် တာဝန်ထမ်းဆောင်လိုသော တပ်ဖွဲ့ဝင်အသစ်များထဲမှ အချက်အလက် မှန်ကန်ပြည့်စုံသူများကို  လူတွေ့စစ်ဆေးမေးမြန်းမှုစတင်နေ


ဧပြီ၂ရက်


တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ( ) စစ်ဒေသခွဲ ပဲခူးခရိုင် အမှတ် ( ) တပ်ရင်း P2-3702 တွင် တာဝန်ထမ်းဆောင်လိုသော တပ်ဖွဲ့ဝင်အသစ်များထဲမှ အချက်အလက် မှန်ကန်ပြည့်စုံသူများကို  လူတွေ့စစ်ဆေးမေးမြန်းမှုစတင်နေတယ်လို့ သတင်းရရှိပါတယ်။


ဧပြီ၂ရက်မှာ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ( ) စစ်ဒေသခွဲ ပဲခူးခရိုင် အမှတ် ( ) တပ်ရင်း P2-3702ကတရားဝင်အသိပေးဖော်ပြပါတယ်။


တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ( ) စစ်ဒေသခွဲ ပဲခူးခရိုင် အမှတ် ( ) တပ်ရင်း P2-3702 တွင် တာဝန်ထမ်းဆောင်လိုသော တပ်ဖွဲ့ဝင်အသစ်များအား အချက်အလက် မှန်ကန်ပြည့်စုံသူများကို အွန်လိုင်းမှတစ်ဆင့် လူတွေ့မေးမြန်းသွားပါမှာဖြစ်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ လျှောက်လွှာတင်ထားပြီးသူများအနေဖြင့် လူတွေ့စစ်ဆေးမေးမြန်းမှုကိုခံယူရန် Telegram Account သို့ ဆက်သွယ်ပြီး Interview ဖြေဆိုနိုင်ပြီဖြစ်ကြောင်း သတင်းစကားပါးကြေညာထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment