30th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂သန်းကျော်နှင့်  ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ၂၆၄ သန်းကျော်အခွန်အခများရရှိခဲ့က တိုက်ပိတ်ထား

📌 ၂။ ထိုင်း-မြန်မာ အမှတ် ချစ်ကြည်ရေးတံတား ပြန်ဖွင့် 


၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

🚩 ၂။ စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းများ ထောင်ထား

🚩 ၃။ ရွာစဉ်လှည့်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ ခံရပြီး ဦး သေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၄။ မိုးမိတ်-တွင်းငယ်လမ်းကို မနက် မှ ညနေ နာရီအတွင်းသာအသုံးပြုရန် ABSDF ထုတ်ပြန် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂သန်းကျော်နှင့်  ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ၂၆၄ သန်းကျော်အခွန်အခများရရှိခဲ့


ဧပြီ ၃၀ 


အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားသည့် မြို့နယ် ၄၂ မြို့နယ်မှ ၂၀၂၃ ခုနှစ်အတွင် အမေရိ ကန် ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရှိထားကြောင်း ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားခဲ့တယ်လို့ ခေတ်သစ်မီ‌ဒီယာမှာဖေါ်ပြထားပါတယ်။


အခွန်အခများကောက်ခံရာတွင် ပြည်သူလူထုကို တိုက်ရိုက်ဝန်ပိစေမည့်အခွန်များ မကောက်ခံဘဲ လောင်စာဆီသယ်လာသည့် ကိစ္စရပ်များ၊ ကျောက်မီးသွေးသယ်လာသည့် ကိစ္စများတွင် ကောက်ခံခြင်းဖြစ်ပြီး အဓိကအားဖြင့် အခွန်ဆိုသည့်ထက် ယခု ကောက်ခံရရှိသည့် ငွေကြေးများ၏ ၈၀ ရာခိုင်နှုန်းသည် ဒဏ်ကြေးများမှရရှိသည့် ငွေများဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုထားပါသည်။


ယင်းသို့အခွန်ကောက်ခံရာတွင် NUG မှ သတ်မှတ်ထားသည့် အခွန်နှုန်းထား ထက် မြေပြင် ပအဖ ပကဖ အဖွဲ့များက ပိုမိုကောက်ခံနေကြောင်း ပြောဆိုမှုများရှိနေသည့် အပေါ်တွင် အခွန်ကောက်ခံရန် ဂိတ်ဖွင့်ရာတွင်လည်း registration  လုပ်ပြီးမှ ဂိတ်ဖွင့်ကောက်ခံခြင်းဖြစ်ကြောင်း registration မလုပ် ဘဲ ဂိတ်ဖွင့်ခြင်းကို လက်မခံကြောင်း၊ သို့သော် NUG ထိန်းချုပ်မှုအောက်တွင် မရှိသည့် နေရာများ တွင်လည်း ဂိတ်ဖွင့်ကောက်ခံမှုများရှိသည်ဟု ကြားသိရကြောင်း၊NUG ထိန်းချုပ်မှု အောက်တွင် ရှိသည့် အဖွဲ့များကလည်း လုံခြုံရေးအရ ရွှေ့ပြောင်းနေရသည်များ ရှိနေကြောင်း ယင်းအခြေအနေများနှင့် ပတ်သက်၍လည်း ကွင်းဆင်းစစ်ဆေးမည့် အဖွဲ့ဖြင့် စစ်ဆေးရန် စီစဉ်နေ ကြောင်း ဦးလွင်ကိုလတ်က ပြောသည်။


ယင်းသို့ကောက်ခံရရှိသည့်အခွန်ငွေများထဲမှ မြို့နယ်များကို ၈၀ ရာခိုင်နှုန်း ပြန်လည်သုံးစွဲခွင့် ပေးထားခြင်းဖြစ်ကြောင်း ကျန်သည့် ၂၀ ရာခိုင်နှုန်းကို ဗဟိုမှ စီမံခန့်ခွဲကြောင်း၊ယင်း  ၂၀ ရာခိုင် နှုန်းသည်ပင် မြို့နယ်များမှ အရေးပေါ်စီမံခန့်ခွဲမှုပေါ်ပေါက်လာလျှင် သုံးစွဲခွင့်ပေးထားကြောင်း ဦးလွင်ကိုလတ်ကပြောသည်။

ယင်းကြောင့် အခွန်သုံးစွဲမှုတွင် ဗဟိုက မူအရ ချမှတ်ပေးထား လက်တွေ့သုံးစွဲမှုကို မြို့နယ်များ ကသာ သုံးစွဲနေခြင်းဖြစ်ကြောင်း ဦးလွင်ကိုလတ်က ပြော သည်။


ထို့ပြင် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချမှုမှ ဩဂုတ်လ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ သန်း ရရှိပြီး CDM ဝန်ထမ်းများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အထူးငွေစာချုပ်များ ရောင်းချမှုမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်၊ End of Dictatorship/Early Partnership Scheme မှ  ဒီဇင် ဘာလ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော်၊ Spring Development Bank ငွေစုရောင်းချရငွေမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ သန်း ရရှိခဲ့ကြောင်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ သန်း ကိုလည်း ရရှိခဲ့ကြောင်း၊  NUG  Pay စနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နှင့် ညီမျှသော ငွေကြေးစီးဆင်းမှုကို တော်လှန်ရေးအတွက် ထောက်ကူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။


========================


📌📌 ၂။ ထိုင်း-မြန်မာ အမှတ် ချစ်ကြည်ရေးတံတား ပြန်ဖွင့် 


ကရင်ပြည်နယ် မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာ အမှတ် ချစ်ကြည်ရေးတံတားကို ဒီနေ့ ဧပြီ ၃ဝ မနက်ပိုင်းမှာ ပြန်ဖွင့်လိုက်ပြီဖြစ်ာတာကြောင့် ကုန်ကားတွေ အပြန်အလှန်သွားလာခွင့်ရနေပြီလို့ မြ၀တီဒေသခံ တွေက ပြောပါတယ်။ 


ဒီနေ့ မနက်ပိုင်းမှာ မြန်မာစစ်ဘက်က အမှတ် ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ပေးလိုက်တာဖြစ်ပြီး ထိုင်းဘက်ကလည်း တံတားပြန်ဖွင့်ချိန်မှာ ကုန်ကားတွေကို ဝင်ထွက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။


ဒါအပြင် အမှတ် ချစ်ကြည်ရေးတံတားအနီးမှာ တပ်စွဲထားတဲ့ ထိုင်းစစ်တပ်အချို့လည်း ရုပ်သိမ်းသွားပြီး လုံခြုံရေးအရ ချထားတဲ့ ရဲနှင့်စစ်သားအချို့သာရှိတော့တယ်လို့ သိရပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဧပြီလ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တာကြောင့် အမှတ် ချစ် ကြည်ရေးတံတားကို ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီဘက်က ပိတ်ထားခဲ့ပြီး ဧပြီလ ၂၇ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် အမှတ် တံတားကိုကတော့ ဧပြီလ ၁၁ ရက်နေ့ကစပြီး ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေရာကနေ ဒီနေ့ ဧပြီ ၃၀ မှ အလုံးစုံ ပြန်ဖွင့်ပေးလိုက်တာလို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်


မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်မှာရှိတဲ့ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲကစပြီး လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်မှာ ချင်းကာကွယ်ရေးတပ်များ၊ ရခိုင့်တပ်တော် AA နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။  

မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဆေးရုံနဲ့  ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က မြို့မကျစေဖို့ လေကြောင်းကနေ အပြင်းအထန်ခုခံတိုက်ခိုက်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက လပေါင်းများစွာ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းများဖမ်းမိခဲ့သလို လေကြောင်းကချပေးတဲ့ စစ်ကူများလည်း ချေမှုန်းခံရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ကျင်ဒွေး ရခဲ့ပါပြီ... အကောင် ၂၀ လည်း အရှင်ရလိုက်သေးတယ်နော်လို့ CDM စစ်ဗိုလ် ဇင်ယော်-ပြည်သူ့ စစ်သား ကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။


ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေး CDF တပ်ဖွဲ့တွေနဲ့ ယောဒေသမှာရှိတဲ့ PDF များက စတင်တိုက်ခိုက်ခဲ့တာဖြစ်‌ပြီး နောက်ပိုင်းမှာ ရခိုင့်တပ်တော် AA ပါ ပါဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။  


ကျင်ဒွေးမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းကို CDF ပူးပေါင်းတပ်တွေနဲ့ PDF တပ်တွေ ပူးပေါင်းပြီး ၂၀၂၃ ဒီဇင်ဘာမှာ စတင် တိုက်ခိုက်ခဲ့ရာ စခန်းရလုနီးချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကူအင်အားဖြည့်တင်းခဲ့တာကြောင့်  နောက်ဆုတ်ပေးခဲ့ရပေမယ့် ဒီနှစ် မတ်လ ရက်မှစပြီး ချင်းညီနောင်က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီက ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းများ ထောင်ထား


ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ အဝင်အထွက်နဲ့ စစ်ကောင်စီတပ်အနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ မြို့ပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သူတွေက ပြောပါတယ်။

စစ်တွေမြို့မှာရှိတဲ့ စစ်စခန်းတွေဟာ ရခိုင့်တပ်တော် AA က လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာနဲ့ မြို့ခံတွေ ထွက်သွားလို့ မရအောင် လုပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ စိုးမိုးထားနိုင်သေးတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့တွေမှာလည်း စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ ထောင်ထားတာတွေရှိတယ်လို့ တပ်တွင်းနေထိုင်သူထံက သိရတဲ့အကြောင်း ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Western News က ဖော်ပြပါတယ်။ 

စစ်တွေမြို့မှာဆိုရင် မြို့အဝင်အထွက် တပ်ထိန်းဂိတ်၊ စက်ရုံစုရပ်ကွက်က အမှတ် ၁၂ ရဲတပ်ရင်း၊ ဆပ်ရိုးကျ တံတားအနီးက ကျေးတောပိုက်ဆိပ်နဲ့ ရွှေပြည်သာရပ်ကွက်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းအနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဆိုပါတယ်။ 

ဒါဟာ စစ်တွေမြို့ အဝင်အထွက်ကို စစ်ကောင်စီက ပိတ်လိုက်တာဖြစ်တယ်လို့ မြို့ခံအချို့က ပြောပါတယ်။ 

မြို့ပတ်လည်မှာ မြေမြှုပ်မိုင်းတွေရှိတာကြောင့် မြို့ထဲကနေ ထွက်ခွာလိုသူတွေအနေနဲ့ မိုင်းထိတာနဲ့ အဖမ်းခံရတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ကျောက်ဖြူမြို့ ဧရိယာ အတွင်းစစ်ကောင်စီက ထောင်ထားသည့် မိုင်းကြောင့် သေဆုံးသူ ဦးထက်ရှိပြီး ဒဏ်ရာရရှိသူ ၂၀ ဝန်းအထိ ရှိကြောင်း စစ်တွေမြို့အတွင်းလည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိကြောင်း ရှိကြောင်း ပြောသည်။ 

စစ်တွေမြို့က ဒေသခံတွေအနေနဲ့ လုပ်နေကြအလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရတော့တာ၊ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်နေတာ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်နေတာကြောင့် ဒေသခံတွေဟာ မြို့တွင်းတိုက်ပွဲကြားမှာ ပိတ်မိမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မြို့ကိုစွန်ခွာတဲ့သူများလာတာကြောင့် စစ်ကောင်စီဟာ စစ်တွေမြို့ကနေထွက်ခွာနိုင်တဲ့ ထွက်ပေါက်အားလုံးကို ပိတ်လိုက်ပြီး ရေကြောင်းသွားလာရေးယာဥ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကူးတို့သဗ္ဗာန်များကို သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ Western News မှာ ဖော်ပြထားပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် မြို့တွင်းမှာပိတ်မိနေတဲ့ဒေသခံတွေဟာ မြို့ကထွက်ခွာနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြရာ စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံရမှုတွေရှိနေသလို ကျေးတောဘက်ကနေ ထွက်ခွာဖို့ကြိုးစားသူအချို့ စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ဧပြီလ ၂၀ ရက်နေ့က သက်ကြီးပိုင်းအမျိုးသမီး ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရွာစဉ်လှည့်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ ခံရပြီး ဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဧပြီလ ၂၉ ရက်။


Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုပ်ဖို့မြို့နယ်၊ သရက်နှစ်ဖျားလိမ် ကျေးရွာအုပ်စုမှာ ရွာစဉ်လှည့်လည်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ အုပ်ဖို့မြို့နယ် မြေအောက်ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၂၈ ရက်နေ့ ညနေ နာရီ မိနစ်ခန့်မှာ ဂွေးချိုကွင်း ရွာနဲ့ ကျွန်းလှကုန်း ရွာကို ဆက်သွယ်ထားတဲ့ တံတား အနီးမှာ အင်အား ၂၀ ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ပဒေသာမိုင်း လုံး ကွင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံကို သယ်ဆောင်သွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် မိုင်းဆွဲမှုအပြီး နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာ စစ်သုံးဦးထုတ် လုံး၊ MA3 ကျည်ဘောက် -ရှည် တစ်ခုနှင့် .၅၆ ကျည် ၃၂ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မိုးမိတ်-တွင်းငယ်လမ်းကို မနက် မှ ညနေ နာရီအတွင်းသာအသုံးပြုရန် ABSDF ထုတ်ပြန် 


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့နေတာကြောင့် မိုးမိတ် - တွင်းငယ်လမ်းပိုင်းကို မနက် ကနေ ညနေ နာရီအတွင်းသာအသုံးပြုကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF က ကန့်သတ်လိုက်ပါတယ်။

မိုးမိတ် - တွင်းငယ်လမ်းမကြီးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ချိတ်ဆက် ထားတဲ့ လမ်းပိုင်းဖြစ်တာကြောင့် မနက် နာရီကနေ ညနေ နာရီအတွင်းသာ ဖြတ်သန်းသွားလာဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင် သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေထံ သတင်းပေးကြဖို့ ABSDF က အသိပေးထားပါတယ်။ 

ကုန်တင်ကားများ၊ လိုင်းကားများနဲ့ အိမ်စီးကားများအနေနဲ့ မိုးကာဖုံးအုပ်ပြီး မောင်းနှင်တာ၊ မှန်ပိတ်မောင်းနှင်တာတွေနဲ့ အရှိန်ပြင်းစွာမောင်းနှင်တာတွေမပြုလုပ်ကြဖို့နဲ့ လုံခြုံရေးအရတားဆီး စစ်ဆေးမေးမြန်းတာတွေကို ကြည်ဖြူစွာလက်ခံ ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ 

ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်မရှိတာကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းလည်း ABSDF က အသိပေးထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ နည်းမျိုးစုံသုံးပြီး ABSDF အမှတ်- စစ်ကြောင်း လှုပ်ရှားနယ်မြေတွေကို ဖြတ်သန်းသွားလာတာ  စစ်အင်အားပေးပို့တာနဲ့ လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပို့တွေမှာ အရပ်သားပြည်သူအဖြစ်အသွင်ယူ ဆောင်ရွက်နေတဲ့ အပြင် ပြည်သူပိုင်နဲ့ ပရဟိတအသင်းပိုင် မော်တော်ယာဉ်တွေကို အသုံးပြုပြီး ဖြတ်သန်းသွားလာဖို့ ကြိုးစားနေတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို လမ်းအသုံးပြုခွင့် အချိန်အားကန့်သတ်လိုက်တာဟာ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေဖို့နဲ့ စစ်ကောင်စီတပ်များကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နိုင်ဖို့ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တို့မှာ စစ်ကောင်စီဘက်က စစ်လက်နက်အသုံး အဆောင်ပစ္စည်းတွေနဲ့ လူအင်အားအများအပြား ဖြည့်တင်းနေပြီး ဒေသခံပြည်သူတွေကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော်-TNLA ကလည်း ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment