30th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ

📌 ၃။ ကလေးမြို့နယ်မှာ မူးယစ်ဆေးရောင်းနေသူ ဦးကို တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

📌 ၄။ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လမ်းအမှတ်() ညောင်ပင်လမ်း ဖွင့်ပွဲကျင်းပ

📌 ၅။ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် သောင်းကျော်ရှိနေပြီး မသမာသူတစ်ချို့က မူးယစ်ဆေးဝါးမှုနဲ့ ပက်သက်နေတာကြောင့် စည်းကမ်းတင်းကျပ်လာ


၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ခင်ဦးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားရာ နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

🚩၂။ မုံရွာမြို့နယ်၊ တောင်ပလူရွာသို့ ရိက္ခာသယ်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ဦးသေဆုံး

🚩၃။ နောင်ချိုမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရပြီး အိမ် လုံးပျက်စီး

🚩၄။ ဝမ္မသူး ဆေးရုံကို စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်

🚩၅။ သထုံမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အသက် ၇ဝ ခန့်အရွယ် အမျိုးသားသေဆုံး

🚩၆။ လေကြောင်းတိုက်ခိုက်မှုကြောင့် အလယ်တန်း စာသင်ကျောင်းဆောင် အဆောက်ဦး ()လုံး၊ ဆိုင် ()လုံးနှင့် အရပ်သားအိမ် ()လုံး ထိမှန်ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဧပြီလ ၂၉ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဧပြီလ ၂၈ ရက်နေ့မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ နိဂုံးချုပ်ပြောကြားခဲ့ပါသည်။


အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီးအစည်းအဝေး ကို  (၁၁:၃၀) နာရီအချိန်တွင် ရပ်နားခဲ့ကြောင်းသိရှိရပါတယ်။ 


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ


ဧပြီလ ၂၉ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (/၂၀၂၄)ကို ဧပြီလ ၂၉ရက် မနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  တွဲဖက်အမြဲတမ်းအတွင်းဝန်မှ   အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ  ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ရှိမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပြီး အစည်းအဝေးအား (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ကြောင်းသတင်းရရှှိပါတယ်။


========================


📌📌 ၃။ ကလေးမြို့နယ်မှာ မူးယစ်ဆေးရောင်းနေသူ ဦးကို တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ


ဧပြီလ ၂၉ ရက်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း မူးယစ်ဆေးရောင်းချနေတဲ့သူ ဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ ကလေးမြို့နယ် တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့ Kalay Township People’s Police က ဧပြီ ၂၉ မှာ အသိပေးလိုက်ပါတယ်။

ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ (တောင်ပိုင်း) က နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကမ္ဘာဟိန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် ဦးဟာ ကျေးရွာ ပအဖ အဖွဲ့ဝင်များ၊ ပလဖအဖွဲ့ဝင်များနဲ့အတူ ကျေးရွာအတွင်း မူးယစ်ဆေးရောင်းချနေတဲ့ ကျော်မင်းရဲ့ နေအိမ်ကို ဧပြီလ ၂၈ ရက် မနက် နာရီခွဲခန့်အချိန်မှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဝင်ရောက်ရှာဖွေရာမှာ ကျော်မင်းရဲ့ နေအိမ် အောက် အိပ်ယာဘေးက ကောင်းကြိုက်စာတမ်းပါ ပလစ်စတစ်ဗူးငယ် အတွင်း မူးယစ်ဆေးလို့ယူဆရတဲ့ အဝါရောင် ဖောက်မှုန့် ဒသမ ဂရမ်ခန့် ရှာဖွေတွေ့ရှိပြီး နေအိမ်ပေါ်ကို ဆက်လက် ရှာဖွေရာ နေအိမ်နောက်ဘက်ရှိ Goldstar လယ်ရှည်ဖိနပ်တရံအတွင်းက ပလပ်စတစ်ဗူးအတွင်းမှာ ထည့်ထားတဲ့ မူးယစ်ဆေးလို့ ယူဆရတဲ့ အဝါရောင်ဖောက်မှုန့် ဂရမ်ခန့်နဲ့ အဝါရောင်စတေကာပတ် အကြည်ရောင် ပလပ်စတစ်ဗူး အတွင်းက အဝါရောင်ဖောက်မှုန့် ဂရမ်ခန့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သက်သေများရှေ့မှာ ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းပြီး မူးယစ်ဆေးဝါးရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိသူ ကျော်မင်းကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း) စခန်းက မယ () /၂၀၂၄ မူး/စိတ်ပုဒ်မ-၁၉(က) နဲ့ အမှုဖွင့်ထားတယ်လို့ KALAY TOWNSHIP PEOPLE'S POLICE (KPP) က ထုတ်ပြန်ပါတယ်။ 

ထို့တူ ဧပြီ ၂၈ ရက် မနက် ခန့်မှာလည်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း) စခန်းက ရဲတပ်ကြပ်ကြီး ရန်အောင် ဦးစီးတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင် ဦးဟာ ကျေးရွာ ပအဖ အဖွဲ့ဝင်များ၊ ပလဖအဖွဲ့ဝင်များနဲ့အတူ မူးယစ်ဆေးဝါးရောင်းချနေတဲ့ ကျေးရွာနယ်မြေ မှာ နေထိုင်တဲ့ တူးလေးရဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းရဲ့ အိပ်ယာပေါ်ကနေ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အဝါရောင်ဖောက်မှုန့်တွေထည့်ထားတဲ့ ပင်နီစလင်ပုလင်း လုံး၊ ဒသမ၅ ဂရမ်ခန့်၊ အချိုရည်ကော်ပိုက်တွင်း ထည့်ထားတဲ့ အဝါရောင်ဖောက်မှုန့် သုည ဒသမ ဂရမ်ခန့်၊ မူးယစ်ဆေးရောင်းချရာမှာ အသုံးပြုတဲ့ OPPO အမျိုးအစား အနီရောင်ဖုန်းတလုံးနဲ့ ဘုရားစင်ပေါ်ကနေ PISTOM KIT အမျိုးအစား ဖြူ/ပြာရောင်ဘူးအတွင်းထည့်ထားတဲ့ အဝါရောင် ဖောက်မှုန့် ဂရမ်ခန့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

သိမ်းဆည်းရမိပစ္စည်းတွေကို သက်သေများရှေ့မှာ ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ပြီး ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း) စခန်း မယ () /၂၀၂၄ မူး/စိတ်ပုဒ်မ-၁၉(က) နဲ့ အမှုဖွင့်ထားတယ်လို့ KALAY TOWNSHIP PEOPLE'S POLICE (KPP) က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လမ်းအမှတ်() ညောင်ပင်လမ်း ဖွင့်ပွဲကျင်းပ


ဧပြီလ ၂၉ ရက်။

Radio NUG

ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လမ်းအမှတ်() ညောင်ပင်လမ်းအား ဧပြီလ ၂၉ရက် နံနက်(:၀၀)နာရီအချိန်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

အမှတ်() ညောင်ပင်လမ်းအား ၂၉..၂၀၂၄ ရက် နံနက်(:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော့ဖေ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ကိုဇင်ယော်၊ ပခုက္ကူမြို့နယ်ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲနှင့် ပခုက္ကူမြို့နယ်ဘဏ္ဍာရေးတာဝန်ခံ ဒေါ်တီကျုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

အခြားတာဝန်ရှိသူများနှင့် တပ်ရင်းများမှ တပ်ခွဲမှူးများမှလည်း တက်ရောက်ခဲ့ကြပါသည်။ အဆိုပါလမ်းသည် အရှည် .၅မိုင်ခန့် ရှည်ပြီး ကုန်ကျငွေ သိန်း၉၀ခန့် ကုန်ကျခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါလမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပခုက္ကူမြို့နယ် ဘဏ္ဍာရန်ပုံငွေအခွန်ခွဲတမ်းမှ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် သောင်းကျော်ရှိနေပြီး မသမာသူတစ်ချို့က မူးယစ်ဆေးဝါးမှုနဲ့ ပက်သက်နေတာကြောင့် စည်းကမ်းတင်းကျပ်လာ


ဧပြီလ ၂၉ ရက်။

မီဇိုရမ်ထဲကို မူးယစ်ဆေးဝါးတင်သွင်းရောင်းချမှုများမှာ စစ်ဘေးရှောင်အမည်ခံ ကိုယ်ကျိုးရှာလူ တစ်ချို့ပါဝင် ပတ်သက်နေတာကြောင့် မီဇိုရမ် ခရိုင်တိုင်းမှာရှိတဲ့ စစ်ဘေးရှောင် သောင်းကျော်အတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ ယခုရက်ပိုင်း တင်းကျပ်လာတယ်လို့ Zalenသတင်းဌာနထုတ်ပြန်ချက်အရ သိရပါတယ်။


ယခုလက်ရှိ မီဇိုရမ်အစိုးရရဲ့ စာရင်းအရ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာစစ်ဘေးရှောင် ၃၄၂၈၂ ဦးရှိပြီး ၎င်းတို့ထဲကနေ လူဦးရေ ၁၅၉၃၈ ဦးဟာ စစ်ဘေးရှောင်စခန်းပေါင်း ၁၄၇ ခုမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ဆွေမျိုးသားချင်းအိမ်နဲ့ အိမ်ငှားနေတဲ့ သူတွေက ၁၈၃၄၄ ဦးရှိပြီး စစ်ဘေးရှောင်များအနက် ၁၀၈၉၉ ဦး က အမျိုးသမီးများဖြစ်ကြပြီး ၁၀၀၇၃ ဦးက အမျိုးသားများဖြစ်ကြကာ သူတို့ထဲမှ အသက် ၁၈ နှစ်အောက် ကလေးမှာ ၁၃၃၁၀ ဦးရှိနေပါတယ်။


မီဇိုရမ်မှာ ခရိုင် ၁၁ ခုရှိတဲ့အနက် Kawhzawl Kolasib Saitual နဲ့ Serchhip ခရိုင်တို့မှာ စစ်ဘေးရှောင်စခန်း မရှိပေမယ့် တစ်ခြားသော ခရိုင် ခုမှာ စစ်ဘေးရှောင်စခန်းအသီးသီးရှိပါတယ်။ ရှာဟာ ခရိုင်အတွင်းမှာ စစ်ဘေးရှောင်စခန်းအများဆုံး ရှိပေမယ့် လူဦးရေ ၃၈၈၈ ဦးသာရှိပါတယ်။ ဒုတိယ စစ်ဘေးရှောင်စခန်းအများဆုံးက လောင်တလိုင်ခရိုင်အတွင်းမှာဖြစ်ပြီး စစ်ဘေးရှောင်စခန်းပေါင်း ၃၆ စခန်းရှိရာ လူဦးရေ ၃၅၁၉ ဦးရှိတာဖြစ်ပါတယ်။


ကျန်ဖိုင်ခရိုင်အတွင်းမှာ စစ်ဘေးရှာင်စခန်း ၂၃ ခုရှိပြီး စစ်ဘေးရှောင်ဦးရေ ၆၃၄၆ ဦးရှိကာ ဇိုခေါသာရ် နဲ့ ခေါမွေးစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၄၇၁၆ ဦးရှိပါတယ်။


မြန်မာစစ်ဘေးရှောင် သောင်းကျော်ထဲမှ ကိုယ်ကျိုးစီးပွားရှာနေသော မသမာသူ လူတစ်ချို့ မီဇိုရမ်ပြည် နယ်ထဲကို မူးယစ်ဆေးဝါးတင်သွင်းရောင်းချနေမှု နဲ့ ပတ်သက်ဆက်နွယ်နေတာကြောင့် ဧပြီလအတွင်းမှာပဲ ဗဟိုYMA နဲ့ ကျန်ဖိုင် MZP ရုံးတို့ကနေ စစ်ဘေးရှောင်များလိုက်နာရမဲ့စည်းကမ်းချက်များကို အသီးသီး ထုတ်ပြန်ကြပါတယ်။


ထုတ်ပြန်ချက်တွေထဲမှာ မြန်မာစစ်ဘေးရှောင်များအနေနဲ့ တရားမဝင် မူးယစ်ဆေးဝါးနဲ့ မပက်သက်ဖို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာမှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများကို ကူညီဖို့ အပြင် အိန္ဒိယနိုင်ငံရဲ့ ဥပဒေ နဲ့ ရပ်ကျေးတာဝန်ရှိသူများရဲ့ ထုတ်ပြန်ချက်များကို လိုက်နာဖို့၊ အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာများပိုင်ဆိုင်နိုင်ရန် မကြိုးစားဖို့နဲ့ သူများငှားပြီးသား အိမ်ခန်းနဲ့ ဆိုင်ခန်းများကို စျေးပိုပေးပြီး ငှားရမ်းတာတွေမလုပ်ဖို့ စတဲ့ စည်းကမ်းချက်တွေထုတ်ပြန်ထားတာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩၁။ ခင်ဦးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားရာ နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ


ဧပြီလ ၂၉ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုပေါ်က စစ်ကောင်စီတပ်စွဲထားရာ ရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးနေရာတို့ကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Northern Tigers Group (NTG) က သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလ ၂၈ ရက်နေ့က အဆိုပါ ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူး ရုံးနေရာတို့ကို Shar Htoo Waw နည်းပညာသုံး Fixed Wing Drone များဖြင့် တစ်ကြိမ်လျှင် ဗုံးသီး လုံးကျနဲ့ နှစ်ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (NTG) နဲ့ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရနိုင်တယ်လို့ ဖော်ပြပါတယ်။


ထို့အပြင် စစ်ဆင်ရေး ဖော်ဆောင်ရာမှာ အသုံးပြုဖို့ ဗုံးသီးများကို ဗိုလ်ကောက်ရိုး (ရွှေဘိုခရိုင် တပ်ရင်း - ၁၅) အဖွဲ့မှ ထုတ်လုပ်ကူညီ ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။


ခင်ဦးမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများဟာ ညအချိန်များတွင် ပြည်သူများကို ခြောက်လှန့်ပစ်ခတ် တာတွေကို လုပ်ဆောင်နေတာတွေရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။


========================


🚩🚩၂။ မုံရွာမြို့နယ်၊ တောင်ပလူရွာသို့ ရိက္ခာသယ်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ဦးသေဆုံး


ဧပြီလ ၂၉ ရက်။

Radio NUG

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်ပလူရွာသို့ ရိက္ခာသယ်လာသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ဦးသေဆုံးခဲ့ကြောင်း Mahura People Defence Force - MHRPDF ထံမှ ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၈ ရက်နေ့တွင် မုံရွာမြို့နယ်၊ တောင်ပလူရွာသို့ ရိက္ခာသယ်လာသည့် အင်အား ၁၅ ဦးပါ စစ်တပ် စစ်ကြောင်းကို တောင်ပလူရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ထိုတိုက်ခိုက်မှုအတွင်းမှာ  စစ်သား ဦးသေဆုံးပြီး စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူ ရောက်ရှိလာသောကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် တပ်ရင်း (BLDF) မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း တပ်ခွဲ() တပ်ခွဲ() တပ်ခွဲ() တပ်ခွဲ() MHRPDF ပကဖ LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ နောင်ချိုမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရပြီး အိမ် လုံးပျက်စီး


ဧပြီလ ၂၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး တဦး ဒဏ်ရာရပြီး အိမ် လုံးပျက်စီးသွားတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဧ‌ပြီ ၂၉ မှာ ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်ထဲက အုမ္မတီးရွာနဲ့ တန်ဘိုကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ပြည်သူနေထိုင်ရာ သုံးဆယ် ကျေးရွာအတွင်းကို ဧပြီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ လက်နက်ကြီးတွေနဲ့ ကြိမ် ပစ်ခတ်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသမီး တဦး မျက်နှာနဲ့လက်တို့ ထိမှန်ဒဏ်ရာရခဲ့ပြီး အိမ် လုံး ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

နောင်ချိုမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က လေယာဥ်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ပြီး ဒေသနေပြည်သူတွေအပေါ် မကြာခဏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ 

ထို့အတူ ဧပြီလ ၁၉ ရက်နဲ့၂၀ ရက်နေ့တို့မှာလည်း အကြမ်းဖက်စစ်တပ်က မိုးမိတ်မြို့နယ် ရေပုံးကျေးရွာကို Jet Fighter နဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့ပြင် လားရှိုး၊ မူဆယ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က စစ်လက်နက် အသုံးအဆောင်ပစ္စည်း တွေနဲ့ လူအင်အား အများအပြား ဖြည့်တင်းနေပြီး ဒေသနေပြည်သူတွေကိုလည်း စစ်ဆေးမှုတွေ တင်းကြပ်စွာပြုလုပ်နေ တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ 

အခုလို အကြမ်းဖက်စစ်တပ်က စစ်လက်နက် အသုံးအဆောင်ပစ္စည်းတွေနဲ့ လူအင်အား ဖြည့်တင်းနေတာတွေကြောင့် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်နေတာတွေလည်း ရှိနေပါတယ်။


========================


🚩🚩၄။ ဝမ္မသူး ဆေးရုံကို စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်


ဧပြီလ ၂၉ ရက်။

Radio NUG

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အတွင်းရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံက သိရှိရပါတယ်။


ဧပြီလ ၂၈ ရက်နေ့ နေ့လည် နာရီခွဲ အချိန်ခန့်မှာ ဝမ္မသူး ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ စီးဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ ညကလည်း ၎င်းဝမ္မသူး ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက်နေတဲ့ လူနာ ဦးနဲ့ လူနာစောင့် ဦး သေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ထိခိုက် ဒဏ်ရာရ ခဲ့ပါသေးတယ်။


 ယခု ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် ဆေးရုံ တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့တဲ့အပြင် ဆေးရုံအနီးက လူနေအိမ် လုံးလည်း ပျက်စီးသွားခဲ့ရတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။


ဝမ္မတူးဒေသခံများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနဲ့ လူနာများမှာတော့ တိမ်းရှောင်နေကြရတာကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းများနဲ့ ကျန်းမာရေးကဏ္ဍကို ဦးတည်တဲ့ တိုက်ခိုက်မှုပေါင်း (,၂၉၃) ကြိမ်အထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရှိရပါတယ်။


========================


🚩🚩၅။ သထုံမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အသက် ၇ဝ ခန့်အရွယ် အမျိုးသားသေဆုံး


ဧပြီလ ၂၉ ရက်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ- နယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အမှတ် -၄၀၂ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၇ဝ ခန့်အရွယ် အမျိုးသားတဦးသေဆုံးကာ ရော်ဘာခြံ ၁၅ ဧက မီးလောင်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဧပြီ ၂၇ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး လုံးပစ်ခတ်ခဲ့ရာ သထုံမြို့နယ် ဓားရိုးကျေးရွာအနီးမှာရှိတဲ့ ကွမ်းခြံထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၇ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကော့လှိုင်းရွာအနီးက ရော်ဘာခြံ ၁၅ ဧကလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်ကောင်စီရဲ့ အမှတ်-၄၀၂ အမြောက်တပ်ရင်းဌာနချုပ်ဟာ သထုံမြို့နယ် အင်းရှည်ရွာမှာ အခြေစိုက်တပ်စွဲထား တယ်လို့ သိရပါတယ်။

ထို့အတူ KNU တပ်မဟာ- နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ရွှေကျင် (ဆောထိ) မြို့နယ်မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ ဧ‌ပြီ ၂၉ မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂၆ရက်မှာ ရွှေကျင်မြို့နယ်ထဲက ကျောက်တန်း၊ အင်္ဂနီ သရက်ချောင်း၊  ပဇင်းပင်ကျောက်ပုံစိတ် နဲ့ ရုံးဒိုင်း စတဲ့ ကျေးရွာတွေကို က စစ်ကြောင်းထိုးလာတာကြောင့် အိမ်ထောင်စု ,၁၄၈ စုက လူဦးရေ ၅၈၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းထိုးဝင်ရာ လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာ၊ ပြည်သူလူထုကို လမ်းပြအဖြစ်အသုံးပြုတာ၊ အကြောင်းမဲ့ ဖမ်းဆီးတာတွေကြောင့် ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၆။ လေကြောင်းတိုက်ခိုက်မှုကြောင့် အလယ်တန်း စာသင်ကျောင်းဆောင် အဆောက်ဦး ()လုံး၊ ဆိုင် ()လုံးနှင့် အရပ်သားအိမ် ()လုံး ထိမှန်ပျက်စီး


ဧပြီလ ၂၉ ရက်။

Radio NUG 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် တဂေးလောင်းရွာရှိ အလယ်တန်း စာသင်ကျောင်းဆောင် အဆောက်ဦး ()လုံး၊ ဆိုင် ()လုံးနှင့် အရပ်သားအိမ် ()လုံး ထိမှန်ပျက်စီးကြောင်း  KNU ဗဟိုမှ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ နှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၁၁)နာရီ (၃၁)မိနစ်မှ (၃၆)မိနစ်အကြာအထိ ဘီးလင်းမြို့နယ် တဂေးလောင်းရွာထဲကို လေယာဥ်ဖြင့် လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ တဂေးလောင်းရွာ စာသင်ကျောင်းဝန်းထဲ လက်နက်ကြီး()လုံးကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်အဆောက်အဦး ()လုံး၊ တဂေးလောင်းရွာနေ ကိုဇော်လင်းပိုင်သော ဓာတ်ဆီဆိုင်၊ ကိုဝဏ္ဏထွန်းပိုင်သော ဆိုင်ကယ်ပြင်ဆိုင်၊ နော်ကပေါ်ထူးနှင့် နေဘလုထူးမိုးတို့၏ နေအိမ်တို့အား လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ဟု ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ မကြာသေးမီကပင် တဂေးလောင်းရွာအနီးရှိ မင်းစောရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မင်းစောရွာစာသင်ကျောင်းနှင့် နေအိမ်ဆောက်ဦးများ ထိခိုက်မှုရှိခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများအား တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဒေသခံအရပ်သားလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်အပြင် စာသင်ကျောင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှ ပြောကြားထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment