3rd APR 2024 - Evening Daily News by Radio NUG


၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူလူထုဟာ လက်နက်ဘေးကနေ ကင်းလွတ်ပြီး အာမခံချက်ရှိသော စိတ်လုံခြုံမှုရရှိဖို့၊ ကောင်းမွန်တဲ့ စနစ်ကောင်း တည်ဆောက်ရေးဟာ အလွန်အရေးကြီးတယ်လို့ ယာယီသမ္မတ သတင်းစကားပါး

📌 ၂။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးဖွင့် ဆွေးနွေးမယ်လို့ လူ့အခွင့်အရေးဝန်ကြီး သတင်းပေး

📌 ၃။ စစ်လက်နက်ခြင်း အချိုးမညီပေမယ့် ရန်သူ့ အားနည်းချက်ကို တိုက်နိုင်တဲ့ ရင်းမြစ်၊ စွမ်းအင်ကို တော်လှန်ရေးရဲဘော်များ ပိုင်ဆိုင်ထားပြီလို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ပြော

📌 ၄။ ပခုက္ကူမြို့နယ်အတွင်း သတ်မှတ်နေရာတွေက လွဲပြီး အခွန်မကောက်ဖို့ ပအဖ သတိပေး

📌 ၅။ ဖျာပုံအကျဉ်းထောင်တွင်း စစ်တပ်နှင့် ရဲများ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်နေမှုများအပေါ်  PPNM က သဘောထားထုတ်ပြန်

📌 ၆။ မုံရွာခရိုင်အရာတော်မြို့နယ် ငွေတွင်း (ပျူ) ရွာကို အမျိုးသားများ ဝင်ထွက်သွားလာမှု မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်းမှ ကန့်သတ်

📌 ၇။ မုံရွာမြို့ပေါ် ပျောက်ကြားသပိတ် ဆင်နွှဲ


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးမောက်မြို့နယ်က မိုင်ဆက်ကောင် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်  

🚩 ၂။ မဘိမ်းမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းမှတိုက်ခိုက်သဖြင့် ရဟန်းတပါးနှင့် ပြည်သူ () ဦးသေဆုံး

🚩 ၃။ ဖာပွန်ခရိုင်မှာ မတ်လအတွင်း တိုက်ပွဲ (၉၉) ကြိမ်ဖြစ်ခဲ့ပြီး အရာရှိ () ဦးအပါအဝင် စစ်သား (၄၀) ကျော်သေဆုံး

🚩 ၄။ မုံရွာနယ်က ပျူစောထီးစခန်းနဲ့ ချောင်းဦးနယ်ရှိ စစ်တပ်ဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က () ဦးသေဆုံး

🚩 ၅။ တနိုင်ငံလုံးမှာ စစ်ဖြန့်တိုက်နေရတဲ့ စကစတပ်ဟာ အင်အားအလုံးအရင်း စုစည်းပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများရဲ့ ဌာချုပ်နေရာတွေကို မတိုက်နိုင်တော့ကြောင်း PDFInsight သုံးသပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူလူထုဟာ လက်နက်ဘေးကနေ ကင်းလွတ်ပြီး အာမခံချက်ရှိသော စိတ်လုံခြုံမှုရရှိဖို့၊ ကောင်းမွန်တဲ့ စနစ်ကောင်း တည်ဆောက်ရေးဟာ အလွန်အရေးကြီးတယ်လို့ ယာယီသမ္မတ သတင်းစကားပါး


ပြည်သူလူထုဟာ လက်နက်ဘေးကနေ ကင်းလွတ်ပြီး အာမခံချက်ရှိသော စိတ်လုံခြုံမှုရရှိဖို့၊ ကောင်းမွန်တဲ့ စနစ်ကောင်းတည်ဆောက်ရေးဟာ အလွန်အရေးကြီးတယ်လို့ ဧပြီ () ရက်နေ့က ပြည်သူများထံသို့ သတင်းစကားပါးဆိုရာမှာ ယာယီသမ္မတဒူဝါလရှီးလက သတင်းစကားပါးလိုက်ပါတယ်။

"ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ လူထုဟာ လက်နက်ဘေးကနေ ကင်းလွတ်ပြီး အာမခံချက်ရှိသော စိတ်လုံခြုံမှုရရှိဖို့၊ ကောင်းမွန်တဲ့ စနစ်ကောင်းတည်ဆောက်ရေးဟာ အလွန်အရေးကြီးတယ်။ လူထုဟာ ဝဝလင်လင် စားသောက်နေထိုင်နိုင်ဖို့ လိုသလို၊ အနှောက်အယှက်ကင်းကင်းနဲ့ လွတ်လပ်လုံခြုံစွာ သွားလာလုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ဘဝအဓိပ္ပါယ်ကို လေးနက်စွာ ရှာဖွေတည်ဆောက်နိုင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းရေးနဲ့ စနစ်ကောင်းဖြစ်ထွန်းရေးဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်နေပါတယ်" လို့ယာယီသမ္မတက ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးများကို လူထုအတွက်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးဖွင့် ဆွေးနွေးမယ်လို့ လူ့အခွင့်အရေးဝန်ကြီး သတင်းပေး


ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးဖွင့်ဆွေးနွေးမယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုရှယ်မီဒီယာမှာ ဧပြီလ () ရက်က အသိပေးဆိုလိုက်ပါတယ်။

"မနက်ဖြန် ကြာသပတေးနေ့၊ မြန်မာအချိန် မနက် () နာရီကျရင် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး (ပထမဦးဆုံး) တံခါးဖွင့် ဆွေးနွေးပါမယ်။ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချမယ့် တပတ်ထဲမှာဘဲ ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံတကာက အရေးယူဆောင်ရွက်မှုတွေ နှေးကွေးတာနဲ့ပတ်သက်ပြီး အားမလို အားမရဖြစ်မှုတွေရှိနေပေမယ့် မြန်မာ့အရေးကို ကမ္ဘာက အာရုံမပြတ်အောင် လျှင်လျှင်မြန်မြန် အရေးယူဆောင်ရွက်လာအောင် မလုပ်ဘဲနေလို့လည်း မရပြန်ပါဘူး။ လေကြောင်းတိုက်ခိုက်မှုနဲ့ လေယာဥ်ဆီဖြတ်တောက်ရေး၊ စစ်မှုထမ်းဥပဒေနဲ့ ရိုဟင်ဂျာအရေးတွေအပြင် လူသားချင်းစာနာမှုအကူအညီနဲ့ တရားဥပဒေဖော်ဆောင်ရေးတို့နဲ့ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပေါ်လာဖို့ ကြိုးပမ်းလျက်ပါ" လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် မြန်မာအရေးကိစ္စမှာ နိုင်ငံတကာဟာ အကာသာဖြစ်ပြီး မြန်မာပြည်သူလူထုဟာ အနှစ်ဖြစ်ကြောင်း လူ့အခွင့်ရေးဝန်ကြီးက ထပ်လောင်း ဆိုပါတယ်။


========================


📌📌 ၃။ စစ်လက်နက်ခြင်း အချိုးမညီပေမယ့် ရန်သူ့ အားနည်းချက်ကို တိုက်နိုင်တဲ့ ရင်းမြစ်၊ စွမ်းအင်ကို တော်လှန်ရေးရဲဘော်များ ပိုင်ဆိုင်ထားပြီလို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ပြော


စစ်လက်နက်ခြင်း အချိုးမညီပေမယ့် ရန်သူ့အားနည်းချက်ကို တိုက်နိုင်တဲ့ ရင်းမြစ်၊ စွမ်းအင်ကို တော်လှန်ရေးရဲဘော်များပိုင်ဆိုင်ထားပြီလို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဧပြီလအတွင်း ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောကြားလိုက်ပါတယ်။

"အလုပ် ဖြစ်နေတာကို နှစ်ဆ အားထည့်ရပါမယ်။ အခု ဖြစ်နေတာက သမာရိုးကျ စစ်ပွဲ မဟုတ်ပါဘူး။ ကိုယ်တွေမှာ သမားရိုးကျ စစ်ပွဲ ဆင်နွှဲဖို့ လုံလောက်တဲ့ siege weapons ဗျူဟာ၊ လက်နက်၊ ယန္တရားတပ် မရှိပါဘူး။ ဒါပေမယ့် ကိုယ်တွေ အားသာတာက လျင်မြန်တယ်၊ စိတ်အားသာတယ်၊ သမားရိုးကျ လက်နက် မရှိပေမယ့်၊ ဒရုန်းခေတ် အေအိုင်ခေတ်မှာ ဖြစ်လို့ ဒီအားသာချက် နဲ့ ကောင်းကောင်း တိုက်စစ် ဆင်နိုင်လာတယ်။ ဒီလို အချိုးမညီပေမယ့် ရန်သူ့ အားနည်းချက် (Achilles heel) ကို တိုက်နိုင်တဲ့ ရင်းမြစ်၊ စွမ်းအင် ပိုင်ဆိုင်ထားပြီ" လို့ ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုဘက်မှ ဒရုန်းတပ်ဖွဲ့ အချို့ရဲ့ဒရုန်းများဟာ စကစရဲ့ ဒရုန်းဖျက်လက်နက်ကို ကျော်လွန်နိုင်စွမ်း ရှိနေပါတယ်။

"စစ်တိုက်တယ် ဆိုတာ ဗျူဟာကို အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့ လက်နက်၊ နည်းဗျူဟာ သုံးရတာပါ။ လက်နက်ရှိပြီး ဗျူဟာ မပြတ်သားရင်၊ အရင်းရှုံးပါတယ်။ မဟာဗျူဟာ ကောင်းရင်၊ မိုလိုတော့ပ် တလုံးကလည်း ရန်သူကို အကြီးအကျယ် ဆုံးရှုံးစေမှာပါ" လို့ ဒုဝန်ကြီးက ဆိုထားပါတယ်။


========================


📌📌 ၄။ ပခုက္ကူမြို့နယ်အတွင်း သတ်မှတ်နေရာတွေက လွဲပြီး အခွန်မကောက်ဖို့ ပအဖ သတိပေး


မကွေးတိုင်းထဲက ပခုက္ကူမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ နေရာတွေကလွဲပြီး အခွန်ကောက်ခံတာတွေ မလုပ်ဖို့ ပခုက္ကူမြို့နယ် ပအဖက ဧပြီ () ရက်မှာ ကြေညာထားပါတယ်။

ပခုက္ကူမြို့နယ်အတွင်းက လမ်းမကြီးတွေနဲ့ လမ်းပိုင်းအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားနိုင်ပြီး လုံခြုံရေးဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဝါးတားဂိတ်တွေဖွင့်ပြီး အခွန်ကောက်ခံနေတာကို တွေ့နေရတယ်လို့ ပခုက္ကူ မြို့နယ် ပအဖအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တော်လှန်ရေးကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထု ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်ကောက်ခံတာ၊ ပြန်ပေးဆွဲတာ၊ ဓားပြတိုက်ခြင်းဖြင့် ရန်ပုံငွေရှာဖွေတာဟာ လွဲမှားတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ 

အဖွဲ့အစည်းတွေကြား စည်းလုံးမှုကို အသုံးချပြီး စုပေါင်းစိုက်ပျိုးတာ၊ မွေးမြူရေးလုပ်ငန်းလုပ်တာနဲ့ စုပေါင်း ကုန်ထုတ်စနစ်တွေ ဖော်ဆောင်ပြီး ရန်ပုံငွေရရှိအောင် ဆောင်ရွက်သင့်တယ်လို့လည်း အသိပေးထားပါတယ်။  

ဒါ့ကြောင့် ဧပြီ () ရက်ကစပြီး ပခုက္ကူမြို့နယ် ပအဖက သတ်မှတ်ထားတဲ့နေရာတွေကလွဲပြီး အခြားနေရာတွေမှာ အခွန်ကောက်ခံတာ ဆက်ကြေးတောင်းခံတာတွေ လုံးဝ (လုံးဝ) မလုပ်ကြဖို့ မြို့နယ် ပအဖက အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပခုက္ကူမြို့နယ် ပအဖ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘူးဆိုရင် မြို့နယ်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း ပအဖက သတိပေးထားပါတယ်။

ပအဖရဲ့ ခွင့်ပြုချက်နဲ့ အခွန်ကောက်ခံတဲ့ အစီအစဥ်ကိုတော့ မေလ () ရက်ကစပြီး သတ်မှတ်ထားတဲ့နေရာတွေမှာ စတင် ကောက်ခံမယ်လို့ သိရပါတယ်။

အခွန်ဆိုတာ ပြည်သူလုထု ဝန်ထုတ်ဝန်ပိုးမဖြစ်ဖို့ လိုတဲ့အတွက် သင့်တော်မျှတတဲ့နှုန်းသာ ကောက်ခံရမှာဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကမျှ လက်ဝါးကြီးအုပ် စိုးမိုးချုပ်ကိုင်ဖို့ မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးနဲ့ နယ်မြေတည်ငြိမ်ရေး ကဏ္ဍတွေအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်ထောင်စုအဆင့် အညီအမျှ အချိုးကျ မျှဝေသုံးစွဲရမည်ဆိုသော မူဝါဒကို လက်ခံကျင့်သုံးသွားမယ်လို့ ပအဖက ထပ်မံအသိပေးထားပါတယ်။ 


========================


📌📌 ၅။ ဖျာပုံအကျဉ်းထောင်တွင်း စစ်တပ်နှင့် ရဲများ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်နေမှုများအပေါ်  PPNM က သဘောထားထုတ်ပြန်


ဖျာပုံအကျဉ်းထောင်တွင်းသို့ စစ်တပ်နှင့်ရဲများ ဝင်ရောက်ကာ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်နေမှုများနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီ ရက်မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။                                                             

မတ်လ (၃၁) ရက်နေ့ မွန်းလွဲပိုင်း တန်းပိတ်ထားချိန်တွင် ပုဒ်မ (၅၄) ဖြင့် အမှုရင်ဆိုင်နေရသည့် အသက် (၃၃) နှစ် အရွယ် တရားခံအဖြစ် မတရားရုံးမှ အမိန့်ချထားခြင်းမရှိသေးသည့် ကိုနန်းလင်းအောင်ကို နေ့ခင်းတန်းပိတ်ထားချိန်တွင် အကြောင်းပြချက်မပေးပဲ အကျဉ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က ဥပဒေမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့ဖော်ပြပါတယ်။

တန်းပြန်ဖွင့်ချိန် အခန်းပြင်ပတွင် သွားလာခွင့်ရသည့်အတွက် အဆိုပါကျူးလွန်ခဲ့သည့် တပ်ကြပ်ကြီးနှင့်အိပ်ဆောင် အဆောင်မှူးနှင့် ဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများမှ ယခုကဲ့သို့ ဥပဒေမဲ့ ရိုက်နှက်မှုမျိုး ပြုလုပ်ခွင့်မရှိကြောင်း တင်ပြခဲ့ပြီး အိပ်ဆောင်အဆောင်မှူးနဲ့ ဝန်ထမ်းငယ်များက လက်မခံကြောင်း အော်ဟစ်ပြောဆိုရာမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ထိုသို့ဖြစ်ပေါ်လာသည့် ဖြစ်စဉ်အပေါ် ကောင်းမွန်စွာ ဖြေရှင်းမှုမပြုပဲ ဖျာပုံအကျဉ်းထောင် ထောင်အာဏာပိုင်များက စစ်တပ်နဲ့ ရဲကို နိုင်ငံရေးအကျဉ်းသားများနှင့် အခြားရာဇဝတ်အကျဉ်းသားများ ပူးပေါင်း၍ ထောင်ဖောက်ရန် ကြံစည်နေကြကြောင်း သတင်းအမှားပေးပို့ခဲ့ပြီး တကယ့်မြေပြင်တွင် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်ဖောက်ရန် ကြိုးစားခဲ့ခြင်းမရှိကြောင်း တိကျခိုင်မာသည့် အထောက်အထားများကို ရယူထားခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ (၃၁) ရက်နေ့ ညနေ () နာရီဝန်းကျင်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အကျဉ်းထောင်သို့ ဝင်ရောက်ပြီး သေနတ်ပစ်၍ ဖြိုခွင်းမှုများပြုလုပ်ခဲ့ကာ ထိုအကြမ်းဖက်ဖြိုခွင်းမှုအတွင်း အနည်းဆုံး သေနတ်ပစ်ခတ်မှုအသံ (၁၀) ကြိမ်နှင့် အထက်ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများစွာ မတရားရိုက်နှက်ခြင်း ခံခဲ့ရပါတယ်။

မတ်လ (၃၁)ရက်နေ့မှ ဧပြီလ () ရက်နေ့အထိ အကျဉ်းထောင်ဝန်ထမ်းများကို ထိခိုက်ဒဏ်ရာရရှိစေရန် ပါဝင်ခဲ့သူများဟု ယူဆရသူများဆိုကာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြားရာဇဝတ်အကျဉ်းသားများကို ခေါ်ထုတ်၍ ရိုက်နှက်နှိပ်စက်မှုကို ပြုလုပ်ခဲ့ပါတယ်။

ထိုသို့ ရိုက်နှက်နှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား (၂၀) ဦး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူရန် အရေးပေါ်လို အပ်လျှက်ရှိနေပြီး အချို့နိုင်ငံရေးအကျဉ်းသားများ၏ ခြေထောက်များမှာ ရရှိဒဏ်ရာများကြောင့် လမ်းမလျှောက်နိုင်ပဲ ခွေလှဲကျသည်အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဧပြီလ () ရက်နေ့ညအထိ အခြားရာဇဝတ်အကျဉ်းသားများနှင့် နိုင်ကျဉ်းများကိုလည်း ခေါ်ယူစစ်ဆေးရိုက်နှက်နေဆဲ ဖြစ်ကာ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားအပါအဝင် အခြားအကျဉ်းသား (၈၀) ကျော်သည်လည်း ရိုက်နှက်စစ်ဆေးခံနေရဆဲဖြစ်ပါတယ်။

ထို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) အနေဖြင့်လည်း မြေပြင်တွင် ထိရောက်သော ကူညီဆောင်ရွက်မှုများ ပြုနိုင်ရန်အတွက်အကျဉ်းထောင်တွင်းသို့ အမြန်ဆုံးဝင်ရောက်ခွင့်ရရှိအောင် ကြိုးစားရန် နှင့် ကုလသမ္မဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ မရှိစေရေး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို အမြန်ဆုံး ဖိအားပေး တောင်းဆိုရန် အလိုအပ်ဆုံးအချိန် ရောက်နေပြီ ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၆။ မုံရွာခရိုင်အရာတော်မြို့နယ် ငွေတွင်း (ပျူ) ရွာကို အမျိုးသားများ ဝင်ထွက်သွားလာမှု မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်းမှ ကန့်သတ်


မုံရွာခရိုင်အရာတော်မြို့နယ် ငွေတွင်း (ပျူ) ရွာကို အမျိုးသားများ ဝင်ထွက်သွားလာမှု ကန့်သတ်လိုက်ကြောင်း ဧပြီလ () ရက်မှာ မုံရွာခရိုင် အမှတ်(၂၁) တပ်ရင်းက တရားဝင်အသိပေးလိုက်ပါတယ်။

မုံရွာခရိုင် အရာတော်မြို့နယ် ငွေတွင်း (ပျူ) ရွာသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ၏ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်မှူအောက်၌ ရှိနေပြီး တော်လှန်ရေးအင်အားစုများ၏ အမည်းရောင်နယ်မြေအဖြစ် သက်မှတ်ခံထားရသည့်အပြင် ငွေတွင်း ပျူစောထီးခေါင်းဆောင် ကျော်ဆွေ ကိုယ်တိုင်ကလည်း အသက်(၁၆) မှ (၄၅) နှစ်အတွင်း အမျိုးသားတိုင်း အတင်းအဓမ္မ စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ခံနေသည့်အတွက် ငွေတွင်းကျေးရွာအတွင်း နေထိုင်ကြသော အသက် (၁၆) မှ (၄၅) နှစ် အတွင်း အမျိုးသားအားလုံး (၁၈..၂၀၂၄) ရက် နောက်ဆုံးထားပြီး ထွက်ခွာကြရန် အသိပေးဆိုထားပါတယ်။

ထို့အပြင် အဆိုပါငွေတွင်းကျေးရွာအပြင်ဘက်တွင် နေထိုင်ကြသော အမျိုးသားများအနေဖြင့်လည်း ကျေးရွာအတွင်းသို့ ဝင်ထွက်သွားလာခွင့်ကို (၁၈..၂၀၂၄) ရက် နောက်ဆုံးထား၍ တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် တရားဝင်ပိတ်ပင်လိုက်ကြောင်းကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်းမှ အသိပေးထုတ်ပြန်ပါတယ်။

၎င်းထုတ်ပြန်ချက်အား မလိုက်နာပါက သက်ဆိုင်ရာ စည်းမျဥ်းဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ကြေညာထားပါတယ်။


========================


📌📌 ၇။ မုံရွာမြို့ပေါ် ပျောက်ကြားသပိတ် ဆင်နွှဲ


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ပျောက်ကြားသပိတ်ကို ဆင်နွှဲခဲ့တယ်လို့ "အညာပစ်တိုင်းထောင်လေးများ" က ဧပြီ ရက်မှာ အသိပေးဖော်ပြပါတယ်။

"အညာပစ်တိုင်းထောင်လေးများ" အဖွဲ့မှ မုံရွာမြို့ပေါ် တွင် "စကစရဲ့ပေါ်တာဆွဲညွှန်ကြားချက်လူထုအားနဲ့တိုက်ဖျက်ကြ" စာသားကိုင်ဆောင်ကာ သပိတ်ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စကစမှ မုံရွာမြို့ပေါ်  စစ်မှုထမ်းဥပဒေအား အသက်သွင်းကာ ပြည်သူများအား ပေါ်တာဆွဲလျှက်ရှိပါတယ်။

မုံရွာမြို့ပေါ်တွင် စကစမှ လုံခြုံရေးတင်းကျပ်ထားပြီး ပေါ်တာဆွဲနေတာကြောင့် ပြည်သူများ သတိရှိရှိသွားလာကြဖို့ တိုက်တွန်းလိုတယ်လို့လည်း အညာပစ်တိုင်းထောင်လေးများက ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မိုးမောက်မြို့နယ်က မိုင်ဆက်ကောင် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်  


ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက မိုင်ဆက်ကောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် - KIA က ဧပြီ () ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအထက်မှာရှိတဲ့ မိုင်ဆက်ကောင် စစ်ကောင်စီတပ်စခန်းကို ယနေ့ မနက် () နာရီခွဲမှာ KIA တပ်မဟာ- က တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဟာ ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက်နဲ့ မိုးမောက်၊ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မြစ်ကြီးနား - ဗန်းမော်လမ်း၊ ဗန်းမော် - လွယ်ဂျယ်လမ်းပိုင်းက စစ်တပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ဒေသတွင်းမှာ ကျန်နေသေးတဲ့ စစ်တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မိုးမောက်အနီးက ကျောက်စခန်းကို ဧပြီ () ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။

အခုလို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်းကစပြီး မိုးမောက်မြို့နဲ့ ပတ်ဝန်းကျင်ကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မနက် () နာရီကတည်းကစပြီး လေကြောင်းကနေပစ်နေတာကြောင့် မိုးမောက်ဒေသခံအများစုဟာ ဗန်းမော်ဘက် တိမ်းရှောင်သွားကြသူတွေရှိသလို ဗုံးခိုကျင်းထဲမှာ ပုန်းခိုနေရသူတွေလည်းရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်‌ကောင်စီဟာ မိုးမောက်မြို့အနီးက ကချင်ရွာတွေဖြစ်တဲ့ ဝဝမ်၊ ဝဘော်၊ ကျရီ၊ တဂေါ်နဲ့မမ့်ဆိုင်း စတဲ့ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

KIA အနေနဲ့ မတ်လ () ရက်ကစပြီး ပူးပေါင်းတပ်တွေနဲ့အတူ ထိုးစစ်အရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်လျက်ရှိရာ တပ်စခန်းကြီးငယ် (၆၀) ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ 


========================


🚩🚩 ၂။ မဘိမ်းမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းမှတိုက်ခိုက်သဖြင့် ရဟန်းတပါးနှင့် ပြည်သူ () ဦးသေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ထဲက မိုးလုံးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ရဟန်းတပါးနဲ့ အရပ်သားပြည်သူ () ဦးသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မဘိမ်းမြို့နယ်ထဲက မိုးလုံးကျေးရွာကို ဧပြီလ () ရက် (၆း၄၀) ခန့်အချိန်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတပါးနဲ့ အရပ်သားတွေသေဆုံးခဲ့ရသလို အရပ်သား () ဦး ဒဏ်ရာ ရခဲ့ပြီး အိမ် (၁ဝ) လုံး ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ တိုက်လေယာဉ်ဟာ တံတားဦးလေတပ်ကနေ ဧပြီလ () ရက်နေ့ ညနေ (၆း၁၆) အချိန်ခန့်မှာ တက်ခဲ့တဲ့ ဂျက်ဖိုက်တာဖြစ်တယ်လို့ လေကြောင်းရန် စောင့်ကြည့်သတိပေး ချန်နယ်ဖြစ်တဲ့ NAS ကလည်း အတည်ပြုပေးထားပါတယ်။

စစ်ကောင်စီဟာ ဧပြီလ () ရက်နေ့ အစောပိုင်းကလည်း မံစီမြို့နယ်ထဲက ဂျန်မိုင်ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားပြည်သူ () ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA က အသိပေးထားပါတယ်။

ယခု လေကြောင်း တိုက်ခိုက်ခဲ့တဲ့ မဘိမ်းမြို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ယခုနှစ် ဇန်နဝါရီလထဲမှာ တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။  


========================


🚩🚩 ၃။ ဖာပွန်ခရိုင်မှာ မတ်လအတွင်း တိုက်ပွဲ (၉၉) ကြိမ်ဖြစ်ခဲ့ပြီး အရာရှိ () ဦးအပါအဝင် စစ်သား (၄၀) ကျော်သေဆုံး


ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ - ၅နယ်မြေ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့မတ်လအတွင်း တိုက်ပွဲပေါင်း (၉၉) ကြိမ် ဖြစ်ခဲ့ပြီး အရာရှိ () ဦးအပါအဝင် စစ်သား (၄၀) ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ - က သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်မှာ မတ်လ () ရက်ကနေ (၃၁) ရက်အထိဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို တပ်မဟာ - က အသိပေးလိုက်တာ ဖြစ်ပါတယ်။   

စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဗိုလ်ကြီးအဆင့် အရာရှိ () ဦး၊ ဒုဗိုလ်တဦးနဲ့ တပ်ကြပ်၊ ဒုတပ်ကြပ်တွေအပါအဝင် (၄၂) ဦးသေဆုံးပြီး (၅၅) ဦး ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများခဲ့သလို KNLA တပ်မဟာ - ဘက်က () ဦးလည်း တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၄) ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ (၁၉) ရက်ကစပြီး ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ထားနိုင်ခဲ့တဲ့အတွက် မတ်လကုန်ပိုင်းမှာ ဖာပွန်မြို့ပေါ်က စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာကြောင့် ခလရ - ၁၉ တပ်ရင်းနဲ့ စစ်လက်နက်ပစ္စည်းတပ် စစန - ၆၄၂ တပ်ရင်းတို့ကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျန်နေသေးတဲ့ ဗျူဟာကုန်း၊ ခမရ - ၃၄၀၊ ခမရ - ၃၄၁၊ ခမရ - ၃၄၃ စတဲ့တပ်ရင်းတွေကို ပိတ်ဆို့တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ 

မတ်လအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ရာမှာ အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဒေသတွင်း ကျေးရွာတွေနဲ့ ပြည်သူလူထုရဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်း၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်မဟာ - က ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ရဟန်းတပါးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး အပါအဝင် အရပ်သား ပြည်သူ () ဦး သေဆုံးကာ ရဟန်းတပါးနဲ့ အရပ်သား (၃၀) ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အပြင် ဖာပွန်ဒေသခံပြည်သူတွေရဲ့ နေအိမ် (၄၂) လုံး၊ စပါးကျီ () လုံးနဲ့ ပြည်သူပိုင်ပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရကာ အရပ်သား (၁၆ဝဝ) ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။ 


========================


🚩🚩 ၄။ မုံရွာနယ်က ပျူစောထီးစခန်းနဲ့ ချောင်းဦးနယ်ရှိ စစ်တပ်ဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က () ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက တောပုရွာ ပျူစောထီးစခန်းနဲ့ ချောင်းဦးနယ်မှာရှိတဲ့ စစ်တပ်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က () ဦး သေဆုံးပြီး များစွာ ဒဏ်ရာရသွားတယ်လို့ စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း - MSPDF က သတင်းထုတ်ပြန်ပါတယ်။

မုံရွာမြို့နယ်၊ တောပုကျေးရွာ ပျူစောထီးစခန်းကို ဧပြီလ () ရက်နေ့ ညနေ () နာရီကနေ () နာရီခွဲခန့်အချိန်အထိ "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone တွေ သုံးပြီး AIR BOMB () လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး စုစုပေါင်း () ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသူတွေကို ဆေးရုံပို့နိုင်ဖို့အတွက် စစ်အုပ်စုဟာ ခရီးသည်တင် Express ကားတစီးကို ချောဆွဲပြီး မုံရွာဆေးရုံသို့ ပို့ဆောင်လိုက်တယ်လို့လည်း အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပျူစောထီးစခန်းအတွင်း အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေနေထိုင်ရာ အဆောက်အအုံ () လုံး မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဗုံကြဲတိုက်ခိုက်နေစဉ်မှာ စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်တာတွေ ရှိပေမယ့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ ရဲဘော်တွေ ထိခိုက်တာမျိုးမရှိဘူးလို့ စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း - MSPDF က ပြောပါတယ်။ 

တောပုပျူရွာကို တိုက်ခိုက်ခဲ့ပြီးနောက် ချောင်းဦးမြို့နယ်ထဲက မြပုလဲဆီဆိုင် ဂိတ်စခန်းကိုလည်း ညနေ () နာရီ ကနေ () နာရီခန့်အချိန်အထိ "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone တွေနဲ့ AIR BOMB (၁၀) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား () ဦးသေဆုံးပြီး (၁၀) ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။  

အဆိုပါတိုက်ခိုက်မှုတွေကို စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ - MSPDF နဲ့အတူ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် () တပ်ရင်း - NRDF မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း - တပ်ခွဲ () URBAN HUNTER FORCE - UHF SHINING STARS နှင့် Meikhtila Special Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ တနိုင်ငံလုံးမှာ စစ်ဖြန့်တိုက်နေရတဲ့ စကစတပ်ဟာ အင်အားအလုံးအရင်း စုစည်းပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများရဲ့ ဌာချုပ်နေရာတွေကို မတိုက်နိုင်တော့ကြောင်း PDFInsight သုံးသပ်


နွေဦးတော်လှန်ရေးကာလမှာ တနိုင်ငံလုံး စစ်ဖြန့်တိုက်နေရတဲ့ စကစတပ်ဟာ အင်အားအလုံးအရင်း စုစည်းပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများရဲ့ ဌာချုပ်နေရာတွေကို မတိုက်နိုင်တော့ဘူးလို့ ဧပြီလအတွင်းမှာ စကစတပ်ရဲ့အခြေအနေကို PDFInsight က သုံးသပ်ဖော်ပြထားပါတယ်။

"စစ်တပ်ဟာ ပြိုင်ဘက်ရန်သူရဲ့ ဗဟိုဌာနချုပ်ကို သိမ်းပိုက်ခြင်းထက် ဝန်းရံထိန်းချုပ်ခြင်းကို တလျှောက်လုံးလုပ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ ပဲခူးရိုးမ ဗကပ ဌာနချုပ်၊ ပန်ဆိုင်း ဗကပ ဌာနချုပ်ကို မင်းရန်အောင် ထိုးစစ် နဲ့ ထိန်းချုပ်ခြင်း၊ ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ် မာနယ်ပလောကို သိမ်းပိုက်ခြင်းတို့ ရှိခဲ့ပါတယ်။ ယခင်ကာလတွေမှာ ဗဟိုဌာနချုပ်တွေကို သိမ်းပိုက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း နွေဦးတော်လှန်ရေး ကာလမှာ တနိုင်ငံလုံးမှာ စစ်ဖြန့်တိုက်နေရတဲ့ စစ်တပ်က အင်အားအလုံးအရင်း စုစည်းပြီး ဌာချုပ်နေရာတွေကို မတိုက်နိုင်တော့ပါဘူး။ အဲဒီအခြေအနေအောက်မှာ စစ်တပ်ရဲ့ လိုင်ဇာ ထိုးစစ်ဟာ ကျရှုံးသွားရပါတယ်။ လိုင်ဇာ ထိုးစစ် အပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်ဟာ ရှမ်းမြောက်ဒေသ၊ လိုင်ဇာဒေသ နဲ့ ကချင်ဒေသတွေမှာ အရေးကြီးတဲ့ စစ်စခန်းကြီးတွေကို တဖြည်းဖြည်းနဲ့ သိမ်းပိုက်လာခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေး နဲ့ မရှေးမနှောင်းမှာ ရှမ်းမြောက်ဒေသမှာ ညီနောင် မဟာမိတ် () ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာပြီး မြို့ပေါင်းများစွာ လက်လွှတ်လိုက်ရပါတယ်" လို့ ဖော်ပြပါတယ်။ 

ပြောက်ကျားစစ် နှစ်တာ ကာလ အပြီးမှာမှ KIA ဟာ လိုင်ဇာဒေသမှာရှိတဲ့ အခိုင်အမာ စစ်စခန်းတွေကို သမရိုးကျ စစ်ပုံစံ နဲ့ အလုံးအရင်း စစ်ဆင်တိုက်ခိုက်ပြီး ယနေ့ အောင်ပွဲတွေ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment