3rd APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်တာ အောင်နိုင်ရေး မဟာဗျူဟာ ပြင်ဆင်ရေးဆွဲထားရှိမှု ဆွေးနွေးဆုံးဖြတ်၍ အစိုးရကက်ဘိနက်အစည်းအဝေးမှာအတည်ပြု

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေတယ်လို့ ယာယီသမ္မတအသိပေးပြောကြား

📌 ၃။ စစ်အုပ်စုသက်ဆိုးရှည်ဖို့ လုပ်ဆောင်လာတဲ့အတင်း အဓမ္မ စစ်သားစု ဆောင်းမှုကိစ္စအပါအဝင် ဘယ်လိုကိစ္စမျိုးကိုမဆို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြပဲ  နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၄။ အမေရိကန် စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီ Schlumberger က အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ MOGE ထံ ပစ္စည်းကိရိယာများ ဆက်လက် ရောင်းချပေးအပ်နေတယ်လို့ ထုတ်ပြန်

📌 ၅။ အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီထောင်ရှိ ထောင်အာဏာပိုင် တာဝန်ရှိသူများအနေဖြင့် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့အပါအဝင် အခြားအရေးပေါ်ပြသရန် လိုအပ်သူများကို ထောင်ပြင်ပဆေးရုံများတွင် အမြန်ဆုံး သွားရောက်ကုသပေးရန်တောင်းဆို


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ယောကာကွယ်ရေးတပ် (YDF) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အခြေစိုက် စကစတပ်စခန်းများကို ရခိုင့်တပ်တော်နှင့်အတူ သိမ်းပိုက်ရရှိသည့်အောင်မြင်မှုများကို ထုတ်ဖော်ပြသ

🚩 ၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စက်မှု()အား ကာကွယ်ရေးအဖွဲ့များမှ RC Plane များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့

🚩 ၃။ ကျိုက်ထိုမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ခံနေတဲ့ စစ်ကောင်စီ အမာခံ သတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

🚩 ၄။ ရွေဘိုတွင် ရဲ နှစ်ဦးနဲ့ စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ 

🚩 ၅။ ဖြတ်တောက်ခံထားရတဲ့ စစ်သုံးကေဘယ်ကြိုး လာပြင်တဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၁၀ ဦးခန့် သေဆုံး

🚩 ၆။ ရေစကြိုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၇။ တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီ ဖြစ်တာကြောင့် အမ်း-ပဒါန်း ကားလမ်းကို AA အကန့်အသတ်မရှိပိတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်တာ အောင်နိုင်ရေး မဟာဗျူဟာ ပြင်ဆင်ရေးဆွဲထားရှိမှု ဆွေးနွေးဆုံးဖြတ်၍ အစိုးရကက်ဘိနက်အစည်းအဝေးမှာအတည်ပြု


ဧပြီလ ၂ရက်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်တာ အောင်နိုင်ရေး မဟာဗျူဟာ ပြင်ဆင်ရေးဆွဲထားရှိမှု ဆွေးနွေးဆုံးဖြတ်၍ အစိုးရကက်ဘိနက်အစည်းအဝေးမှာအတည်ပြုခဲ့ပါတယ်။


ဧပြီလ၂ရက် "အမျိုးသားညီညွတ်ရေးအစိုးရ ၁၃/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်တာ အောင်နိုင်ရေး မဟာဗျူဟာ ပြင်ဆင်ရေးဆွဲထားရှိမှုကို ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


အစိုးရကက်ဘိနက်အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေတယ်လို့ ယာယီသမ္မတအသိပေးပြောကြား


ဧပြီလ ၂ရက်။

ဧပြီလ ၂ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၃/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။


 အခုဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်း ဧရိယာ တစ်ခုလုံးရဲ့ တော်လှန်ရေး တပ်ဦးဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ အင်မတန် အားရကျေနပ်စရာ ကောင်းတာကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေပါတယ်။ လက်ရှိတည်ဆဲ အခင်းအကျင်းမှာ၊ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့တာကို ကျွန်တော်တို့ အားလုံး လက်ကမ်းကြိုဆိုကြောင်း ပြောကြားချင်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင် ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ အခြေအနေကို ပြည်ပြည့်ဝဝ နားလည်သဘောပေါက်ကြဖို့ အရေးကြီးကြောင်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ စစ်အုပ်စုသက်ဆိုးရှည်ဖို့ လုပ်ဆောင်လာတဲ့အတင်း အဓမ္မ စစ်သားစု ဆောင်းမှုကိစ္စအပါအဝင် ဘယ်လိုကိစ္စမျိုးကိုမဆို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြပဲ  နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဧပြီလ ၂ရက်။

စစ်အုပ်စုသက်ဆိုးရှည်ဖို့ လုပ်ဆောင်လာတဲ့ အတင်း အဓမ္မ စစ်သားစုဆောင်းမှုကိစ္စအပါအဝင် ဘယ်လို ကိစ္စမျိုးကိုမဆို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြပဲ  နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဧပြီလ၂ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၄) တွင် ပြောပါတယ်။


"စစ်အုပ်စုသက်ဆိုးရှည်ဖို့ လုပ်ဆောင်လာတဲ့ ဒီအတင်း အဓမ္မ စစ်သားစု ဆောင်းမှုကိစ္စအပါအဝင် ဘယ်လိုကိစ္စမျိုးကိုမဆို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြပဲ ကျွန်တော်တို့အချင်းချင်း ချိတ်ဆက်လက်တွဲပြီး နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်အမြဲပြောခဲ့သလိုပဲ ဒီတော်လှန်ရေးဟာ အစကတည်းက လွယ်ကူခဲ့တာ တစ်ခုမှ မရှိပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းပြီး ဖက်ဒရယ်နိုင်ငံတော်သစ်ဆီ သွားကြမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေရဲ့ တွန်းအားနဲ့သာ အခက်အခဲ စိန်ခေါ်မှုမှန်သမျှကို ယနေ့အချိန်ထိ တွန်းလှန်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခု ကိစ္စရပ်ဟာဆိုရင် အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းပြည်နဲ့ ပြည်သူလူထုကို အဆုံးစွန် စိန်ခေါ်လိုက်တဲ့ လုပ်ရပ်လည်း ဖြစ်နေပါတယ်။ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့က အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားပြီး အတူတကွ ရင်ဆိုင်သွားကြရမှာ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ရေးရာဝန်ဆောင်မှု Telegram Channel ဖွင့်လှစ်ရခြင်းဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှု လုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန်နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ  ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ အမေရိကန် စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီ Schlumberger က အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ MOGE ထံ ပစ္စည်းကိရိယာများ ဆက်လက် ရောင်းချပေးအပ်နေတယ်လို့ ထုတ်ပြန်


ဧပြီလ ၂ရက်။

အမေရိကန် စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီSchlumberger က အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ MOGE ထံ ပစ္စည်းကိရိယာများ ဆက်လက် ရောင်းချပေးအပ်နေတယ်လို့ ဧပြီလ ၂ရက်မှာ JusticeForMyanmarက တရားဝင်အသိပေးထုတ်ပြန်လိုက်ပါတယ်။


အမေရိကန်ပြည်ထောင်စု စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီကြီး Schlumberger အနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် စစ်အုပ်စု၏ တရားမဝင်ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီး၊ ပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့နေသည်ကို သိရှိလျက်ဖြင့်ပင် MOGE ထံ ပစ္စည်းများ ဆက်လက် ရောင်းချပေးထားခဲ့တယ်လို့ဖော်ပြပါတယ်။


ကုန်သွယ်မှုအချက်အလက်များအား ဆန်းစစ်ရာတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လနှင့် နိုဝင်ဘာလများတွင် Schlumberger Vietnam Services Co. Ltd. မှ MOGE မန်းနေးဂျင်းဒါရိုက်တာထံ ကုန်ပစ္စည်း တင်ပို့မှု နှစ်ကြိမ်ရှိခဲ့ကြောင်း ဖော်ပြနေတယ်လို့ဆိုပါတယ်။


 ယင်းတင်ပို့မှုနှစ်ကြိမ်လုံးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းများတွင် အသုံးပြုသည့် ကေဗယ်ကြိုးများကို တိုင်းတာရန်အတွက် လေဆာချိန်ညှိကိရိယာများ ဖြစ်တယ်လို့သိရပါတယ်။


နောက်ဆုံးအကြိမ်တင်ပို့မှုသည် အမေရိကန်ပြည်ထောင်စုက ၂၀၂၃ ခုနှစ်၊အောက်တိုဘာလတွင် MOGE အား ဘဏ္ဍာရေးဝန်ဆောင်မှု ပေးအပ်ခြင်းများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ပြဌာန်းပြီး နောက်ပိုင်း ပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်တယ်လို့ဖော်ပြပါတယ်။


Schlumberger နှင့် အခြားရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီများအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသည့် စီမံကိန်းများသည် စစ်အုပ်စုထံ ငွေပေးချေမှုများ ရပ်တန့်ပြီး၊ အကာအကွယ်ပြုထားသည့် အကောင့်များတွင် သိမ်းဆည်းထားခြင်းမရှိပါက မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို ရပ်တန့်ရန် JusticeForMyanmarက တောင်းဆိုအပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီထောင်ရှိ ထောင်အာဏာပိုင် တာဝန်ရှိသူများအနေဖြင့် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့အပါအဝင် အခြားအရေးပေါ်ပြသရန် လိုအပ်သူများကို ထောင်ပြင်ပဆေးရုံများတွင် အမြန်ဆုံး သွားရောက်ကုသပေးရန်တောင်းဆို


ဧပြီလ ၂ရက်။

အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီထောင်ရှိ ထောင်အာဏာပိုင် တာဝန်ရှိသူများအနေဖြင့် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့အပါအဝင် အခြားအရေးပေါ်ပြသရန် လိုအပ်သူများကို ထောင်ပြင်ပဆေးရုံများတွင် အမြန်ဆုံး သွားရောက်ကုသပေးရန်တောင်းဆိုလိုက်ပါတယ်။


ဧပြီလ ၂ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဖော်ပြပါတယ်။


ရန်ကုန်မြို့ (၄၄)လမ်း ဖြစ်စဉ်အတွင်း တိုက်ပေါ်က ခုန်ချခဲ့ကြသည့် ရဲဘော်များအနက် ပုဒ်မ ပေါက်ကွဲ / နှင့် /၆တို့ဖြင့် ထောင်ဒဏ် (၁၂)နှစ် ကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက်နှင့် ကိုမင်းသစ်စ္စာမောင်()ကိုဗလတို့ နှစ်ဦးစလုံး ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့်မရရှိဘဲ ထောင်တွင်း၌ မတရားအကျဉ်းချခံထားရတယ်လို့ဖော်ပြပါတယ်။


ကိုမင်းသစ္စာမောင်()ကိုဗလနှင့် ကိုဝေယံထက်တို့ နှစ်ဦးစလုံးကို (၄၄)လမ်းဖြစ်စဉ်က ဖမ်းဆီးရမိသူများဖြစ်၍ အပြင်ဆေးရုံတွင် ကုသခွင့်မရခြင်းဖြစ်ကြောင်း  စုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။


နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက်သည် တိုက်ပေါ်က ခုန်ချစဉ် ခြေထောက်အောက်ပိုင်း ထိခိုက်ခဲ့သည့် အတွက် ယခုအခါ ဝှီးချဲနှင့် သွားလာနေထိုင်နေရသူဖြစ်ပြီး လက်ရှိတွင် ခြေထောက်နှစ်ဘက်စလုံးကျိုးပြီး ကိုယ်ခန္ဓာအောက်ပိုင်း ခြေချောင်းများလှုပ်ရှားမရဘဲ ပေါင်အရိုးများလည်း ကြေမွသွားခဲ့ရသည့်အတွက် စတီးချောင်းနှင့် မူလီကြပ်ထားရတယ်လို့သိရပါတယ်။


ကိုဝေယံထက်သည် အကျဉ်းထောင်ဆေးရုံတွင် နေခွင့်ရသော်လည်း အကျဉ်းထောင်၏ ဆေးဝါးစောင့်ရှောက်မှု လိုအပ်ချက်ရှိနေသည့် ယခုလိုကာလတွင် ထောင်အပြင်ဆေးရုံများကို ပို့ဆောင်ကုသပေးမှသာ ရရှိထားသည့် ဒဏ်ရာများနှင့် ခံစားနေရသည့် ဝေသနာများ သက်သာနိုင်မှာဖြစ်တယ်လို့ဖော်ပြပါတယ်။


(၄၄)လမ်းဖြစ်စဉ်တွင် အတူပါဝင်ခုန်ချခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုမင်းသစ္စာမောင်()ကိုဗလ သည်လည်း လက်ရှိ ရရှိခဲ့သည့်  ခြေထောက်နှင့် ခါးတဝိုက်ဒဏ်ရာများသည် ယခုအချိန်ထိ သက်သာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။

ကိုမင်းသစ္စာမောင်ကို အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အကျဆောင်တွင်သာ ထားခဲ့ပြီး ထောင်ဆေးရုံတွင်ပင် နေထိုင်ကုသခွင့်မရကြောင်း သိရှိရပါတယ်။


လက်ရှိ အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီထောင်ရှိ ထောင်အာဏာပိုင် တာဝန်ရှိသူများအနေဖြင့် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့အပါအဝင် အခြားအရေးပေါ်ပြသရန် လိုအပ်သူများကို ထောင်ပြင်ပဆေးရုံများတွင် အမြန်ဆုံး သွားရောက်ကုသပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်အနေဖြင့် တောင်းဆိုတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆၈) ဦးနှင့် အမျိုးသား (၁၁၂) ဦး စုစုပေါင်း (၁၈၀) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၅၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်


ဧပြီလ ၂ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မတ်လ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆၈) ဦးနှင့် အမျိုးသား (၁၁၂) ဦး စုစုပေါင်း (၁၈၀) ဦး သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၁၈၀) ဦးအနက် ၁၈ နှစ်အောက် သတ်ဖြတ်ခံရသူ (၃၆) ဦးရှိပြီး ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ (၂၂) ဦး ရှိခဲ့ပါတယ်။


ထို့ပြင် ၎င်း (၁၈၀) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၅၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၆၁) ဦးစီဖြင့် အများဆုံးဖြစ်တယ်လို့သိရပါတယ်။


ထို့ပြင် တစ်လတာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၃) ဦးနှင့် အမျိုးသား (၄၂) ဦး စုစုပေါင်း (၅၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ (၁၂) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ယောကာကွယ်ရေးတပ် (YDF) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အခြေစိုက် စကစတပ်စခန်းများကို ရခိုင့်တပ်တော်နှင့်အတူ သိမ်းပိုက်ရရှိသည့်အောင်မြင်မှုများကို ထုတ်ဖော်ပြသ


ဧပြီလ၂ရက်။

ယောကာကွယ်ရေးတပ် (YDF) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အခြေစိုက် စကစတပ်စခန်းများကို ရခိုင့်တပ်တော်နှင့်အတူ သိမ်းပိုက်ရရှိသည့်အောင်မြင်မှုများကို ဧပြီလ၂ရက်နေ့မှာ ယောကာကွယ်ရေးတပ် (YDF)က တရားဝင်အသိပေးဖော်ပြပါတယ်။


"ယောကာကွယ်ရေးတပ် (YDF) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄) ခမရ (၃၇၅) ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ () တို့ကို ရက္ခိုင့်တပ်တော်(AA) နှင့်အတူ ၊၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အပြီးသိမ်းယူနိုင်ခဲ့သော အောင်မြင်မှုများ"လို့ဖော်ပြထားပါတယ်။


လက်ရှိမှာ ယောကာကွယ်ရေးတပ် (YDF)ဟာ သင်တန်းသားရဲဘော်သစ်များကို လက်နက်တပ်ဆင်ရန် ယောမြို့ပါရီ_campaign ကိုလုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စက်မှု()အား ကာကွယ်ရေးအဖွဲ့များမှ RC Plane များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့


ဧပြီလ ၂ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စက်မှု()အား ကာကွယ်ရေးအဖွဲ့များမှ RC Plane များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဧပြီလ ()ရက်မှာ  မြိုင် .က.ဖကအတည်ပြုဖော်ပြပါတယ်။


ဧပြီလ ()ရက်နေ့ ညနေ()နာရီအချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စက်မှု()အား မိမိတို့ကာကွယ်ရေးအဖွဲ့များမှ RC Plane များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် ကာကွယ်ရေးအဖွဲ့များမှ ဗုံးသီး()လုံး ပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီး  ဗုံးသီး()လုံးမှာ စစ်ကောင်စီတပ်သားများနေထိုင်‌ရာနေရာသို့ တည့်တည့်ကျရောက်ပြီး စကစဘက်က()ဦး နေရာတင် ပွဲချင်းပြီး သေဆုံးကာ ()ဦး ထိခိုက်ဒဏ်ရာများ အသီးသီးရသွားကြတယ်လို့သိရပါတယ်။


တိုက်ခိုက်မှုကို ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် .က. တပ်ရင်း() D.M.G ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မိမိတို့ Thu Rain TR(ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ ကျိုက်ထိုမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ခံနေတဲ့ စစ်ကောင်စီ အမာခံ သတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ


ဧပြီလ ရက်။

Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့စနိုင်ရပ်ကွက်မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ခံနေတဲ့ စစ်ကောင်စီ အမာခံ သတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီအမာခံ သတင်းပေးဖြစ်သူ ဦးမြအေးကို ကော့စနိုင် ရပ်ကွက်က သူ့ရဲ့ နေအိမ်မှာပဲ ကျိုက်ထို တော်လှန်ရေး အင်အားစုနဲ့ ကျိုက်ထို .က. ပူးပေါင်းအဖွဲ့က ဧပြီလ ရက်နေ့ ညနေ နာရီ အချိန်ခန့်မှာ သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့တာပါ။


ထို့သို ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီ သတင်းပေး ဦးမြအေးဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။


ဦးမြအေးဟာ စစ်တပ်အာဏာ သိမ်းစထဲက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ သတင်းပေးခဲ့တာအပြင် ပြည်သူ့စစ်သင်တန်း တက်ရောက်ပြီးစီးထားသူဖြစ်ပြီး လက်ရှိမှာလည်း ကော့စနိုင် အုပ်ချုပ်ရေးမှူး၊ စာရေးမတို့နဲ့ ပူးပေါင်းပြီး စစ်မှုထမ်းဖို့ အတင်းအဓမ္မ စာရင်းကောက်ခံနေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ KRF က ဆိုပါတယ်။


ကျိုက်ထိုမြို့ပေါ်နဲ့ မြို့နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ နှင့် စာရေးများအနေနဲ့ စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေ အကောင်ထည်ဖော်ရန် လူငယ်များကို အတင်းအကြပ် ဆက်လက် စာရင်းကောက် စုဆောင်းနေပါက ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ ပြင်းထန်စွာ သတိပေးထားပြီး စကစ လက်အောက်က အမြန်ဆုံး နှုတ်ထွက်ကြဖို့ကိုလည်း KRF က တောင်းဆိုထားပါတယ်။


ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေ အကောင်ထည်ဖော် ဆောင်ရွက်နေသူတွေ ကို အရေးယူမယ်လို့ တော်လှန်ရေး အင်အားစုတွေ သတိပေးချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ၁၀ ရက်အတွင်း ပစ်ခတ်ရှင်းလင်းမှု ကြိမ်အထိ ဖြစ်ပွားခဲ့ကာ အမျိုးသား သုံးဦးနဲ့ ဘုန်းကြီး တစ်ပါး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၄။ ရွေဘိုတွင် ရဲ နှစ်ဦးနဲ့ စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ 


ဧပြီလ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ဦးနဲ့ စစ်ကောင်စီ သတင်းပေး ဦးကို ဒေသကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်း အခြေစိုက် မြေလတ်အသံ သတင်းဌာနက ဖော်ပြပါတယ်။


ဧပြီလ ရက်နေ့ မနက် နာရီကျော်မှာ ၎င်းရဲ ဦးနဲ့ သတင်းပေး ဦးအား ဖောင်ကြီးချုပ် အနားက လက်ဘက်ရည်ဆိုင်မှာ စုဝေးနေကြချိန်မှာ ဆိုင်ထဲထိ ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာလို့ Shwebo Crocodile အဖွဲ့က ဆိုပါတယ်။


ထိုသို့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ကြပ် အောင်ဖြိုးမင်း၊ ရဲတပ်သား စန်းနိုင်နဲ့ စစ်ကောင်စီရဲ့ သတင်းပေးဖြစ်သူ သန့်ဇင်ဦး () ငသန့်တို့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


ပစ်ခတ်မှုအပြီးမှာ ၎င်းရဲတပ်ဖွဲ့ဝင်တွေထံမှ ၉မမ SIG တစ်လက်၊ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပြပါတယ်။


အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကားနဲ့ ရောက်ချလာပြီး အလောင်းတွေကို ကောက်ကာ ပြန်သွားကြပါတယ်။


၎င်းပစ်ခတ်မှုကို ရွှေဘိုမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Shwebo Crocodile တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ ဖြတ်တောက်ခံထားရတဲ့ စစ်သုံးကေဘယ်ကြိုး လာပြင်တဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၁၀ ဦးခန့် သေဆုံး


ဧပြီလ ရက်။

Radio NUG


ပဲခူးတိုင်း၊ အုတ်ဖို့မြို့နယ်တွင် ဖြတ်တောက်ထားတဲ့ စစ်ဘက်ဆိုင်ရာသုံး ကေဘယ်ကြိုးကို ပြင်ဆင်ရန် လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ () မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) ထံမှ သိရပါတယ်။


 အုပ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ၊ ချောင်ကမ်းပါးရှိ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်ကြိုး ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုပ်ဖို) မှ ဧပြီလ ရက် ၁၁ နာရီခန့်မှာ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ 

 

ထို့နောက် အဆိုပါ ကေဘယ်ကြိုးကို ပြင်ဆင်နိုင်ဖို့ ခြေကျင် တက်လာတဲ့ အင်အား ၂၁ ဦးပါ စစ်ကောင်စီ တပ်ဖွဲ့ကို ဧပြီလ ရက် မနက် နာရီမှာ ထန်းပင်ကုန်း နဲ့ ဝင်းသရက် ရွာကြား မိုင်းကွင်းထဲကို ဝင်ရောက်လာစဉ် ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ဦးမှာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး ပြင်းထန် ဒဏ်ရာ ရရှိသွားတဲ့ ဦးထဲမှ နောက်ထပ် ဦး ဆေးကုသနေရင်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရကြောင်း  မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ တပ်ခွဲမှူး ရဲဘော်ဒေဝက ပြောပါတယ်။


တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်မှ သေဆုံး၊ ဒဏ်ရာရသူများကို လူနာတင်ယာဉ် စီးဖြင့် လာရောက် သယ်ဆောင်သွားခဲ့ပြီး စစ်ကူများ ထပ်မံရောက်ရှိလာတာကြောင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ အသိပေး ထားပါတယ်။


ထို့အပြင် အုပ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ရှိနေတာကြောင့် ပြည်သူများ စစ်ရေးသတိပြု နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက သတိပေး ထားပါတယ်။


========================


🚩🚩 ၆။ ရေစကြိုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး ဦး သေဆုံး


ဧပြီလ ရက်။

Radio NUG


မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ - ၂၅၈) မှ စစ်သားများ လိုက်ပါ လာတဲ့ အိမ်စီးကား တစ်စီးကို PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး သေနတ် လက်နှင့် ကျည်များ သိမ်းပိုက်ရရှိခဲ့ပါတယ်။


ဧပြီလ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ရေစကြိုမြို့အခြေစိုက် ခလရ (၂၅၈) တပ်ရင်းအတွင်းမှ အိမ်စီး ကားဖြင့် ရေစကြိုမြို့ ထွေအုပ် ရုံးကို ပြန်တဲ့ စစ်သား ဦးပါ အိမ်စီး (အာရာဖတ်) ကား တစ်စီးကို ရေစကြိုမြို့ အဝင်မှာ ဒေသတွင်း PDF များက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ထိုသို့တိုက်ခိုက်မှုကြောင့် ကားပေါ်ပါတဲ့ စစ်သား ဦး သေဆုံးခဲ့ပြီး ဦးမှာ ဒဏ်ရာများနဲ့ အနီးရှိ ရဲစခန်း ဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ ရေစကြို ပကဖ အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောပြပါတယ်။


ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သားများထံမှ  MA 4 တစ်လက်၊ MA1 တစ်လက် ၄၀ မမ ဗုံးသီး လုံး နဲ့ ဒသမ ၅၆ ကျည် အတောင့် ၁၆၀ ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


 အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို မြိုနယ် ပကဖ နဲ့ ပခုက္ကူခရိုင် တပ်ရင်း () တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီ ဖြစ်တာကြောင့် အမ်း-ပဒါန်း ကားလမ်းကို AA အကန့်အသတ်မရှိပိတ်


ဧပြီလ ရက်။

Radio NUG


ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း ကားလမ်းမှာ တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီ ဖြစ်တာကြောင့် အဆိုပါ လမ်းပိုင်းအား အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ရက္ခိုင့် တပ်တော် AA က ဧပြီလ ရက်နေ့မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်းကြားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ဒီနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေတာကြောင့် အမ်း - ပဒါန်း ကားလမ်းကို စစ်ရေးလိုအပ်ချက်အရ ပိတ်လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။


ရခိုင်ပြည်နယ်၊ အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အဆိုပါ ကားလမ်းများတွင် စစ်ကောင်စီ တပ်က စစ်အင်အား တိုးချဲ့ခြင်း၊ တပ်ရွေ့ပြောင်းခြင်း၊ ရိက္ခာနဲ့ စစ်လက်နက် ခဲယမ်းများကို အရပ်သား ကားများနဲ့ သယ်ဆောင်ခြင်းများ လုပ်ဆောင်နေတယ်လို့ AA က ဆိုပါတယ်။


ထို့ပြင် ၎င်းကားလမ်း လမ်းဘေးဝဲယာ တစ်လျောက်တွင်လည်း စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းတို့ကို လုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော် နိုဗာ () စစ်ဒေသရဲ့ အရေးပေါ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


တစ်ဖက်မှာလည်း အဆိုပါ ကားလမ်းပိုင်းကို ပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်နယ်ထဲကို ဝင်လာမယ့် စားသောက်ကုန်နဲ့ အခြားကုန်စည်တွေ တင်ပို့ဖို့ အခက်အခဲ ဖြစ်လာနိုင်ပြီး ဒေသခံတွေအနေနဲ့ သွားရေးလာရေး၊ စားသောက်ရေးအတွက် အခက်ကြုံလာရနိုင်တယ်လို့ အမ်းဒေသခံ တစ်ဦးက ပြောပါတယ်။


နိုင်ငံအနှံ့ တော်လှန်‌ရေး အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီဟာ သံတမာန်ရေးမှာလည်း ဆက်တိုက် ရှုံးနိမ့်နေတာကြောင့် ပြည်သူများကို အကြမ်းဖက်တဲ့ လုပ်ရပ်၊ သတ်ဖြတ်တဲ့ လုပ်ရပ် အပါအဝင် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျုးလွန်လာနေကြောင်း အဆိုပါ အရေးပေါ်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။


ထို့ပြင် စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ ပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနဲ့ ပြည်သူလူထုအတွင်း အကြောက်တရားများ ထိုးသွင်းခြင်းကို ဆက်တိုက် လုပ်ဆောင် နေကြောင်းကိုလည်း AA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment